By Ma Thida Tun     /     2021.12.14     /     Volume 1
ဒီနေ့သတင်း

Þ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကုမ္ပဏီ လယ်ဂျာ(Ledger) က အမေရိကန် နှင့် ဥရောပနိုင်ငံအချို့ရှိ ဖောက်သည်များအတွက် ဒစ်ဂျစ်တယ် ဒက်ဘစ်ကဒ်(debit Card) စတင်

Þ ဖိအားတွေ ရှိနေတဲ့ ဘစ်ကွိုင်(Bitcoin)ဈေးနှုန်း၊ မကြာခင်မှာ ထုတ်ပြန်မယ့် အမေရိကန် ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် 2နှစ် ချေးငွေစာချုပ် အကျိုးအမြတ်  21လအတွင်း အမြင့်ဆုံးဖြစ်

Þ ‘Tapering’ဆိုတာ ဘာလဲ။ ဘာကြောင့် အမေရိကန် Fed ကနေ ‘Tapering’ကို စတင် လုပ်ဆောင်နေတာလဲ။


1. ဈေးကွက် အခြေအနေ


  • Coin ဈေးကွက်က လာမယ့် 16ရက်(ကြာသပတေး)နေ့မှာ အမေရိကန်ကနေ ထုတ်ပြန်မယ့် အတိုးနှုန်း သတင်းကြောင့် အကျဘက်မှာ ရှိ
  • နိုဝင်ဘာကတည်းက အမေရိကန်မှာ စတင်ခဲ့တဲ့ တိပ်ပါရင်း(Tapering)ကြောင့် ဒေါ်လာဈေး ကောင်းလာ

2. သတင်းများ


Þ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကုမ္ပဏီ လယ်ဂျာ(Ledger) က အမေရိကန် နှင့် ဥရောပနိုင်ငံအချို့ရှိ ဖောက်သည်များအတွက် ဒစ်ဂျစ်တယ် ဒက်ဘစ်ကဒ်(debit Card) စတင်

ခရစ်တိုလိုက်ဖ်ကဒ်(Crypto Life Card)ကိုင်ဆောင်သူများကတော့ ဒစ်ဂျစ်တယ်ငွေကြေးကို အပေါင်ပစ္စည်းအဖြစ် ထားရှိပြီး အကြွေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်…


ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကုမ္ပဏီအဖြစ် နာမည်ကြီးတဲ့ လယ်ဂျာ(Ledger)ကတော့ ခရစ်တိုလိုက်ဖ်ကဒ်လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ဒက်ဘစ်ကဒ်ကို မိတ်ဆက်ကြောင်း ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။


ကဒ်အသုံးပြုသူတွေကတော့ ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ဆိုင်ပေါင်း သန်း50ကျော်တဲ့ အရောင်းဆိုင်တွေနဲ့ အွန်လိုင်းစတိုးဆိုင်တွေမှာ ငွေပေးချေနိုင်မှာဖြစ်ကြောင်း လယ်ဂျာ(Ledger)ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

ဒီ ခြေလှမ်းကတော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်ပြီး ကြီးမားလာတဲ့ ၀ယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် ခြေလှမ််းသစ်ဖြစ်ပြီး၊ ဒစ်ဂျစ်တယ်ငွေကြေးကို စုဆောင်းထားရှိခြင်းထက် ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေပေးချေခြင်းကို အသွင်ကူးပြောင်းလာခြင်း ဖြစ်ပါတယ်။

 

ကဒ်အသုံးပြုသူများကတော့ ဒစ်ဂျစ်တယ်ငွေကြေးကို အပေါင်ပစ္စည်းအဖြစ် ထားရှိပြီး ငွေသားအတွက် အကြွေးဝန်ဆောင်မှုကို အတိုးနှုန်းထား 0% မှစတင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အတိုးနှုန်းထားကတော့ ဒေသအလိုက် ကွဲပြားနိုင်ပါတယ်။

 

လယ်ဂျာ(Ledger)ကုမ္ပဏီကတော့ ယခုနှစ်အစောပိုင်းမှာ ဒေါ်လာသန်း 380ကို ရန်ပုံငွေအဖြစ် စုဆောင်းခဲ့ပြီး  ထိုအချိန်တုန်းကကုမ္ပဏီရဲ့ ဝန်ဆောင်မှုများကို တိုးချဲ့မယ်လို့ ပြောကြားခဲ့တာ ရှိပါတယ်။

 

ကဒ်ကိုတော့ 2022 ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီမှာရှိတဲ့ အသုံးပြုသူများ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊  ဒုတိယသုံးလပတ်ကနေ စတင်ပြီး အမေရိကန်ရှိ အသုံးပြုသူများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  ခရစ်တိုလိုက်ဖ်(Crypto Life) မှာတော့  BTC၊ ETH၊ USDT၊ EURT၊ USDC၊ XRP၊ BXX၊ BCH နှင့် LTC တို့ကို ကနဦး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကဒ် လျှောက်ဖို့အတွက် အခု စာရင်းပေးသွင်းထားနိုင်ပါတယ်။

 

လယ်ဂျာ(Ledger)ကုမ္ပဏီရဲ့ CEOဖြစ်တဲ့ အီရန် ရော့ဂျာ(Ian Rogers)ကတော့ ကုမ္ပဏီကတော့ "HODL"အတွက် စတင်ခဲ့တယ်ဆိုပေမဲ့ အသုံးပြုသူတွေက ဒစ်ဂျစ်တယ်ငွေကြေးဖြင့် အများကြီး လုပ်ဆောင်လိုကြတယ်”လို့ CoinDesk ကို ပြောခဲ့ပါတယ်။

 

လယ်ဂျာ(Ledger) ကုမ္ပဏီရဲ့ ကဒ်နှင့် ၎င်းရဲ့ စွမ်းရည်များကတော့ သမားရိုးကျ ဘဏ်အကောင့်များကို အစားထိုးရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်း Rogers မှ ပြောကြားခဲ့ပါတယ်။

 

ဘဏ္ဍရေးဆိုင်ရာနည်းပညာ (Fintech)ကုမ္ပဏီ ဘန်းစ်(Baanx) ကတော့ ကဒ်အတွက် စီမံခန့်ခွဲခြင်း ပရိုဂရမ်ကို ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk

 

 

Þ ဖိအားတွေ ရှိနေတဲ့ ဘစ်ကွိုင်(Bitcoin)ဈေးနှုန်း၊ မကြာခင်မှာ ထုတ်ပြန်မယ့် အမေရိကန် ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် 2နှစ် ချေးငွေစာချုပ် အကျိုးအမြတ်  21လအတွင်း အမြင့်ဆုံးဖြစ်


Bitcoin ဈေးကတော့ Fedရဲ့ တုန့်ပြန်မှုက ပိုမို လျင်မြန်လာနိုင်တယ်လို့ အမေရိကန်ရဲ့ ငွေကြေးဖောင်ပွမှု အစီရင်ခံစာက ဖော်ပြပြီး၊ ချေးငွေစာချုပ် အကျိုးအမြတ် မြင့်မားလာခြင်းကြောင့် ကျဆင်းလာခဲ့တာပါ။

 

ကွိုင်ဒက်(CoinDesk0 20 ဒေတာအရ လွန်ခဲ့သော 24 နာရီအတွင်း ဒစ်ဂျစ်တယ်ငွေကြေးကတော့ 1.5% ဖြစ်တဲ့ ဒေါ်လာ 47,900 သို့ ကျဆင်းသွားပြီး၊ တစ်ပတ်အတွက် စျေးနှုန်းကတော့ 2.25% ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

FXStreetမှာ အချိန် 13:30(UTC)မှာ ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ US စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) အစီရင်ခံစာအရဆိုရင် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်ရဲ့ လူနေမှုစရိတ်က အောက်တိုဘာလမှာတော့ 6.2%ရှိခဲ့ပြီး နိုဝင်ဘာလမှာ 6.8% အထိ ရှိလာခဲ့တာပါ။

 

"ကျွန်တော်တို့ကတော့ အဓိကငွေကြေးဖောင်းပွမှု(headline inflation)က 7% အထိ ရောက်ရှိပြီးနောက်၊ အိမ်ထောင်စုအများအပြား ခန့်မှန်းထားတဲ့ ပမာဏကို ပြန်လည် ရောက်ရှိပါမယ်( လက်ရှိ 6.8%)”လို့  ING ပညာရှင်များက ပို့စ်တစ်ခုမှာ ရေးသားပါတယ်။

 

“ဒီ အချက်အလက်တွေက ဒစ်ဂျဏ်တယ်ငွေကြေးဈေးကွက်ထဲကို မတည်ငြိမ်မှုများ ထည့်သွင်းနိုင်ဖွယ်ရှိကြောင်း” လေ့လာသုံးသပ်သူ အဲလက်စ် ဂရူဂါ(Alex Kruger )ကတော့ တွစ်တာမှာ ပြောထားပါတယ်။

 

ဒါကတော့ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တာပါ။ ငွေကြေးဖောင်းပွမှုကို ကာကွယ်နိုင်တယ်လို့ ယူဆထားတဲ့ ဘစ်ကွိုင်(Bitcoin)ဈေးက အောက်တိုဘာလမှာ ဆယ်စုနှစ် 3ခုအတွင်း အမြင့်ဆုံး ဈေးကို ရောက်ရှိခဲပြီး နိုဝင်ဘာလ 10 ရက်နေ့မှာ ဒေါ်လာ 3,000 ကျော် ဆက်လက် မြင့်တက်ခဲ့ကာ ဒေါ်လာ 68,990အထိ ရှိခဲ့တာ ဖြစ်ပါတယ်။  စံချိန်တင် ကျော်အထိ မြင့်တက်လာခဲ့သည်။ ဈေးကွက်ထဲမှာတော့ Fed က ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ငွေကြေးစီးဆင်းမှုကို လျော့ချလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များနဲ့အတူဒေါ်လာ 63,000 အထိ ပြန်လည် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

 

ဒေတာ အချက်အလက်တွေက ခန့်မှန်းချက်တွေထက် ကျော်လွန်နေပါက လာမယ့် သောကြာနေ့ ညနေမှာ Fed ကတော့ဒီဇင်ဘာလမှာ တိပ်ပါရင်း(Tapering)ကို အရှိန်မြင့် လုပ်ဆောင်လာပြီး  ဈေးကွက်အတွင်း အတိုးနှုန်း တိုးမြင့်နိုင်ခြေကို ပိုများလာစေမှာ ဖြစ်ပါတယ်။ အခု ငွေကြေးဈေးကွက်မှာတော့ Fedက 2022 ခုနှစ် မတ်လမှာ 0.25%-0.5%ကြား 25bp လောက် မြင့်တင်နိုင်တဲ့ ဖြစ်နိုင်ချေက 40%လောက် ရှိတယ်လို့  ခန့်မှန်းကြပါတယ်။

 

Bitcoin နှင့် အမေရိကန် 2နှစ် ငွေတိုက်စာချုပ် အကျိုးအမြတ်

10 နှစ် ငွေတိုက်စာချုပ် အတိုးနှုန်းထက် ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်း တိုးမြင့်ခြင်းမှာ တုန့်ပြန်မှု မြန်ဆန်တဲ့ 2နှစ် ငွေတိုက်စာချုပ်ရဲ့ အကျိုးအမြတ် မြင့်တက်လာခြင်းက ဈေးကွက်ထဲမှာ Fedက အတိုးနှုန်း မထုတ်ပြန်ခင်ကတည်းက ဈေးတက်နေပြီဆိုတာကို သိသာစေပါတယ်။  2နှစ် ငွေတိုက်စာချုပ်ရဲ့ အကျိုးအမြတ်က 0.73% ဖြစ်နေပြီး 2020 ခုနှစ် မတ်လနောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်။

 

အရေးအသား ပျော့ညံ့တဲ့ အစီရင်ခံစာတွေမှာတော့ ယာယီဖြစ်နိုင်ပါတယ်ဆိုပြီး ပိုင်ဆိုင်မှုပစ္စည်း ဈေးနှုန်းများနဲ့ ပက်သက်ပြီး စိတ်သက်သာရာမှုကို ပေးနိုင်ပါတယ်။  ဒါကတော့ INGက "စျေးကွက်ထဲမှာ 2022ခုနှစ်မှာ  Fed ရဲ့ ငွေကြေးစီးဆင်းမှု ထိန်းချုပ်ခြင်းကို အချိန်ကို သိဖို့က ငွေကြေးဖောင်းပွမှု သိသိသာသာ ကျဆင်းဖို့ လိုအပ်လိမ့်မယ်"လို့ ရေးသားထားလို့ ဖြစ်ပါတယ်။

 

Fed ဥက္ကဋ္ဌ ဂျရုန်း ပါဝဲ(Jerome Powell)ကတော့ ငွေကြေးဖောင်းပွမှုကို ဖော်ပြတဲ့အခါမှာ “အကူးအပြောင်း၊ အခိုက်အတန့်”ဆိုတဲ့စကားလုံးကို မသုံးသင့်တော့ဘဲ ဒေတာအချက်အလက်တွေက အရေးကြီးကြောင်း ပြောခဲ့တာ ရှိပါတယ်။  ဆက်လက်ပြီး ကမ္ဘာ့ငွေရေးကြေးရေးအဖွဲ့အစည်းကြီး(IMF)က ငွေကြေးဖောင်းပွမှုနဲ့ ပက်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်မှာ Fedကို  ငွေကြေးစီးဆင်းမှု ထိန်းချုပ်ဖို့ တိုက်တွန်းထားပါတယ်။

 

ဒါတွေကတော့ ဗဟိုဘဏ်ကနေ ငွေကြေးဖောင်းပွမှု မြင့်တက်စေဦးတော့ စျေးကွက် မတည်မငြိမ်ဖြစ်စေမယ့် လုပ်ဆောင်မှုမျိုးကိုရှောင်ကြဉ်လိမ့်မယ်ဆိုတဲ့ လူအများ စဉ်းစားထားတဲ့ ဇာတ်ညွှန်းကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

 

Bitcoin နှင့် နည်းပညာစက်ဝန်း

အတိုးနှုန်း တိုးမြင့်မှုမှာ ရိုက်ခတ်မှု ရှိတဲ့ ဘစ်ကွိုင်(Bitcoin)ကတော့ သူရဲ့ တိုးတက်လာနေတဲ့ နည်းပညာကြောင့် ဖြစ်နိုင်ပါတယ်။  အတိတ်ကို ပြန်ကြည့်ရင် ဒစ်ဂျစ်တယ်ငွေကြေးက ငွေကြေးစီးဆင်းမှု တင်းကျပ်တဲ့ ပေါ်လစီမှာ တုန့်ပြန်မှု မြန်ဆန်တဲ့ နည်းပညာကုမ္ပဏီရှယ်ယာများရဲ့ တိုးတက်မှုအတိုင်း တိုးတက်လာတာကို တွေ့ရပါတယ်။

Brown Brothers Harrimanရဲ့ နိုင်ငံတကာ ဈေးကွက်ပညာရှင်ဖြစ်တဲ့ အီလန် စလော့(Ilan Solot) ရေးဆွဲထားတဲ့ ဇယားကတော့ Nasdaq အညွှန်းကိန်းကို S&P 500 အညွှန်းကိန်းနဲ့ စားလိုက်တဲ့ နည်းပညာကုမ္ပဏီ အညွှန်းကိန်းက ဘစ်ကွိုင်(Bitcoin)နဲ့  ခိုင်မာတဲ့ဆက်စပ်မှုကို ပြသထားပါတယ်။

 

အနီရောင်လိုင်းနဲ့ ပြသထားတဲ့ တက်ဈေးကတော့ နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာက ရှယ်ယာဈေးကွက် ပျှမ်းမျှ အကျိုးအမြတ်ထက် ပိုမို မျာပြားနေတာကို ပြသထားတာ ဖြစ်ပြီး၊  ဘစ်ကွိုင်(Bitcoin)နဲ့  ဒစ်ဂျစ်တယ်ငွေကြေးများအတွက် ဈေးကွက်ကောင်းချိန် ဖြစ်ပါတယ်။

 

“အခြားသော ဘဏ္ဍာရေးပိုင်ဆိုင်မှုများလိုပဲ ဒစ်ဂျစ်တယ်ငွေကြေးကလည်း ဈေးကွက် ပြောင်းလဲမှု အကြီးအကျယ်ကို ကြုံတွေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွက် ဒစ်ဂျဏ်တယ်ငွေကြေး(ဘစ်ကွိုင်)ကတော့ နည်းပညာကုမ္ပဏီရှယ်ယာတွေ ဈေးကောင်းနေချိန်မှာ ပိုကောင်းမယ်”လို့ စလော့(Solot) က အီးမေးလ်မှာ ဖြေထားပါတယ်။ "Nasdaq/S&P 500 အချိုးကို အသုံးပြုပြီး ဒီ ဆက်စပ်မှုကို တွေ့နိုင်ပါတယ်။ ဒီလို ဆက်စပ်မှုက ရင်းနှီးမြှုပ်နှံသူများကို အခြေခံတွက်ချက်ထားခြင်း (သို့) ပိုင်ဆိုင်မှု နှစ်ခုစလုံးရဲ့ ဘီတာ(Beta)က မြင့်မားလို့ ဖြစ်နိုင်ပါတယ်။" ဘီတာ(Beta)ဆိုတာကတော့ စျေးကွက်နှင့်အညီ တန်ဖိုးပြောင်းလဲမှု နှုန်းထား ဖြစ်ပါတယ်။

 

"ဒါပေမဲ့ အထူးသဖြင့် ဘစ်ကွိုင်(Bitcoin)မဟုတ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးများအတွက် ဒီဆက်စပ်မှုဟာ လျော့နည်းနိုင်တယ်လို့ ထင်မိပါတယ်”လို့ စလော့(Solot)က ဖြေထားပါတယ်။

 

အခုအချိန်မှာတော့ ဘစ်ကွိုင်(Bitcoin)ရဲ့ ဈေးနှုန်းက နည်းပညာကုမ္ပဏီများရဲ့ ရှယ်ယာဈေးနှုန်းနဲ့ ဆက်စပ်မှု ရှိနေပြီး၊ နည်းပညာကုမ္ပဏီများရဲ့ ရှယ်ယာဈေးနှုန်းကတော့ Fedရဲ့ အတိုးနှုန်း တိုးမြှင့်နိုင်ခြေကို ခန့်မှန်းနေကြတဲ့ အခြေအနေမှာ ဈေးနှုန်း  ကျဆင်းနေတာပဲ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


 

Þ ‘Tapering’ဆိုတာ ဘာလဲ။ ဘာကြောင့် အမေရိကန် Fed ကနေ ‘Tapering’ကို စတင် လုပ်ဆောင်နေတာလဲ။


ဘဏ္ဍာရေးလောကမှာတော့ 2021 ခုနှစ် တစ်နှစ်လုံးမှာ တိပ်ပါ(Taper) ကို ဘယ်အချိန်မှာ စတင်မလဲ ဆိုတာနဲ့ ပက်သက်ပြီး အများဆုံး ပြောဆိုခဲ့ကြပါတယ်။  USမှာတော့ တိပ်ပါ(Taper) ကို စတင် လုပ်ဆောင်နေပြီဆိုပေမဲ့ ၎င်းရဲ့ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး မေးခွန်းတွေ ရှိနေပါသေးတယ်။  တိပ်ပါရင်း(Tapering)ဆိုတာက‌တော့ ‘အစိုးရငွေတိုက်ချေးငွေစာချုပ် ပမာဏ အများအပြား ဝယ်ယူခြင်းကို ဖြည်းဖြည်းချင်း အဆုံးသတ်ခြင်း’ဆိုတဲ့ လုပ်ဆောင်မှုရဲ့ အတိုကောက်စာလုံး ဖြစ်ပြီး 2020 ခုနှစ်အစောပိုင်းမှာ ကိုရိုနာကြောင့် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အမေရိကန်ရဲ့ Fed ကနေ အစိုးရငွေတိုက်ချေးငွေစာချုပ် ပမာဏ အများအပြား ဝယ်ယူခြင်းကို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။  Fed ကတော့ အားနည်းနေသေးတဲ့ စီးပွားရေးကို ပံ့ပိုးပေးခြင်းနဲ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေးဖောင်းပွမှုကို ဟန်ချက်ညီညီ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်တာပါ။  အနီးအနားနိုင်ငံတွေဖြစ်တဲ့ ဥရောပဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံ ဗဟိုဘဏ်တို့ကတော့ တိပ်ပါရင်း(Tapering)နဲ့ အဝေးဆုံးမှာ ရှိနေပြီး၊ အခြားနိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျော့ချဖို့အတွက် အတိုးနှုန်းကို အလျင်အမြန် မြှင့်တင်ခဲ့ကြပါတယ်။

 

  1. တိပ်ပါ(Taper) ဆိုတာ ဘာလဲ

တိပ်ပါ(Taper) ဆိုတာကတော့ Fed ရဲ့ အစိုးရငွေတိုက်ချေးငွေစာချုပ်နဲ့ အစိုးရအာမခံ အိမ်ယာချေးငွေစာချုပ်များ ပြည်လည်ဝယ်ယူခြင်းကို ဖြည်းဖြည်းချင်း လျော့ချတဲ့ အချိန်မှာ အသုံးပြုပါတယ်။  ရည်မှန်းချက်ကတော့ ဈေးကွက်ပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ အလွန်အကျွံ ဝယ်ယူသုံးစွဲခြင်းဆိုတဲ့ စီးပွားရေးစနစ်ကို နှေးကွေးသွားစေဖို့ ဖြစ်ပါတယ်။  Fed ကတော့ အစိုးရငွေတိုက်ချေးငွေစာချုပ်များကို တစ်လမှာ ဒေါ်လာ 120 ဘီလီယံ ၀ယ်ယူနေခဲ့ပေမဲ့ နိုဝင်ဘာလကနေ စပြီး တစ်လကို ဒေါ်လာ 15 ဘီလီယံနှုန်း လျော့ချကာ ဝယ်ယူခဲ့ပါတယ်။  ဒီ နှုန်းထားနဲ့ဆိုရင် 2022 နှစ်လယ်မှာ လျော့ပြီး ဝယ်ယူတဲ့ အစီအစဉ်ကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

 

  1. Fed က ဘယ်လောက်ဝယ်ခဲ့လဲ။

2020 ခုနှစ် မတ်လ အစောပိုင်းမှ 2021 ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းအထိ၊ Fedကတော့ သူရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို နှစ်ဆကျော်ဖြစ်တဲ့ဒေါ်လာ 8.7 ထရီလီယံအထိ တိုးမြင့်ခဲ့ပါတယ်။ စျေးကွက်ငွေဖြစ်လွယ်မှုကို ထိန်းသိမ်းဖို့အတွက် အစိုးရငွေတိုက်စာချုပ်ချေးငွေ ပမာဏ အများအပြား ဝယ်ယူခြင်းကို ကနဦး 3လမှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ပြီး၊ လစဉ် သတ်မှတ်ပမာဏအတိုင်း ပုံမှန် ဝယ်ယူခြင်းကိုတော့ 2020 ဒီဇင်ဘာမှာ ပြောင်းလဲ လုပ်ဆောင်ခဲ့ပါတယ်။  ဝယ်ယူခြင်းကိုတော့ စီးပွားရေးစနစ် "သိသိသာသာနောက်ထပ်တိုးတက်မှု" ရှိလာတဲ့အထိ လုပ်ဆောင်မယ်လို့ ထားရှိခဲ့တာပါ။

 

  1. ရည်မှန်းချက်က ဘာလဲ။

Fedရဲ့ စီးပွားရေး လည်ပတ်မှု နှေးကွေးခြင်းကို တိုက်ဖျက်တဲ့ ပုံမှန်နည်းလမ်းကတော့ အတိုးနှုန်းများ လျော့ချခြင်း၊ ဘဏ်များကိုအတိုးနှုန်းသက်သက်သာသာနဲ့ ချေးငွေများ ထုတ်ချေးစေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ 2008 ဘဏ္ဍာရေးအကျပ်အတည်း ပြီးနောက်မှာFED ကတော့ သူ ထိန်းချုပ်ထားတဲ့ ကာလတို အတိုးနှုန်းကို သုညအထိ ဖြတ်တောက်ခြင်းက မလုံလောက်ဘူးဆိုတာကို သိရှိလာခဲ့ပါတယ်။  ဒါကြောင့် Fed ကတော့ စျေးကွက်ကနေ အတိုးနှုန်း သတ်မှတ်ပေးတာ ဖြစ်တဲ့  ကာလရှည်စာချုပ်များကို စတင်ဝယ်ယူခဲ့ပါတယ်။ ဒါကို အရေအတွက် လျော့နည်းစေခြင်း(Quantitative Easing)လို့ ခေါ်ပါတယ်။  ကာလရှည်ငွေချေးစာချုပ်များ ၀ယ်လိုအား များလာခြင်းက ၎င်းတို့ရဲ့ ချေးငွေ အကျိုးအမြတ်(အတိုးနှုန်း)ကို လျော့နည်းစေလို့ ဖြစ်ပါတယ်။

 

  1. အခြားဗဟိုဘဏ်များလည်း ဒီနည်းလမ်းကို အသုံးပြုပါသလား။

အသုံးပြုပါတယ်။ အင်္ဂလန်ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ် နှင့် ဥရောပဗဟိုဘဏ်တွေမှာ အသုံးပြုနေပါတယ်။  ဂျပန်ဗဟိုဘဏ်နဲ့ ဥရောပဗဟိုဘဏ်ကတော့ ဘဏ္ဍာရေးအကျပ်အတည်း ပြီးကတည်းက ချေးငွေစာချုပ်များကို ဆက်တိုက် ဝယ်ယူခဲ့ပြီး၊ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်မှာတော့ ဝယ်ယူမှုကို ထပ်တိုးခဲ့ပါတယ်။ Covid-19 အကျပ်အတည်းက ယခင်က ချေးငွေစာချုပ်များ ဝယ်ယူခြင်းကို မလုပ်ဆောင်တဲ့ ဗဟိုဘဏ်တွေဖြစ်တဲ့ ကနေဒါ၊ ချီလီနှင့် အင်ဒိုနီးရှားဗဟိုဘဏ်များကိုလည်း လုပ်ဆောင်ဖို့ ဖြစ်စေခဲ့ပါတယ်။

 

  1. Fedကတော့ အရင်က တိပ်ပါရင်း(Tapering)ကို လုပ်ဆောင်ဖူးပါလား။

လုပ်ဆောင်ဖူးပါတယ်။ အစပိုင်းမှာ ပြဿနာ အနည်းအငယ် ရှိခဲ့ပေမဲ့ အဆင်ပြေပြေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ Fedဥက္ကဋ္ဌ ဘန်း ဘာနိပ်(Ben Bernanke) က 2013 ခုနှစ် မေလမှာ ဗဟိုဘဏ်က ၎င်းရဲ့ ချေးငွေစာချုပ်များ ဝယ်ယူမှုများကို လျော့ချဖို့ စဉ်းစားနေကြောင်း ပြောကြားပြီးနောက်မှာ၊ ဘဏ္ဍာရေးဈေးကွက်မှာတော့ တိပ်ပါရင်း တန်ထရမ်(Tapering Tantrum)လို့ အမည်ပေးထားတဲ့ တိပ်ပါရင်း(Tapering)ရဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။  အကျိုးဆက် ဖြစ်ပေါ်လာတဲ့ ကာလရှည်ချေးငွေ အတိုးနှုန်းများ မြင့်တက်လာခြင်းက အမေရိကန် အိမ်ရာလုပ်ငန်းနှင့် ထွန်းသစ်စဈေးကွက်များကို အခက်တွေ့စေခဲ့ပါတယ်။ Fedကတော့ 2013 ဒီဇင်ဘာမှာ တိပ်ပါရင်း(Tapering)ကို လက်တွေ့ လုပ်ဆောင်ခဲ့ပြီး  2014 ခုနှစ် အောက်တိုဘာလအထိ တစ်လမှာ ဒေါ်လာ 10 ဘီလီယံ လျော့ချဝယ်ယူခဲ့ပါတယ်။

 

  1. Fedက အခု ဘာကြောင့် တိပ်ပါရင်း(Tapering)ကို လုပ်ဆောင်ရတာလဲ။

အမေရိကန် စီးပွားရေးက ကပ်ရောဂါဘေးကနေ ပြန်လည် နာလန်ထူလာပြီးနောက်၊ ထုတ်လုပ်မှု များပြားလာခြင်းနဲ့ ဝယ်လိုအား မြင့်တက်လာြခင်းက  ငွေကြေးဖောင်းပွမှုကို မြင့်မားလာစေခဲ့ပါတယ်။  အခု ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုကတော့ 1982 ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ အလုပ်လက်နှုန်းထားကလည်း နိုဝင်ဘာလမှာ 4.2% ကို ကျဆင်းသွားပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆက်လက်တိုးလာနေပါတယ်။ Fed ဥက္ကဋ္ဌ ဂျရုန်း ပါဝဲ(Jerome Powell)ကတော့ တိပ်ပါရင်း(Tapering)ကို လုပ်ဆောင်ရင်တောင် အခု နှုန်းထားက ကုန်ဈေးနှုန်း တိုးတက်နှုန်းထက် ပိုမို မြန်နိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဥက္ကဌနဲ့ အခြား Fed တာဝန်ရှိသူများက တိပ်ပါရင်း(Tapering)မပြီးမချင်း အတိုးနှုန်းမြင့်ဖို့ စဉ်းစားသွားမှာ  မဟုတ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။  စက်တင်ဘာလထဲမှာတော့ Fed တာဝန်ခံများက အတိုးနှုန်းကို 2022 (သို့)2023 မှာ မြင့်တင်ဖို့အတွက် ဆွေးနွေးခဲ့ရာမှာ သဘောတူညီချက် မရရှိသေးပါဘူး။

 

  1. သတိပြုရမယ့် အန္တရာယ်တွေက ဘာတွေဖြစ်မလဲ။

အများကြီးရှိပါတယ်။ Fed ရဲ့ ဘဏ္ဍာရေးစနစ်ထဲကို လောင်းထည့်လိုက်တဲ့ ငွေကြေးတွေက အမေရိကန် စတော့များနှင့် အိမ်ယာစျေးနှုန်းများကို စံချိန်တင် မြင့်မားစေဖို့ တွန်းအားပေးခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေကတော့ Fed ရဲ့ တိပ်ပါရင်း(Tapering)ပမာဏ များများ လုပ်ဆောင်ခြင်းက အတိုးနှုန်းကို မြင့်လိုက်မယ့် အလားအလာလို့ အဓိပ္ပာယ်သတ်မှတ်ကြပါတယ်။ လျော့ချတဲ့ မူဝါဒကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်းကတော့ အခုလိုမျိုး မသေချာမရေရာမှုများ ရှိနေချိန်၊ ကျန်းမာရေးအကျပ်အတည်းကာလတွင်းမှာ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို နှောင့်နှေးစေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။  လျော့ချတဲ့ မူဝါဒကို နှေးနှေးကွေးကွေး လုပ်ဆောင်ခြင်းကတော့ ငွေကြေးဖောင်းပွမှုကို ဆက်လက် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥရောပနှင့် အာရှနိုင်ငံတွေမှာဆောင်းတွင်း လောင်စာဆီ ပြတ်လပ်ခြင်း၊ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းက အထက်မှာ ဖော်ပြခဲ့တဲ့ အလားအလာများအတွက် ပိုမို စိုးရိမ်စရာလည်း ဖြစ်နေပါတယ်။

 

  1. အခြား ဗဟိုဘဏ်များလည်း ပါဝင် လုပ်ဆောင်မှု ရှိပါလား။

ဥရောပဗဟိုဘဏ်(ECB)ကတော့ 2021ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာ ၎င်းရဲ့ ချေးငွေစာချုပ် ဝယ်ယူမှု ပမာဏကို ဖြတ်တောက်မယ်လို့ ပြောခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ဥရောပဗဟိုဘဏ်ရဲ့ ဥက္ကဌ ခရစ်စတင်း လာဂိတ်(Christine Lagarde)ကတော့ ထို လုပ်ဆောင်မှုက တိပ်ပါရင်း(Tapering) မဟုတ်ဘဲ ချေးငွေစာချုပ်များ ဆက်လက် ဝယ်ယူဖို့အတွက် ပြုပြင်ပြောင်းလဲခြင်းသာ ဖြစ်တယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။  ဥရောပဗဟိုဘဏ်ကတော့ ငွေကြေးပေါ်လစီနဲ့ ပက်သက်တဲ့ အခြေခံပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမဲ့ ဘရာဇီး၊ ချီလီ၊ မက္ကဆီကိုနှင့် ပါရာဂွေးရှိ ဗဟိုဘဏ်များ၊ ဟန်ဂေရီ၊ နယူးဇီလန်၊ နော်ဝေးနှင့် ပါကစ္စတန် ဗဟိုဘဏ်တွေကတော့ ငွေကြေးဖောင်းပွမှုအပေါ် ချေးငွေအတိုးနှုန်း မြင့်တင်ခြင်းဖြင့် တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျေပီမော်ဂန် ချေ့စ် ကုမ္ပဏီ (JPMorgan Chase & Co.)ရဲ့ စီးပွားရေးပညာရှင်များကတော့ ဖွံ့ဖြိုးပြီး ဈေးကွက်ရဲ့ ဗဟိုဘဏ်တွေကတော့2022 ခုနှစ်မှာ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုထဲကို ဒေါ်လာ 1.5 ထရီလီယံ ထပ်ပေါင်းထည့်မယ်လို့(ချေးငွေစာချုပ်များ 1.5ထရီယံတန်ဖိုး ဝယ်ယူမှာဖြစ်ကြောင်း) ခန့်မှန်းထားပါတယ်။

 

သတင်းအရင်းအမြစ်: Washingtonpost


* 이 버튼은 예시입니다. 실제로 동작하게 하려면 지난 뉴스레터의 공유용 URL을 링크로 삽입하세요.
(관련 도움말: 발송한 이메일을 SNS에 공유하고 싶어요)
Ma Thida Tun
ဖုန်းနံပါတ် : 010-5834-2025
수신거부 Unsubscribe
stibee

이 메일은 스티비로 만들었습니다