Web 3ဆိုတာကတော့ အင်တာနက်မျိုးဆက်သစ်ဖြစ်ပါတယ်။
 By Ma Thida Tun     /     2021.12.28     /     Volume 5     /    Subscribe

ဒီနေ့သတင်း

📨“ဘစ်ကွိုင်(Bitcoin)စျေးနှုန်း ဒေါ်လာ 1သိန်း တန်းဖိုးရောက်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”နှင့် နောက်နှစ် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ စကားစု 6ခု ရွေးချယ်

📨 အမေရိကန် ရင်သားကင်ဆာ အကူအညီပေးရေးအဖွဲ့က ဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစား 50ကျော်ဖြင့် အလှူငွေ လက်ခံ

📨 မက္ကဆီကန် ဘီလျံနာတစ်ယောက်- ဖီးယပ်(fiat)ငွေကြေးအစား ဘစ်ကွိုင်(Bitcoin)ကို ဝယ်ယူ

📨Web 3 ဆိုတာ ဘာလဲ။  ဘာကြောင့် လူတိုင်းက ပြောနေကြတာလဲ။

📨Web 3 နဲ့ မက်တာဗား(Metaverse) မတူညီပါ။

1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️

2. သတင်းများ

📨“ဘစ်ကွိုင်(Bitcoin)စျေးနှုန်း ဒေါ်လာ 1သိန်း တန်းဖိုးရောက်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”နှင့် နောက်နှစ် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ စကားစု 6ခု ရွေးချယ် (2021.12.28)

အမေရိကန် စီးပွားရေးမီဒီယာတစ်ခု ဖြစ်တဲ့ CNBCက လာမယ့် နှစ်အတွက် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ ခန့်မှန်းချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။  ဘစ်ကွိုင်(Bitcoin)စျေးနှုန်း ဒေါ်လာ 1သိန်း တန်းဖိုးရောက်ဖို့က မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ အချက်က အားလုံးကို စိတ်ဝင်စားစေခဲ့ပါတယ်။

CNBCကတော့ ဒီဇင်ဘာလ 27ရက်နေ့က '2022ခုနှစ်အတွက် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း ခန့်မှန်းချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်နှစ်အတွက်  ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ စကားစု 6ခုကို ရွေးချယ်ခဲ့ပါတယ်။  CNBCကနေ ရွေးချယ်ခဲ့တဲ့ စာလုံးတွေကတော့ ‘ဒုတိယ အယ်ဆာဗာဒိုနိုင်ငံ’ ၊ ‘Derivaritavies ဈေးကွက် ချဲ့ထွင်လာခြင်း’၊ ‘အီသာရီရမ်(Ethereum) စစ်ပွဲ ဆက်လက်ဖြစ်ခြင်း’၊ 'နည်းပညာ ပြိုင်ဆိုင်မှုကြီးများ အဆုံးသတ်ခြင်း’၊ 'အစိုးရက စည်းမျဉ်းဥပဒေများဖြင့် ဆက်လက် ထိန်းချုပ်ခြင်း'၊ 'ဘစ်ကွိုင်(Bitcoin)ရဲ့ ပြောင်းလဲမှု’ အစရှိတဲ့ စကားစု 6ခု ဖြစ်ပါတယ်။ CNBCကတော့ စကားလုံးများကို ရွေးချယ်ပြီးနောက် "ဒီနှစ်အတွက် ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းကတော့ လုံးဝ ဆန့်ကျင်ဘက် အခြေအနေများစွာကို ကြုံတွေ့ခဲ့ရတယ်”လို့ သုံးသပ်ခဲ့ပါတယ်။  ဒါနဲ့ ပက်သက်ပြီးတော့ "အယ်ဆာဗာဒိုနိုင်ငံက ဘစ်ကွိုင်(Bitcoin)ကို တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဘစ်ကွိုင်(Bitcoin)ဈေးနှုန်းက လွန်ခဲ့တဲ့ 52ပတ် တိုင်းတာချက်အရ 70%ကျော် မြင့်တက်လာခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ တရုတ်အစိုးရက ဒစ်ဂျစ်တယ်ငွေကြေး တူးခြင်းလုပ်ငန်းကို ထိန်းချုပ်ခဲ့ပြီး အိန္ဒိယကလည်းပဲ အလားတူ ထိန်းချုပ်မှုများ ပြုလုပ်ဖို့ ကြံစည်နေတယ်။’ဆိုတဲ့ အချက်တွေနဲ့ ရှင်းပြခဲ့ပါတယ်။

သတိထားမိတဲ့ အချက်ကတော့ နှစ်သစ်မှာ ဘစ်ကွိုင်(Bitcoin)စျေးနှုန်းအလားအလာနဲ့ ပတ်သက်တဲ့ အချက်ဖြစ်ပါတယ်။ CNBC ကတော့ အဓိက စကားစု 6ခုကို ရွေးချယ်ပြီးနောက်၊ ဒစ်ဂျစ်တယ်ငွေကြေး အိတ်ချိန်းဖြစ်တဲ့ အာဗစ်ရာ(Abra)ရဲ့ CEO ဖြစ်တဲ့ ဘီလ် ဘာဟစ်(Bill Bahid)ရဲ့  သုံးသပ်ချက်ကို အသုံးပြုပြီး ဘစ်ကွိုင်(Bitcoin)ကတော့ လာမယ့်နှစ်အတွင်း ဒေါ်လာ 100,000ကို ရောက်ရှိနိုင်တယ်ဆိုတဲ့  အလားအလာကို ထပ်မံ ပြောဆိုခဲ့ပါတယ်၊ ဘာဟစ်(Bahid)တော့ "ဒါက လောဘကြီးတယ်ဆိုတဲ့ အချက်ဖြစ်နိုင်ပေမဲ့ ရူးနှမ်းပြီး ပြောဆိုနေတာ မဟုတ်ပါဘူး။  ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေ လက်ခံရမယ့် အချက်ကတော့ အဲဒီလို ဖြစ်ဖို့ အရင်ဆုံး ဈေးနှုန်းက 20% လောက် ပြုတ်ကျနိုင်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

နိုင်ငံခြား မီဒီယာတွေမှာ ဘစ်ကွိုင်(Bitcoin) ဈေးနှုန်းကို ဒေါ်လာ 100,000 ရောက်မယ်ဆိုပြီးတော့ ခန့်မှန်းကြတာကတော့ အခုအကြိမ်က ပထမဆုံး အကြိမ် မဟုတ်ပါဘူး။   ပြီးခဲ့တဲ့  ဒီဇင်ဘာလ 21 ရက်တုန်းကလည်း အမေရိကန် စီးပွားရေးသတင်းစာဖြစ်တဲ့ ဖော့(Forbes)နဲ့ ရာဟူးဖိုင်းနန့်(Yahoo Finance) နှစ်ခုလုံးက နောက်နှစ် ဘစ်ကွိုင်(Bitcoin) ဈေးနှုန်းကို ဒေါ်လာ 100,000 ရောက်မယ်ဆိုပြီးတော့ ခန့်မှန်းခဲ့တာ ရှိပါတယ်။  ဒီ ခန့်မှန်းချက်နဲ့ အတူ ဖော့(Forbes)ကတော့ "ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ကျယ်ပြန့်စွာ ထိုးဖောက် ဝင်ရောက်မှုကြောင့် ဒစ်ဂျစ်တယ်ငွေကြေးကတော့ ဆက်လက် တည်ရှိနေလိမ့်မယ်။”လို့ ခန့်မှန်းခဲ့ပါတယ်။ ရာဟူးဖိုင်းနန့်(Yahoo Finance)ကလည်း "နောက်နှစ်မှာ ဘစ်ကွိုင်(Bitcoin)ကို နိုင်ငံ တော်တော်များများကနေ တရားဝင်ငွေကြေးအဖြစ် လက်ခံပြီးတော့၊ ဘစ်ကွိုင်(Bitcoin)တူးခြင်းက ပိုမို တည်ငြိမ်လာမယ်။”လို့ ခန့်မှန်းထားပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတကာ ကွိုင်ဈေးကွက် အခြေအနေ ထုတ်ပြန်တဲ့ ဆိုဒ်ဖြစ်တဲ့ ကွိုင်မားကတ်ကပ်(CoinMarketCap)ရဲ့ ဒေတာအရ ဒီဇင်ဘာလ 28 ရက်နေ့ နံနက် 10နာရီ 43မိနစ်မှာတော့ ဘစ်ကွိုင်(Bitcoin)က လွန်ခဲ့တဲ့ 24နာရီဈေးနှုန်းထက် 1.16% ကျဆင်းတဲ့ ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ 51,290.58 နဲ့ အရောင်းအဝယ် ဖြစ်နေခဲ့တာပါ။ လတ်တလောမှာတော့  ဘစ်ကွိုင်(Bitcoin)က ဒေါ်လာ 50,000 ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတာပါ။  တစ်ချိန်တည်းမှာပဲ ကိုရီးယားရဲ့ အပ်ဘစ်(Upbit)အိတ်ချိန်းမှာတော့ ဘစ်ကွိုင်(Bitcoin)က လွန်ခဲ့တဲ့ 24နာရီဈေးနှုန်းထက် 1.16% ကျဆင်းတဲ့ ဈေးနှုန်းဖြစ်တဲ့ ဝမ် 60,312,000နဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။

သတင်းအရင်းအမြစ်:Maeil Business Newspaper

❄️❄️❄️❄️❄️❄️❄️

📨 အမေရိကန် ရင်သားကင်ဆာ အကူအညီပေးရေးအဖွဲ့က ဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစား 50ကျော်ဖြင့် အလှူငွေ လက်ခံ (2021.12.28)

အမေရိကန် ရင်သားကင်ဆာအဖွဲ့အစည်း - ဆူဆန် ဂျီ ကိုမန်(Susan G. Komen)ကတော့  ဖီးယပ်(fiat)ငွေကြေးများအစား ဒစ်ဂျစ်တယ်ငွေကြေးဖြင့် လှူဒါန်းလိုသူများကို လှူဒါန်းနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီ ခြေလှမ်းအတွက် ပူးပေါင်းလုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းကတော့ ဒေါ ဂစ်ဗင်း ဘလော့(The Giving Block)ပဲ ဖြစ်ပါတယ်။

ဆူဆန် ဂျီ ကိုမန်(Susan G. Komen)ကတော့  ဒီ ခွင့်ပြုချက် အသစ်နဲ့ ပက်သက်ပြီး တွစ်တာမျာ ကြေငြာခဲ့ပါတယ်။ အဖွဲ့အစည်းအနေနဲ့ ဒီ လှူဒါန်းမှုပုံစံအသစ်ကတော့ “ရင်သားကင်ဆာကို တိုက်ဖျက်ပြီး အသက်များကို ကယ်တင်နိုင်ဖို့ နည်လမ်းများစွာကို ပေးအပ်လိမ့်မယ်”မျှော်လင့်ထားပါတယ်။

“ဒေါ ဂစ်ဗင်း ဘလော့(The Giving Block)နဲ့ ပူးပေါင်းပြီး ဆူဆန် ဂျီ ကိုမန်(Susan G. Komen)ကတော့  ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လှူဒါန်းခြင်းကို လက်ခံနေပါပြီ။ ဘစ်ကွိုင်(Bitcoin)၊ အီသာရီရမ်(Ethereum)နှင့် အခြား ကွိုင်များနဲ့ လှူဒါန်းနိုင်ပါတယ်။ ဒီလို လှူဒါန်းခြင်းက ရင်သားကင်ဆာကို တိုက်ဖျက်ပြီး အသက်များကို ကယ်တင်ဖို့ နည်းလမ်းများစွာကို ရရှိစေပါလိမ့်မယ်။

— ဆူဆန် ဂျီ ကိုမန်(Susan G. Komen) (@SusanGKomen) ဒီဇင်ဘာ 26၊ 2021”

ပူပေါင်း လုပ်ဆောင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဒေါ ဂစ်ဗင်း ဘလော့(The Giving Block)ကတော့ လက်ခံရရှိထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေက 50 ကျော်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အများစုကတော့ ဘစ်ကွိုင်(Bitcoin)၊ အီသာ(Ether) (ETH)၊ လိုက်ကွိုင်(Litecoin)၊ ဒေါ့ကွိုင်(Dogecoin)နဲ့ ရှီဘား (SHIB) တွေပဲ ဖြစ်ပါတယ်။

လူတွေက လူကြိုက် အများဆုံး ဖြစ်နေတဲ့ ကွိုင်တွေဖြစ်တဲ့ ဆန်းဘောက်(Sandbox)၊ ဒီဆန်းထရယ်လန်း(Decentraland) အစရှိတဲ့ မက်တာဗား(Metaverse) တိုကင်များနဲ့လည်း လှူဒါန်းနိုင်တာက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒေါ ဂစ်ဗင်း ဘလော့(The Giving Block)ကတော့ လက်ရှိ US ဥပဒေအရ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို ပေးခြင်းက အခွန်အတွက် ပိုသက်သာပြီး ငွေကို ချွေတာနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

"IRS ကတော့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို အခွန်အတွက် သင့်လျော်တဲ့ ပိုင်ဆိုင်မှုများအဖြစ် သတ်မှတ်ထားပါတယ်။   ဒါကတော့ မိမိ နှစ်သက်ရာကို အထောက်အပံ့ပေး လှူဒါန်းရာမှာ အခွန်အတွက် အသက်သာဆုံး ဖြစ်လို့ပါ။”လို့ ကုမ္ပဏီက ရှင်းပြထားပါတယ်။

မကြာသေးမီက အခြားသော ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ နီကိုးလပ်(Nicklaus)ကလေးဆေးရုံ အဖွဲ့အစည်းက ဒစ်ဂျစ်တယ်ငွေကြေးများဖြင့် လှူဒါန်းမှုကို လက်ခံကြောင်း ကြေငြာခဲ့ပါတယ်။  ကလေးများအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးဆောင်ဖို့ အလေးပေးတဲ့ ဒီ အဖွဲ့အစည်းကတော့ ဘစ်ကွိုင်(Bitcoin)၊ အီသာ(Ether)၊ ဘစ်ကွိုင် ကတ်(Bitcoin Cash) ဒေါ့ကွိုင်(DOGE)နဲ့ အခြား ကွိုင်များကို လက်ခံပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့ အမေရိကန်ပြည်ထောင်စုရှိ အကြီးမားဆုံး ထောက်ပံ့ကူညီသူဖြစ်တဲ့ ဖီဒယ်လတီ(Fidelity) ထောက်ပံ့ရေးအဖွဲ့က 2021ခုနှစ် အစပိုင်းကနေ စပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများဖြင့် လက်ခံရရှိငွေ စုစုပေါင်း  ဒေါ်လာ သန်း 270 ကျော်ကို လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဖွဲ့အစည်းကတော့ 2017ခုနှစ်တုန်းက ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဖြင့် စံချိန်တင် ဒေါ်လာ 69 သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ်: Binance

❄️❄️❄️❄️❄️❄️❄️

📨 မက္ကဆီကန် ဘီလျံနာတစ်ယောက်- ဖီးယပ်(fiat)ငွေကြေးအစား ဘစ်ကွိုင်(Bitcoin)ကို ဝယ်ယူ (2021.12.28)

မက္ကဆီကို ဘီလျံနာတစ်ယောက်ဖြစ်တဲ့ ရီကာဒို ဆာလီနာ ပိုင်ဂို(Ricardo Salinas Pliego) ကတော့ ဘစ်ကွိုင်(Bitcoin)ကို အမြဲတမ်း ထောက်ခံသူဖြစ်ပါတယ်။  ဘီလျံနာကတော့ အလားအလာများနဲ့ ငွေကြေးဖောင်းပွမှုအတွက် အကာအကွယ်ကို ထည့်သွင်း စဉ်းစားကြည့်တဲ့အခါမှာ ဖီးယပ်(fiat)ငွေကြေးထက် ဘစ်ကွိုင်(Bitcoin)မှာ ရင်းနှီးမြှုပ်နှံဖို့  ရင်းနှီးမြှုပ်နှံသူတွေကို ကြိမ်ဖန်များစွာ ပြောကြားခဲ့ပါတယ်။ သူကတော့ ရင်းနှီးမြှုပ်နှံသူများကို လက်ရှိ အသုံးပြုနေတဲ့ ငွေကြေးအစား ဘစ်ကွိုင်(Bitcoin)မှာ ရင်းနှီးမြှုပ်နှံဖို့ ပြောခဲ့တဲ့ ခရစ်စမတ်ဗီဒီယိုမှာတော့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနဲ့ ပက်သက်ပြီး ထောက်ခံကြောင်း ထပ်မံ ပြသခဲ့ပါတယ်။  

နှစ်ကုန် အားလပ်ရက်များအတွက် ဘစ်ကွိုင်(Bitcoin) အကြံဉာဏ်

ဖော်လိုဝါ(Follower) 1သန်းနီးပါး ရှိတဲ့ သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ဘီလျံနာက တန်ဖိုးရှိတဲ့ နေထိုင်မှုဘဝအကြောင်းနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကြံဉာဏ်တွေကို ပေးခဲ့ပါတယ်။ သူရဲ့ မက်ဆေ့ချ်ကတော့ ဖော်လိုဝါ(Follower)တွေကို မနာလိုစိတ် မထားရှိဖို့နဲ့ လွတ်လပ်မှုနဲ့ ဆန်းသစ်တီထွင်မှု နောက်ကို လိုက်တဲ့ အခါမျိုးမှာ မိမိကိုယ်ကို အမြဲ ယုံကြည်ဖို့ကနေ စတင်ခဲ့ပါတယ်။ ဆက်လက်ပြီး သူက‌တော့ တရားဝင် ခွင့်ပြုထားတဲ့ ငွေကြေးဖြစ်တဲ့ ဖီးယပ်(fiat)ငွေကြေးမှာ ရင်းနှီးမြုပ်နှံခြင်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ် အချို့ကိုလည်း ပေးခဲ့ပါတယ်။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကတော့ ဖီးယပ်(fiat) ငွေကြေးအကြောင်းကို အဓိကထားပြီး သူ့ရဲ့ ဖော်လိုဝါ(Follower)များကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အကြံဉာဏ်အချို့ကို ပေးခဲ့ပါတယ်။  အနှစ်ချုပ်ကတော့ “ဖီးယပ်(fiat)ငွေကြေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့။” တောင်းဆိုခဲ့တာပါ။  သူကတော့ သူ့ရဲ့ အကြံဉာဏ်ကို ဖီးယပ်(fiat) ငွေကြေး အမျိုးအစားတစ်မျိုးအတွက် ကန့်သတ် မထားဘဲ၊ ဖီးယပ်(fiat)ငွေကြေးပုံစံ အားလုံးကို မလုပ်ဖို့ ပြောခဲ့တာပါ။

"တရားဝင် ခွင့်ပြုထားတဲ့ ငွေကြေးဖြစ်တဲ့ ဖီးယပ်(fiat)ငွေကြေးကို ရှောင်ကြဉ်ကြပါ။ ဒေါ်လာပဲဖြစ်ဖြစ်၊ ယူရိုပဲဖြစ်ဖြစ်၊ ယန်းပဲဖြစ်ဖြစ် အားလုံး အတူတူပါပဲ။"လို့ ဆာလီနာ(Salinas)က ပြောခဲ့ပါတယ်။ "ဒါက အလိမ်အညာတွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအတုတွေပါ။  ဗဟိုဘဏ်တွေကတော့ အရင်ကထက် ပိုများတဲ့ ငွေစက္ကူတွေကို ရိုက်ထုတ်နေပါတယ်။”

ပြီးနောက် ဆာလီနာ(Salinas)ကတော့ ဖီးယပ်(fiat)ငွေကြေးအစား အခြား ရွေးချယ်စရာ တစ်ခုအဖြစ် ဘစ်ကွိုင်(Bitcoin)အကြောင်း ပြောခဲ့ပါတယ်။  ဘီလီယံနာကတော့  ရင်းနှီးမြှုပ်နှံသူများကို ဖီးယပ်(fiat)ငွေကြေးအစား ဘစ်ကွိုင်(Bitcoin)ကို ဝယ်ဖို့ အကြံဉာဏ် ပေးခဲ့ပါတယ်။

အစိုးရက မင်းရဲ့ ပိုက်ဆံတွေကို ခိုးယူနေတယ်။

အခြား တွစ်တာပို့စ် တစ်ခုမှာတော့ ဘီလီယံနာက ဖီးယပ်(fiat) ငွေကြေးအပေါ် သူ့ရဲ့ ရပ်တည်ချက်ကို ထပ်ပြီး ပြောခဲ့ပါတယ်။  အခု တစ်ခေါက်မှာတော့ 2020ခုနှစ်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း 90တုန်းက ပစ္စည်းတွေရဲ့ ဈေးနှုန်းကို နှိုင်းယှဉ်ထားပါတယ်။  ဒီ အကြောင်းအရာမှာတော့ ငွေကြေးဖောင်းပွမှု အချေအတင် ဆွေးနွေးမှုများနဲ့  ပြီးခဲ့တဲ့ ရာစုနှစ်များအတွင်း ၀ယ်လိုအား မည်မျှ ကျဆင်းသွားခဲ့ကြောင်းကို အဓိကထား ပြောခဲ့ပြီး၊ ဆာလီနာ(Salinas)ကတော့ မတူညီတဲ့ ရာစုနှစ် နှစ်ခုအတွင်း ဒေါ်လာ 20 ရဲ့ ဝယ်ယူနိုင်အားကို နှိုင်းယှဉ်ထားတဲ့ ဓာတ်ပုံနှစ်ပုံကို အသုံးပြုပြီး သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။

ဒီ တွစ်တာပို့စ်မှာ ဖော်လိုဝါ(Followers)တွေကို ငွေကြေးဖောင်းပွမှုကတော့ အစိုးရကနေ ပြည်သူတွေကို အကြောက်တရား ဖြစ်ပေါ်စေဖို့၊ ထိန်းချုပ်ဖို့နဲ့ အခွန်ငွေကနေ တစ်ဆင့် ငွေကို ခိုးယူခြင်းဖြစ်တယ်လို့ သတိပေးထားပါတယ်။  

"ဗဟိုဘဏ်များနဲ့ အစိုးရများကတော့ ငွေကြေးဖောင်းပွမှုကို အသုံးပြုပြီး  ဝယ်ယူနိုင်အားကို ခိုးယူကာ သင်တို့ကို သူတို့ လိုချင်တဲ့ နေရာမှာ ထားဖို့အတွက် ကြောက်လန့်စေခြင်း၊ ထိန်းချုပ်ခြင်း၊ တိတ်ဆိတ်စေခြင်းနဲ့ လွတ်လပ်မှု မပေးဘဲ သင်တို့ရဲ့ အချိန်ဇယားများကို သတ်မှတ်ပေးခြင်း၊ စည်းမျဥ်းများ ချမှတ်ခြင်းနဲ့ သင့်ရဲ့ ငွေကို 'အခွန်ငွေ'ပုံစံနဲ့ သိမ်းယူပါတယ်။

သူကတော့ သူ့ရဲ့ တွစ်တာပို့စ်ကို ဘစ်ကွိုင်(Bitcoin) ဟက်တပ်(Hashtag)ဖြင့် အဆုံးသတ်ခဲ့ပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုကို ဒါတွေအားလုံးရဲ့ အဖြေအဖြစ် အရိပ်အမြွက် ပြခဲ့တာပါ။

ဆာလီနာ(Salinas)ကတော့ သူ့ရဲ့ ပထမဆုံး ဘစ်ကွိုင်(Bitcoin)ကို ၀ယ်ယူခဲ့တဲ့ 2013ခုနှစ်ကနေ စပြီး  အမြဲတမ်း ဘစ်ကွိုင်(Bitcoin) တက်ဈေး(bull)ကို ယုံကြည်ခဲ့သူ ဖြစ်ပါတယ်။   2018ခုနှစ်မှာတော့ ဒါကို သူ့ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တစ်ခုအဖြစ် ပြောခဲ့ပြီး၊ သူကတော့ သူ့ ပိုင်ဆိုင်မှုရဲ့ 10%ကို ဒစ်ဂျစ်တယ်ငွေကြေးထဲမှာ မြှုပ်နှံထားတယ်လို့ ပြောခဲ့ဖူးတာ ရှိပါတယ်။  

ဆာလီနာ(Salinas) ပိုင်ဆိုင်တဲ့ မက္ကဆီကို ပစ္စည်းများ လက်လီဆိုင်တစ်ဖြစ်တဲ့ အက်လက်တာ(Elektra)ကတော့ မကြာသေးမီက မက္ကဆီကိုမှာ ဘစ်ကွိုင်(Bitcoin)နဲ့ ငွေပေးချေမှုများကို ပထမဆုံး လက်ခံသူ ဖြစ်လာခဲ့ပါတယ်။

သတင်းအရင်းအမြစ်: Binance

❄️❄️❄️❄️❄️❄️❄️

📨Web 3 ဆိုတာ ဘာလဲ  ဘာကြောင့် လူတိုင်းက ပြောနေကြတာလဲ။

Web 3 ဆိုတာကတော့ နည်းပညာကုမ္ပဏီကြီးများကနေ သုံးစွဲသူ တစ်ဦးချင်းစီကို လုပ်ပိုင်ခွင့် ပြောင်းပေးခြင်းကို အဓိကထားတဲ့ အင်တာနက်မျိုးဆက်သစ်ဖြစ်ပါတယ်။  

 “Web 3” (သို့) “Web 3.0”လို့လည်း သိကြတဲ့ စကားလုံးကတော့ အခု နောက်ပိုင်း ပိုပြီး ကြားလာရတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။  ၎င်းကတော့  ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ပရိုတိုကောများကို အဓိကထားတဲ့ အင်တာနက်မျိုးဆက်သစ်ကို ဆိုလိုပြီး၊  ယူကျူ့(Youtube၊)နက်ဖလစ်(Netflix)နဲ့ အမေဇုန်(Amazon)လိုမျိုး နည်းပညာကုမ္ပဏီများအပေါ် မှီခိုမှုကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာလဲ။ ဘာကြောင့် လူတိုင်းက အာရုံစိုက်နေကြတာလဲ။

Web 3 ဆိုတာ ဘာလဲ။

Web 3 ကို နားလည်ဖို့ အတွက် ၎င်းရဲ့ ရှေ့က အကြောင်းအရာများကို နားလည်ထားရင် ပိုကောင်းပါတယ်။ ‘Web 1’လို့ သိကြတဲ့အင်တာနက်ရဲ့ ပထမဆုံးဗားရှင်းကတော့ 1990ခုနှစ် နှောင်းပိုင်းမှာ ဖြစ်‌ပေါ်လာခဲ့ပြီး၊ လင့်ခ်များနဲ့ ပင်မစာမျက်နှာများ ပါဝင်ပါတယ်။  ဝက်ဆိုဒ်တွေကတော့ အပြန်အလှန် ပြောဆိုဖို့ အသုံးပြုလို့ မရပါဘူး။  အကြောင်းအရာများကို ဖတ်ရူခြင်းနဲ့ အခြားသူများ ဖတ်ရူနိုင်ဖို့အတွက် အကြောင်းအရာများကို တင်ပေးခြင်းကနေ လွဲပြီး လုပ်ဆောင်မှု အများကြီးကို မပြုလုပ်နိုင်ပါဘူး။

ဘစ်ဖာရီ(Bitfury)ရဲ့ CEO ဖြစ်သူ ဘရိုင်ရန် ဘရွတ်(Brian Brooks)က အဲဒါနဲ့ ပက်သက်ပြီး 2021 ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့  မိန့်ခွန်းမှာ ထည့်ပြီး ပြောသွားခဲ့ပါတယ်။ "လူတွေသာ သူတို့ရဲ့ မူရင်း AOL အကောင့်ပုံစံကို မှတ်မိသေးမယ်ဆိုရင် အဲဒါကတော့  အကြောင်းအရာ အစုံပါဝင်တဲ့ 'ခြံခတ်ထားတဲ့ ဥယျာဉ်'ထဲကို ကြည့်သလိုပါပဲ။  အပြန်အလှန် ပြောဆိုခြင်းတွေ မပြုလုပ်နိုင်ပေမဲ့ AOLမှာ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။  အဲဒါကတော့ တိုင်းမ်မဂ္ဂဇင်းက စာဖတ်သူတွေကို သူတို့ပြချင်တဲ့ ဆောင်းပါးတွေကို မဂ္ဂဇင်းထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်းကိုပဲ ဖန်သားပြင်ပေါ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Web 2 ကတော့ နောက်ဗားရှင်း တစ်ခု ဖြစ်ပါတယ်။  အချို့ကတော့ ဒါကို အင်တာနက်ရဲ့ “စာဖတ်/စာရေး”ဗားရှင်းလို့ ခေါ်ကြပြီး၊ ကွန်ပျူတာကုဒ်ကို ကိုးကားခြင်းဖြင့် ဖိုင်များကို ကြည့်ရှုရုံမဟုတ်ဘဲ ဖွင့်ပြီး တည်းဖြတ်နိုင်စေပါတယ်။  ဒီ အင်တာနက်ဗားရှင်းမှာတော့ လူတွေက အကြောင်းအရာကို ဖတ်ရူရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးပြီး တန်ဘလာ(Tumblr)၊ အင်တာနက်ဖိုရမ်(Internet Forums)လိုမျိုး ဘလော့ရေးတဲ့ ဆိုဒ်တွေနဲ့ ဂရိတ်လစ်(Craigslist)လိုမျိုး စျေးကွက်တွေမှာ ရေးသားလာနိုင်ပါတယ်။နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်(Facebook)၊ တွစ်တာ(Twitter)နဲ့ အင်စတာဂရမ်(Instagram)တွေ ပေါ်ထွက်လာပြီး  အကြောင်းအရာ မျှဝေခြင်း ပုံစံက တစ်ဆင့် မြင့်တက်လာခဲ့ပါတယ်။

အချိန် အနည်းငယ် ကြာပြီးနောက်မှာတော့ လူအများက မိမိတို့ရဲ့ ကိုယ်ရေး အချက်အလက်များကို နည်းပညာကုမ္ပဏီကြီးများက သိမ်းဆည်းထားပြီး မိမိနဲ့ ကိုက်ညီတဲ့ ကြေငြာတွေ၊ မာကတ်တင်း ကမ်းပိန်းတွေမှာ ဖန်တီးရာမှာ အသုံးပြုနေကြတယ်ဆိုတာကို သတိထားမိလာကြပါတယ်။   အထူးသဖြင့် ဖေ့ဘုတ်(Facebook)ကတော့  ကိုယ်ရေးအချက်အလက်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုနဲ့ ပက်သက်ပြီး အကြိမ်ပေါင်းများစွာ သတိပြုမိခြင်း ခံခဲ့ရပြီး၊ 2019 ခုနှစ်မှာ အဲဒီ့အတွက် FTC(Federal Trade Commission)ကနေ ထုတ်ပြန်ရာမှာ အကြီးမားဆုံးပြစ်ဒဏ် ဖြစ်တဲ့ ဒဏ်ငွေ ဒေါ်လာ 5 ဘီလီယံ ဆောင်ဖို့ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Web 2က ကမ္ဘာကြီးကို အံ့အားသင့်ဖွယ် အခမဲ့ ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပေမဲ့ လူအများကတော့ နည်းပညာကုမ္ပဏီကြီးတွေက ဖန်တီးပေးထားတဲ့ "ခြံခတ်ထားတဲ့ ဥယျာဉ်များ"ထဲမှာ ငြီးငွေ့လာပြီး  မိမိတို့ရဲ့ ဒေတာ၊ အကြောင်းအရာများနဲ့ ပက်သက်ပြီး ပိုမို ထိန်းချုပ်ချင်လာကြပါတယ်။  အဲဒီ့အတွက် Web 3ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Web 3 ကိုတော့ အင်တာနက်ရဲ့ “စာဖတ်/စာရေး/ကိုယ်တိုင်”ဗားရှင်းအဖြစ် နားလည်နိုင်ပါတယ်။ နည်းပညာများကို အခမဲ့ အသုံးပြုဖို့အတွက် မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးအပ်ခြင်းအစား အသုံးပြုသူတွေက ပရိုတိုကောများရဲ့ အုပ်ချုပ်မှုနဲ့လည်ပတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်နိုင်ပါတယ်။  ဒါကတော့ လူတွေက အသုံးပြုသူ (သို့) ထုတ်ကုန်များ မဟုတ်ဘဲ ပါဝင်လုပ်ဆောင်သူများ၊ ရှယ်ယာရှင်များ ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Web 3မှာတော့ ဒီလို အစုရှယ်ယာတွေကို တိုကင်များ (သို့) ဒစ်ဂျစ်တယ်ငွေကြေးများလို့ ခေါ်ပြီး၊ ၎င်းတို့ကတော့ ဘလော့ချိန်း(Blockchains)လို့ လူသိများတဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ စနစ်မှာ မိမိရဲ့ ပိုင်ဆိုင်မှုကို ကိုယ်စားပြုပါတယ်။  တကယ်လို့ မိမိမှာ ဒီ တိုကင်တွေ အလုံအလောက်ရှိရင် ဒီ စနစ်နဲ့ ပက်သက်ပြီး ပြောဆိုခွင့် ရှိပါတယ်။  အုပ်ချုပ်ရေးဆိုင်ရာ တိုကင်များကို ကိုင်ဆောင်သူတွေကတော့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုကို အသုံးချပြီး အနာဂတ်ရဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ချေးငွေပရိုတိုကောများနဲ့ ပက်သက်ပြီး မဲပေးနိုင်ပါတယ်။

ဆက်လက်ပြီး ဘရွတ်(Brooks)ကတော့ “ဒီ့အတွက် အမှန်တကယ် သတင်းစကားကတော့  ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အင်တာနက်မှာ ဖြစ်ပျက်နေတာတွေကိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ဆုံးဖြတ်ပြီး၊  ပင်မ အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေတာတွေကိုတော့ တွစ်တာ၊ ဖေ့ဘုတ်၊ ဂူးဂဲလ်နဲ့ အခြား ကုမ္ပဏီ အနည်းငယ်က ဆုံးဖြတ်ကြပါတယ်။”လို့ ပြောထားပါတယ်။

Web 3မှာ ဘာတွေ လုပ်ဆောင်နိုင်လဲ။

Web 3ကတော့ တစ်ချိန်က ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ဝန်ဆောင်မှုများအတွက် ပူပေါင်း အုပ်ချုပ်မှု ပုံစံများ ပြန့်ပွားလာဖို့ လုပ်ဆောင်နိုင်စေပါတယ်။  မီမီ(meme)တွေ၊ အနုပညာ အပိုင်းအစတွေ၊ လူတစ်ဦးတစ်ယောက်ရဲ့ ဆိုရှယ် မီဒီယာတွေ (သို့) ဂါရီ ဗီး(Gary Vee)ဆွေးနွေးပွဲ လက်မှတ် အစရှိတဲ့ အရာတွေ အားလုံးကို တိုကင်ပုံစံ ပြောင်းလဲနိုင်ပါတယ်။  

ခေတ်ကာလ အပြောင်းအလဲရဲ့ အကောင်းဆုံး ဥပမာက ဂိမ်းလုပ်ငန်းပဲ ဖြစ်ပါတယ်။ ဂိမ်းကစားသူတွေကတော့ သူတို့ အကြိုက်ဆုံး ဗီဒီယိုဂိမ်းထဲမှာ ဖန်းတီးသူများက ထားထားတဲ့ ဘတ်(Bugs)တွေအကြောင်း အမြဲ ငြီးတွားနေကြတာပါ။  ဒါမှမဟုတ် နောက်ဆုံး ထွက်ထားတဲ့ ပတ်(Patch)က သူတို့ အကြိုက်ဆုံး လက်နက်ကို ဘယ်လိုမျိုး ဖြစ်သွားစေခဲ့တာ အစရှိသဖြင့်ပေါ့။   Web 3နဲ့ ဆိုရင်ဂိမ်းကစားသူတွေက ဂိမ်းမှာ ကိုယ်တိုင် ရင်းနှီးမြုပ်နှံနိုင်ပြီး ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်ဆိုတာမျိုးကို မဲပေးနိုင်ပါတယ်။  Web 2ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ မက်တာ(Meta)နဲ့ ယူဘီဆော့(Ubisoft)တို့ကတော့ Web 3ရဲ့ စွမ်းဆောင်ရည်ထဲက တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ကမ္ဘာ(Virtual Worlds)ကို ဖန်တီးနေကြပါတယ်။  ပုံတူကူးမရတဲ့ တိုကင်(NFT)ကတော့  ဂိမ်းကစားသူတွေကို သူတို့ စုဆောင်ထားတဲ့ ဂိမ်းပစ္စည်းများရဲ့ ပိုင်ရှင်များ ဖြစ်လာစေခြင်းဖြင့် ဂိမ်းလုပ်ငန်းကို ပြန်လည် ပုံဖော်ရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Web 3နဲ့ ပက်သက်တဲ့ ဝေဖန်ချက်များ

Web 3 နည်းပညာနဲ့ ပက်သက်တဲ့ အဓိက ဝေဖန်ချက်ကတော့ ၎င်းက အိုင်ဒီယာရဲ့ စံနှုန်းနဲ့ ကိုက်ညီမှု မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။  ဘလော့ချိန်း(Blockchain)နဲ့ ပက်သက်တဲ့ ပိုင်ဆိုင်မှုကတော့   အညီအမျှ ခွဲဝေပေးထားခြင်း မဟုတ်ဘဲ အစောဆုံး အသုံးပြုသူနဲ့ လုပ်ငန်းသစ် ရင်းနှီးမြှုပ်နှံသူတွေဆီမှာ စုဝေးနေတာ ဖြစ်ပါတယ်။  အခုတစ်လော တွစ်တာပေါ်မှာ Web 3နဲ့ ပက်သက်ပြီး ဘလော့ ကုမ္ပဏီ(Block Inc.)ရဲ့  CEOဖြစ်တဲ့ ဂျက် ဒေါ်ဆီ(Jack Dorsey)နဲ့ လုပ်ငန်းသစ် ရင်းနှီးမြှုပ်နှံသူများအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေက အဲ့ဒီအချက်ကို ပိုပြီး သိသာစေပါတယ်။

ဝေဖန်မှုများရဲ့ အဓိက အချက်ကတော့ "ဗဟိုချုပ်ကိုင်မှု မရှိခြင်းဆိုတဲ့ ပြဇာတ်"ဆိုတာ ဖြစ်ပြီး၊   ဘလော့ချိန်း(Blockchain)လုပ်ငန်းတွေက အမည်ခံ ဗဟိုချုပ်ကိုင်မှု မရှိခြင်း ဖြစ်ပြီး လက်တွေ့မှာတော့ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။   လူအနည်းငယ်ကပဲ ဒေါ်လာ သန်းနှင့်ချီပြီး ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိက ဘလော့ချိန်းများ(Private Blockchains)၊ လုပ်ငန်းသစ် ရင်းနှီးမြှုပ်နှံသူများ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုများ (သို့) ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဘဏ္ဍာရေးစနစ်(DeFi) ပရိုတိုကောတွေကတော့"ဗဟိုချုပ်ကိုင်မှု မရှိခြင်းဆိုတဲ့ ပြဇာတ်"ရဲ့ သက်သေ ဥပမာတွေ ဖြစ်ပါတယ်။

ဦးဆောင်သူ မရှိတဲ့ ပရိုတိုကော အသိုက်အဝန်းဆိုရင်တောင် ထင်ရှားတဲ့ လူပုဂ္ဂိုလ်ကတော့ ရှိပါတယ်။  FT ဘလော့ အယ်ဖာဘီး(FT Blog Alphaville)ရဲ့ တည်းဖြတ်သူ ဖြစ်တဲ့ အစ်ဇဘယ်လာ ကမင်းစကာ(Izabella Kaminska)ကတော့ အီသာရီရမ်(Ethereum)ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ ဗာတစ်လစ် ဘူတာရင်း(Vitalik Buterin)က အီသာရီရမ်(Ethereum) ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပါဝင် ပက်သက်ခြင်း မရှိတော့ပေမဲ့ အာဏာကတော့ ဆက်လက် ရှိနေဆဲပါဆိုတဲ့ အချက်ကို ထောက်ပြခဲ့ပါတယ်။

“ဗာတစ်လစ်(Vitalik)ကိုယ်တိုင်ကိုက ရယ်စရာကောင်းပြီး ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုပါ။ သူကတော့ ကိုယ်တိုင် ဖန်တီးထားတဲ့ ဦးဆောင်သူ မရှိဘူးဆိုတဲ့ စနစ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဦီးဆောင်သူတစ်ယောက်အဖြစ် အဲဒီ့ စနစ်အပေါ်မှာ လွှမ်းမိုးမှု ရှိနေတာပါ။”လို့ ကမင်းစကာ(Kaminska)က  ဒေါ ခရစ်တို ဆစ်လစ်ဘတ်(The Crypto Syllabus)ကို ပြောခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပရိုတိုကောတွေမှာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ အဲဒီ့ နယ်ပယ်မှာတော့ မဲပေးဖို့ ပျက်ကွက်ခြင်းဆိုတဲ့ အခက်အခဲများ ရှိနေပြီး၊ ဗဟိုချုပ်ကိုင်မှု ရှိတဲ့ စနစ်တွေ အပေါ်မှာ မကြာခဏ မှီခိုနေရကာ ဘလော့ချိန်း(Blockchains)ကို ဖန်တီးခြင်းက ကျွမ်းကျင်တဲ့ အင်ဂျင်နီယာပညာရှင်များသာ လုပ်ဆောင်နိုင်တဲ့ နည်းပညာဖြစ်တယ်ဆိုတဲ့ ဖန်တီးခြင်းနဲ့ ပက်သက်တဲ့ အခက်အခဲများ ရှိနေခြင်းတွေပဲ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေပမဲ့လည်း Web 3 ကတော့ အလားအလာတွေ အများကြီး ရှိပါတယ်။ လက်တွေ့ ကျင့်သုံးဖို့အတွက်က အိုင်ဒီယာသက်သက်ပဲလားဆိုတာကတော့ လာမယ့် 10စုနှစ်အတွင်း အသုံးပြုသူတွေ  ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်: Coindesk

📨 Web 3 နဲ့ မက်တာဗား(Metaverse) မတူညီပါ။

Web 3နဲ့ NFTs လိုမျိုး အိုင်ဒီယာတွေကတော့ အင်တာနက်မျိုးဆက်သစ်ကို တည်ဆောက်ခြင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း “ဟဲလို မက်တာဗား(Hello Metaverse)”ရဲ့ တင်ဆက်သူက ပြောပါတယ်။

အခု နောက်ပိုင်းမှာတော့ “မက်တာဗား(Metaverse)”နဲ့ “Web 3”ဆိုတဲ့ စကားလုံး နှစ်ခုကို  အပြန်အလှန် လဲလှယ် အသုံးပြုနေကြပါတယ်။   ၎င်းတို့ နှစ်ခုလုံးက ပိုမိုကောင်းမွန်တဲ့ အနာဂတ် အင်တာနက်ကို ဆိုလိုခြင်း ဖြစ်ပေမဲ့၊ ဒီ နှစ်ခုက ကျွန်တော်တို့ အင်တာနက်ကို ဘယ်လိုမျိုး ဆက်လက် တည်ဆောက်သွားမယ်ဆိုတာနဲ့ ပက်သက်ပြီး ရောထွေးပေါင်းစည်းသွားခြင်း (သို့) ကွဲပြားခြားနားသွားခြင်းရဲ့ အကြောင်းရင်း မဖြစ်ဖို့ လိုအပ်ပါတယ်။

မက်တာဗား(Metaverse)ဆိုတဲ့ စကားလုံးကတော့ 1992ခုနှစ်ရဲ့ စိတ်ကူးယဉ် သိပ္ပံဝတ္ထုဖြစ်တဲ့ “စနိုး ခရက်(Snow Crash)"ကနေ ဖြစ်ပေါ်လာတာ ဖြစ်ပြီး ကိုင်တွယ်လို့ ရတဲ့ လက်တွေ့ထက် အမြင်အာရုံသာ ဖြစ်ပါတယ်။  လူအများကတော့ ၎င်းကို တစ်ပြိုင်နက်တည်း တောက်လျှောက်ဖြစ်ပေါ်နေပြီး အကန့်အသတ် မရှိတဲ့ 3D ကမ္ဘာတစ်ခုအဖြစ် စိတ်ကူးယဉ်ကြပါတယ်။ ၎င်းကတော့ ကျွန်တော်တို့ အလုပ်လုပ်ရန်၊ သင်ယူရန်၊ ကစားရန်၊ ဖျော်ဖြေရန် စသဖြင့် အချိန် အများစုကို ကုန်ဆုံးမယ့် ဒစ်ဂျစ်တယ် အခြေခံ နေရာတစ်ခု ဖြစ်ပါတယ်။

အန်းနီ ဂျန်း(Annie Zhang)ကတော့ “ဟဲလို မက်တာဗား(Hello Metaverse)”ရဲ့ တင်ဆက်သူ ဖြစ်ပြီး၊  မက်တာဗား(Metaverse) ဖွံ့ဖြိုးတိုးတက်မှုက ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို စူးစမ်းလေ့လာနေပါတယ်။  သူမကတော့  လူသုံးကုန် ကုမ္ပဏီများမှာ  မျိုးဆက်သစ်များအတွက် လူမှုရေးဝန်ဆောင်မှုများကို တည်ဆောက်နေပါတယ်။

မက်တာဗား(Metaverse)ကတော့ ပုံသဏ္ဌာန် အတည်တကျ မရှိသေးလို့ မှုန်ဝါးဝါးနဲ့ စိတ်ကူးယဉ် ရတဲ့ ခံစားချက်ကို ပေးပါတယ်။  အချို့ နည်းပညာရှင်တွေကတော့ မက်တာ(Meta)ရဲ့ ရယ်ဒီ ပလေးယာ ဝမ်း-ကူး(Ready Player One-esque)ကို လိုက်ပြီး အယူအဆကို ခိုင်မာအောင် လုပ်ချင်ပေမဲ့ လက်တွေ့မှာတော့ မက်တာဗား(Metaverse)က ပုံသဏ္ဌာန် အမှန်ကို ရရှိဖို့ လူတိုင်းရဲ့ အတွေးအမြင်နဲ့ ပါဝင်မှုတွေ လိုအပ်ပါတယ်။   ဒါကတော့ မတူညီတဲ့ ထပ်ခါ ထပ်ခါ အားထုတ်မှုတွေနဲ့ နည်းပညာ တိုးတက်မှုတွေရဲ့ ဆုံစည်းမှုတွေ ပါဝင်မှာဖြစ်ပြီး  သတ်မှတ်ထားတဲ့ အဆုံးသတ်ကတော့ မရှိပါဘူး။

Web 3ကတော့ Web 2 အင်တာနက်ရဲ့ ချို့ယွင်းချက်တွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်း အဖြေကို ပေးမယ့် ပိုမို တိကျတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။  ကိုယ်ရေးအချက်အလက်များ ပေးရခြင်းနဲ့ ဥပဒေ ချိုးဖောက်ခံရခြင်း၊ ဖိနှိပ်လိုသော အကြောင်းအရာများကို ထိန်းချုပ်ထားခြင်း အစရှိတဲ့ ဖေ့ဘုတ်(Facebook)နဲ့ ယူကျူ့(YouTube)တို့လိုမျိုး  ပလက်ဖောင်းများက ဖန်တီးထားတဲ့ ခြံခတ်ထားတဲ့ ဥယျာဉ်(walled-garden)အတွက် တုန့်ပြန်မှု တစ်ခုဖြစ်ပါတယ်။ Web 3ကတော့ အဲဒီလို ပုံစံမျိုးကို ဖျက်သိမ်းပြီး ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ အခက်အခဲများကို တိုက်ရိုက် ဖြေရှင်းပေးပါတယ်။ 

ဘလော့ချိန်း(Blockchain)အပေါ်မှာ တည်ဆောက်ထားခြင်းဖြစ်လို့ ဒေတာက ပွင့်လင်းမြင်သာပြီး ဖြန့်ဝေထားကာ P2P ကွန်ယက်များက စုပေါင်း ပိုင်ဆိုင်ထားကြပါတယ်။  ရလဒ်အဖြစ် အသုံးပြုသူက မိမိရဲ့ ဒေတာကို ပိုင်ဆိုင်ထားခြင်း၊ P2P အရောင်းအဝယ်မှာ ကြားခံအဖွဲ့အစည်းကို ချန်လှပ်ထားနိုင်ခြင်း၊ ဒေတာများက ဘလော့ချိန်း(Blockchain)အပေါ်မှာ လူအများအတွက် ရှိနေပြီး ဘယ်သူပဲ ဖြစ်ဖြစ် အကျိုးအမြတ်ခြင်းတွေ ရှိပါတယ်။

ကျွန်တော်တို့ကတော့ Web 3ရဲ့ အစအဖြစ် အသုံးပြုသူတွေရဲ့ အံဩစရာကောင်းတဲ့ အမူအကျင့်တွေကို မြင်တွေ့ရပါတယ်။   ဥပမာ ဖန်တီးသူတွေက မိမိတို့ရဲ့ ဖန်တီးမှုများကို ပုံတူမကူးမရတဲ့ တိုကင်(NFTs)အဖြစ် ရောင်းချနိုင်ခြင်း၊ ဂိမ်းကစားခြင်းဖြင့် ဝင်ငွေရှာနိုင်ခြင်းက ဂိမ်းများကို ပိုမို အသက်ဝင်လာစေခြင်းနဲ့ အဖွဲ့အစည်းပုံစံဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတဲ့ ကွန်စတီကျုရှင်း ဒေါင်(ConstitutionDAO)ကတော့ ဆုဘီ(Sotheby)လေလံပွဲမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေလံတင်ဒါ တင်သွင်းနိုင်လောက်တဲ့ အထိ ပိုင်ဆိုင်မှုများကို စုဆောင်းထားနိုင်ပြီ ဖြစ်ပါတယ်။

Web 3 ကတော့ ဒေတာများ စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ခြင်းနဲ့ ငွေကြေးလဲလှယ်ခြင်း နည်းလမ်းများကို ပြောင်းလဲဖို့ အစွမ်းထက်တဲ့ နည်းပညာဖြစ်ပေမဲ့ ဘလော့ချိန်း(Blockchain) အရောင်းအ၀ယ်များကို ရှင်းလင်းတဲ့ နှုန်းက နှေးကွေးနေလို့ ၎င်းကို အသုံးချဖို့ သင့်လျော်တဲ့ အခြေအနေများနဲ့ ကိစ္စရပ်တွေမှာ ကန့်သတ်မှုတွေ ရှိနေပါသေးတယ်။  ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အင်တာနက်ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပေမဲ့ လက်တွေ့ မကျမှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် Web 3က မက်တာဗား(Metaverse) အတွက် အရေးကြီးတဲ့ တည်ဆောက်မှု အစိတ်အပိုင်း တစ်ခုလို့ ပြောနိုင်ပေမဲ့၊ ပေါင်းစည်းမှု အကြီးကြီးရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။

Web 3 နဲ့ ‘ဗဟိုချုပ်ကိုင်မှု မရှိခြင်း’ဆိုတာက မက်တာဗား(Metaverse) တည်ဆောက်မှုအတွက် အစိတ်အပိုင်း တစ်ခုလို့ လက်ခံလိုက်ခြင်းက အခြား ပံ့ပိုးကူညီမယ့်သူများကို ဆန့်ကျင့်မယ့်အစား အခွင့်အလမ်းများကို ဖွင့်လှစ်ပေးပါတယ်။

ယခင်က ဖေ့ဘုတ်(Facebook)ဖြစ်တဲ့ မက်တာ(Meta)က ၎င်းရဲ့ AR/VR-ကို အဓိကထားတဲ့ အမြင်အာရုံ မက်တာဗား(Metaverse)ကို မိတ်ဆက်လိုက်တော့ နည်းပညာကုမ္ပဏီကြီးတွေကပဲ မက်တာဗား(Metaverse)ကို လွှမ်းမိုးသွားမှာ ဖြစ်ပြီး နည်းပညာ ပလက်ဖောင်းတွေကို ပိတ်ထားတဲ့ ဂေဟစနစ်ထဲမှာ လည်ပတ်ဖို့ တွန်းအားပေးလိမ့်မယ်ဆိုတဲ့ အချက်နဲ့ ပက်သက်ပြီး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

လူအများ သတိမမူမိတာတကတော့ မက်တာ(Meta)က အာရုံစိုက်တဲ့ ဆန်းသစ်တီထွင်မှုနဲ့ အဓိကပိုင်းကတော့ ဟာ့ဝဲပိုင်း(Hardware)၊  3D အသုံးပြုသူများ အခြေအနေနဲ့ ဒီနေ့ခေတ်မှာ မရှိသေးတဲ့ အင်တာဖေ့(Interface)ထည့်သွင်းမှုပဲ ဖြစ်ပါတယ်။  ဖေ့ဘုတ်(Facebook)ကတော့ ရုပ်လုံးကြွတဲ့ ပတ်ဝန်းကျင် ဖန်းတီးဖို့ ကြိုးစားနေပြီး အဲဒါကတော့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။  စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ အများစုက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ  Zoom ကိုပဲ အသုံးပြုခဲ့ကြရလို့ ပင်ပန်းနေကြတာပါ။  တစ်နေ့ကုန်လုံး VR ကို တပ်ထားရမယ်ဆိုရင် ဘယ်လိုတွေတောင် ခံစားကြရမလဲ။

တစ်ကယ်လို့ ကျွန်တော်တို့က  လက်တွေ့မဟုတ်တဲ့ ကမ္ဘာထဲမှာ ပျော်ရွှင်စွာနဲ့ အချိန်တွေကို ပိုပိုပြီး ကုန်ဆုံးမယ်ဆိုရင် လက်တွေမဟုတ်တဲ့ ကမ္ဘာထဲက အရာတွေက ပိုပြီးတော့ ရုပ်လုံးကြွ၊ သဘာဝဆန်ပြီး ဖော်ပြနိုင်ခြေ ရှိရပါမယ်။   AR/VR နဲ့ လှုပ်ရှားမှု အာရုံခံတဲ့ နည်းပညာတွေမှာ မက်တာ(Meta)ရဲ့ တိုးတက်မှုတွေက Web 3 နဲ့ ဗဟိုချုပ်ကိုင်မှု မရှိခြင်းတို့ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။  အကောင်းဆုံးကတော့ လူအများက Web 3 ဆောဖ်ဝဲတွေကို  AR/VR ရဲ့ 3D ပုံစံများနဲ့ ဟိုလိုဂရပ်ဖစ် ပရောဂျက်ရှင်းတွေထဲမှာ စတင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။  

နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာ ယူဆချက် တစ်ခုကတော့  Web 3က Web 2 ကို လုံးဝ ပျောက်ကွယ်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။  အဲဒီ့ အခြေအနေကတော့ စိတ်ကူးယဉ်ကြည့်ဖိုတောင် ခက်ခဲမှာ ဖြစ်ပါတယ်။  Web 2မှာ အားနည်းချက်တွေ ရှိပေမဲ့ ဝန်ဆောင်မှု တော်တော် များများက ဘလော့ချိန်း(Blockchain)ကို အသုံးမပြုသေးဘဲနဲ့တောင် ကောင်းကောင်း လည်ပတ်နေပါတယ်။   ဒစ်စကော့(Discord) (သို့) တွစ်(Twitch)လိုမျိုး ပလက်ဖောင်းတွေကတော့ လူအများကြီးကို ဆက်သွယ်နိုင်စေပြီး အချိန်နှင့် တပြေးညီ ထုတ်လွှင့်မှုတွေ ပြုလုပ်နိုင်စေပါတယ်။ အူဘား(Uber) (သို့) ဒေါဒက်(DoorDash)လို ကုမ္ပဏီတွေကလည်း အကျိုးရှိရှိနဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို ကိုက်ညီနေစေပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှု ရှိခြင်းက အဆင်ပြေနေဆဲ ဖြစ်ပါတယ်။ လက်ရှိ အကြီးဆုံး NFT စျေးကွက်ဖြစ်တဲ့ အိုးပင်းစီး(OpenSea)ကတော့ ဘလော့ချိန်း(Blockchain)ဖြင့် ငွေပေးချေမှုများကို လုပ်ဆောင်ပေးတဲ့ အခြေခံအားဖြင့် ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ကွိုင်ဘေ့(Coinbase)ကတော့ ဒစ်ဂျစ်တယ်ငွေကြေးများကို အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ ဗဟိုချုပ်ကိုင်မှု ရှိတဲ့ အိတ်ချိန်း ဥပမာပဲ ဖြစ်ပါတယ်။  ဒီ ကြားခံအဖွဲ့အစည်း 2ခုလုံးကတော့ အခြား Web 2 စျေးကွက်များလိုမျိုး အရောင်းအ၀ယ်တွေတိုင်းမှာ ဝန်ဆောင်ကြေး ယူကြပါတယ်။

ဒီလိုမျိုး ပေါင်းစပ်ဝန်ဆောင်မှုတွေက ဗဟိုချုပ်ကိုင်မှု မရှိခြင်းဆိုတဲ့ အယူအဆနဲ့ လုံးဝ ကိုက်ညီမှု မရှိပေမဲ့ ပင်မအကြောင်းအရာနဲ့ ကိုက်ညီမှု ရှိခြင်းက ၎င်းတို့ကို Web 3 အစိတ်အပိုင်းများကို ပိုမို လက်ခံကျင့်သုံးဖို့ အထောက်အကူဖြစ်စေတဲ့ အရေးကြီးတဲ့“ပေါင်းကူး ဝန်ဆောင်မှုများ” ဖြစ်ပါတယ်။  စနပ် စတိုရီ(Snap Stories)က လူငယ်များ အကြားမှာ လူကြိုက်များတဲ့ ဝန်ဆောင်မှု ဖြစ်ပေမဲ့ လူကြီးတွေ အသုံးပြုနိုင်ဖို့က အခက်အခဲ ရှိနေတဲ့အတိုင်း မက်တာ(Meta)ကနေ ရွေးချယ်လိုက်တဲ့ အကြောင်းအရာတွေက လူဦးရေ အားလုံးအတွက် ပင်မဝန်ဆောင်မှု တစ်ခု ဖြစ်လာစေဖို့ အကူအညီပေးပါတယ်။

နည်းပညာအသစ်များနဲ့ ခေတ်စနစ် အသစ်များ ပေါ်ပေါက်လာတဲ့ အခါ ၎င်းတို့ကို တော်လှန်ရေး တစ်ခုအဖြစ် မြင်တွေ့နိုင်ပါတယ်။  ဒါပေမဲ့ သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ၎င်းတို့က ရှေ့မှာ ရှိခဲ့တဲ့ အခြေခံတွေအပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။  အီးမေးလ်ကတော့ အခုထိ ကျွန်တော်တို့ နေ့စဉ်လူနေမှုဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ၎င်းကတော့ အင်တာနက် Web 1 ခေတ်မှာ တီထွင်ခဲ့တဲ့ ပရိုတိုကောတစ်ခုဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ a16z ရဲ့ GP ဖြစ်တဲ့ ဂျွန်လိုင်(Jon Lai)ကတော့ "ဟဲလို မက်တာဗား(Hello Metaverse)"အပိုင်းမှာ မက်တာဗား(Metaverse)ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနဲ့ ပက်သက်ပြီး  အကြောင်းပြချက် ခိုင်လုံတဲ့ အမြင်တစ်ခု ပြောခဲ့ပါတယ်။  “အခုအထိတော့ တည်ဆောက်ရမှာတွေ အများကြီး ရှိပါသေးတယ်။ ဘလော့ချိန်း(Blockchain)၊ ဂိမ်းကစားခြင်းဖြင့် ဝင်ငွေရှာခြင်း(P2E)၊  အလုပ်အကိုင် အမျိုးမျိုး၊ လက်တွေ့မဟုတ်တဲ့ စီးပွားရေးများ အစရှိတာတွေ အကုန်လုံးက ခြေလှမ်းတွေ ဖြစ်ပါတယ်။ အသုံးပြုသူကနေ ဖန်တီးတဲ့ အကြောင်းအရာများ (User-generated Content)နဲ့ အဆင့်မြင့် အကြောင်းအရာများ ဖန်တီးခြင်းတွေလည်း ပါဝင်ပါတယ်။  ဒါကတော့ ကုမ္ပဏီတွေကနေ 'ဟေး! ကျွန်တော်တို့ ဒီဟာကို 10 နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဒါကတော့ မက်တာဗား(Metaverse)ပဲ ဖြစ်ပါတယ်’လိုမျိုး ဝန်ဆောင်မှု မိတ်ဆက်ခြင်း မဟုတ်ပါဘူး။  ဒါကတော့  လုံးဝ ကွဲပြားခြားနားတဲ့ ဝန်ဆောင်မှုတွေအတွက် လုံးဝ ကွဲပြားခြားနားတဲ့ နေရာတွေမှာ အလုပ် လုပ်နေတဲ့ မတူညီတဲ့ ကုမ္ပဏီများရဲ့ ပေါင်းစပ်မှု ဖြစ်မှာပါ။

ပြောချင်တာကတော့ ကျွန်တော်တို့က ကွဲပြားမှုတွေကို အာရုံစိုက်ပြီး "တစ်ဖက်ဖက်ကို ရွေးချယ်ခြင်း" ထက်  မတူညီတဲ့ လုပ်ငန်း လည်ပတ်မှုတွေအကြား အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်နိုင်မှုနဲ့ ပိုမို ကောင်းမွန်တဲ့ အခြေအနေမှန်တွေကို ဖန်တီးဖို့ ဘယ်လို အတူတကွ လုပ်ဆောင်နိုင်မလဲဆိုတာကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ Web 3ရဲ့ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့  ဘလော့ချိန်း(Blockchain)ကို အဓိက အသုံးပြုဖို့ လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်တဲ့ အင်တာနက်ကို ဖန်တီးဖို့ ဖြစ်တာကြောင့် အစိတ်အပိုင်း တစ်ခုသာ ဖြစ်လို့ ဆိုပြီး အခြား စူးစမ်း လုပ်ဆောင်သူများကို လျစ်လျူ မရူသင့်ပါဘူး။

သတင်းအရင်းအမြစ်: Coindesk

❄️❄️❄️❄️❄️❄️❄️

3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ
Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe