NFTပေါင်းချုပ်ကတော့ 10 မိနစ်အတွင်းမှာ အကုန် ရောင်းထွက်သွားခဲ့ပါတယ်။
      By Ma Thida Tun     /     2021.12.24     /     Volume 4     /    Subscribe

ဒီနေ့သတင်း

📨 BNB လျော့ချခြင်း(Burns)ကတော့ ယခုအခါ ဘိုင်းနန့် စမတ်ချိန်း(Binance Smart Chain)မှာ DeFiရဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်း ထင်ဟပ်စေမည်ဖြစ်

📨 ဘဏ်ရဲ့ ‘SWIFT’စာပို့စနစ် 2022ခုနှစ် အစောပိုင်းတွင် တိုကင်ပုံစံ ပိုင်ဆိုင်မှုများဖြင့် စမ်းသပ် လုပ်ဆောင်မည်ဖြစ်

📨 အော်ပရာ(Opera)က အီသာရီရမ်(Ethereum) Layer-2 စွမ်းရည်များကို အသုံးပြုနိုင်ဖို့ ပိုလီဂွန်(Polygon)နဲ့ ပူးပေါင်း

📨 2022ခုနှစ်အထိ ဒစ်ဂျစ်တယ်ငွေကြေး တက်ဈေး(Bull)ဈေးကွက်အဖြစ် ဆက်ရှိမယ့်အကြောင်း အကြောင်းရင်း 7ချက် ပြောလာတဲ့ လာ့ ဒေးဗစ်(Lark Davis)

📨 အယ် ဆာဗာဒို(El Salvador)ကတော့ 21:21:21(21ရာစု 21ခုနှစ် 21ရက်)မှာ ဘစ်ကွိုင်(Bitcoin) 21ကွိုင်ကို ဝယ်ယူခဲ့ 

📨 တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ NFTကို ဘယ်လို ဝယ်ကြမလဲ။
1. ဈေးကွက် အခြေအနေ
2. သတင်းများ

📨 BNB လျော့ချခြင်း(Burns)ကတော့ ယခုအခါ ဘိုင်းနန့် စမတ်ချိန်း(Binance Smart Chain)မှာDeFiရဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်း ထင်ဟပ်စေမည်ဖြစ် (21.12.24)

ကြာသပတေးနေ့ကနေ စတင်ပြီး ဘိုင်းနန်း(Binance)ကတော့ ၎င်းရဲ့ BNBတိုကင်များကို  သုံးလတစ်ကြိမ်အစား ဆက်တိုက် လျော့ချသွားမှာ ဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းဖြစ်တဲ့ ဘိုင်းနန့်(Binance)ကတော့ ဘိုင်းနန့်စမတ်ချိန်း(BSC) ဂေဟစနစ်မှာ BNBရဲ့ အသုံးပြုမှုကို ပိုမို ကောင်းမွန်စွာ ထင်ဟပ်စေဖို့အတွက် ဘန်းနင်း(Burning)လို့ ခေါ်တဲ့ BNBများ လျော့ချခြင်း မူဝါဒကို ပြောင်းလဲလိုက်တယ်လို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။

 

2020 ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ဘိုင်းနန့် စမတ်ချိန်း(Binance Smart Chain)ကတော့ သည် ချေးငွေ၊ ငွေပေးချေမှုနဲ့ ချေးငှားခြင်းလို ဝန်ဆောင်မှုများအတွက် ကြားခံအဖွဲ့အစည်းများ မပါဝင်ဘဲ စမတ်စာချုပ်များကို အခြေခံတဲ့ ဘဏ္ဍာရေးစနစ် (DeFi)အတွက် ကွန်ရက်တစ်ခုဖြစ်ပါတယ်။ ဘိုင်းနန့်ကွိုင်(BNB)ကတော့ အိတ်ချိန်းရဲ့ ဝန်ဆောင်ကြေးပေးရာမှာ အသုံးပြုပြီးတော့ အသုံးပြုသူကနေ ချိန်းမှာ အသုံးပြုထားတဲ့ ပရိုတိုကော(Protocols)များကို အပြောင်းအလဲများနဲ့ ပေါင်းထည့်မှုများ ပြုလုပ်ခြင်းကို ခွင့်ပြုထားပါတယ်။

 

အော်တိုဘန်း(Auto-Burn)လို့ နာမည်ပေးထားတဲ့ စနစ်အသစ်ကတော့ ဆက်တိုက် လျော့ချနေမှာဖြစ်ပြီး ဘိုင်းနန့်(Binance)ရဲ့ ဗဟိုချုပ်ကိုင်မှု ရှိတဲ့ အိတ်ချိန်းမှာ အသုံးပြုလို့ရတဲ့ ဝန်ဆောင်မှု အမျိုးမျိုးအတွက် တိုကင် အသုံးပြုမှုကို ထင်ဟပ်စေတဲ့ သုံးလတစ်ကြိမ် လျော့ချတဲ့ စနစ်ကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ BSC ကို အသုံးပြုမှုကြောင့် ပေးရတဲ့ အခကြေးငွေ ဂတ်စ် (Gas Fees)ကို သက်သာစေမှာ ဖြစ်ပါတယ်။

 

ဒီ အပြောင်းအလဲကတော့ ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ BNB အသိုက်အဝန်းအတွက် ပိုမို ပွင့်လင်းမြင်သာမှုပေးဖို့ရည်ရွယ်ပြီး၊ BNBကို အသုံးပြုပြီး အရောင်းအဝယ်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ ဘိုင်းနန့်အိတ်ချိန်းရဲ့ အကျိုးအမြတ်နဲ့ ပက်သက်မှု မရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

 

ဘိုင်းနန့်(Binance) ပြောရေးဆိုခွင့်ရှိသူကတော့ "BNB အော်တိုဘန်း(Auto-Burn)နဲ့ ပက်သက်တဲ့ ထုတ်ပြန်ချက်ကတော့ BNB လုပ်ငန်းစဉ်အတွက် သဘာဝကျတဲ့ နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပြီး ပိုမို ကြီးမားတဲ့ လွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာရှိမှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုကို ပေးအပ်ခြင်းဖြင့် BNB အသိုင်းအဝိုင်း ကြီးထွားလာစေဖို့ ကူညီပေးမှာပါ"လို့  ဟု CoinDeskကို ပြောကြားခဲ့ပါတယ်။

 

အော်တိုဘန်း(Auto-Burn)မှာ လျော့ချခြင်း(Burns)ကို ဘိုင်နန့်စမတ်ချိန်းရဲ့ အချက်အလက်ကို အသုံးပြုပြီး BNBဈေးနှုန်းနဲ့  ရောင်းလိုအား-ဝယ်လိုအားအပေါ်မှာ အသုံးပြုပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒိုင်နနမစ်များအပေါ် အခြေခံ၍ လောင်ကျွမ်းသွားမည်ဖြစ်သည်။ ဒါကြောင့် BNB စျေးနှုန်းကျလာတာနဲ့ အမျှ၊ ဖယ်ရှားခံရတဲ့ ပမာဏချင်း တူညီဖို့ လျော့ချခံရတဲ့  BNBပမာဏ များလာမှာ ဖြစ်ပြီး စျေးကွက်လှုပ်ရှားမှုများနဲ့တော့ သက်ဆိုင်မှာ မဟုတ်ပါဘူး။

 

အသုံးပြုလို့မရတဲ့ ပိုက်ဆံအိတ်ထဲကို BNBတွေ ရွှေ့လိုက်ခြင်း ဖြစ်တဲ့ BNB ဘန်းနန်း(Burning)ကတော့  ၎င်းတို့ကို လည်ပတ်မှုကနေ ထိရောက်စွာ လုံးဝ ဖယ်ရှားပေးပါတယ်။  ဒီ စနစ်ကတော့ ကနဦးမှာ တန်ဖိုး မြှင့်တင်ဖို့နဲ့ ဘိုင်းနန့်(Binance) ကြီးထွားလာစေတဲ့ ယန္တရားတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။  ဒါပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက် ကြီးထွားလာပြီး ဘိုင်းနန့်စမတ်ချိန်း(Binance Smart Chain)ကို စတင်ပြီးနောက်မှာတော့ BNBက သာမန် လဲလှယ်မှု တိုကင်အဆင့်ထက် ကျော်လွန်တဲ့ အသုံးပြုမှုများ လုပ်လာနိုင်ခဲ့ပါတယ်။ CoinMarketCap ဒေတာအရ ဘစ်ကွိုင်(Bitcoin)နဲ့ အီသာရီရမ်(Etherereum)ပြီးရင်  စျေးကွက် တန်ဖိုးအားဖြင့် တတိယအကြီးဆုံး ကွိုင်ဖြစ်ပါတယ်။ ကြာသပတေးနေ့နံနက် ဥရောပနာရီမှာ ဒေါ်လာ 530 ခန့်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

ကြာသပတေးနေ့အထိ၊ BSCရှိ DeFi ဈေးကွက်ကတော့ စုစုပေါင်း ဒေါ်လာ 17 ဘီလီယံစျေးကွက်ဖြစ်ပြီး၊ DeFi အယ်လမာ(Llama)ဒေတာအရ ကွန်ယက်ပေါ်မှာ ပရိုတိုကော(Protocols)ပေါင်း 231 ကျော်နဲ့ လည်ပတ်နေပါတယ်။

 

BNB အော်တိုဘန်း(Auto-Burn)ကတော့ BNBစုစုပေါင်း လည်ပတ်မှု 100 မီလီယံအောက်ကို ကျဆင်းသွားတဲ့အခါ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ BNBကတော့ လက်ရှိမှာ 168မီလီယံ လည်ပတ်နေတာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️

📨 ဘဏ်ရဲ့ ‘SWIFT’စာပို့စနစ် 2022ခုနှစ် အစောပိုင်းတွင် တိုကင်ပုံစံ ပိုင်ဆိုင်မှုများဖြင့် စမ်းသပ် လုပ်ဆောင်မည်ဖြစ် (21.12.23)

 

ဘဏ်အချင်းချင်း စာတိုပေးပို့ခြင်း ကွန်ရက်ကတော့ ဗဟိုဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ငွေပေးချေမှုပုံစံအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ ဘဏ်များရဲ့ ဘဏ်အချင်းချင်း စာတိုပေးပို့ခြင်း ကွန်ရက် ‘Swift’ကတော့ တိုကင်ပုံစံ ပိုင်ဆိုင်မှု ဈေးကွက်မှာအပြန်အလှန် လုပ်ဆောင်နိုင်မှုကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေမှာ ဖြစ်ပါတယ်။

 

အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ Swiftကတော့ တိုကင်ပုံစံ ပိုင်ဆိုင်မှု စက်ဝန်းအတွင်း အပြန်အလှန် ဆက်သွယ်နိုင်တဲ့ စနစ်နဲ့ ပါဝင်သူများရဲ့ သတင်းအချက်အလက် ဖလှယ်မှု ပိုမို ကောင်းမွန်လာစေဖို့အတွက် ပထမသုံးလပတ်တွင် စမ်းသပ်မှုများစွာကို စီစဉ်နေပါတယ်။

 

စမ်းသပ်မှုများမှာ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ (CBDCs)နဲ့ ပြုလုပ်ထားပြီးသားဖြစ်တဲ့ ငွေပေးချေမှုပုံစံများကို အသုံးပြုမှာ ဖြစ်ပါတယ်။

 

ဘဏ္ဍာရေးအဖွဲ့အစည်းပေါင်း 11,000 ကျော်နဲ့ ချိတ်ဆက်ထားတဲ့ ဒီ အဖွဲ့အစည်းကတော့ ထုတ်ပေးခြင်း၊ ပေးပို့ခြင်း နှင့် ငွေပေးချေခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းစဉ်များကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပြီး၊ အခက်အခဲ မရှိဘဲ အဆင်ပြေပြေနဲ့ တိုကင်ပုံစံ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုဈေးကွက်ကို အထောက်အပံ့ပေးနိုင်ကြောင်း ပြသဖို့ ရည်ရွယ်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ရဲ့ နမူနာပုံစံအတိုင်း ဘဏ်များနဲ့ ရှယ်ယာကုမ္ပဏီများကတော့  ပိုင်ဆိုင်မှု အချို့ကို ဒစ်ဂျစ်တယ်တိုကင်ပုံစံများအဖြစ် မြန်မြန်ဆန်ဆန် ရောင်းချပေးတဲ့ ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိပါတယ်။

 

Swiftကတော့ နိုင်ငံခြား ဘဏ်များနဲ့ အခြား ဘဏ္ဍာရေးအဖွဲ့အစည်းများ ငွေပေးချေးမှုများအတွက်  ချိတ်ဆက်ပေးတဲ့ နိုင်ငံတကာစာတိုပေးပို့မှု ကွန်ရက်တစ်ခုဖြစ်ပါတယ်။  ဒစ်ဂျစ်တယ်ငွေကြေးများ၊ စတေဘယ်ကွိုင်(Stablecoins)၊ CBDC ငွေကြေးများ အသုံးပြုမှု တိုးတက်လာကြောင့် ၎င်းရဲ့ အသုံးဝင်မှု ကျဆင်းသွားနိုင်ကြောင်း ပြောဆိုချက်များလည်း ရှိပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️

📨 အော်ပရာ(Opera)က အီသာရီရမ်(Ethereum) Layer-2 စွမ်းရည်များကို အသုံးပြုနိုင်ဖို့ ပိုလီဂွန်(Polygon)နဲ့ ပူးပေါင်း (21.12.23)


အော်ပရာ ဘရောက်ဆာ(Opera Browser)ကတော့ မနေ့က Web 3ကို ရောက်ရှိမယ့် အီသာရီရမ်(Ethereum) အဆင့်မြင့်တင်တဲ့ ပလက်ဖောင်းဖြစ်တဲ့ ပိုလီဂွန်(Polygon)နဲ့ ပေါင်းစည်းမယ့် အကြောင့် ကြေငြာခဲ့ပါတယ်။ ပေါင်းစည်းမှုကတော့ 2022 ခုနှစ် ပထမသုံးလပတ်မှာ စတင်မှာ ဖြစ်ပါတယ်။

 

ပေါင်းစည်းမှုကြောင့် သန်းပေါင်းများစွာသော အော်ပရာ(Opera) အသုံးပြုသူတွေကတော့ ပိုလီဂွန်(Polygon)ကွန်ရက်မှာ ရှိတဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဆော့ဖ်ဝဲများ(dapps)3,000 ကျော်ကို လွယ်လွယ်ကူကူ ရှာဖွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အော်ပရာ(Opera)မှာ ပါဝင် ဖွဲ့စည်းထားပြီးသားဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပိုက်ဆံအိတ်ကလည်း အသုံးပြုသူများကို MATIC နဲ့ငွေပေးချေနိုင်စေမှာ ဖြစ်ပါတယ်။

 

ပိုလီဂွန်(Polygon)ကတော့ အီသာရီရမ်(Ethereum)နဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ဘလော့ချိန်း(Blockchain)နဲ့ အဆင့်မြင့်တင်ခြင်းတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။  ၄င်းရဲ့ မူရင်းကွိုင် ဖြစ်တဲ့ မက်တစ်(MATIC)ကတော့ လွန်ခဲ့သောနာရီအနည်းငယ်က ဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး အခုဆိုရင် တစ်ကွိုင်ကို ဒေါ်လာ 2.6 ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️

📨 2022ခုနှစ်အထိ ဒစ်ဂျစ်တယ်ငွေကြေး တက်ဈေး(Bull)ဈေးကွက်အဖြစ် ဆက်ရှိမယ့်အကြောင်း အကြောင်းရင်း 7ချက် ပြောလာတဲ့ လာ့ ဒေးဗစ်(Lark Davis) (21.12.22)


လာ့ ဒေးဗစ်(Lark Davis)ကတော့ လူသိအများဆုံး ဒစ်ဂျစ်တယ်ငွေကြေး အင်ဖလူရန့်ဇာ(influencer)ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ ယူကျူ့ချန်နယ်ကို စောင့်ကြည့်သူပေါင်း 473,000 ကျော် ရှိပါတယ်။  သူ့ရဲ့ Twitter အကောင့်မှာတော့ လူပေါင်း 757,000 ကျော် ရှိပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်လာရင် နာမည်ကြီးတဲ့ လာ့ ဒေးဗစ်(Lark Davis)ကတော့ 2022ခုနှစ်အထိ ဒစ်ဂျစ်တယ်ငွေကြေး တက်ဈေး(Bull)ဈေးကွက် ဆက်ရှိမယ့်အကြောင်း အကြောင်းရင်း 7ချက်ကို ပြောပြလာခဲ့ပါတယ်။

 

အရေးအကြီးဆုံး အကြောင်းရင်းများထဲမှာတော့ လာ့ ဒေးဗစ်(Lark Davis)က လာမယ့် ဘစ်ကွိုင်(Bitcoin) Spot ETF ကို ပြောထားပါတယ်။ သူကတော့ ရှည်လျားလာတဲ့ စက်ဝန်းများနဲ့  မြင်သာတဲ့ အီသာရီယမ်(Ethereum) (ETH) ကွန်ရက် အဆင့်မြှင့်တင်မှုကိုလည်း ပြောပြသွားပါတယ်။

 

ဆက်လက်ပြီး၊ သူကတော့ အခြားကွိုင်များ(altcoins) ဈေးအတက်ကြမ်းနိုင်ခြေကို ပြောသွားပါတယ်။ သူက NFT စျေးကွက်ရဲ့ အရေးကြီးပုံနဲ့ ဘာလော့ချိန်း(Blockchain) ဂိမ်းများရဲ့ အရေးပါမှုကို အဓိက ပြောသွားပါတယ်။

 

အကြောင်းရင်း 7ချက်ကတော့

  1. ဘစ်ကွိုင်(Bitcoin)ရဲ့ Spot ETF
  2. ဘစ်ကွိုင်ရဲ့ ရှည်လျားလာတဲ့ စက်ဝန်း
  3. အီသာရီယမ်(Ethereum) (ETH) ကွန်ရက် အဆင့်မြှင့်တင်မှု
  4. အဓိက အခြားကွိုင်(altcoins)များရဲ့ တိုးတက်လာမှု
  5. NFT ဈေးကွက်
  6. ဗီဒီယို ဂိမ်းများနှင့် မက်တာဗား(Metaverse)
  7. အဖွဲ့အစည်းဆိုင်ရာ ငွေကြေး

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️

📨 အယ် ဆာဗာဒို(El Salvador)ကတော့ 21:21:21(21ရာစု 21ခုနှစ် 21ရက်)မှာ ဘစ်ကွိုင်(Bitcoin)21ကွိုင်ကို ဝယ်ယူခဲ့ (21.12.21)

ဘစ်ကွိုင်(Bitcoin)ကို တရားဝင်ငွေကြေးအဖြစ် ပထမဆုံး ခွင့်ပြုခဲ့တဲ့ အယ် ဆာဗာဒို(El Salvador)ကတော့ နောက်ထပ် ဘစ်ကွိုင်(Bitcoin) 21ကွိုင်ကို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံမှာ ဘစ်ကွိုင်(Bitcoin)ကို တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သမ္မတ နာရစ် ဘူကလဲ(Nayib Bukele)ကတော့ 21 ရာစု၊ 21 ခုနှစ်၊ 21ရက်နေ့ရဲ့ နောက်ဆုံးနေ့ အထိမ်းအမှတ်အဖြစ် 21 ဘစ်ကွိုင်(Bitcoin)ကို ထပ်မံ ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️

📨 တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ NFTကို ဘယ်လို ဝယ်ကြမလဲ။

တန်ပါ ဘေး ဘူကာနီးယား အန်အက်အယ်(Tampa Bay Buccaneers NFL)ရဲ့ နောက်ခံလူ တော့မ် ဘရက်ဒီ(Tom Brady)ကတော့ သူရဲ့ အန်အက်အယ်(NFL)အစပိုင်းနှစ်များကို အဓိကထားပြီး ‘Live Forever: The Tom Brady Origins Collection’ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင် ‘ပုံတူကူးမရတဲ့ တိုကင်(NFT)များ ပေါင်းချုပ်’ကို ထုတ်ဝေခဲ့ပါတယ်။

 

မျှော်လင့်ထားတဲ့ အတိုင်းပဲ NFTပေါင်းချုပ်က 10 မိနစ်အတွင်းမှာ အကုန် ရောင်းထွက်သွားပြီး၊ စုစုပေါင်း ရောင်းချရမှုကတော့ဒေါ်လာ 1.3သန်းခန့် ရှိခဲ့ပါတယ်။ ‘ပုံတူကူးမရတဲ့ တိုကင်(NFT) ပေါင်းချုပ်’ တိုက်ရိုက် ရောင်းချမှုကို မမှီလိုက်တဲ့ သူတွေကတော့ ဒီမှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ပြီး တော့မ် ဘရက်ဒီ အော်ရဂျင် NFT(Tom Brady Origins NFT)ကို ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ ဝယ်ယူနိုင်ပါတယ်။  ဒါပေမဲ့ ပထမဦးဆုံး ဒီ ပေါင်းချုပ်နဲ့ ပက်သက်ပြီး သိထားရမှာတွေက အောက်ပါ အချက်တွေပဲ ဖြစ်ပါတယ်။

 

တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ နောက်ဆုံးပေါ် NFT ပေါင်းချုပ်ဆိုတာ ဘာလဲ။

2021ခုနှစ် ဒီဇင်ဘာ 9 ရက်မှာတော့ တော့မ် ဘရက်ဒီ(Tom Brady)က  သူနဲ့ ရစ်ချက် ရိုဆန်ဘလက်(Richard Rosenblatt)၊ ဒီလွန် ရိုဆန်ဘလက်(Richard Rosenblatt)တို့ သားအဖ နှစ်ယောက် ပူးတွဲ တည်ထောင်ထားတဲ့ အော်တိုဂရပ်(Autograph)ဆိုတဲ့ NFT ပလက်ဖောင်းပေါ်မှာ သူရဲ့ ကျော်ကြားတဲ့ NFL အသက်မွေးဝမ်းကြောင်း အစပိုင်းကို သရုပ်ဖော်ထားတဲ့ NFT ပေါင်းချုပ်ကို အောင်မြင်စွာ ရောင်းချလိုက်ခြင်းဖြင့် NFT လုပ်ငန်းမှာ စတင်လုပ်ကိုင်လာပါတယ်။  နာမည်မှာ ပါရှိတဲ့ အတိုင်း၊ ဒီ ပေါင်းချုပ်ကတော့ ဘရက်ဒီ(Brady)က အန်အက်အယ်(NFL)ကို မဝင်ရောက်ခင်ဖြစ်တဲ့ 2000 ခုနှစ်မတိုင်ခင်မှာ ရှိခဲ့တဲ့ အဓိက အမှတ်တရ ဖြစ်ရပ်များကို ထည်သွင်း ပြသထားပါတယ်။  ဒီ ပေါင်းချုပ်မှာတော့ NFTs 16,600များ ထည့်သွင်းထားတဲ့ လျှို့ဝှက်သေတ္တာများ ပါဝင်ပြီး၊ လျှို့ဝှက်သေတ္တာ တစ်ခုကို ဒေါ်လာ 80နဲ့ တရားဝင် ရောင်းချခဲ့ပါတယ်။ ရောင်းချမှုမှာ ဝယ်ယူထားတဲ့ သူတွေကတော့ ဘယ်လို NFTတွေကို သူတို့ ဝယ်ယူထားလဲ ဆိုတာကို မသိရဘဲ၊ ဒီဇင်ဘာ 14ရက်နေ့မှာ ပြုလုပ်မယ့် ထုတ်ဖော် ပြသပွဲအထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

 

ဒီ ပေါင်းချုပ်နဲ့ ပက်သက်ပြီး ထပ် သိထားရမယ့် နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ဒီ ပေါင်းချုပ်မှာ ရှားပါးမှု အပေါ် အခြေခံထားတဲ့ စုစည်းမှု 25ခု ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။  တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ အော်ရဂျင် ပေါင်းချုပ်(Origins Collection) တစ်စိတ် တစ်ပိုင်းအဖြစ် အောက်ပါ အကြောင်းအရာတွေ ပါဝင်ပါတယ်။

 

  1. ကွန်ဘိုင်း ဘောလုံးဖိနပ်(Combine cleats)
  2. ကောလိပ် ကိုယ်ရေးအကျဉ်း(College resume)
  3. ရော့ကီ ဒရက် ကဒ်(Rookie draft card)
  4. ကွန်ဘိုင်း ဂျာစီ(Combine jersey)
  5. ကွန်ဘိုင်း နာရီ(Combine stopwatch)

 

အမေရိကန်ဘောလုံးအကြောင်း မသိတဲ့ သူတွေအတွက်၊ ‘ကွန်ဘိုင်း(Combine)ဆိုတာကတော့ 2000ခုနှစ်မှာ တစ်ပတ်ကြာ ပြုလုပ်ခဲ့တဲ့ လူရွေးပွဲမှာ တော့မ် ဘရက်ဒီ(Tom Brady)က အခြား ကစားသမားများနဲ့ အတူ ကိုယ်ကာယပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ NFL နည်းပြများရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ‘ပစ္စည်း’ဖြစ်ပါတယ်။   

 

ဒီ ပေါင်းချုပ်မှာတော့ ရှားပါးမှု အဆင့်တွေအပေါ် မူတည်ပြီးတော့ အဆင့် 5ဆင့် သတ်မှတ်ထားပါတယ်။ ဒီ ရှားပါးအဆင့်တွေကိုလည်း အောက်ပါအတိုင်း နာမည် ပေးထားပါတယ်။

  1. ကာဗွန်(Carbon)
  2. ပလက်တီနမ်(Platinum)
  3. မြ(Emerald)
  4. နီလာ(Sapphire)
  5. ပတ္တမြား(Ruby)

 

ဥပမာအားဖြင့်၊ ကောလိပ် ကိုယ်ရေးအကျဉ်း(College Resume) စုဆောင်းမှုကို ကာဗွန်(Carbon)၊ ပလက်တီနမ်(Platinum)၊မြ(Emerald)၊ နီလာ(Sapphire)၊ ပတ္တမြား(Ruby)အဆင့်တွေမှာ တွေ့နိုင်ပြီး၊

ကာဗွန်(Carbon)အဆင့်ကိုတော့ အများဆုံး တွေ့နိုင်မှာ ပတ္တမြား(Ruby)အဆင့်ကတော့ အရှားပါးဆုံး ဖြစ်ပါတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအပြင် ဒီ ပေါင်းချုပ်မှာတော့ ‘ထာဝရ ရုပ်ထုများ(Immortal Statues)’လို့  နာမည်ပေးထားတဲ့ NFT အထူးစုဆောင်းမှုလည်း ပါရှိပါတယ်။ ဒီမှာလည်းပဲ ကာဗွန်(Carbon)၊ ပလက်တီနမ်(Platinum)၊ မြ(Emerald)၊နီလာ(Sapphire)၊ ပတ္တမြား(Ruby)အဆင့်တွေ ရှိပါတယ်။  ခြားနားချက်ကတော့ ထာဝရ ရုပ်ထုများ(Immortal Statues)က အချို့ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ အသုံးပြုသူတွေကို ဆုချဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။  

 

အသေးစိတ် ပြောပြရရင်၊ ဝယ်ယူသူက သတ်မှတ်ထားတဲ့ အဆင့် 1တစ်ခုတည်းမှာပဲ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ 5ခုကို စုဆောင်းရရှိပြီဆိုရင် အဆင့်တူဖြစ်တဲ့ ထာဝရ ရုပ်ထုများ(Immortal Statues) NFT တစ်ခု ပိုင်ဆိုင်ဖို့ သတ်မှတ်ချက် ပြည့်မှီတာပဲ ဖြစ်ပါတယ်။   ဒီ အစုံလိုက်ကို 2021 ခုနှစ်၊ ဒီဇင်ဘာ 21 ရက်နေ့ကို နောက်ဆုံးထားပြီး ကိုင်ဆောင်ထားရမှာ ဖြစ်ပါတယ်။   ဆက်လက်ပြီး ထာဝရ ရုပ်ထုများ(Immortal Statues) NFTကို ရရှိဖို့ သတ်မှတ်ချက် ပြည့်မှီတဲ့ သူတွေကတော့ သူတို့ရဲ့ ဒရက်ကင်း(DraftKings) အကောင့်များကို သူတို့ရဲ့ အော်တိုဂရက်(Autograph) အကောင့်များနဲ့ နောက်ဆုံးရက် မတိုင်ခင်မှာ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။

 

ဥပမာ၊ ဝယ်ယူသူက ကာဗွန်(Carbon)အဆင့် ကွန်ဘိုင်း ဘောလုံးဖိနပ်(Combine cleats)၊ ကောလိပ် ကိုယ်ရေးအကျဉ်း(College resume)၊ ရော့ကီ ဒရက် ကဒ်(Rookie draft card)၊ ကွန်ဘိုင်း ဂျာစီ(Combine jersey)နဲ့ ကွန်ဘိုင်း နာရီ(Combine stopwatch)တွေကို နောက်ဆုံးရက် မတိုင်ခင်မှာ ပိုင်ဆိုင်ထားမယ်ဆိုရင် ကာဗွန်(Carbon)အဆင့် ထာဝရ ရုပ်ထုများ(Immortal Statues) တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာ ကောင်းတာကတော့ တော့မ် ဘရက်ဒီ(Tom Brady)က နီလာ(Sapphire)၊ ပတ္တမြား(Ruby)အဆင့် ထာဝရ ရုပ်ထုများ(Immortal Statues) NFTတစ်ခုစီကို ပိုပြီး တန်ဖိုးမြှင့်ဖို့အတွက် လက်မှတ်ရေးထိုးထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

 

တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ NFTs ကို ဘယ်လို ဝယ်မလဲ

ရှေ့မှာ ဖော်ပြခဲ့တဲ့ အတိုင်း တော့မ် ဘရက်ဒီ(Tom Brady)ပေါင်းချုပ်ကတော အားကစား လက်ရွေးစင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ အမှတ်တရတွေကို တိုကင်ပြုလုပ်ပြီး အဓိထား ရောင်းချမယ့် ယခုနှစ် 8လပိုင်းမှာ စတင် ဖန်တီးခဲ့တဲ့  NFT ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ အော်တိုဂရပ်(Autograph)မှာ ပထမဆုံး ရောင်းချခဲ့တာ ဖြစ်ပါတယ်။

 

အော်တိုဂရက်(Autograph)ကတော့ ဒရက်ကင်း(DraftKings) NFT စျေးကွက်(Marketplace)မှာ ရှိတာဖြစ်ပြီး၊ တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ NFTကို ဝယ်ယူလိုတဲ့ သူတွ ဒရက်ကင်း(DraftKings) NFT စျေးကွက် ဝဘ်ဆိုဒ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

 

ဒီ ပေါင်းချုပ် ရောင်းချမှုက 2021 ခုနှစ် ဒီဇင်ဘာ 9 ရက်နေ့တွင် စတင်လိုက်တုန်းက ပေါင်းချုပ်တစ်ခုလုံး ရောင်းချရဖို့ အချိန် 10မိနစ်သာ ကြာခဲ့ပါတယ်။  ရောင်းချမှုက တရားဝင် ပြီးဆုံးသွားပြီ ဖြစ်လို့ NFTကို ဝယ်ယူဖို့ တန်းစီတာမျိုး စောင့်ဆိုင်းတာမျိုး လုပ်လို့ မရတော့ပါဘူး။  အခုကတော့ အော်တိုဂရပ်(Autograph)မှာ ရောင်းချတုန်းက ကံကောင်းစွာနဲ့ ဝယ်ယူလို့ ရခဲ့တဲ့ စုဆောင်းသူတွေက ပြန်လည် ရောင်းချတဲ့ ဈေးကွက်မှာပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

နောက်ထပ် သိထားရမှာက ဒရက်ကင်း(DraftKings)စျေးကွက်(Marketplace)ကတော့ ကနေဒါနဲ့ အမေရိကန်မှာ နေထိုင်နေတဲ့ သူတွေသာ အသုံးပြုနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။  အဲဒီ့မှာ NFTs ဝယ်ယူဖို့ အတွက်ဆိုရင် ဒရက်ကင်း(DraftKings) အကောင့် ဖွင့်ထားပြီး အတည်ပြု(Verify)ထားဖို့ လိုအပ်ပါတယ်။

 

အကောင့်ဖွင့်ပြီးသွားပြီဆိုရင် လုပ်ဆောင်ရမယ့် အရာကတော့ အသုံးပြုနိုင်တဲ့ ငွေသွင်းနည်းလမ်းနဲ့ ငွေသွင်းခြင်းပဲ ဖြစ်ပါတယ်။ ဒရက်ကင်း(DraftKings)စျေးကွက်(Marketplace)မှာ အသုံးပြုနိုင်တဲ့ ငွေပေးချေတဲ့ နည်းလမ်းတွေကတော့~

  1. အွန်လိုင်း ဘဏ်ကင်း
  2. ခရက်ဒစ်နဲ့ ဒက်ဘစ်ကတ်များ
  3. Paypal
  4. အီလက်ထရွန်းနစ် လက်ဆောင်ကတ်များ
  5. ဒရက်ကင်း(DraftKings) လက်ဆောင်ကတ်များ

 

ငွေပေးချေနိုင်တဲ့ နည်းလမ်းတွေကို ကြည့်ခြင်းဖြင့် ဒရက်ကင်း(DraftKings)က အခု တစ်ခေါက်မှာ   ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေချေးခြင်းကို ခွင့်မပြုထားဘူးဆိုတာကို တွေ့နိုင်ပါတယ်။  တစ်နည်းအားဖြင့် ဝယ်ယူမှု အားလုံးကို သာမန် ငွေကြေး၊ အထူးသဖြင့် အမေရိကန် ဒေါ်လာနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

တောမ် ဘရက်ဒီ(Tom Brady)ရဲ့ NFTက ဘယ်လောက် တန်ဖိုးရှိလဲ။

NFT တစ်ခုစီရဲ့ ကနဦး ရောင်းဈေးက ဒေါ်လာ 80 ဖြစ်ပါတယ်။  စုဆောင်းသူတွေက ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာတော့ အကျိုးအမြတ် ရရှိဖို့အတွက် ဝယ်ယူသူများဆီကို ရောင်းချဖို့ မျှော်လင့်ထားမှု အပေါ်မှာ မူတည်ပြီး ဈေးနှုန်း ပြောင်းလဲနိုင်ပါတယ်။

 

ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ ရောင်းချခက 5% ဖြစ်ပြီး၊ မူပိုင်ခွင့်အတွက် အော်တိုဂရက်(Autograph)ကို ပေးရမှာက 10%ဖြစ်တယ်ဆိုတာကို သတိပြုရပါမယ်။ ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ တောမ် ဘရက်ဒီ(Tom Brady)ရဲ့ NFT တစ်ခုစီကို ရောင်းချခက 15% ကုန်ကျမှာ ဖြစ်ပြီး၊ ဒီ ပမာဏကတော့ ရောင်းချသူကနေ ပေးရမှာ ဖြစ်ပါတယ်။

 

ဥပမာ၊ ရောင်းချသူ တစ်ယောက်က ပြန်လည်ရောင်းချတဲ့ ဈေးကွက်မှာ တောမ် ဘရက်ဒီ(Tom Brady)ရဲ့ NFTကို  ဒေါ်လာ 500နဲ့ ရောင်းချပါက၊ ဒရက်ကင်း(DraftKings)ကနေ ဒေါ်လာ 75 ကို မူပိုင်ခ(Royalty)နဲ့ ကော်မရှင်ခအဖြစ် နုတ်ယူပြီး၊ ကျန်ငွေ ဒေါ်လာ425 ကို ရောင်းချသူရဲ့ အကောင့်ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။

 

ဒီ ဆောင်းပါးကို ရေးနေချိန်က တော့မ် ဘရက်ဒီ(Tom Brady)ရဲ့ အော်ရဂျင်(Origins) NFT ပေါင်းချုပ်ရဲ့ ကြမ်းခင်းဈေးနှုန်း (သို့မဟုတ် ပြန်လည်ရောင်းချတဲ့ ဈေးကွက်ထဲမှာ NFTsတစ်ခုကို ဝယ်ယူဖို့ လိုအပ်တဲ့ အနိမ့်ဆုံး ပမာဏ)က ဒေါ်လာ 219 ဖြစ်ပါတယ်။ ဝယ်ယူသူတွေက သူတို့ရဲ့ လျှို့ဝှက်သေတ္တာထဲက NFTs အသစ်များ ပြသလာတဲ့ အခါမှာ ကြမ်းခင်းစျေးနှုန်းကတော့ မြင့်တက်လာနိုင်ပါတယ်။

 

တောမ် ဘရက်ဒီ(Tom Brady)ရဲ့ အော်တိုဂရက်(Autograph)ပလက်ဖောင်းဆိုတာ ဘာလဲ။

အော်တိုဂရက်(Autograph)မှာတော့ အားကစားနဲ့ ဖျော်ဖြေရေးလောကရှိ အထင်ကရ ပုဂ္ဂိုလ်များနဲ့ အမှတ်တံဆိပ်များရဲ့ NFTsများ ဖန်တီးခြင်းနှင့် စုဆောင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်၊ ထင်ရှားကျော်ကြားသူများနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ NFTsများကို အကန့်အသတ်ဖြင့် ထုတ်လုပ်ကာ ရောင်းချပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် အကျိုးအမြတ် ရရှိအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

 

8လပိုင်း စတင် ဖွင့်လှစ်တဲ့ အချိန်ကနေ စပြီး ဒီ ပလက်ဖောင်းကတော့ နာမည်ကြီး အားကစားသမားများ ဖြစ်တဲ့ နာအိုမီ အိုဆာကာ(Naomi Osaka)၊ ဆိုင်မွန် ဘိုင်း(Simone Biles)၊ တိုက်ဂါး ဝတ်(Tiger Woods)၊ တိုနီ ဟော့(Tony Hawk)တို့နဲ့ ပူပေါင်းခဲ့ပါတယ်။  ဘရက်ဒီ(Brady)နဲ့ ရိုဆန်ဘလက်(Rosenblatts) အပြင် ဒါရိုက်တာဘုတ်အဖွဲ့မှာ FTXရဲ့ CEO နဲ့ တည်ထောင်သူ ဖြစ်တဲ့ ဆမ် ဘန်မန်း ဖရိုင်း(Sam Bankman Fried) ၊ Apple ရဲ့ အက်ဒီ ကူး(Eddy Cue) ၊ SCS ဘဏ္ဍာရေးရဲ့ ဥက္ကဌနဲ့ တည်ထောင်သူ ပီတာ မက်တွန်း(Peter Mattoon)နဲ့ Discovery Land ကုမ္ပဏီ ဥက္ကဌနဲ့ တည်ထောင်သူ မိုက်ကယ် မဲမန်း(Michael Meldman)တို့ ပါဝင်ပါတယ်။

 

NFTsထုတ်လုပ်မှုမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကြောင့် အော်တိုဂရက်(Autograph)ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ပိုလီဂွန်(Polygon)လို့ ခေါ်တဲ့ ဘလော့ချိန်း(Blockchain)ကို ရွေးချယ်ခဲ့ပါတယ်။   အချုပ်အားဖြင့် ဒရက်ကင်း(DraftKings) ဈေးကွက်(Marketplace)မှာ ရောင်းချနေတဲ့ အော်တိုဂရက်(Autograph) NFTတွေ အားလုံးကတော့ ပိုလီဂွန် ဘလော့ချိန်း(Polygon blockchain)ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk

3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ
Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။
Thank you for reading.
❄️Merry Christmas to you all.❄️
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe