ဆိုလာနာကတော့ ဒီအပ်(dapps)အပိုင်းရဲ့ မြန်ဆန်သက်သာတဲ့ ‌စနစ်တစ်ခုဖြစ်ပါတယ်။
  By Ma Thida Tun     /     2022.01.11    /     Volume 9    /    Subscribe

ဒီနေ့သတင်း

📧 ဘစ်ကွိုင်ရဲ့ နှိုင်းယှဉ် ခိုင်မာမှု အညွှန်းကိန်း(Relative Strength Index, RSI)ကတော့ 2021 ခုနှစ် 5လပိုင်း နောက်ပိုင်းမှာ အနိမ့်ဆုံးဖြစ်

📧 ဆန်းဘောက်(Sandbox)ကတော့ ဟောင်ကောင် ဘစ်ရှော့(Big Shots) များနဲ့ မက်တာဗား မက်ဂါစီးတီး(Metaverse Mega City) ဖွင့်လှစ်ရန် ပူးပေါင်းဆောင်ရွက်

📧 SECကတော့ NYDIG ရဲ့ ဘစ်ကွိုင် စပေါ့ ETF(Spot BTC ETF)စီရင်ချက်ကို 2 လ ရွှေ့ဆိုင်း

📧 ဆိုလာနာ(Solana)ဆိုတာ ဘာလဲ။
1. ဈေးကွက်အခြေအနေ


❄️❄️❄️❄️❄️❄️❄️


2. သတင်းများ

📧 ဘစ်ကွိုင်ရဲ့ နှိုင်းယှဉ် ခိုင်မာမှု အညွှန်းကိန်း(Relative Strength Index, RSI)ကတော့ 2021 ခုနှစ် 5လပိုင်း နောက်ပိုင်းမှာ အနိမ့်ဆုံးဖြစ် (2022.01.10)

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတော့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်တစ်ခုလုံးအတွက် အတော်လေး စိန်ခေါ်မှုများ ရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ဈေးကွက်ရဲ့ စုစုပေါင်း အရောင်းအဝယ် ပမာဏက ဒေါ်လာ 300 ဘီလီယံကျော် ကျဆင်းသွားခဲ့ပါတယ်။  ဘစ်ကွိုင်ကလည်းပဲ အခြား ဒစ်ဂျစ်တယ်ငွေကြေးများနဲ့အတူ ဈေးနှုန်းသတ်မှတ်ရာမှာ ရုန်းကန်နေရပါတယ်။   ဒါပေမဲ့ အချို့သော နည်းပညာဆိုင်ရာ အညွှန်းကိန်းများကတော့ အောက်ခြေကို ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။  

 

ဒီ သတင်းကို ရေးသားနေစဉ်မှာ ဘစ်ကွိုင်ကတော့ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း 11% ကျဆင်းသွားပြီး၊ ဒေါ်လာ 42,000 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။  ကျန်ရှိတဲ့ ဈေးနှုန်းတွေလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။  အီသာရီရမ်ကတော့  17.5%ကျဆင်းသွားခဲ့ပြီး BNBကွိုင်ကတော့ 16.6%၊ ဆိုလာနာကွိုင်ကတော့ 19% ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

 

အသုံးများတဲ့ အညွှန်းကိန်း တစ်ခုဖြစ်တဲ့ “နှိုင်းယှဉ် ခိုင်မာမှု ညွှန်ပြချက် (Relative Strength Index, RSI)”ကတော့ ဈေးနှုန်းက အောက်ခြေကို ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။  ၎င်းကတော့ တက်လိုက်ကျလိုက် ဖြစ်ခြင်းကို ဖော်ပြတဲ့ အညွန်းကိန်း တစ်ခုဖြစ်ပြီး၊ အရှိန်နှုန်းထားနဲ့ ဈေးနှုန်းပြောင်းလဲမှုကို တိုင်တာပါတယ်။  ယူနစ်ကတော့ 0 နဲ့ 100 အကြားမှာ ရှိပါတယ်။

 

ပုံမှန်အားဖြင့် RSIက 70 အထက်မှာ ရှိရင် ပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အလွန်အကျွံ ဝယ်ယူခြင်းအဖြစ် သတ်မှတ်ပြီး 30 အောက်ဆိုရင် ပိုင်ဆိုင်မှုကို အလွန်အကျွံ ရောင်းချခြင်းအဖြစ် သတ်မှတ်ပါတယ်။

မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာမှာတော့ RSI က မေလမှာ ရှိခဲ့တဲ့ ဈေးနှုန်းကျဆင်းမှု အပြီး  အနိမ့်ဆုံး ဈေးကို ရောက်ရှိနေခဲ့ပါတယ်။  ရှေ့တစ်ကြိမ် အနိမ့်ဆုံး ဈေးကတော့ 2020ခုနှစ် မတ်လမှာ ရှိခဲ့ပြီး ကိုဗစ်ကြောင့် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါက ဘာကို ဖော်ပြလဲဆိုတော့ မကြာသေးတဲ့ အတိတ်မှာ ရှိခဲ့တဲ့ ဈေးနှုန်းကျဆင်းမှု 2ခုမှာ ဘစ်ကွိုင်က လက်ရှိဖြစ်နေတဲ့ အခု ဈေးနှုန်းဖြစ်တဲ့ အနိမ့်ဆုံးဈေးအထိ ကျဆင်းပြီးနောက်မှာတော့ လအနည်းအတွင်းမှာ အရှိန်အဟုန်နဲ့ ပြန်တက်သွားတယ်ဆိုတာပဲ ဖြစ်ပါတယ်။  

 

နောက်ထပ် ဈေးနှုန်းအောက်ခြေဖြစ်နေကြောင်း ညွှန်ပြတဲ့ အညွှန်းကိန်းကတော့ “ဘစ်ကွိုင်အပေါ် ကြောက်ရွံခြင်းနဲ့ လောဘဖြစ်ခြင်း အညွှန်းကိန်း” ဖြစ်ပါတယ်။  ၎င်းကတော့ ဈေးကွက်တစ်ခုလုံးမှာ ရှိတဲ့ ပြောင်းလဲမှု၊ စျေးကွက်အရှိန်အဟုန်၊ ဆိုရှယ်မီဒီယာ၊ စစ်တမ်းများ၊ လွှမ်းမိုးချုပ်ကိုင်မှု၊ ခေတ်ရေစီးကြောင်းအစရှိတဲ့ စံနှုန်းအမျိုးမျိုးပေါ် အခြေခံပြီး တိုင်းတာခြင်းဖြစ်ပါတယ်။  ဒီ သတင်းကို ရေးနေချိန်မှာ ၎င်းအညွှန်းကိန်းကတော့ စျေးကွက်က "အလွန်အမင်းကြောက်ရွံ့ခြင်း"ဆိုတဲ့ အနေအထားမှာ ရှိနေကြောင်း ပြသခဲ့ပါတယ်။

 

သတင်း အရင်းအမြစ်: Binance



❄️❄️❄️❄️❄️❄️❄️



📧 ဆန်းဘောက်(Sandbox)ကတော့ ဟောင်ကောင် ဘစ်ရှော့(Big Shots) များနဲ့ မက်တာဗား မက်ဂါစီးတီး(Metaverse Mega City) ဖွင့်လှစ်ရန် ပူးပေါင်းဆောင်ရွက် (2022.01.06)

မက်တာဗား ပလက်ဖောင်းဖြစ်တဲ့ ဒေါ ဆန်းဘောက်ကတော့ ဟောင်ကောင်ရဲ့ ယဉ်ကျေးမှုကို မက်တာဗားထဲမှာ ဆက်လက် ချဲ့ထွင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သူ အများအပြားကို ခေါ်ယူပြီး မြို့ပြ အကြီးစားဖြစ်တဲ့ မက်ဂါစီးတီး(Mega City)ကို ဖန်တီးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။  ဂိမ်းဖန်တီးသူ အန်နီမိုကာ(Animoca)ကတော့ ပူးပေါင်းလုပ်ဆောင်သူ အသစ်တွေက လန်း NFTs(LAND NFTs)များကို ဝယ်ယူပြီး ပလက်ဖောင်းနဲ့ ပူးပေါင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  ဟောင်ကောင်ရဲ့ ဟဲဗီးဝိတ်များကို မက်တာဗားထဲကို ခေါ်ဆောင်လာခြင်း ဖြစ်ပါတယ်။

 

တရားဝင်ထုတ်ပြန်ထားတဲ့ ဘလော့ဂ်ပို့စ်များအရ ဒေါ ဆန်းဘောက်ကတော့ ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေမှု၊ သရုပ်ဆောင်မှု၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ ဂိမ်းများ အစရှိသဖြင့် ကဏ္ဍအသီးသီးမှာ ရှိတဲ့ ပူးပေါင်းလုပ်ဆောင်သူများကို ထည့်သွင်းထားပြီး ဖြစ်ပါတယ်။  အဓိက ရည်ရွယ်ချက်ကတော့ မက်ဂါစီးတီးဆိုတဲ့ ယဉ်ကျေးမှု ဗဟိုချက်အသစ်ကို ဖန်တီးဖို့ ဖြစ်ပြီး၊ ၎င်းရဲ့ တိုးချဲ့မှု အစိတ်အပိုင်း တစ်ခုအဖြစ် ဟောင်ကောင်ရဲ့ “ကွဲပြားခြားနားတဲ့ စွမ်းရည်များနဲ့ အောင်မြင်မှု အကြောင်းအရာများ”ကို အဓိက ထားပြီး မက်တာဗားထဲကို  ထည့်သွင်းခြင်းဖြစ်ပါတယ်။  ပလက်ဖောင်းဘက်ကတော့ ဒီ မက်ဂါစီးတီးက ကွဲပြားခြားနားတဲ့ လုပ်ငန်းမျိုးစုံနဲ့ ဒေသတွေရဲ့ မြူးကြွတဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြု ပြသသွားမှာ ဖြစ်ကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

 

“မက်ဂါစီးတီးရဲ့ အဓိကအချက်ကတော့ ဟောင်ကောင်ရဲ့ အရည်အချင်းတွေပဲ ဖြ်ပါတယ်။  မက်ဂါစီးတီးကတော့ ဟောင်ကောင်ရဲ့ ပုံစံအတိုင်း တိတိကျကျနဲ့ မက်တာဗားအဖြစ် ဖော်ပြခြင်းထက် သာလွန်ပြီး၊ အနာဂတ်ကို ချဲ့ထွင်ခြင်း၊ စိတ်ကူးယဉ်အိမ်မက်များနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေရာဖြစ်မှာ ဖြစ်ပါတယ်။  မက်ဂါစီးတီးထဲမှာ ရှိတဲ့ မြေနေရာတွေကတော့ မြေပိုင်ရှင်တစ်ဦးချင်းစီရဲ့ အတွေးအမြင်တွေကို ထင်ဟပ်စေပြီး အမြင်အာရုံကနေ ဟောင်ကောင်ရဲ့ သီးသန့်ဖြစ်တဲ့ အနာဂတ်မြို့ပြပုံစံကို ချိတ်ဆက် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

 

မက်ဂါစီးတီး တည်ဆောက်ဖို့အတွက် မူရင် လန်း(LAND) တိုကင်များကို ဝယ်ယူလိုက်တဲ့ ပါဝင်သူအသစ်တွေကတော့ ဆန်းဟန်ကိုင်(Sun Hung Kai & Co)ရဲ့ အစားထိုး(Alternative Investment) ရင်းနှီးမြုပ်နှံမှုခေါင်းဆောင် အန်ထရီ ချန်း(Adrian Cheng)၊  ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုကုမ္ပဏီ PwCဟောင်ကောင်(PwC Hong Kong)၊ ဘလော့ချိန်း အဓိက ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှု စီမံခန့်ခွဲကုမ္ပဏီ တိုင်းကပ်ပီတယ်(TIMES CAPITAL)၊ ဒါရိုက်တာ/ထုတ်လုပ်သူ /သရုပ်ဆောင် ဖြစ်တဲ့ စတီဗင် ဖန်း(Stephen Fung)၊ မင်းသမီးနဲ့ မော်ဒယ် ရူချီ(Shu Qi)၊ နာမည်ကြီး ဂီတပညာရှင် ဒိုဘွိုင်း(Dough-Boy)၊ ဂိမ်းရဲ့ အိုင်ပီ လစ်တဲ ဖိုက်တာ(IP Little Fighter)နဲ့ ဒေသတွင်း သရုပ်ဖော်သူ ဒရီးမာဂိုး(Dreamergo)တို့ပဲ ဖြစ်ပါတယ်။

 

ဆန်းဘောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှု

ဆက်လက်ပြီး ဆန်းဘောက်ကတော့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်သူ 165ခုကျော်နဲ့ ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ ပူးပေါင်းလုပ်ဆောင်သူတွေကတော့ ဂျာမနီရဲ့ အင်တာနေရှင်းနယ် ကုမ္ပဏီဖြစ်တဲ့ အဲဒီ့ဒက်(Adidas)၊ အမေရိကန်ရက်ပ်ပါ စနု ဒေါ့(Snoop Dogg)တို့ ဖြစ်ပါတယ်။  ဒါ့အပြင် ဒေါ ဝေါ့ကင်း ဒက်(The Walking Dead)၊ ဆောက် ချိုင်းနား မောနင်း ပို့စ်(South China Morning Post)၊ ဒေါ စမာ့(The Smurfs)၊ ကဲ ဘဲ(Care Bears)၊ အာတာရီ(Atari)၊ ခရစ်တိုကစ်တီ(CryptoKitties)၊ ရှောင် ဒေါ ရှီ(Shaun the Sheep) အပါအဝင် အခြား အဖွဲ့စည်းများနဲ့လည်း ပူပေါင်းထားပါတယ်။

 

လက်တွေ့ကမ္ဘာက မဟုတ်တဲ့ မြေကွက်များ အရောင်းအ၀ယ်ကတော့ အရှိန်မြင့်လာပါတယ်။ ဘလော့ချိန်းကို အခြေခံထားတဲ့ မက်တာဗားဖြစ်တဲ့ ဒေါ ဆန်းဘောက်ကတော့ လူကြိုက်အများဆုံး နှစ်နဲ့ အသုံးပြုသူများရဲ့ စိတ်ဝင်စားမှုများကြောင့် ဆက်လက်ပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။  ရလဒ်အဖြစ် ၎င်းရဲ့ မူရင်းတိုကင် ဆန်း(SAND)ကတော့ ပြီးခဲ့နှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ ဒေါ်လာ 0.052 ဈေးနှုန်းကနေ ဒေါ်လာ 8.4 အထိ အမြင့်မားဆုံး အရောင်းအဝယ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။  

 

ဒါပေမဲ့ အခုအချိန်မှာတော့ ဈေးကွက် တစ်ခုလုံး အနည်းငယ် ကျဆင်းမှုကြောင့် 5 ဒေါ်လာ အောက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

 

သတင်းအရင်းအမြစ်: Binance



❄️❄️❄️❄️❄️❄️❄️



📧 SECကတော့ NYDIG ရဲ့ ဘစ်ကွိုင် စပေါ့ ETF(Spot BTC ETF)စီရင်ချက်ကို 2 လ ရွှေ့ဆိုင်း (2022.01.06)

အမေရိကန်ရဲ့ ဥပဒေစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ SEC(Securities and Exchange Commission)ကတော့ NYDIGရဲ့ ဘစ်ကွိုင် စပေါ့ ETF(Spot BTC ETF) အဆိုပြုချက်အပေါ် အဆုံးအဖြတ်ပေးခြင်းကို ရက် 60 ရွှေ့ဆိုင်းလိုက်ပါတယ်။  မူလက နောက်ဆုံး အဆုံးအဖြတ် ပေးမယ့် ရက်က 1 လပိုင်း 15ရက် ဖြစ်ပါတယ်။ ခွင့်ပြုချက် ရခဲ့မယ်ဆိုရင် NYDIG ရဲ့ ဘစ်ကွိုင် စပေါ့ ETFက နိုင်ငံအတွင်း ပထမဆုံး ဘစ်ကွိုင် စပေါ့ ETF ဖြစ်လာမှာ ဖြစ်ပါတယ်။

 

တရားဝင် ထုတ်ပြန်ချက်မှာတော့ SEC က NYDIGရဲ့ အဆိုပြုချက်ကို မတ်လ 16 ရက်နေ့ နောက်ဆုံးထားပြီး အတည်ပြုရန် ဆုံးဖြတ်မယ်လို့ ရေးသားထားပါတယ်။  

 

အဖွဲ့ကတော့ "အဆိုပြုထားတဲ့ စည်းမျဉ်း အပြောင်းအလဲနဲ့ ရရှိထားတဲ့ မှတ်ချက်များအားလုံးကို ထည့်သွင်းစဉ်းစားဖို့ အချိန် အလုံအလောက် ရရှိစေရန်"ဆိုတဲ့ အကြောင်းပြချက်နဲ့ အမိန့်မထုတ်ပြန်ခင်မှာ အချိန်ရှည် တစ်ခု သတ်မှတ်ဖို့ လိုအပ်ကြောင်း ရှင်းပြခဲ့ပါတယ်။

 

NYDIG ကတော့ ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း ကုမ္ပဏီဖြစ်တဲ့ စတုန်း ရစ် ဟိုးဒင်း ဂရု(Stone Ridge Holdings Group)ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်ပါတယ်။  ရင်းနှီးမြှုပ်နှံသူတွေက ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ဈေးနှုန်းကို ခန့်မှန်းတဲ့ ရှယ်ယာကို ဝယ်နိုင်ဖို့အတွက် NYDIG ဘစ်ကွိုင် စပေါ့ ETF ကို လျှောက်ထားဖြစ်ခဲ့တာ ဖြစ်ပါတယ်။  

 

ဘစ်ကွိုင်ရဲ့ ဖျူးချား ETFs(Bitcoin Future ETFs)အများအပြားကို ခွင့်ပြုပေးခဲ့ပြီး နောက်မှာတောင် SECကတော့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ရဲ့ ဈေးနှုန်းဖန်တီးနိုင်မှု အန္တရာယ်များကြောင့် စပေါ့ ETF လျှောက်ထားမှုတွေကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

 

2021 ခုနှစ် ခရစ္စမတ်မတိုင်မီလေးမှာတော့ SECက ဗာ့ရိုင်း(Valkyrie)နဲ့ ခရစ်တိုအင်(Kryptoin)တို့ရဲ့ အလားတူ လျှောက်ထားမှုများကို ပယ်ချခဲ့ပါတယ်။ လျှောက်ထားချက် နှစ်ခုက လိမ်လည်ခြင်းနဲ့ ဈေးနှုန်းဖန်တီးခြင်း အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ့် အစိုးရရဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ မကိုက်ညီသေးဘူးဆိုပြီးတော့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ၊ SECကတော့ ဝစ်စထန် ထရီ(WisdomTree)ရဲ့ ဘစ်ကွိုင် စပေါ့ ETF လျှောက်ထားမှု အဆုံးဖြတ်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းပြီးနောက် ပယ်ချခဲ့ပါတယ်။

 

ဒါပေမဲ့ နယူးယောက်အခြေစိုက် ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း ကုမ္ပဏီကတော့ ဘစ်ကွိုင် ထရပ်(Bitcoin Trust)ရဲ့ ရှယ်ယာ ထိန်းသိမ်းသူအဖြစ် အမေရိကန် အစိုးရဘဏ်များ အဖွဲ(US Bank National Association)ကို ပြောင်းလဲသတ်မှတ်ပြီး အဆိုပြုချက်ကို ပြင်ဆင်ခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance



❄️❄️❄️❄️❄️❄️❄️



📧 ဆိုလာနာ(Solana)ဆိုတာ ဘာလဲ

ဆိုလာနာဆိုတာက ဗဟိုအထိန်းအချုပ်မဲ့ အက်ပလီကေးရှင်းပိုင်းကို ထိုးဖောက်ဝင်ရောက်လာတဲ့ ငွေလွှဲမြန်ဆန်ပြီး ငွေလွှဲခအလွန်သက်သာတဲ့ ငွေကြေးစနစ် အသစ်တစ်ခု ဖြစ်ပါတယ်။        

 

ဆိုလာနာ ဆိုသည်မှာ ဘလော့ချိန်းပေါ်တွင် အခြေခံတည်ဆောက်ထားတဲ့ စမတ်စာချုပ် ပလက်ဖောင်းတစ်ခုဖြစ်ပြီး ဗဟိုအထိန်းအချုပ်မဲ့  အက်ပလီကေးရှင်း ဒီအပ်(dapps) များကို တည်ဆောက်ရန် ဒီဇိုင်းဆွဲထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဒီပရောဂျက်ကို အန်နာတိုလီ ယာကိုဗန်ကို(Anatoly Yakovenko)က 2017 တွင်စတင်ခဲ့ပြီး ၎င်း ပရောဂျက်ရဲ့ ဘလော့ချိန်းနှင့် ငွေကြေးတိုကင်ဖြစ်တဲ့ SOL ကို နောင်သုံးနှစ်အကြာ မတ်လ 2020 တွင် တရားဝင် ဈေးကွက်တင်နိုင်ခဲ့ပါတယ်။

 

ဒီ ပရောဂျက်ကတော့  ဈေးကွက်တင်ပြီးသား အီသာရီရမ်ကဲ့သို့သော ဒီအပ် ပလက်ဖောင်းများကို ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်စတင်ခဲ့ပြီး ၎င်း၏ ဘလော့ချိန်းသည် တစ်စက္ကန့်အတွင်း ငွေလွှဲမှု (tps) ပေါင်း အများဆုံး 65,000 ကို ပျမ်းမျှ ငွေလွှဲခ 0.00025 ဒေါ်လာဖြင့် ဆောင်ရွက်နိုင်သည်ဟုပင် ချီးမွမ်းပြောဆိုထားပါတယ်။  တစ်ဖက်မှာ အီသာရီရမ်ကတော့ tps  30 ဝန်းကျင် (2.0 ကို မမြှင့်တင်ခင်) ကို ပျမ်းမျှငွေလွှဲခ 4.50 ဒေါ်လာဖြင့် ဆောင်ရွက်နိုင်ပါတယ်။

 

ကွန်ရက်ပေါ်တွင် အလုပ်လုပ်နေသော ဗဟိုအထိန်းအချုပ်မဲ့  အက်ပလီကေးရှင်းများအရ  ဆိုလာနာကတော့ စတင်သည့်အချိန်မှစ၍ သိသိသာသာ အသုံးများလာပြီး ယခုအခါ ဗဟိုအထိန်းအချုပ်မဲ့  အက်ပလီကေးရှင်းပေါင်း 332ခုကျော် လွှင့်တင်ပေးပြီးဖြစ်ပါတယ်။ အီသာရီရမ်မှာတော့ အက်ပလီကေးရှင်းပေါင်း 2841 ခုဖြင့် ဦးဆောင်လျက်ရှိပါတယ်။

 

ဘယ်အချက်က ဆိုလာနာကို ထူးခြားစေတာလဲ။

 

အများသဘောတူညီမှု ဆောင်ရွက်ချက်

ဆိုလာနာကို အခြား ဒီအပ် ပလက်ဖောင်းများနှင့် ကွဲပြားစေတာကတော့ ၎င်းရဲ့ ထူးခြားတဲ့ ငွေလွှဲမှု အတည်ပြုဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။ မှတ်သားရသည်မှာ ယာကိုဗန်ကိုကတော့ အတည်ပြုသူများ(ဘလော့ချိန်းပေါ်ရှိ ငွေလွှဲမှုများကို အတည်ပြုပေးသော ကွန်ပျူတာများ) အားလုံးကနေ တပြေးညီ ကြည့်ရှုနိုင်အောင် အချိန်ထည့်သွင်းတဲ့စနစ်(timestamping)ကို ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။

တစ်နည်းဆိုရသော် ဒီစနစ်ကတော့ အများသဘောတူညီမှု ရရှိအောင် ဆောင်ရွက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး၊ ကွန်ရက်မှာ ပါဝင်သူများကတော့ ငွေကြေးလွှဲပြောင်းမှုအား အတည်ပြုရန် တာဝန်ရှိပြီး ငွေလွှဲမှတ်တမ်းတစ်ခုအပေါ်မှာ အားလုံး သဘောတူညီကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသဘောတရား တစ်ခုလုံးကို မှတ်တမ်းအတည်ပြု (PoH) အများသဘောတူညီမှု ဆောင်ရွက်ချက်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

 

ယာကိုဗန်ကိုရဲ့ အဆိုအရ ဆိုလာနာရဲ့ အချိန်ထည့်သွင်းတဲ့ စနစ်ကို ဂူးဂဲလ်နဲ့ အင်တဲလ်ရဲ့ ဗဟိုထိန်းချုပ် ဒေတာဘေ့စ်မှ သဘောတရားယူထားပြီး ထိုစနစ်ကို ဗဟိုအထိန်းအချုပ်မဲ့ ပုံစံနှင့် ကိုက်ညီမှု ရှိစေရန် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပါတယ်။

 

ဒီ လုပ်ငန်းစဉ်အပြင် ဆိုလာနာကတော့ လက်ဝယ်ရှိမှုအတည်ပြုချက် (PoS) အများသဘောတူညီမှု ဆောင်ရွက်ချက် မှတ်တမ်းကိုလည်း အသုံးပြုထားပါတယ်။

 

ဘလော့ချိန်းများကတော့ အဖွဲ့အစည်းတစ်ခုခုမှ ထိန်းချုပ်ထားခြင်းမဟုတ်သည်ကို သတိပြုရပါမယ်။ အဲဒီ့အစား အသုံးပြုသူများက ကွန်ရက်ကို လုံခြုံအောင် လုပ်ပြီး ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ငွေကြေးလွှဲပြောင်းမှု အတည်ပြုရာတွင် အထူးလိုအပ်ပါတယ်။ သဘောအားဖြင့် ဘလော့ချိန်းတစ်ခုကတော့ အသုံးပြုသူများအနေဖြင့် ကွန်ရက်ပေါ်တွင် လုပ်ဆောင်နေသော ငွေလွှဲမှုများအားလုံး မှန်ကန်ကြောင်း သေချာဖို့ လိုအပ်ပါတယ်။  အချုပ်ဆိုရလျှင် အသုံးပြုသူများက အတည်ပြုသူများရဲ့ အခန်းကဏ္ဍကို  လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

 

ဒါပေမဲ့ ဘလော့ချိန်း ဆောင်ရွက်ချက်များသည် သုံးစွဲသူများအား ၎င်းတို့ အတည်ပြုပေးနိုင်ခြင်း ရှိမရှိကို လက်လွတ်စပယ် ရွေးချယ်ခြင်း မရှိပါဘူး။ အဲဒီ့အစား ဘလော့ချိန်းများအားလုံးက စိတ်ပါဝင်စားတဲ့ သုံးစွဲသူများအနေဖြင့် လိုအပ်ချက်နှင့် ကိုက်ညီပါက အတည်ပြုသူများ ဖြစ်လာရန် အသင့်ရှိမရှိကို မျှော်လင့်ကြပါတယ်။ ဥပမာ ဘစ်ကွိုင်းဘလော့ချိန်းကတော့ သုံးစွဲသူများကို မိုင်းနင်းပြုလုပ်တဲ့ ကိရိယာများမှာ ရင်းနှီးမြှုပ်နှံစေပြီး၊ ဟက်ရှင်း(hashing) တွက်ချက်မှုများကို ဆက်တိုက် လုပ်ဆောင်ခိုင်းပါတယ်။

 

ကာဒနို(Cardano)၊ ပိုလ်ကာဒေါ့(Polkadot)နဲ့ ဆိုလာနာ(Solana)လိုမျိုး ဘလော့ချိန်းများမှာတော့ သုံးစွဲသူများက အတည်ပြုသူများ ဖြစ်လာစေဖို့ ဒီဂျစ်တယ် ပိုင်ဆိုင်မှုများကို လက်ဝယ်ထားခြင်းနဲ့ ဝယ်ယူသိမ်းဆည်းခြင်း ပြုလုပ်စေပါတယ်။

ထို့နောက် အများသဘောတူညီမှု ဆောင်ရွက်ချက်ကို ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်က လက်ဝယ်ထားရှိသူကို ကျပန်းရွေးချယ်ပြီး ထိုသူမှ ဘလော့ချိန်းထဲကို အတည်ပြု ငွေလွှဲမှုအစု အသစ်တစ်ခုကို အဆိုပြုထည့်သွင်းခွင့်အား ပေးအပ်ပါတယ်။ ဒီ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်ကို  လက်ဝယ်ထားရှိမှု အတည်ပြုချက် (PoS) အများသဘောတူညီမှု ဆောင်ရွက်ချက်လို့ ခေါ်ပါတယ်။

 

ငွေကြေးလွှဲပြောင်းခြင်း

PoH နှင့် PoS အများသဘောတူညီမှု ဆောင်ရွက်ချက်တို့ကို ပေါင်းစပ်ခြင်းအားဖြင့် ဆိုလာနာကတော့ ဆိုဒ်ချိန်းများကဲ့သို့ လေယာ 2(Layer 2)ကို သုံးစွဲရန် မလိုဘဲ မရှိခဲဖူးတဲ့ ငွေလွှဲပြောင်းနှုန်းကို ရရှိပြီးဖြစ်ပါတယ်။  ဆိုလိုသည်မှာ ငွေလွှဲပြောင်းမှုများကို ဘလော့ချိန်းအမျိုးမျိုးတွင် မျှဝေ ပြောင်းလဲဆောင်ရွက်နိုင်သည့် အခြားသော ဘလော့ချိန်းများရဲ့ စနစ်နှင့် မတူဘဲ ဆိုလာနာ၏ ဂေဟစနစ်သည်  ချိန်းတစ်ခုအပေါ်တွင်သာ မှီခိုထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၎င်းကို ရှက်ဒင်း (sharding)လို့ ခေါ်ပြီး အီသာရီရမ် 2.0အဆင့်မှာ ပါဝင်လာမယ်လို့ မျှော်လင့်ထားတဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ပိုလ်ကာဒေါ့နှင့် ဇီလီကာတို့မှာ ၎င်းတို့၏ ငွေကြေးလွှဲပြောင်းနိုင်သည့် နှုန်းများ (ငွေလွှဲပြောင်းမှု ပမာဏဟုလည်း ခေါ်သည်) ကို တိုးတက်စေရန် ရှက်ဒင်းကို တိုးချဲ့အသုံးပြုလာသည့် ဒီအပ် ပလက်ဖောင်းများဖြစ်ပါတယ်။

 

ဆိုလာနာရဲ့ ဘလော့ချိန်းတစ်ခုတည်းကို အသုံးပြုတဲ့သုံး စနစ်ကတော့ 400 မီလီစက္ကန့်တိုင်းမှာ ဘလော့တစ်ခု ပြုလုပ်ပြီး ၎င်း၏ မြန်ဆန်လှသော ဘလော့ပြုလုပ်ချိန်းကို အမွှမ်းတင်လေ့ရှိပါတယ်။ နှိုင်းယှဉ်ကြည့်ဖို့အတွက် ဈေးကွက်ထဲမှာ ဦးဆောင်နေတဲ့ ဗဟိုအထိန်းအချုပ်မဲ့ အက်ပလီကေးရှင်း ပလက်ဖောင်းများရဲ့ ဘလော့ပြုလုပ်ချိန်များကို အောက်တွင် စာရင်းပြုစုထားပါတယ်။

  • အီသာရီရမ် - 13 စက္ကန့်
  • ကာဒနို - 20 စက္ကန့်
  • ဘိုင်းနန့် စမတ်ချိန်း - 3 စက္ကန့်
  • အဗယ်လန့်ချ် - 1.7 စက္ကန့်
  • ပိုလီဂွန် - 2.2 စက္ကန့်
  • ပိုလ်ကာဒေါ့ - 7 စက္ကန့်
  • ဇီလီကာ - 45 စက္ကန့်

ဆိုလာနာမှာ ဘာ ထူးခြားချက်တွေ ရှိလဲ


တာဝါ ဘစ်ဇန်တင်း(Tower Byzantine) အမှားခံနိုင်မှု (BFT) အယ်လ်ဂိုရီသမ်

တာဝါ BFT လုပ်ငန်းစဉ်ကတော့ PoH အများသဘောတူညီမှု ဆောင်ရွက်ချက်ဖြစ်ပြီး အတည်ပြုသူများမှ ကမ္ဘာ့အချိန်အရင်းအမြစ်တစ်ခုတည်းကို အသုံးပြုစေခြင်းဖြင့် အားဖြည့်ထောက်ပံ့ပေးပါတယ်။ ဒီ လုပ်ငန်းစဉ်ဖြင့် ကွန်ရက်ကတော့ တပြေးညီနာရီတစ်ခုကို အကောင်းဆုံး အသုံးပြုနိုင်ပြီး ဘလော့ချိန်းပေါ်ရှိ လွှဲပြောင်းပြီးသော ငွေလွှဲမှုများရဲ့ အချိန်များကို တွက်ချက် သိုလှောင်ရန် လိုအပ်ချက်ကို ကောင်းမွန်စွာ ဖယ်ရှားနိုင်ပါတယ်။ တစ်ဖက်မှာတော့ အခြား ဘလော့ချိန်းများက အတည်ပြုသူများအား အတည်မပြုရသေးတဲ့ ငွေလွှဲမှုများကို ငွေလွှဲအစီအစဉ်ကို ထည့်သွင်း မစဉ်းစားဘဲ ကျပန်းရွေးချယ်စေပြီး ဘလော့ချိန်းတွင် အစီအစဉ်တကျ ထည့်သွင်းခွင့်ပြုပါတယ်။

 

ဒီ လုပ်ငန်းစဉ်ကြောင့် ၎င်းတို့က ဘလော့ချိန်းတွင် ငွေလွှဲပြောင်းမှု အသစ်များ ထည့်သွင်းရန် အတွက် လိုအပ်သည့် ငွေလွှဲသည့် အချိန်များကို တွက်ထုတ်လာရပါတယ်။ ဆိုလာနာအတွက်ကတော့ PoHဲ့ တာဝါ အများသဘောတူညီမှု ဆောင်ရွက်ချက်တို့ ရှိခြင်းက အတည်ပြုသူများအတွက် ငွေလွှဲချိန်ကို ထည့်သွင်းရန် လိုအပ်ချက်အား ပျက်ပြယ်စေတာကြောင့် ငွေလွှဲအတည်ပြု လုပ်ငန်းရဲ့ အခြားအပိုင်းများတွင် ပိုမိုအလေးထားနိုင်မည့် အခွင့်အရေးများ ဖန်တီးပြီးသားလည်း ဖြစ်စေပါတယ်။

 

ဂတ်ဖ်စထရင်းမ်(Gulf Stream)

ဆိုလာနာကတော့ မမ်ပူးလ်(Mempool) လိုအပ်ချက်ကို ဖယ်ရှားဖို့ ဂတ်ဖ်စထရင်းမ်လို့ ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုပါတယ်။ မမ်ပူးလ်ကို အတည်မပြုရသေးတဲ့ ငွေလွှဲမှုများအတွက် စောင့်ဆိုင်းခန်းအဖြစ် စဉ်းစားကြည့်ပါ။ ဒီနေရာကတော့ အတည်ပြုသူများ ငွေလွှဲစာရင်းများကို ရွေးချယ်ပြီးနောက် ဘလော့ချိန်းသို့ ထည့်သွင်းတဲ့ နေရာဖြစ်ပါတယ်။ ဆိုလာနာအတွက်ကတော့ ငွေလွှဲမှုများ အသစ်ဖြည့်သွင်းထားတဲ့ ဘလော့များအား အဆုံးမသတ်ရသေးခင်ပင် ငွေလွှဲစာရင်းများကို အတည်ပြုသူများဆီကို လွှဲပြောင်းပေးပို့ပြီးဖြစ်ပါတယ်။ ဒီစနစ်ဖြင့် ဆိုလာနာဘလော့ချိန်းက အတည်မပြုရသေးသော ငွေလွှဲစာရင်းများ မရှိစေရန် ပြုလုပ်ပါတယ်။

 

ဆီးလ်လယ်ဗယ်(Sealevel)

ဆိုလာနာကတော့ စမတ်စာချုပ်များကို အပြိုင် အလုပ်လုပ်စေခြင်းအားဖြင့် ၎င်းဘလော့ချိန်းရဲ့ တွက်ချက်နိုင်စွမ်းအား မြှင့်တင်ပါတယ်။ ဆီးလ်လယ်ဗယ်လို့ ခေါ်တဲ့ ထိုနည်းပညာကတော့ ဆိုလာနာရဲ့ တွက်ချက်နိုင်စွမ်းကို တိုးချဲ့ပေးတဲ့အတွက်ကြောင့် ဘလော့ချိန်းရဲ့ အမြန်နှုန်းကို လျော့ကျခြင်း မရှိစေဘဲ စမတ်စာချုပ်များကို တပြိုင်နက်တည်း အလုပ်လုပ်စေနိုင်ပါတယ်။

 

ဝမ်းဟိုးလ်(Wormhole)

ဆိုလာနာ ဝမ်းဟိုးလ်ရဲ့ ထူးခြားချက်ကတော့ ဆိုလာနာ၊ အီသာရီရမ်၊ ဘိုင်းနန့်စမတ်ချိန်းနဲ့ တာရာ ဘလော့ချိန်းများအကြား တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှု မလိုအပ်တဲ့ ပေါင်းကူးချန်နယ်တစ်ခုကို မိတ်ဆက်ပေးပါတယ်။ ၎င်းကတော့ သုံးစွဲသူများကို ထိုဂေဟစနစ်များအတွင်း ဖန်တီးထားတဲ့ တိုကင်များ (ပုံတူကူယူလို့ ရတဲ့ တိုကင်များနဲ့ ပုံတူကူးမရတဲ့ တိုကင်များ)ကို ဘလော့ချိန်းတစ်ခုမှ တစ်ခုသို့ အခက်အခဲမရှိ လွှဲပြောင်းစေနိုင်ရုံသာမက ဒီဂျစ်တယ် မဟုတ်တဲ့ ဒီအပ်များကိုပါ အော်ရကယ် ဒေတာ(Oracle Data)နဲ့ အရောင်းအဝယ် ပမာဏများကို ဝေမျှခွင့်ပြုထားပါတယ်။

 

ဆိုလာနာက ဘာလို့ အမြန်နှုန်းကို အလေးပေးတာလဲ

အီသာရီရမ် နည်းတူ ဆိုလာနာကလည်း စမတ်စာချုပ်များကို အခြေခံထားပါတယ်။ စမတ်စာချုပ်ဆိုတာကတော့ ကြိုတင်သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီလျှင် အချို့သော လုပ်ငန်းများအား ဆောင်ရွက်ပေးတဲ့ ကိုယ်တိုင် အလုပ်လုပ်နိုင်တဲ့ ကွန်ပျူတာ ပရိုဂရမ်များဖြစ်သည်။ ဒါကြောင့် ဖန်တီးသူများက ဆိုလာနာပေါ်မှာ ၎င်းတို့၏ ဘလော့ချိန်း အက်ပလီကေးရှင်းများကို အသုံးပြုဆောင်ရွက်နိုင်ပါတယ်။

 

ဒါ့အပြင် အီသာရီရမ်တွင် ကြုံခဲ့ပြီးသည့်အတိုင်း ငွေလွှဲပြောင်းမှု ပမာဏ မြင့်မားခြင်းကတော့ အမြဲတစေ အဓိက လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဘလော့ချိန်း အက်ပလီကေးရှင်းများနှင့် ပတ်သက်လာလျှင် အဓိကဖြစ်ပါတယ်။ ဒါကြောင့် အီသာရီရမ်စနစ်က ကြီးမားတဲ့ အဆင့်မြှင့်တင်မှုကို ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ အလားတူပင် ဆိုလာနာ တိုးတက်ရေးအဖွဲ့ကလည်း ၎င်း ဘလော့ချိန်းရဲ့ ထုတ်လုပ်နိုင်စွမ်းကို ကောင်းမွန်စေရန် နည်းလမ်းများကို အမြဲတစေ ရှာဖွေနေပါတယ်။

 

ဆိုလာနာကတော့ အောင်မြင်တဲ ဗဟိုအထိန်းအချုပ်မဲ့ ဘဏ္ဍာရေးစနစ်(DeFi)တစ်ခုကို လွှင့်တင်ရန်နဲ့ ခေတ်စားလာတဲ့ အန်အက်ဖ်တီ (NFT) အပိုင်းမှာ တက်ကြွစွာ ပါဝင်ဖို့ မျှော်မှန်းထားပါတယ်။ လ ဆိုလာနာဘလော့ချိန်းကနေ ပထမဆုံးနဲ့ အကြီးမားဆုံး NFT အစုအဝေးကြီးတစ်ခုဖြစ်တဲ့ ဒီဂျန်နရိတ် အေ့ပ် အကယ်ဒမီ (Degenerate Ape Academy)ကတော့ စုစုပေါင်း ရောင်းရငွေ ဒေါ်လာ 69 သန်းဖြင့် 8မိနစ်အတွင်း ရောင်းချနိုင်ခဲ့ပါတယ်။

 

အက်စ်အိုအယ်လ် (SOL) တိုကင် 

ရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း SOLကတော့ ဆိုလာနာဘလော့ချိန်းရဲ့ မူရင်းဒီဂျစ်တယ်ငွေကြေးဖြစ်ပြီး လတ်တလော ဈေးကွက်ရင်းနှီးမြှုပ်နှံမှု၏ ထိပ်တန်း ငွေကြေး 10ခုမှာ အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးသားချိန်မှာ ၎င်း ဒီဂျစ်တယ်ငွေကြေးကတော့ စုစုပေါင်း 503,273,124 SOL လည်ပတ်နေပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ 42 ဘီလီယံ ရှိပါတယ်။

 

SOLကတော့ အီသာရီရမ်ရဲ့ ဂတ်စ်လိုမျိုး ငွေလွှဲခများကို ပေးချေရန်အတွက် သုံးတဲ့ တိုကင်အဖြစ် အလုပ်လုပ်ပြီး ဆိုလာနာရဲ့ ရင်းနှီးမှု စီးပွားရေးအတွက် အခြေခံငွေကြေးတစ်ခုလည်း ဖြစ်ပါတယ်။ အချုပ်အားဖြင့် ဆိုရသော် အတည်ပြုသူဖြစ်လာရန်(သို့) ဆိုလာနာမှာ ရင်းနှီးမှုအတွက် ဆုကြေးများကို ရယူရန်အလို့ငှာ SOL တွင် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း SOLကတော့ ဆိုလာနာရဲ့ ဂေဟစနစ်တွင် ရှိတဲ့ တစ်ခုတည်းသော ဒီဂျစ်တယ်ငွေကြေး မဟုတ်သည်ကို သတိပြုရမှာ ဖြစ်ပါတယ်။ အီသာရီရမ်လိုမျိုး ဆိုလာနာကလည်း ကွန်ရက်ပေါ်တွင် အလုပ်လုပ်နေတဲ့ သီးခြား ဘလော့ချိန်း အက်ပလီကေးရှင်းများ လွတ်လပ်စွာ တိုကင် ထုတ်ဝေနိုင်သော ငွေကြေးယူနစ် အများအပြား ရရှိနိုင်သည့် ဘလော့ချိန်းတစ်ခုပင် ဖြစ်ပါတယ်။

 

သတင်း အရင်းအမြစ်: Coindesk

ဘာသာပြန်သူ : Ko Myat Minn Kyaw



❄️❄️❄️❄️❄️❄️❄️



3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️

Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe