အွန်လိုင်းဂိမ်းတွေကတော့ သက်သက် အချိန်ဖြုန်းခြင်း မဟုတ်တော့ပါဘူး။
   By Ma Thida Tun     /     2022.01.07     /     Volume 8    /    Subscribe

ဒီနေ့သတင်း

📧 NFT ဈေးကွက်(Marketplace) အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဂိမ်းစတော့(GameStop)ကုမ္ပဏီ စတော့ရှယ်ယာများ မြင့်တက်

📧 အာရပ်ဘဏ်(ဆွစ်ဇာလန်)ကတော့ တိတ်တဆိတ် DeFi ထဲကို ဝင်ရောက်လာ

📧 Fed က Balance Sheet ကို လျော့ချမယ့် ဆွေးနွေးပွဲမှတ်တမ်းများကို ထုတ်ဖော်ပြသခဲ့လို့ ဘစ်ကွိုင်တန်ဖိုး 1လအတွင်း အနိမ့်ဆုံး ဈေးကို ကျဆင်းသွား

📧 ဂိမ်းဖိုင်(GameFi)- အွန်လိုင်းကနေ ဂိမ်းကစားခြင်းဖြင့် ဒစ်ဂျစ်တယ်ငွေကြေးကို ဘယ်လို ရှာကြမလဲ။

1. ဈေးကွက်အခြေအနေ


❄️❄️❄️❄️❄️❄️❄️


2. သတင်းများ

📧 NFT ဈေးကွက်(Marketplace) အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်

ဂိမ်းစတော့(GameStop)ကုမ္ပဏီ စတော့ရှယ်ယာများ မြင့်တက်(2022.01.07)

ခက်ခဲနေခဲ့တဲ့ ဗီဒီယိုဂိမ်းများ လက်လီရောင်းချတဲ့ ကုမ္ပဏီက NFT အရောင်းအဝယ်နဲ့ ဒစ်ဂျစ်တယ်ငွေကြေး မိတ်ဖက်များ ထူထောင်ခြင်းကို အဓိကထားပြီး လုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်း ဝေါထရီ(WSJ) ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ 1လပိုင်းတုန်းက ပုဂ္ဂလိကရှယ်ယာကစားသူများရဲ့ ရှယ်ယာအဝယ်လိုက်မှုကို ကြုံတွေ့ခဲ့ရပြီး မူရင်းက မီးမီး(meme)ရှယ်ယာဖြစ်တဲ့ ဂိမ်းစ‌တော့(GME)ကုမ္ပဏီရဲ့ ရှယ်ယာကတော့ ဝေါထရီဂျာနယ်မှာ ပုံတူကူးမရတဲ့ တိုကင် (NFTs) ဈေးကွက် ဖန်တီးခြင်းနဲ့ ဒစ်ဂျစ်တယ်ငွေကြေးမိတ်ဖက် ထူထောင်ခြင်းများ လုပ်ဆောင်ဖို့အတွက် ဌာနအသစ် ဖွဲ့စည်းလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားပြီးနောက် ကြာသပတေးနေ့ ပိတ်ဈေးထက်  31%မြင့်တက်ခဲ့ပါတယ်။

 

ကုမ္ပဏီကတော့ ဒီ ဌာနအသစ်က အကျိုးအမြတ် ရရှိဖို့အတွက် လုပ်ဆောင်မှု တစ်ခုဖြစ်ဖို့ မျှော်လင့်တယ်လို့ ဒီအကြောင်းနဲ့ ပက်သက်ပြီး ရင်နှီးသူတွေကို ကိုးကားပြီး သတင်းစာက ပြောကြားခဲ့ပါတယ်။

 

ဂိမ်းစတော့ရဲ့ အစီအစဉ်ကတော့ အာဗာတာ(ကိုယ်ပွား)ဝတ်စုံများ၊ လက်နက်များလိုမျိုး လက်တွေ့မဟုတ်တဲ့ ဗီဒီယိုဂိမ်းများရဲ့ NFTကို ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်းအတွက် အဓိက ဈေးကွက်ကို ဖန်တီးမှာ ဖြစ်ပါတယ်။  ကုမ္ပဏီကတော့ ဌာနအသစ်အတွက် ဝန်ထမ်းအင်အား 20ကျော်ကို ခန့်အပ်ထားပြီး ဖြစ်ပါတယ်။

 

တက္ကဆက်ပြည်နည် အခြေစိုက် ဂရေ့ဗိုင်း(Grapevine)ကုမ္ပဏီကလည်း နည်းပညာကို မျှဝေခြင်းနဲ့ ဂိမ်းများ၊ အခြား NFT ဆိုင်ရာ ပရောဂျက်များမှာလည်း ပူးတွဲရင်းနှီးမြှုပ်နှံဖို့ ဒစ်ဂျစ်တယ်ကုမ္ပဏီ 2ခုနဲ့ မိတ်ဖက်လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ ဝေါထရီဂျာနယ်မှာ ရေးသားထားပါတယ်။  

 

လေယာ2(Layer 2) ပရိုတိုကောဖြစ်တဲ့ လုပရင်း(Loopring)ရဲ့ မူရင်း LRCကွိုင် ဈေးနှုန်းကတော့ 15%လောက် မြင့်တင်သွားခဲ့ပါတယ်။  အဲဒါကတော့

လုပရင်းက NFT ဈေးကွက်မှာ ဂိမ်းစတော့ကုမ္ပဏီနဲ့ ပူပေါင်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီထဲက တစ်ခုဆိုတဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။  ဒီ ခန့်မှန်းချက် LRCကွိုင်ဈေးနှုန်းကို 11လပိုင်းမှာ အရမ်း တက်သွားစေခဲ့တာ ဖြစ်ပါတယ်။

 

ဂိမ်းစတော့ရဲ့ အလုပ်ရှာတဲ့ ပို့စ့်အရ 10လပိုင်းမှာတုန်းက ကုမ္ပဏီက အီသာရီရမ် အခြေခံတဲ့ Web 3ကို တည်ဆောက်ဖို့ ရှာဖွေနေတယ်လို့ ပြောခဲ့တာ ရှိပါတယ်။

 

သတင်း အရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



📧 အာရပ်ဘဏ်(ဆွစ်ဇာလန်)ကတော့ တိတ်တဆိတ် DeFi ထဲကို ဝင်ရောက်လာ (2022.01.07)

ဂျော်ဒန်အခြေစိုက် အာရပ်ဘဏ်ရဲ့ ဆွစ်ဇာလန်ဘဏ်ခွဲကတော့ အသုံးပြုသူတွေကို AAVE၊ COMP၊ UNI အစရှိတဲ့ ကွိုင်များကို အသုံးပြုခွင့် ပြုလိုက်ပါတယ်။

 

ဂျီနီဗာရုံးချုပ်ရှိ အရှေ့အလယ်ပိုင်းဒေသ အာရပ်ဘဏ် PLC(Arab Bank PLC) လက်အောက်ခံဖြစ်တဲ့ အာရပ်ဘဏ်(ဆွစ်ဇာလန်)ကတော့  ၎င်းရဲ့ ကြွယ်ဝချမ်းသာတဲ့ ရင်းနှီးမြုပ်နှံသူများကို အဓိကထားတဲ့ ဒစ်ဂျစ်ငွေကြေး အသုံးပြုမှုကို Defi တိုကင်  10ခုအထိ တိုးချဲ့လိုက်ပါတယ်။  

 

2019ခုနှစ်ကနေ စပြီး ဘစ်ကွိုင်နဲ့ အီသာရီရမ် ဒစ်ဂျစ်တယ်ငွေကြေးများ ထိန်းသိမ်းခြင်း၊ ကိုယ်စားရောင်းဝယ်ပေးခြင်းစတဲ့ ဝန်ဆောင်မှုကို စတင်ခဲ့တဲ့ ဘဏ်ကတော့ ကြာသပတေးနေ့ကနေ စပြီး ဖန်တန်(FTM)၊  အေ့ဗေ့ (AAVE)၊ ကွန်ပေါင်း (COMP)၊ ဆင်သတစ် (SNX)၊ ချိန်းလင့် (LINK)၊ ပိုလီဂွန် (MATIC)၊ ဂရပ် (GRT)၊ ကာ့ (CRV)၊ ယူနီဆွပ် (UNI) နဲ့ ယန်းဖိုင်းနန့် (YFI)ကိုပါ ဝန်ဆောင်မှု ပေးမယ့်အကြောင့် ကြေငြာသွားပါတယ်။

 

ဘဏ်ကို အသုံးပြုသူတွေကို DeFi တိုကင်များ အသုံးပြုခွင့် ပေးလိုက်ခြင်းကတော့ အဖွဲ့အစည်းဆိုင်ရာ DeFi အတွက် နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပြီး လက်ရှိမှာတော့ အေ့ဗေ့ အာ့(Aave Arc)ရဲ့ စတင်မှုလိုမျိုး ကြေငြာချက်တွေက ဦးဆောင်နေကာ ထိန်းသိမ်းမှုကို တာဝန်ယူတဲ့ ဖိုင်ယားဘလော့(Fireblocks)ကုမ္ပဏီရဲ့ ဂုဏ်သတင်းကောင်းကြောင့် စည်းကမ်းတင်းကြပ်မှုကိုတော့  ဝိုက်လစ်(Whitelist)ထဲမှာ ထည့်သွင်းထားပါတယ်။

 

ဘစ်ဝိုက်(Bitwise)လိုမျိုး ပိုင်ဆိုင်မှု စီမံခန့်ခွဲ့တဲ့ ကုမ္ပဏီများကတော့ DeFi  စုပေါင်းရန်ပုံငွေ(DeFi Funds) ဝန်ဆောင်မှုတွေ ရှိပေမဲ့၊ သမာရိုးကျဘဏ်တွေကနေ ကုန်ကျစရိတ်ကို DeFiကွိုင်များနဲ့ လက်ခံတာကိုတော့ ရှာဖွေဖို့ ခဲယဉ်းပါတယ်။ (ဆွစ်ဇာလန်မှာရှိတဲ့ ဆင်းနန်(Sygnum)နဲ့ ဆယ်ဘာ(SEBA Bank)ဘဏ်လိုမျိုး ဒစ်ဂျစ်တယ်ငွေကြေးကို အာရုံစိုက်တဲ့ ဘဏ်တွေကတော့ DeFi ဝန်ဆောင်မှုတွေကို ပေးနှင့်ပြီး ဖြစ်ပါတယ်။)

 

ဒစ်ဂျစ်တယ်ငွေကြေး ချေးငွေ

အာရပ်ဘဏ်(ဆွစ်ဇာလန်)ကိုတော့ 1962 ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အာရပ်ဘဏ်ဂရု(Arab Bank Group)ရဲ့ ပထမဆုံး နိုင်ငံခြားဘဏ်ခွဲဖြစ်ပါတယ်။ အာရပ်ဘဏ်ဂရုကတော့ 2018ခုနှစ်ဒေတာအရ ပိုင်ဆိုင်မှုက ဒေါ်လာ 49 ဘီလီယံရှိပါတယ်။  ဆွစ်ဘဏ်ခွဲရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ 5ဘီလီယံ ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဘစ်ကွိုင်နဲ့ အီသာရီရမ် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုအပြင် တန်ဇို(Tezos) ဘလော့ချိန်းမှာ စုဆောင်းခြင်းကိုလည်း ဝန်ဆောင်မှုပေးမယ်လို့ အာရပ်ဘဏ်(ဆွစ်ဇာလန်)က ပြောပါတယ်။

 

ဘဏ်ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဒါရိုက်တာ ရိုမန် ဘရောက်(Romain Braud)ကတော့ အသုံးပြုသူတွေကို DeFi တိုကင်များကို ဝန်ဆောင်မှု ပေးခြင်းက အကျိုးအမြတ် ရရှိနိုင်မှု ပရိုတိုကောမှာ  ပိုမို ပါဝင်ဖို့အတွက် ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

"အခုကတော့ အိုင်ဒီယာကတော့ ဘဏ်ကို အသုံးပြုသူတွေ နာမည်ကြီး DeFiတိုကင်များကို ရောင်းခြင်း၊ ဝယ်ခြင်း၊ သိမ်းဆည်းခြင်းများ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်”လို့ ဘရောက် အင်တာဗျူးမှာ ဖြေသွားပါတယ်။  “ဒါပေမဲ့ ကျွန်တော်တို့ အားလုံးက သမာရိုးကျ ဘဏ္ဍာရေးလုပ်ငန်းတွေက မဝေးတော့တဲ့ အနာဂတ်မှာ ဒီလို ပရိုတိုကောတွေနဲ့ အစားထိုးခံ ရလိမ့်မယ်လို့ ယုံကြည်ပြီး၊ ကျွန်တော်တို့ကတော့ ဒီ အပြောင်းအလဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ချင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာတော့ အဆင်ပြေပြေနဲ့ ဒီလို ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဝန်ဆောင်မှုမျိုးများကို ပိုမို နက်ရှိုင်းစွာ လုပ်ဆောင်ချင်ပါတယ်။”

ဘရောက်ကတော့ အာရပ်ဘဏ်(ဆွစ်ဇာလန်)က အရင်းအနှီး ခိုင်မာတဲ့ အဖွဲ့အစည်းလက်အောက်ခံ ဘဏ်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ချိတ်ဆက်မှု ရှိတာကြောင့် အချို့ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဘဏ်အသစ်များနဲ့ ကွဲပြားခြားနားတယ်လို့ ပြောပါတယ်။  

 

ဆက်လက်ပြီး ဘရောက်က "ကျွန်တော်တို့မှာ အရှေ့အလယ်ပိုင်းဒေသရဲ့ အမာခံ ဘဏ်အသုံးပြုသူတွေ ရှိပါတယ်။   အရှေ့အလယ်ပိုင်းဒေသကိုလည်း နားလည်ပြီး ဆွစ်ဇာလန်မှာ အခြေစိုက်ထားတဲ့ ဘဏ်ကတော့ အသုံးပြုသူတွေအတွက်  တကယ်ကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။”

 

သတင်းအရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



📧 Fed က Balance Sheet ကို လျော့ချမယ့် ဆွေးနွေးပွဲမှတ်တမ်းများကို ထုတ်ဖော်ပြသခဲ့လို့ ဘစ်ကွိုင်တန်ဖိုး 1လအတွင်း အနိမ့်ဆုံး ဈေးကို ကျဆင်းသွား(2022.01.06)

Balance Sheetကို လျှော့ချခြင်းက ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပေးတယ်ဆိုတဲ့ ဘစ်ကွိုင်ရဲ့ အားသာချက်ကို လျော့နည်းစေနိုင်ပါတယ်။

 

Bitcoinရဲ့ နာရီအလိုက် စျေးနှုန်းဇယားကတော့ Fedကနေ အစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်ပြီး နောက်တစ်ရီအတွင်းမှာ အလျင်အမြန် ကျဆင်းသွားခဲ့တာကို တွေ့နိုင်ပါတယ်။  ဘစ်ကွိုင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက Fed ရဲ့ အစည်းအဝေးမှတ်တမ်းမှာ တာဝန်ရှိသူတွေက အမေရိကန် ဗဟိုဘဏ်ရဲ့ ဖောင်းပွနေတဲ့ ဒေါ်လာ 8. 3ဘီလီယံကို လျော့ချဖို့ Balance Sheet ကို လျော့ချဖို့ လုပ်ဆောင်သင့်မသင့်နဲ့ ပက်သက်ပြီး ဆွေးနွေးခဲ့ကြောင့်း ပြောကြားခဲ့ပြိးနောက် တစ်လအတွင်းမှာ အနိမ့်ဆုံး ဈေးကို ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။

 

လွန်ခဲတဲ့ နှစ်အနည်းငယ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကတော့ ဈေးတက်ခဲ့တာပါ။  အကြောင်းရင်းကတော့ ရင်းနှီးမြှုပ်နှံသူတွေက ကိုရိုနာရောဂါကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ စီးပွားရေးကို အထောက်အပံ့ပေးဖို့ Fedက ဒေါ်လာ 4ဘီလီယံနဲ့ အထက်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းက ငွေကြေးဖောင်းပွမှုကို ပိုမို မြန်ဆန်စေမှာ ဖြစ်ပြီး ဘစ်ကွိုင်ကတော့ ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပေးနိုင်တယ်ဆိုတာကို လောင်းကြေးထပ် ယုံကြည်ကြလို့ ဖြစ်ပါတယ်။

 

ဒါကြောင့် Balance Sheet ကို လျော့ချခြင်းက ဘစ်ကွိုင်ဈေးနှုန်းကို ကျဈေးဘက်ကို ဖိအားဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

 

"ပါဝင်သူ အချို့ကတော့ အထူးသဖြင့် ကာလတို ငွေကြေးဈေးကွက်ရဲ့ ငွေဖြစ်လွယ်မှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပုံမှန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ သိသိသာသာ Balance Sheet လျော့ချခြင်းက သင့်လျော်တယ်လို့ သုံးသပ်ခဲ့တယ်"လို့ Fedရဲ့ 12လပိုင်း 14-15နာရီ အစည်းအဝေးမှတ်တမ်းကို ဗုဒ္ဓဟူးနေ့  နေ့လည်2  နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ဘစ်ကွိုင်ဈေးနှုန်းကတော့ ဗုဒ္ဓဟူးနေ့မှာ 3.3%လောက် ကျဆင်းသွားပြပြီး ဈေးနှုန်းအားဖြင့်တော့ အနိမ့်ဆုံး ဒေါ်လာ 43,678အထိ ကျဆင်းသွားခဲ့ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးကတော့ 2021ခုနှစ်မှာ 60%အထ တက်သွားခဲ့ပေမဲ့ အခုကတော့  5%ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



📧 ဂိမ်းဖိုင်(GameFi)- အွန်လိုင်းကနေ ဂိမ်းကစားခြင်းဖြင့် ဒစ်ဂျစ်တယ်ငွေကြေးကို ဘယ်လို ရှာကြမလဲ။

အွန်လိုင်းဂိမ်းကတော့ သက်သက် အချိန်ဖြုန်းခြင်း မဟုတ်တော့ပါဘူး။

 

ဂိမ်းဖိုင်ကတော့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဘဏ္ဍာရေး(Defi)နဲ့ ပုံတူကူးမရတဲ့ တိုကင်(NFT)တို့ကို ဘလော့ချိန်းကွန်ရက်ကို အခြေခံထားတဲ့ ဂိမ်းနဲ့ ပေါင်းစပ်ထားတာ ဖြစ်လို့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ စိတ်ဝင်စားမှု အများဆုံး အကြောင်းအရာသစ်ထဲက တစ်ခု ဖြစ်ပါတယ်။

 

"Pay-to-win"မော်ဒယ်ကို အခြေခံထားပြီး ဂိမ်းကစားသူများက အခြား ကစားသမားများထက် အားသာချက် ရှိစေဖို့ အဆင့်မြင့်တင်ခြင်းကို ဝယ်ယူနိုင်တဲ့

သမားရိုးကျ အွန်လိုင်းဂိမ်းများစွာနှင့် မတူဘဲ ဂိမ်းဖိုင်ကတော့ "play-to-earn"မော်ဒယ်ကို အခြေခံပါတယ်။  ဒီ အိုင်ဒီယာမှာတော့ ဂိမ်းကစားသူကို ဂိမ်း ကစားစေဖို့နဲ့ အဆင်မြင့်သွားစေဖို့ ငွေကြေးဆိုင်ရာ မက်လုံးပေးခြင်းများ ပါဝင်ပါတယ်။  အချို့အခြေအနေများမျာဆိုရင် ၎င်းက ဂိမ်းကစားသူများကို ဂိမ်းကစားခြင်းဖြင့် အချိန်ပြည့် ဝင်ငွေရရှိစေပါတယ်။

 

ဘယ်လို အလုပ်လုပ်ကြလဲ။

ဒီလို ဂိမ်းတွေထဲမှာ ပါတဲ့ ပစ္စည်းတွေအားလုံးကို ရှားပါးတဲ့ ရုပ်ဝတ္ထု မဟုတ်တဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ သက်သေခံ ဒီဂျစ်တယ် လက်မှတ်တွေဖြစ်တဲ့ NFTနဲ့ ဖော်ပြပါတယ်။  မြေကွက်တွေ၊ ဂိမ်းကစားသူရဲ့ အာဗာတာ(ကိုယ်ပွား)တွေ၊ အဝတ်အစားတွေ၊ လက်နက်တွေနဲ့ ရွှေချောင်းတွေကို စဉ်းစားကြည့်လိုက်ပါ။ ဂိမ်းကစားသူတွေက ဂိမ်းကစားရင်း ဒီလို ပစ္စည်းတွေကို ရှာတွေ့ပြီး စုမိလာတာနဲ့ ဒီဂျစ်တယ်ဈေးကွက်ထဲက အခြား ဂိမ်းကစားသူတွေနဲ့ ဈေးကွက်ထဲမှာ အခြား NFTတွေ နဲ့ လဲခြင်း (သို့) ဒီဂျစ်တယ်ငွေကြေးနဲ့ ရောင်းချခြင်းတွေ လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ကစားတဲ့ ဂိမ်းအမျိုးအစားပေါ် မူတည်ပြီး ဂိမ်းကစားသူတွေက အချိန်ရင်းပြီး အဆင့်တက်အောင် လုပ်တာ၊ သူတို့ရဲ့ ဇာတ်ကောင်တွေကို အဆင့်တက်အောင် လုပ်တာ၊ သူတို့ရဲ့ မြေပေါ်မှာ တခြားဂိမ်းကစားသူတွေ အခပေး ကစားရမယ့် အဆောက်အဦးတွေဆောက်တာ၊ ပြိုင်ပွဲတွေမှာ တခြားသူတွေနဲ့ ပြိုင်ကစားတာတွေ လုပ်ပြီး သူတို့ရဲ့ ဝင်ငွေရနိုင်တဲ့ အခွင့်အရေးကို တိုးမြှင့်နိုင်ပါတယ်။  

 

ဂိမ်းကစားသူတိုင်း ဘာတွေ ပိုင်ဆိုင်ထားလဲဆိုတာကို သိနိုင်ဖို့ NFT တွေနဲ့ ဒီဂျစ်တယ်ငွေကြေး လွှဲပြောင်းမှု အားလုံးကို လူအများနဲ့ ဆိုင်တဲ့ ဘလော့ချိန်းပေါ်မှာ တင်ပေးထားပါတယ်။ ဒါကတော့ ကမ္ဘာ့ကွန်ပျူတာကွန်ရက်နဲ့ ထိန်းသိမ်းထားတဲ့ အချက်အလက် မျှဝေပေးတဲ့ ဒီဂျစ်တယ်မှတ်တမ်းနည်းပညာဖြစ်ပါတယ်။ ဂိမ်းလောကမှာ ဒီနည်းပညာကို အကောင်းဆုံး အသုံးချခြင်းက အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

  • ကစားသူတွေက သူတို့ရဲ့ ဂိမ်းထဲက ပစ္စည်းတွေ ပိုင်ဆိုင်ကြောင်းကို လွယ်လွယ်ကူကူ ပြနိုင်လာပါတယ်။
  • ဘယ်ပစ္စည်းကိုမှ ဆုံးရှံးတာမျိုး မရှိတော့ပါဘူး။ ဆိုလိုတာကတော့ ဂိမ်းကုမ္ပဏီတွေက နည်းပညာအခက်အခဲတွေ ကြုံလာရချိန်မှာ ကစားသူတွေက သူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေ ပျောက်သွားတာမျိုး မရှိနိုင်တော့ပါဘူး။
  • ဂိမ်းကစားရင်း ရလာတဲ့ ပစ္စည်းတွေကို အတုလုပ်တာ ဖယ်ပစ်တာ ဖျက်ဆီးပစ်တာမျိုး လုပ်လို့ မရတော့ပါဘူး။
  • ဂိမ်းထဲက ဒီဂျစ်တယ်ငွေကြေးတွေကို ကြားခံအဖွဲအစည်းတွေက မလိုဘဲ ငွေချေပေးတာတွေ၊ ရှင်းလင်းတာတွေ၊ ထိန်းသိမ်းထားခြင်းမျိုးတွေ လုပ်လို့ရပါတယ်။

တချို့ဂိမ်းတွေမှာ စုဆောင်းခြင်းလိုမျိုး ဗဟိုအထိန်းအချုပ် မရှိတဲ့ ဘဏ္ဍာရေးစနစ်တွေ ပါရှိပါတယ်။  အဲဒီမှာတော့ ဂိမ်းကစားသူတွေက ဂိမ်းထဲက တခြားပစ္စည်းတွေကိုဝယ်တာ (သို့) အခန်းအသစ်တွေကို ကစားနိုင်မယ့် နှစ်စဉ်အတိုးငွေနဲ့ တခြားဆုတွေ ရနိုင်တဲ့ လက်မှတ်တွေကို သိမ်းထားနိုင်ပါတယ်။

 

ဂိမ်းကစားဖို့အတွက် ဘာတွေ လိုအပ်လဲ။

ဒီလို ပိုက်ဆံ ရှာတဲ့ ဂိမ်းတွေ ကစားဖို့အတွက်ဆိုရင် ဂိမ်းကစားမယ့်သူတွေက အောက်ပါ အချက်တွေကို ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး ပိုက်ဆံအိတ် တစ်ခု ပြုလုပ်ပါ။ - အွန်လိုင်းငွေကြေးနဲ့ ပုံတူကူးမရတဲ့ တိုကင် (NFTs)တွေကို သိမ်းဆည်းဖို့၊ ဂိမ်းထဲမှာ အရောင်းအဝယ် လုပ်ဖို့အတွက် ဖြစ်ပါတယ်။  ဘယ်လို ပိုက်ဆံအိတ်မျိုးကို လိုအပ်မလဲ ဆိုတာကတော့ ဂိမ်းက ဘယ်လို ဘလော့ချိန်းအပေါ်မှာ ဖန်တီးထားလဲဆိုတာမှာ မူတည်ပါတယ်။ ဥပမာ၊ မက်တာမား(MetaMask)ပိုက်ဆံကတော့ အီသာရီရမ်ကို အခြေခံတဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ဖြစ်ပြီး အီသာရီရမ် ဘလော့ချိန်းအပေါ်မှာ ဖန်တီးထားတဲ့ ဂိမ်းဖိုင်တိုင်းမှာ အသုံးပြုလို့ရပါတယ်။

 

ဂိမ်း စတင်ကစားဖို့ လိုအပ်တာတွေကို ဝယ်ယူပါ။ - ဂိမ်းဖိုင်ရဲ့ ဂိမ်းတွေအားလုံးက အခမဲ့ ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဂိမ်းကစားသူများကတော့ ကနဦးမှာ ဇာတ်ကောင်များ၊ မူရင်းတိုကင်များ၊ ဂိမ်းကဒ်များ၊ အဆင့်မြင့်ခြင်းများအတွက် ဝယ်ယူခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

 

ကြိုတင် ပိုက်ဆံဖြည့်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပိုက်ဆံအိတ် - ဂိမ်း စတင် ကစားရာမှာ လိုအပ်တာတွေကို ဝယ်ယူဖို့နဲ့ ဂိမ်း ဆက်လက် ကစားဖို့အတွက် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကို ပိုက်ဆံ ကြိုဖြည့်ထားဖို့ လိုအပ်ပါတယ်။  ဥပမာ၊ ခရစ်တိုဘလိတ်(Cryptoblades)ဂိမ်းကတော့ ဂိမ်းကစားသူတွေကို မက်တာမားပိုက်ဆံအိတ် ဒေါင်းလုပ်လုပ်ထားဖို့ လိုအပ်ပြီး ဂိမ်းရဲ့ မူရင်းကွိုင်ဖြစ်တဲ့ စကင်း(SKILL)နဲ့ လဲလှယ်ဖို့ ဘိုင်းနန့်ကွိုင်(BNB)ကို ဝယ်ထားဖို့ လိုအပ်ပါတယ်။

 

လက်ရှိ နာမည်ကြီး ဂိမ်းဖိုင်ရဲ့ ဂိမ်းများ

ဒီ ဘလော့ချိန်း အခြေခံ ဂိမ်းများ ကစားပြီး ဒစ်ဂျစ်တယ်ငွေကြေးနဲ့ NFTsများ ရယူလိုတဲ့ ကစားသမားများအတွက်၊ လက်ရှိ ရရှိနိုင်တဲ့ နာမည်ကြီး ဂိမ်းအချို့ ကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

 

ဂြိုလ် ကမ္ဘာများ (Alien Worlds)

ဒီဂိမ်းမှာတော့ ဂိမ်းကစားသူတွေက ဂြိုလ်တွေ အများကြီး ရှိတဲ့ ဂြိုလ်စကြာဝဠာ တစ်ခုထဲမှာ ရှားပါးတဲ့ အရင်းအမြစ်များအတွက် တိုက်ခိုက်ရပြီး ဂိမ်းရဲ့ မူရင်း ကွိုင်ဖြစ်တဲ့ ထရီလီယ့(Trillium, TLM)ကို တူးယူရမှာ ဖြစ်ပါတယ်။  ဂိမ်းကစားသူအချင်းချင်း တိုက်ခိုက်ခြင်း၊ ဂိမ်းပုစ္ဆာများ ဖြေခြင်းနဲ့ မိမိတို့ရဲ့ မြေများကို အခြားသူများအား ငှားရမ်းခြင်းဖြင့် အပိုဝင်ငွေများ ရရှိနိုင်ပါတယ်။

 

ဂြိုလ် ကမ္ဘာများ ဂိမ်းကတော့ ဂိမ်းကစားသူ 100,000အထိ ရှိလာတဲ့ ပထမဆုံး ဂိမ်းဖြစ်ပြီး လက်ရှိမှာ‌တော့ ဂိမ်းကစားသူ 2.5သန်းကျော်ရှိပါတယ်။ ဒါကတော့ ဂိမ်းက အခမဲ့ ကစားနိုင်တာရယ် မက်တာဗား(Metaverse)က ဝက်(WAX)၊ အီသာရီရမ်(Ethereum)နဲ့ ဘိုင်းနန့် စမတ်ချိန်း(Binance Smart Chain) အပါအဝင် အခြား ဘလော့ချိန်း အများအပြားနဲ့ ချိတ်ဆက်ထားတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

 

မူရင်း တိုကင် - ထရီလီယံ (Trillium, TLM)

ဘလော့ချိန်း- မူရင်း ဝက်(WAX) ဘလော့ချိန်း၊ အီသာရီရမ်၊ ဘိုင်းနန့်စမတ်ချိန်း

လစဉ် ဂိမ်းကစားသူ - 1,000,000

ကနဦး ရင်းနှီးမြုပ်နှံမှု လိုအပ်ချက် - မိုင်းတူးဖို့ အတွက် မြေလိုမျိုး NFT ဂိမ်းကဒ်များ ဝယ်ယူဖို့ လိုအပ်ပါတယ်။

 

ခရစ်တိုဘလိတ်(CryptoBlades)

ခရစ်တိုဘလိတ်ကတော့ စကိုင်းရင်း(Skyrim)၊ ဒါ့ ဆိုးလ်(Dark Souls)ဆိုတဲ့ ရိုးရာဂိမ်းတွေကို အတုယူပြီး ပြုလုပ်ထားတဲ့ အွန်လိုင်းဂိမ်း ဖြစ်ပါတယ်။ ဂိမ်းကစားသူကတော့ ကြောက်စရာသတ္တဝါကြီးနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ဖြစ်၊ ဂိမ်းအတွင်းမှာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ရင် စကင်း(SKILL)တိုကင်များ ရရှိပါတယ်။ ဂိမ်းအတွင်းဝင်ရောက်စီးနင်းမှုများကို အပြီးသတ်နိုင်သည်။  တိုက်ပွဲများအတွက် ဂိမ်းကစားသူကတော့ ပြိုင်ဘက်များထက် အားသာချက် ရှိဖို့ လက်နက်များ ဖန်တီးခြင်းနဲ့ အဆင့်မြင့်တင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။  ပြီးရင် အဲဒီ့ လက်နက်တွေကို အများနဲ့ဆိုင်တဲ့ ဈေးကွက်တွေမှာ ရောင်းချနိုင်ပါတယ်။

 

ဂိမ်းကတော့ ရိုးရှင်းပါတယ်။ မီး၊ မြေကြီး၊ လျှပ်စီးကြောင်းနဲ့ ရေဆိုတဲ့ အစိတ်အပိုင်းလေးကို ဇာတ်ကောင်၊ လက်နက်၊ အရည်အချင်းနဲ့ ရန်သူဆိုပြီး အသီးသီးဆီမှာ ခွဲဝေပေးထားပါတယ်။ အစိတ်အပိုင်းတစ်ခုစီမှာ ၎င်းတို့ရဲ့  အားသာချက်များနဲ့ အားနည်းချက်များ ရှိနေပြီး ဂိမ်းကစားသူတွေက အဲဒါတွေကို အသုံးချပြီး ပြိုင်ဘက်ကို အနိုင်ယူဖို့ နည်းဗျူဟာတွေ ချမှတ်ရမှာ ဖြစ်ပါတယ်။

 

မူရင်း ဒစ်ဂျစ်တယ်တိုကင်- ခရစ်တိုဘလိတ် စကင်း (SKILL)

ဘလော့ချိန်း - ဘိုင်းနန့်စမတ်ချိန်း

လစဉ် ဂိမ်းကစားသူ - 510,000

ကနဦး ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်- ဂိမ်းကစားသူကတော့ စပြီး ကစားဖို့အတွက် 0.2 BNBကို ဝယ်ယူရမှာ ဖြစ်ပြီး ဂိမ်းထဲမှာ အရောင်းအဝယ် ပြုလုပ်ဖို့အတွက် အဲဒါနဲ့ ပေးချေရမှာ ဖြစ်ပါတယ်။

 

အက်ရှီ အင်ဖစ်နတီ(Axie Infinity)

ပိုကီမွန် ဂိမ်းပုံစံ ကမ္ဘာထဲမှာ အက်ရှီ"Axies"လိုတဲ့ အကောင်တွေကို ဝယ်ယူခြင်း၊ မွေးမြူခြင်း၊ အကောင်ဖောက်ခြင်း၊ ရောင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။  အက်ရှီ အင်ဖစ်နတီကတော့ ဂိမ်းကစားခြင်းနဲ့ အဆင့်မြင့်တင်ခြင်းတွေကို အကောင်းဆုံး ပြုလုပ်ပေးနိုင်ဖို့ ၎င်းတို့ ကိုယ်ပိုင် အထူး တည်ဆောက်ထားတဲ့ ဆိုက်ချိန်း(sidechain)ကို အသုံးပြုပါတယ်။

 

ဂိမ်းကတော့ မြင့်မားတဲ့ ဝင်ငွေအလားအလာ ရှိပေမဲ့ အကောင်ဖောက်ခြင်း၊ မွေးမြူခြင်းနဲ့ ရှားပါး အက်ရှီတွေနဲ့ လဲလှယ်ဖို့ အတွက် ဂိမ်းမှာ အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။  ဒီ အကောင်တွေကိုတော့ SLP တိုကင်များ ရယူဖို့ အတွက် တိုက်ခိုက်ခိုင်းနိုင်ပြီး၊  အရင်းအမြစ် ရှာဖွေဖို့အတွက် ဂိမ်းပုစ္ဆာဖြေခြင်းများ ပြုလုပ်ခိုင်းနိုင်ပါတယ်။ စူးစမ်းရှာဖွေမှုများတွင် အချင်းချင်းတိုက်ခိုက်နိုင်သည်။

 

မူရင်း ဒစ်ဂျစ်တယ်တိုကင်- အက်ရှီ အင်ဖစ်နတီ(AXS)နဲ့ SLP

ဘလော့ချိန်း - အီသာရီရမ်

လစဉ် ဂိမ်းကစားသူ - 308,000

ကနဦး ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်- မကစားမီ ဂိမ်းတွင်း ဈေးကွက်ကနေ အက်ရှီ သုံးကောင်ကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

 

အပ်လန်း (Upland)

အပ်လန်းကတော့ NFT မက်တာဗား(Metaverse)တစ်ခု ဖြစ်ပြီး လက်တွေ့ကမ္ဘာနဲ့ အပြိုင် ပြုလုပ်ထားကာ ဂိမ်းကစားသူတွေကတော့ လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ အိမ်ခြံမြေတွေကို ရောင်းဝယ်ပြီး လဲလှယ်နိုင်ပါတယ်။ ပြီးတော့ ဂိမ်းကစားသူတွေက ဂိမ်းကစားပြီး၊ စီးပွားရေးတွေလည်း လုပ်ကိုင်ကာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အပ်လန်းကစားသူများ(Uplanders)နဲ့ ချိတ်ဆက်နိုင်ပါတယ်။

 

ဂိမ်းကစားသူတွေကတော့ ဝယ်ယူ ရရှိနိုင်တဲ့ အိမ်ခြံမြေတွေကို တစ်မြို့လုံးအနှံ့ ရှာဖွေနိုင်ဖို့အတွက် အပ်လန်း အာဗာတာ(အပ်လန်း ကိုယ်ပွား)တစ်ယောက် ရှိပါတယ်။  အဲဒီ့ အာဗာတာတွေက အခြားသူတွေရဲ့ အိမ်ခြံမြေတွေကိုလည်း လည်ပတ်နိုင်ပါတယ်။ အထူး UPX တိုကင်းများ ရရှိဖို့နဲ့ အိမ်ခြံမြေဝင်ငွေ တိုးဖို့ ဂိမ်းကစားသူတွေက စုဆောင်းမှုတွေကို အပြီးသတ် လုပ်ဆောင်နိုင်ပါတယ်။  မိုနိုပိုလီကစားနည်းလိုမျိုး အရောင်တူနဲ့ အိမ်ခြံမြေတွေကို ပိုင်ဆိုင်ထားလေ ပိုပြီး တန်ဖိုးရှိလေ ဖြစ်ပါတယ်။

 

မူရင်း ဒစ်ဂျစ်တယ်တိုကင်- အပ်လန်း(UPX)

ဘလော့ချိန်း - EOS

လစဉ် ဂိမ်းကစားသူ - 155,000

ကနဦး ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်- အကောင့်ဖွင့်ဖို့အတွက် ကိုင်တွယ်လို့ မရတဲ့ အိမ်ခြံမြေကို အရင်ဆုံး ဝယ်ယူရမှာ ဖြစ်ပါတယ်။

 

စပလင်တာ လန်း(Splinterlands)

ဒီ ဂိမ်းကတော့ ဂိမ်းကစားသူက အမျိုးမျိုးသော စွမ်းရည်များနဲ့ ကိန်းဂဏာန်းများ ပါဝင်တဲ့ ကဒ်များကို စုဆောင်းပြီး အခြား ကစားသမားများနဲ့ တိုက်ခိုက်ရာမှာ ၎င်းတို့ကို အသုံးပြုတဲ့ ဒစ်ဂျစ်တယ်ကဒ်များ စုဆောင်းတဲ့ ကဒ်ဂိမ်းဖြစ်ပါတယ်။  ကဒ်တစ်ခုစီကို NFTနဲ့ ဖော်ပြပြီး ရောင်းချခြင်းနဲ့ ဈေးကွက်ထဲမှာ လဲလှယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒီ ဂိမ်းက‌တော့ ဂိမ်းကစားသူများကို ကျပန်းပုံစံဖြင့် ပြိုင်ဘက်ကို ရွေးချယ်ပေးပြီး တစ်ဦးချင်းစီ တိုက်ခိုက်ရတဲ့ ဂိမ်းဖြစ်ပါတယ်။

 

ပြီးနောက် ဂိမ်းကစားသူတွေကတော့ အချင်းချင်း တိုက်ခိုက်ရာမှာ အသုံးပြုမယ့် ကဒ်ပြားများကို တည်ဆောက်ဖို့ သတ်မှတ်ချိန် တစ်ခုကို ရရှိပါတယ်။

 

မူရင်း ဒစ်ဂျစ်တယ်တိုကင်- DEC၊ SPS နဲ့ အစိုးရ တိုကင်များ

ဘလော့ချိန်း - ဟိုက်(Hive) ဘလော့ချိန်း

လစဉ် ဂိမ်းကစားသူ - 120,000

ကနဦး ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်- Play-to-Earn ကစားဖို့နဲ့ DECတိုကင်များ ရယူဖို့အတွက် ဒေါ်လာ 10တန်ဖိုးရှိတဲ့ မှော်မန္တန်စာအုပ်ကို အရင် ဝယ်ယူရပါမယ်။

 

ဂိမ်းဖိုင်က ဘယ်ကနေ ဖြစ်ပေါ်လာတာလဲ။

ဂိမ်းဖိုင်ကတော့ 2017ခုနှစ်မှာ ရှိခဲ့တဲ့ အကြောင်းအရာများနဲ့ NFTပုံစ့ ခရစ်တိုကစ်တီ(CryptoKitties)မှ ပေါင်းစပ် ပေါ်ပေါက်လာပါတယ်။  ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု စုဆောင်းတဲ့ စီးပွားရေးမှာ ခရစ်တိုကစ်တီက တစ်ရက်လျှင် အသုံးပြုသူ 14,914ယောက်နဲ့ အောင်မြင်မှုကို သက်သေပြခဲ့ပါတယ်။  အီသာရီရမ်ကို အခြေခံထားပြီး အခုရေ 10,000 သာရှိတဲ့ NFTဇာတ်ကောင်များနဲ့ ပြုလုပ်ထားတဲ့ ခရစ်တိုပန့်(CryptoPunks)ကလည် အလားတူ အောင်မြင်မှု ရရှိခဲ့ပြီး 2018 ခုနှစ်အတွင်း ရောင်းအားဒေါ်လာ 1 ဘီလီယံကျော်ရှိခဲ့ပါတယ်။

 

ကံမကောင်းတာကတော့ ဒီလို NFTs များရဲ့ အောင်မြင်မှုက အဒီ့အချိန် ဘလော့ချိန်းနည်းပညာရဲ့ အကောင်းနဲ့ အဆိုးကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ခရစ်တိုကစ်တီလိုမျိုး ဂိမ်းကတော့ အီသာရီရမ်ကွန်ရက်မှာ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ဖြစ်စေခဲ့ပြီး ဝန်ဆောင်ကြေးက အလွန်အကျွံ မြင့်တက်သွားကာ ပုံမှန် အရောင်းအဝယ် အတည်ပြုချိန်ထက် များစွာ နှေးကွေးသွားခဲ့ပါတယ်။  ဒီလိုမျိုး နည်းပညာ ပြဿနာကတော့ အွန်လိုင်း ဂိမ်းကစားသူများနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု စုဆောင်းသူများ များပြားလာတဲ့ လိုအပ်ချက်ကို  ထိရောက်မှု ရှိပြီး အဆင့်မြင့်တင်နိုင်တဲ့ ပလက်ဖောင်းနဲ့ စျေးကွက်အတွင်း ကွာဟချက်ကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြခဲ့ပါတယ်။

 

အဲဒီ့အချိန်က‌နေ စပြီး အီသာရီရမ်ကို အစားထိုးချင်တဲ့ "အီသာရီရမ် ကီလာ(Ethereum killer)"ဘလော့ချိန်းအသစ်တွေ အများကြီး ထွက်ပေါ်ခဲပြီး  အရောင်းအ၀ယ်အမြန်နှုန်း၊ အဆင့်မြင့်တင်နိုင်မှုနဲ့ သက်သာတဲ့ ဝန်ဆောင်ကြေးကို ကတိပြုကြပါတယ်။ ဒီအထဲမှာ ရင်းနှီးမြှုပ်နှံသူများက dapp ပြိုင်ဘက်အသစ်များနဲ့ ပက်သက်ပြီး ကြီးကြီးမားမား လောင်းကြေးထပ်ကြလို့ မကြာသေးမီ အချိန်များအတွင်း အမြင့်ဆုံး စံချိန်ရရှိခဲ့ကြတဲ့ လူကြိုက်များတဲ့ ဆိုလန်နာ(Solana)နဲ့ ကာဒါနို(Cardano)တို့လည်း ပါဝင်ပါတယ်။

 

2020ခုနှစ်မှာ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဘဏ္ဍာရေးစနစ်(DeFi) ပလပ်ဖောင်းများ တိုးပွားလာခြင်းက ဂိမ်းဖိုင်များ ဖွံ့ဖြိုးလာစေတဲ့ အကြောင်းအရင်းထဲက တစ်ခုဖြစ်ပြီး၊ စမတ်စာချုပ်များကို အသုံးပြုကာ လုံးဝ လုပ်ဆောင်လို့ ရတဲ့ မူရင်း ဘလော့ချိန်းကို အခြေခံတဲ့ ဘဏ္ဍာရေးပလက်ဖောင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။  ဒါကတော့ ဂိမ်းထဲမှာ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အိတ်ချိန်းတွေ ဖြစ်ပေါ်လာစေပြီး အဲဒီ့မှာ ဒစ်ဂျစ်တယ်ငွေကြေးများ ဖန်တီးခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်နိုင်ပြီး အခြား ဝန်ဆောင်မှုတွေ ဖြစ်တဲ့ ဌားရမ်းခြင်းနဲ့ စုဆောင်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

 

2020ခုနှစ် စက်တင်ဘာလမှာ ယန်းဖိုင်းနန့်(Yearn.finance) တည်ထောင်သူနဲ့ DeFi ဖန်တီးသူ အန်ဒရီ ကွန်ဂျဲ(Andre Conje)က ဗဟိုချုပ်ကိုင်မှု မရှိတဲ့ နယ်ပယ်မှာ ငွေကြေးမူဝါဒများရဲ့ ဂိမ်းပုံစံ ပြုလုပ်ခြင်းအကြောင်းကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။  သူကတော့ DeFiနဲ့ NFTsများက အွန်လိုင်းဂိမ်းလုပ်ငန်းကို ယူဆောင်လာနိုင်တဲ့ အကျိုးကျေးဇူးများစွာကို အသိအမှတ်ပြုခဲ့ပြီး၊ အဲဒီ့နောက်မှာ ဂိမ်းဖိုင် ဆောဖ်ဝဲများ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ပါတယ်။ အက်ရှီ အင်ဖစ်နတီကတော့ ပထမဆုံး ဂိမ်းကစားခြင်းဖြင့် ငွေရှာခြင်း(Play-to-Earn)ဂိမ်းဖြစ်ပြီး အောင်မြင်မှု အကြီးအကျယ် ရရှိကာ 2021ခုနှစ် 8လပိုင်း 9ရက်နေ့မှာတော့  ဝင်ငွေဒေါ်လာ 1 ဘီလီယံကျော်အထိ ရှိနေတဲ့ ဂိမ်းဖြစ်ပါတယ်။

 

နောက်တစ်ခုက ဘာဖြစ်မလဲ။

ဂိမ်းဖိုင်ကတော့ လူကြိုက်များနှင့်ပြီး ဖြစ်ပြီး နာမည်ကြီး ဂိမ်းများရဲ့ စျေးကွက် အရင်းအနှီးတန်ဖိုးကတော့ ဒေါ်လာ 14ဘီလီယံ ရှိနှင့်ပြီး ဖြစ်ပါတယ်။   ဒါပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်နဲ့ ပက်သက်ပြီး  အတွေးအခေါ်တွေကို အဓိက ပြောတဲ့ သူတွေကတော့ ဒီ နယ်ပယ်သစ်ကတော့ ဆက်လက်ပြီး လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိသေးတယ်လို့ ဆိုကြပြီး၊ ထရွန်(Tron)ရဲ့ တီထွင်သူဖြစ်တဲ့ ဂျက်စတင် ဆန်း(Justin Sun)ကတော့ ဒီ နယ်ပယ်သစ်က ဒစ်ဂျစ်တယ်ငွေကြေး လက်ခံ အသုံးပြုမှုကို တိုးမြှင့်ဖို့အတွက် အဓိက သော့ချက်ဖြစ်မယ်လို့ ယုံကြည်ကြောင်း မကြာသေးမီက ပြောခဲ့တာ ရှိပါတယ်။

 

"ဂိမ်းဖိုင်ကတော့ DeFi၊ NFT နဲ့ ကျယ်ပြန့်တဲ့ ခရစ်တိုကမ္ဘာအကြောင်းကို နားလည်ပြီး ပါဝင်လာဖို့ လွယ်ကူစေမယ့် နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။"

ခရစ်တို ကုမ္ပဏီငယ်လေးတွေနဲ့ ဂိမ်းကုမ္ပဏီတွေကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အသုံးချကာ နောက်လနဲ့ နောက်နောက်လတွေမှာ အသစ် မိတ်ဆက်မယ့် ဂိမ်းအသစ်များ စာရင်းကို ချပြပြီး ပြိုင်ဆိုင်နေကြပါပြီ။ ဒီ ဂိမ်းတွေလည်း  အပါအဝင် ဖြစ်ပါတယ်။

 

ကြယ်တာယာများ မြေပုံ(Star Atlas)

မီးခဲ ဓား(Ember Sword)

အစောင့်ကိုယ်ရံတော်များ အဖွဲ့ (Guild of Guardians)

ဒစ်ဂျစ်တယ်ငွေကြေး ဒဏ္ဍာရီ(Legends of Crypto)

ဒေါ ဆန်းဘောက်(The Sandbox)

ဒေါက်တာ ဟူး- အခြားကမ္ဘာ (Dr Who: World’s Apart)

 

ဆက်လက်ပြီး မိုဘောက်(MOBOX)လိုမျိုး ဂိမ်းပလက်ဖောင်းတစ်ခုလုံးကို ဖန်တီးတာမျိုးလည်း ရှိပြီး အဲဒီမှာတော့ ဂိမ်းကစားသူများ အပြန်အလှန် စီမံခန့်ခွဲနိုင်တဲ့ ဂိမ်းများနဲ့ NFTများ ဖန်တီးနိုင်ပါတယ်။  Defiရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ပိုင်ဆိုင်မှုများ စုစည်းခြင်းနဲ့ စုဆောင်ခြင်းကို အသုံးပြုပြီး  အဆင့်မြင့်တင်ခြင်းနဲ့ NFTsအသစ်တွေ ပါဝင်တဲ့ သေတ္တာတွေကို ဖွင့်ဖို့အတွက် သော့များ ဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ ဂိမ်းကစားသူများရဲ့ ပိုင်ဆိုင်မှုတွေကနေလည်း အကျိုးအမြတ် ရရှိဖို့အတွက် ချိတ်ဆက် လုပ်ဆောင်ပေးထားပါတယ်။  

 

ဂိမ်းဖိုင်ကမ္ဘာကတော့ အချိန်တိုအတွင်းမှာ အရှိန်လျော့သွားမှာ မဟုတ်ပါဘူး။  ရင်နှီးမြှုပ်နှံမှု အသစ်တွေနဲ့ ဂိမ်းဖိုင် သီးသန့် ရင်းနှီးမြှုပ်နှံငွေတွေက တောက်လျှောက် ရှိနေတာမို့လို့ ဒီ နယ်ပယ်ရဲ့ အလားအလာကတော့ အဆုံးမဲ့ ဖြစ်ပါတယ်။

 

အရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်


Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🤗Have a nice weekends🤗
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe