လိမ်လည်တာတွေက ပိုပြီး ရှုပ်လာတာနဲ့အမျှ အလိမ်ခံရဖို့ ပိုလွယ်လာပါတ
 By Ma Thida Tun     /     2022.01.28    /     Volume 14    /    Subscribe
ဒီနေ့သတင်း
📧 ရက်ဒစ်(Reddit)ကတော့ NFTအာဗာတာ(Avata) ဖန်တီးနိုင်မှုကို စမ်းသပ်

📧 မက်တာ(Meta)ကတော့ ၎င်းရဲ့ စတေဘယ်ကွိုင် ပရောဂျက်ဖြစ်တဲ့ ဒီအမ်(Diem)ကို ရောင်းချရန် ကြိုးပမ်း

📧 ယူကျူ့ဂိမ်းရဲ့ ခေါင်းဆောင် ပိုလီဂွန် စတူဒီယို(Polygon Studios)မှာ CEO အသစ်အဖြစ် ပြောင်းရွှေ့

📧 ဒေါ ဘီတဲ(The Beatles)၊ ဂျွန် လက်နွန်(John Lennon)ရဲ့ အမှတ်တရများ NFTs အဖြစ် ရောင်းချသွားမယ်

📧 ဘစ်ကွိုင် တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းကနေ ရန်တန့်ဖို့ IMFကနေ အယ်ဆာဗာဒိုကို တိုက်တွန်း

📧  ယူကျူ့ကတော့ ဖန်တီးသူများအတွက် NFTဝန်ဆောင်မှုများ ရှာဖွေ

📧 NFT လိမ်လည်မှုတွေကို ဘယ်လိုရှောင်ရှားကြမလဲ

1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️

2. သတင်းများ

📧 ရက်ဒစ်(Reddit)ကတော့ NFTအာဗာတာ(Avata) ဖန်တီးနိုင်မှုကို စမ်းသပ် (2022.01.27)

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ရက်ဒစ်ကတော့ အသုံးပြုသူများက  NFTအာဗာတာ(ကိုယ်ပွား)များ ဖန်တီးနိုင်ဖို့ စမ်းသပ်နေတယ်လို့ ရက်ဒစ်က ကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ဒီ ဖန်တီးမှုအသစ်မှာတော့ အသုံးပြုသူတွေက သူတို့ရဲ့ NFTsများကို သူတို့ရဲ့ ပရိုဖိုင်ပုံတွေမှာ ပြသနိုင်စေမှာ ဖြစ်ပါတယ်။

 

"ကျွန်တော်တို့ကတော့ ရက်ဒစ် အသုံးပြုသူများနဲ့ ရက်ဒစ်အသိုင်းအဝိုင်းကို ကောင်းမွန်၊ တန်ဖိုးရှိတဲ့ အရာတွေပေးဖို့ အမြဲတမ်း ရှာဖွေနေတာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့က NFTsများကို ပရိုဖိုင်ပုံများ၊ အာဗာတာများအဖြစ် အသုံးပြုခြင်းနဲ့ ပိုင်ဆိုင်မှုကို အတည်ပြုပေးနိုင်တဲ့ စွမ်းရည်ကို စမ်းသပ်နေပါတယ်။ ဒါကတော့ အသေးစား၊ အတွင်းပိုင်းစမ်းသပ်မှုဖြစ်ပြီး စွမ်းဆောင်ရည်ကို တိုးချဲ့ခြင်း (သို့) အကောင်အထည်ဖော်ခြင်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။”လို့  ရက်ဒစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တင် ရက်စမစ်(Tim Rathschmidt)က တက်ချက်(TechCrunch)ကို ဒီနေ့ ပြောခဲ့ပါတယ်။  

 

တွစ်တာကလည်းပဲ ပြီးခဲ့တဲ့ အပတ်က NFT ပရိုဖိုင်ပုံ ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ ဝန်ဆောင်မှုကတော့ ဇန်န၀ါရီလ 20 ရက်နေ့မှာ စတင်ခဲ့ပြီး၊ တွစ်တာရဲ့ ဘလူး(Blue)ဝန်ဆောင်မှုကို ဝန်ဆောင်ကြေးပေးပြီး အသုံးပြုနေတဲ့ သူတွေသာ အသုံးပြုနိုင်မှာ ဖြစ်ကာ ပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်တဲ့ NFTကို ပရိုဖိုင်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဝန်ဆောင်မှု စတင်ခြင်းက ဒီနေ့အထိ NFTနယ်ပယ်မှာ  ကုမ္ပဏီရဲ့ အထင်ရှားဆုံး လုပ်ဆောင်မှု ဖြစ်ပါတယ်။

 

အခြားတစ်ဖက်မှာတော့ မက်တာ(Meta)ကလည်း အသုံးပြုသူများအတွက် NFT စျေးကွက် တည်ဆောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧မက်တာ(Meta)ကတော့ ၎င်းရဲ့ စတေဘယ်ကွိုင် ပရောဂျက်ဖြစ်တဲ့ ဒီအမ်(Diem)ကို ရောင်းချရန် ကြိုးပမ်း (2022.01.27)

မက်တာကနေ ကျောထောက်နောက်ခံပြုထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ ဒီအမ်(Diem)အဖွဲ့အစည်းကတော့ ၎င်းရဲ့ ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံငွေ ပြန်ပေးဖို့ ၎င်းရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီ ပရောဂျက်ကတော့ ၎င်းရဲ့ ဉာဏပိုင်ဆိုင်မှုကို အကောင်းဆုံး ရောင်းချရန်နဲ့ ဖန်တီးသူများကို အလုပ်အသစ် ကူညီရှာဖွေပေးနိုင်ဖို့အတွက်  ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များနဲ့လည်း ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

 

ဒီအမ်က ၎င်းရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချနိုင်

ဒီအမ်ကတော့ တည်ရှိခဲ့တဲ့ အချိန်အနည်းငယ် အတွင်းမှာပဲ အငြင်းပွားမှု အချို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 2019ခုနှစ်မှာ လစ်ဘာရာ(Libra)ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့ပြီး၊ အမေရိကန် ဒေါ်လာနဲ့ ချိတ်ထားတဲ့ စတေဘယ်ကွိုင်ကို ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများကို ပြောင်းလဲဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီ ပရောဂျက်ရဲ့ ကျောထောက်နောက်ခံကတော့ မက်တာပလက်ဖောင်း(Meta Platforms၊ ယခင်အမည် ဖေ့ဘုတ်)ပဲ ဖြစ်ပါတယ်။

 

ပထမဆုံး ခြေလှမ်းတွေက အတော်လေး ရှုပ်ထွေးခဲ့ပြီး၊ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုရရှိဖို့အတွက် မက်တာကတော့ အခြား ကုမ္ပဏီများစွာနဲ့ ပူပေါင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပူးပေါင်းလုပ်ဆောင်မှုက ကြီးကြပ်စစ်ဆေးရေး အဖွဲ့များရဲ့ စစ်ဆေးမှုကနေ ပရောဂျက်ကို ကာကွယ်ဖို့ လုံလောက်တဲ့ အင်အား မရှိခဲ့ပါဘူး။

ပူးပေါင်းလုပ်ဆောင်သူ အချို့က ပူးပေါင်းဆောင်ရွက်မှုကနေ ထွက်ခွာခဲ့ပေမဲ့ မက်တာရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEOဖြစ်တဲ့ မက် ဇူကာဘတ်(Mark Zuckerberg)ကတော့ လွှတ်တော်ကြားနာပွဲမှာ လစ်ဘရာ အယူအဆကို ခုခံကာကွယ်ခဲ့ပါတယ်။ ထောက်ခံမှုတွေ ရှိခဲ့ပေမဲ့လည်း ပရောဂျက်ကတော့ စောင့်ကြည့်စစ်ဆေးသူများ အတွက် ပြဿနာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ ပရောဂျက်ကတော့ မူရင်း အယူအဆနဲ့ ကွာခြားစေရန် ၎င်းရဲ့ အမည်ကို ဒီအမ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။  

 

ဘလူးဘတ်(Bloomberg)ရဲ့ မကြာသေးမီက အစီရင်ခံစာတစ်ခုအရ ဒီအမ်အဖွဲ့အစည်းက ၎င်းရဲ့ ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံငွေများ ပြန်လည် ပေးအပ်ဖို့အတွက် ၎င်းရဲ့ ပိုင်ဆိုင်မှုများကို ရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မက်တာကတော့ ပရောဂျက်ရဲ့ သုံးပုံတစ်ပုံခန့်ကို ပိုင်ဆိုင်ထားပြီး၊  အခြား ထင်ရှားတဲ့ အသင်းအဖွဲ့၀င်များကတော့ အန်ဒရီဆန် ဟောရိုဝတ်(Andreessen Horowitz)၊ ရက်ဘစ် ကပ်ပီတယ်(Ribbit Capital)၊ ယူနီယံ စကွဲ ဗန်ချာ(Union Square Ventures)နဲ့ ထဲမက် ဟိုးဒင်း ပီ(Temasek Holdings Pte)တို့ပဲ ဖြစ်ပါတယ်။  

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမေရိကန် ဆီးနိတ် ဘဏ်လုပ်ငန်းကော်မတီ အကြီးအကဲဖြစ်တဲ့ ဆီနိတ်တာ ရှဲရော့ ဘရောင်း(Sherrod Brown)က စတေဘယ်ကွိုင် ထုတ်လုပ်သူများနဲ့ ပလက်ဖောင်းများကို ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ်မှုများ ထုတ်ဖော်ရန် တောင်းဆိုခဲ့ပါတယ်။

 

ဒီအမ်ကတော့ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း လိုင်စင်ရရှိထား

မကြာသေးမီက သတင်းများ ထွက်နေခဲ့ပေမဲ့လည်း၊ မက်တာရဲ့ စတေဘယ်ကွိုင်နဲ့ ငွေပေးချေမှုစနစ်က ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ရဲ့ ပြည်နယ်အားလုံးနီးပါးမှာ လည်ပတ်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ အဲဒီ့အချိန်တုန်းက ပရောဂျက်ရဲ့ ဘုတ်အဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေးဗစ်မားကပ်(David Marcus)ကတော့ စတေဘယ်ကွိုင်က  လက်ရှိ နိုင်ငံတကာဘဏ္ဍာရေးကွန်ရက်အတွင်း ပြဿနာများစွာကို ဖြေရှင်းပေးနိုင်တယ်လို့ ထင်မြင်ချက်ကို ပြောခဲ့ပါတယ်။ ထင်မြင်ခဲ့သည်။ ဒါကြောင့် သူကတော့ ဒီအပ်အဖွဲ့အစည်းကို  ပံ့ပိုးဖို့ မက်တာရဲ့ အယူအဆကို ထောက်ခံခဲ့ပါတယ်။

 

အင်တာနက်ပေါ်မှာ ပွင့်လင်းမြင်သာပြီး အပြန်အလှန် လုပ်ဆောင်နိုင်တဲ့ ငွေကြေးကို ဖန်တီးကာ ကမ္ဘာတစ်ဝှမ်းရှိ လူများနဲ့ စီးပွားရေးလုပ်ငန်းများအတွက် အမှန်တကယ် ပြောင်းလဲနိုင်စေမယ့် အခွင့်အရေးရှိမယ်ဆိုရင် အခုအချိန်ပဲလို့ ကျွန်တော်ကတော့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော်တို့က ဒီအမ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ်၊ ပြီးတော့ အခြား နည်းလမ်းပုံစံနဲ့ ပါဝင်နေခြင်းကတော့ ကုမ္ပဏီအများအပြားကို သတ်မှတ်ချက် စံနှုန်းမှီလာစေမှာ ဖြစ်ပြီး အခွင့်အရေးကို လက်လွတ်မခံချင်ပါဘူး။

 

ဆက်လက်ပြီး မားကပ်က မက်တာကနေ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် နိုဗီ(Novi)ကတော့ ကြီးကြပ်စစ်ဆေးသူများရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းများနဲ့ အညီ "စျေးကွက်ကို ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီ” လို့ ပြောခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 ယူကျူ့ဂိမ်းရဲ့ ခေါင်းဆောင် ပိုလီဂွန် စတူဒီယို(Polygon Studios)မှာ CEO အသစ်အဖြစ် ပြောင်းရွှေ့(2022.01.26)

ဒီနေ့အထိ ယူကျူ့ဂိမ်းရဲ့ ကမ္ဘာလုံးဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်ခဲ့တဲ့ ရိုင်ရန် ဝတ်(Ryan Wyatt)ကတော့ သူ့ရဲ့ နုတ်ထွက်စာကို မက်တာဗားနဲ့ ဒစ်ဂျစ်တယ်ငွေကြေးနယ်ပယ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ဖို့အတွက် ပြောင်းလဲမှုပုံစံအဖြစ် ကြေငြာခဲ့ပါတယ်။   

 

တွစ်တာကနေ တစ်ဆင့် မျှဝေထားတဲ့ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်ပွဲတစ်ခုမှာ ဝတ်ကတော့ သူ့ရဲ့ ယူကျူ့အဖွဲ့ကို ကျေနပ်မှုနဲ့ ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ ကောင်းမွန်တဲ့ အချိန်များအတွက် အထူး ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဝတ်ကတော့ ပိုလီဂွန် ဂေဟစနစ်ကို တည်ဆောက်ခြင်းကို အာရုံစိုက်ဖို့ အတွက် ယူကျူ့ကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

 

ရိုင်ရန် ဝတ်ကတော့ ပိုလီဂွန်အတွက် ဆောဖ်ဝဲ အဖြေများ ရှာဖွေခြင်းကို အဓိကထား လုပ်ဆောင်တဲ့ ပိုလီဂွန် စတူဒီယိုမှာ CEOရာထူးကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

 

ယူကျူ့ကနေ ပိုလီဂွန်ဆီသို့

ပိုလီဂွန်စတူဒီယိုအဖွဲ့မှာ ဝတ်ရဲ့ ပေါင်းစည်းပါဝင်ခြင်းက ဗျူဟာမြောက်ပါတယ်။ ဝတ်ရဲ့ ဦးဆောင်မှုအောက်မှာ ယူကျူ့ဂိမ်းကတော့ 2018နဲ့ 2020ခုနှစ်အတွင်း အသုံးပြုသူအရေအတွက်က 3ဆနီးပါး တိုးလာခဲ့ပြီး၊ ယူကျူ့ရဲ့  ဂိမ်းထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို တစ်တော့(Tiktok) (သို့) ဖေ့ဘုတ်ဂိမ်းလိုမျိုး အခြား ကြီးထွားလာတဲ့ ဆိုရှယ်မီဒီယာကွန်ရက်များနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အကျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းဌာနခွဲအဖြစ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ အမေဇုန်တွစ်(Amazon Twitch)ကတော့ စျေးကွက်ထဲမှာ လူကြိုက်အများဆုံး ဂိမ်း လိုက်လွှင့်ခြင်း ပလက်ဖောင်းအဖြစ်  ဆက်လက် နေရာယူထားပါတယ်။

 

ဝတ်ကတော့ ဖော့(Forbes)ရဲ့ အသက် 30အောက် ကမ္ဘာ့ထိပ်တန်း လူငယ်ဒီဇိုင်နာများ၊ အမှုဆောင်များနဲ့ ကစားသမားများထဲမှ တစ်ဦးအဖြစ်လည်း အသိအမှတ် ပြုခံခဲ့ရပါတယ်။ နှစ်အနည်းငယ် ကြာပြီးနောက်မှာတော့ အသက် 40 အောက်ဖြစ်တဲ့ 40စာရင်းမှာ ပါ၀င်ခဲ့ပြီး ဗီဒီယိုဂိမ်းလုပ်ငန်းမှာ အခြား အရေးကြီးတဲ့ အသိအမှတ်ပြုမှုများလည်း  ရရှိခဲ့ပါတယ်။

 

ဝတ်ကတော့ ဘလော့ချိန်းနည်းပညာကို အချိန်အတော်ကြာ စိတ်အားထက်သန်ခဲ့ပါတယ်။ 2021ခုနှစ်အစောပိုင်းမှာတော့၊ NFTsနဲ့ အခြား ဗဟိုအထိန်းချုပ်မဲ့ နည်းပညာများကြောင့် ဂိမ်းလုပ်ငန်းက သိသိသာသာ ပြောင်းလဲလာမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ အမှန်မှာတော့ အရင်က  ခရစ်တိုပိုတေးတိုး(Cryptopotato)မှာ ဖော်ပြခဲ့တဲ့ အတိုင်း ယူကျူ့ကတော့ ၎င်းရဲ့ ပလက်ဖောင်းပေါ်မှာ NFTs အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများကို စမ်းသပ်ရှာဖွေလာနိုင်ပါတယ်။

 

“ယူကျူ့ကိုတော့ အရမ်း လွမ်းမိမှာပါ။ ဒါပေမဲ့ ဘဝရဲ့ အခြား ကြိုးစားမှုတွေနဲ့ ငါ့ရဲ့ စိတ်ဆန္ဒတွေခေါ်ဆောင်တဲ့ နေရာကို သွားဖို့ အချိန်တန်ပါပြီ။ ငါကတော့ ဘလော့ချိန်းဆော့ဖ်ဝဲများရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အံ့အားသင့်ရပြီး Web3 နယ်ပယ်ထဲကို  ဝင်ရောက်ဖို့ စိတ်လှုပ်ရှားနေပါတယ်။  ပိုလီဂွန် စတူဒီယိုမှာ ငါ့ကတော့ ရင်းနှီးမြှုပ်နှံမှု၊ စျေးကွက်ရှာဖွေရေးနဲ့ ဆော့ဖ်ဝဲ ဖန်တီးသူများကို ထောက်ပံ့ပေးခြင်းဖြင့် စနစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး၊ Web2 နဲ့ Web3 အကြား ကွာဟချက်ကို ချိတ်ဆက်ပေးဖို့ အာရုံစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝတ်ရဲ့ ကဏ္ဍက ယူကျူ့မှာ လုပ်ဆောင်ခဲ့တာထက် ပိုမို ကျယ်ပြန့်လာတာပဲ ဖြစ်ပါတယ်။ ပိုလီဂွန် စတူဒီယိုမှာ သူရဲ့ အခန်းကဏ္ဍများကတော့ ဂိမ်း၊ ဖျော်ဖြေမှု၊ ဖက်ရှင်၊ သတင်း၊ အားကစားနဲ့ အခြားအရာများမှာ တိုးတက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်စေမယ်လို့ သူက ပြောခဲ့ပါတယ်။

 

သတင်း အရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧ဒေါ ဘီတဲ(The Beatles)ဂျွန် လက်နွန်(John Lennon)ရဲ့ အမှတ်တရများ NFTs အဖြစ် ရောင်းချသွားမယ်(2022.01.26)

ဂျွန် လက်နွန်ရဲ့ သားအကြီးဖြစ်တဲ့ ဂျူလီယန် လက်နွန်(Julian Lennon)ကတော့ ဘီတဲရဲ့ တေးဂီတ သမိုင်းအမြောက်အမြားနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာစုဆောင်းမှုမှ သူ့အဖေရဲ့ အမှတ်တရများကို ပုံတူမကူးနိုင်တဲ့ တိုကင်(NFTs)များအဖြစ် ရောင်းချမှာ ဖြစ်ပါတယ်။   အဲဒီ့အတွက် သူကတော့ စစ်မှန်တဲ့ ဒစ်ဂျစ်တယ်လက်မှတ်များကို ဝယ်ယူနိုင်တဲ့ ဘလော့ချိန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ရဲလိုးဟာ့(YellowHeart)နဲ့ ပူးပေါင်းခဲ့ပါတယ်။

 

ဒါ့အပြင် လက်နွန်ကတော့ အကျိုးအမြတ်ရဲ့ အချို့ကို ကာဗွန်ထုတ်လုပ်မှုကို ချေဖျက်ဖို့ ဖွဲ့စည်းထားတဲ့  ဒေါ ဝိုက် ဖဲသား ဖောင်ဒေးရှင်း(The White Feather Foundation, TWFF)ကို လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

 

ဒေါ ဘီတဲ ဒစ်ဂျစ်တယ်စင်မြင့်ပေါ်ကို တက်ရောက်ခြင်း

ပုံတူကူးမရတဲ့ တိုကင်များက ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ရဲ့ ထိပ်တန်းခေတ်ရေစီးကြောင်းများထဲမှ တစ်ခုဖြစ်လာပြီး နာမည်ကြီးများ၊ အားကစားသမားများနဲ့ ဂီတပညာရှင်များက သူတို့ရဲ့ စုဆောင်းမှုများကို စတင် ဖန်တီးလာကြပါတယ်။ ထူးခြားတဲ့ ပိုင်ဆိုင်မှုအဖြစ် အခြား ပိုင်ဆိုင်မှုများလိုမျိုး ဝယ်ယူရောင်းချနိုင်ခြင်းကြောင့် NFTsကတော့ အဖိုးတန် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကို ဒစ်ဂျစ်တယ်ပုံစံနဲ့ ကမ်းလှမ်းဖို့ လူများစွာကို ဆွဲဆောင်ခဲ့ပါတယ်။

 

ဒေါ ဘီတဲ၊ ပြီးတော့ သူ့ဖခင်နဲ့ ပတ်သက်တဲ့ ဂီတသမိုင်းကြောင်းများစွာကို ပြင်ဆင်ခဲ့တဲ့ ဂျွန် လက်နွန်ရဲ့ သားဖြစ်တဲ့ ဂျူလီယန်ကတော့ အဲဒီ့ ဥပမာများထဲက တစ်ခု ဖြစ်ပါတယ်။ NFTစုစည်းမှုကတော့ “လက်နွန် စုစည်းမှု”ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး၊ စုစည်းမှုမှာ အဖွဲ့ရဲ့ သီချင်းဖြစ်တဲ့ “ဟေးဂျူ(Hey Jude)”အတွက် ပေါ မက်ကာနီ(Paul McCartney)ရဲ့ မူရင်းလက်ရေးမူနဲ့ ဂန္ထဝင် ဂျွန် လက်နွန် ဝတ်ဆင်ခဲ့တဲ့  အဝတ်အစားများ ပါဝင်မှာ ဖြစ်ပါတယ်။

 

ပထမဆုံး စုဆောင်းမှုမှာတော့ အဖွင့်စျေး ဒေါ်လာ30,000 ရှိပြီး၊ “ဟဲ(Help!)” ရုပ်ရှင်မှာ ဂီတပညာရှင် ဝတ်ဆင်ခဲ့တဲ့ အနက်ရောင် ဝတ်ရုံတစ်ခုကတော့ ဒေါ်လာ 6,000ကနေ စတင်ခဲ့ပါတယ်။ ဂျွန် လက်နွန် ပိုင်ဆိုင်ခဲ့တဲ့ ဂစ်တာအများအပြားကလည်း  စုစည်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းတို့ အားလုံးကို ကနဦး လေလံတင်ရောင်းချမှုတွင် ဒေါ်လာ 4,000 ဖြင့် စတင်ရောင်းချခဲ့ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်တစ်ခုချင်းစီက အရုပ်နဲ့ အသံပိုင်း စုစည်းမှုအဖြစ် ထုတ်လုပ်မှာ ဖြစ်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုကိုတော့  ကိုယ်တိုင် သိမ်းဆည်းထားမယ်လို့ ဂျူလီယန်က ပြောပါတယ်။ ဆက်လက်ပြီး ရောခ်စတားရဲ့ သားဖြစ်သူက အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဒေါ ဝိုက် ဖဲသား ဖောင်ဒေးရှင်း(The White Feather Foundation, TWFF)ကို လှူဒါန်းသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ဖရက်ဒီ မာကျူရီ(Freddie Mercury) ဂုဏ်ပြု NFTs

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ၊ စူပါရဲ(SuperRare) NFTပလက်ဖောင်းက ကွင်း(Queen)အဖွဲ့ရဲ့ ဂန္ထဝင်ရှေ့တန်းလူ ဖရက်ဒီ မာကျူရီရဲ့ ပုံတူကူးမရတဲ့ တိုကင် စုစည်းမှုကို မူပိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကတော့ 1991ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဂီတပညာရှင်ရဲ့ 75နှစ်မြောက် မွေးနေ့ပွဲအတွက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ဖန်တီးမှုကတော့ အဆိုတော်ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ထူးခြားတဲ့ လူမူ့စရိုက်ကို ပုံဖော်ခဲ့ပါတယ်။

 

ဖန်တီးသူများကတော့ ကွင်းအဖွဲ့ရဲ့  အခြား အဖွဲ့ဝင် သုံးဦးဖြစ်တဲ့ ဘရိုင်ရန် မေ(Brian May)၊ ရော့ဂျာ တေလာ(Roger Taylor)နဲ့ ဂျင် ဘီ(Jim Beach)တို့ ဖြစ်ပါတယ်။   သူတို့ကတော့ NFTရောင်းချခြင်းမှာ ရရှိတဲ့ အမြတ်ငွေကို ကမ္ဘာတစ်ဝှမ်းရှိ HIV/AIDS တိုက်ဖျက်ရေး ပရဟိတအဖွဲ့ဖြစ်တဲ့ မာကျူရီ ဖီးနစ် ထရပ်(Mercury Phoenix Trust, MPT)ကို ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။  

 

ဖရက်ဒီ မာကျူရီရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းများက သူ၏ နောက်ဆုံးစကားဖြစ်တဲ့ "ငါရဲ့ ဖန်တီးမှုနဲ့ ပက်သက်ပြီး ကြိုက်တာ လုပ်လို့ရတယ်။ ဒါပေမဲ့ ငါ့ကို ငြီးငွေ့အောင် ဘယ်တော့မှ မလုပ်နဲ့။"ကို ကိုးကားပြီး ပုံတူကူးမရတဲ့ တိုကင်အဖြစ် သူ့ရဲ့ အလုပ်နဲ့ လူမူ့စရိုက်ကို ဖော်ပြခြင်းက နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 ဘစ်ကွိုင် တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းကနေ ရန်တန့်ဖို့ IMFကနေ အယ်ဆာဗာဒိုကို တိုက်တွန်း (2022.01.26)

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းကတော့ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် အသုံးပြုခြင်းက နိုင်ငံရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငွေကြေးခိုင်မာမှုနဲ့ စားသုံးသူ ကာကွယ်ရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ကနေ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များနဲ့ ချေးငွေများ ဖြစ်ပေါ်စေမှုကြောင့် အယ်ဆာဗာဒိုမှာ ဘစ်ကွိုင်ကို  တရားဝင်ငွေကြေးအဖြစ် အသုံးပြုခြင်းကနေ ရပ်တန့်ဖို့ အကြံပြုခဲ့ပါတယ်။ ကိုတရားဝင်တင်ဒါအဖြစ်အယ်လ်ဆာဗေဒိုအသုံးပြုမှုကိုရပ်တန့်ရန်အကြံပြုခဲ့သည်။

 

အကြံပြုချက်ကတော့ အယ်ဆာဗာဒိုနဲ့ ၎င်းရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးနောက် အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အယ်ဆာဗာဒိုကတော့ ဒေါ်လာ 1.3ဘီလီယံ ချေးငွေအတွက် IMFနဲ့ ညှိနှိုင်းတော ဖြစ်ပါတယ်။

 

IMFဒါရိုက်တာများကတော့ "ဘစ်ကွိုင်ကို အသုံးပြုခြင်းက ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငွေကြေးခိုင်မာမှု၊ စားသုံးသူ အကာအကွယ်ပေးရေးတို့အပြင် အခြား ဆက်စပ် ဘဏ္ဍာရေးဆိုင်ရာ ချေးငွေ ခိုင်မာမှုတွေနဲ့ ပက်သက်ပြီး ကြီးမားတဲ့ အန္တရာယ်များရှိကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်"လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒါရိုက်တာများက "ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းကနေ ရပ်တန့်ပြီး ဘစ်ကွိုင် ဥပဒေရဲ့ နယ်ပယ်ကို ကျဉ်းမြောင်းဖို့ အာဏာပိုင်များကို တိုက်တွန်းခဲ့ပါတယ်။ အချို့ ဒါရိုက်တာများကတော့ ဘစ်ကွိုင်ကို အခြေခံထားတဲ့ ချေးငွေစာချုပ်များ ထုတ်ဝေးခြင်းနဲ့ ပက်သက်တဲ့ အန္တရာယ်များကိုလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။”

 

နိုဝင်ဘာလမှာတော့၊ IMFဝန်ထမ်းများက အယ်ဆာဗာဒိုမှာ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် အသုံးမပြုသင့်ကြောင်းနဲ့ အမေရိကတိုက် အလယ်ပိုင်းရှိ နိုင်ငံများကို ဒစ်ဂျစ်တယ်ငွေကြေး ငွေပေးချေမှုဂေဟစနစ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကြီးကြပ်မှုကို အားကောင်းလာစေဖို့ တိုက်တွန်းခဲ့ပါတယ်။  

 

အယ်ဆာဗာဒိုကတော့ စက်တင်ဘာလမှာ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် လက်ခံခဲ့ပြီး သမ္မတ နာရစ် ဘူကလဲတောက ဒစ်ဂျစ်တယ်ငွေကြေးရဲ့ အမာခံ ထောက်ခံသူ ဖြစ်လာခဲ့ပါတယ်။

 

နိုင်ငံမှာကတော့ ဘစ်ကွိုင်ကို စုဆောင်းနေပြီး  မကြာသေးမီက နောက်ထပ် ဘစ်ကွိုင်ပေါင်း 410ကွိုင်ကို ဝယ်ယူခဲ့ကာ ကွိုင်ပေါင်း 1,500ကွိုင်ကို ပိုင်ဆိုင်ထားပါတယ်။ အယ်ဆာဗာဒိုကတော့ အခုနှစ်အတွင်း  10နှစ် သက်တမ်းရှိပြီး၊ အမေရိကန်ငွေကြေး ဒေါ်လာနဲ့ ဖော်ပြတဲ့ ဘစ်ကွိုင်ချေးငွေစာချုပ်ကို ဒေါ်လာ 1ဘီလီယံတန်ဖိုး ထုတ်ဝေဖို့ ရှိပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 ယူကျူ့ကတော့ ဖန်တီးသူများအတွက် NFTဝန်ဆောင်မှုများ ရှာဖွေ (2022.01.25)

ဗီဒီယိုမျှဝေခြင်း ပလက်ဖောင်းဖြစ်တဲ့ ယူကျူ့ကတော့ ၎င်းရဲ့ ဗီဒီယိုဖန်တီးသူများအတွက် ပုံတူကူးမရတဲ့ တိုကင်(NFT) ဝန်ဆောင်မှုများကို ရှာဖွေနေကြောင်း ၎င်းရဲ့ CEOက အင်္ဂါနေ့က ရုပ်သံလွှင့်ဌာနများကို ပေးပိုတဲ့ စာတစ်စောင်မှာ ပြောခဲ့ပါတယ်။

 

"ကျွန်တော်တို့ကတော့ NFTsလိုမျိုး ပေါ်ထွက်လာတဲ့ နည်းပညာအသစ်တွေအပေါ်မှာ ဖန်တီးသူတွေ အကျိုးအမြတ် ရရှိနိုင်ဖို့နဲ့ ဖန်တီးသူ၊ ကြည့်ရူသူများ အတွေ့အကြုံကောင်းတွေ ဆက်လက် ရရှိစေဖို့  ယူကျူ့ရဲ့ ဂေဟစနစ်ကို ချဲ့ထွန်ရန် အမြဲတမ်း အာရုံစိုက်နေပါတယ်။"လို့ CEO ဆူဆန် ဝေါ့စစ်ကီ(Susan Wojcicki)က စာထဲမှာ ရေးသားခဲ့တယ်လို့ ဘလူးဘတ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။  

 

ဒီ ကြေငြာချက်ကတော့ ဒစ်ဂျစ်တယ် စုဆောင်းမှုနဲ့ ပက်သက်ပြီး ဂူးဂဲလ်ရဲ့ ပထမဆုံး ဝင်ရောက်ခြင်းကို ထုတ်ပြန်ပြီးနောက် ကုမ္ပဏီကနေ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုကို ကြီးကြပ်စစ်ဆေးဖို့အတွက် ပေးပေါ(PayPal)ရဲ့ အမှုဆောင်ဟောင်း တစ်ယောက်ကို ငှားရမ်းခန့်အပ်ခဲ့ကြောင်း ကြေငြာမှုအပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။  

 

ဒီ သတင်းကတော့ ဆိုရှယ်မီဒီယာ ပြိုင်ဘက်တွေ ဖြစ်တဲ့ တွစ်တာနဲ့  ဖေ့ဘုတ်ပိုင်ရှင် မက်တာက NFTနယ်ပယ်ထဲကို ဝင်ရောက်ခြင်းနဲ့ သတင်တွေကြားမှာ ပေါ်ထွက်လာခြင်းလည်း ဖြစ်ပါတယ်။ မက်တာကတော့ အသုံးပြုသူများအတွက် NFT ဈေးကွက်ကို ဖန်တီးပေးဖို့ လုပ်ဆောင်နေပြီး၊ တွစ်တာကတော့ အသုံးပြုသူက ပရိုဖိုင်မှာ အသုံးပြုထားတဲ့ NFTဓာတ်ပုံကို တရားဝင် အတည်ပြုပေးနိုင်မယ့် ဝန်ဆာင်မှုကို စတင်ခဲ့ပါတယ်။


သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 NFT လိမ်လည်မှုတွေကို ဘယ်လိုရှောင်ရှားကြမလဲ

 လိမ်လည်တာတွေက ပိုပြီး ရှုပ်လာတာနဲ့အမျှ အလိမ်ခံရဖို့ ပိုလွယ်လာပါတယ်။ ကိုယ့် NFTတွေကို ဘယ်လို အလိမ်မခံရအောင် ထားမလဲ ကြည့်လိုက်ရအောင်။

 

ဂူးဂဲမှာ NFT လှည့်စားမှုတွေကို ရှာကြည့်မယ်ဆိုရင် တချို့ကိစ္စတွေမှာ တကယ်ကို ရှုပ်‌ထွေးပွေလီ ခက်ခဲမှုတွေကို မြင်ရမှာပါ။

 

ပြီးခဲ့တဲ့ တစ်နှစ်လုံး ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေး စျေးကွက်မှာ NFTက နေရာယူခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးစုဆောင်းသူတွေ အများဆုံး စုဆောင်းကြတဲ့ ကူးလ်ကက်စ် (Cool Cats) နဲ့  ဘိုးအေ့ပ်ယချ်ကလပ် (Bored Ape Yacht Club) စုဆောင်းမှုတွေထဲက ရှားပါးတဲ့ အရာတွေက ဒေါ်လာ 30,000 နဲ့ အထက် စျေးပေါက်ခဲ့ပါတယ်။

 

ဒီ ဓာတ်ပုံ(JPEG) တွေက ဘာကြောင့် သောင်းချီ၊ သိန်းချီတန်နေရတယ်ဆိုတာအတွက် NFT တီထွင်သူတွေမှာ အဖြေဟာ တစ်ခုတည်းရှိပါတယ်။ စွယ်စုံသုံးလို့ရလို့ပါပဲ။ ဒစ်ဂျစ်တယ် ငွေကြေးတွေ ထုတ်လုပ်သလိုပါပဲ NFTတွေက ဘလော့ချိန်းမှာ ပိုင်ဆိုင်မှု အထောက်အထား ဖျောက်ဖျက်လို့မရတာ ကြောင့်ပါ။ ဒီ, စ်ဂျစ်တယ်တိုကင်တွေက သီးသန့်အွန်လိုင်းကလပ်တွေ၊ ဂိမ်း၊ ဒစ်စကော့ စကားပြောခန်းတွေမှာ အဖွဲ့ဝင်လက်မှတ် အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

 

ဒါတွေက သီအိုရီအရပြောတာပါ။ တကယ်လက်တွေ့မှာတော့ NFTတွေက အခုချိန်ထိ အသစ်အဆန်းဖြစ်နေပြီး ရှုပ်ထွေးနေတုန်းပါပဲ။ ဘလော့ချိန်း စိတ်ဝင်စားတဲ့သူတွေက NFTတွေကို ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ခုအဖြစ် မြင်ကြပေမယ့် NFTတွေက ငွေကို လွှဲရတာမျိုးတွေ ရှိတာကြောင့် လူလိမ်တွေအတွက် ရွှေတွင်းကြီး ဖြစ်နေတုန်းပါပဲ။

 

ဆက်လက်ပြီးတော့ အဖြစ်များတဲ့ NFTလိမ်လည်မှုတွေက ဘာလဲ ၊ အဲ့ဒီ လိမ်လည်မှုတွေကို ဘယ်လိုရှောင်ရှားကြမလဲ၊ ဘာကြောင့် ဒီ လိမ်လည်မှုတွေ ခဏခဏ ဖြစ်ပေါ်နေရသလဲဆိုတာ လေ့လာကြည့်ရလိုက်ရအောင်။

 

 

 

အဖြစ်များတဲ့ NFTလိမ်လည်မှုများ (ဒီလိုလိမ်လည်မှုတွေကို ဘယ်လိုရှောင်ရှား ကြမလဲ)

လင့်ခ်ဖြင့် လိမ်လည်ခြင်း (Phishing Scam)နဲ့ သံသယဖြစ်စရာ ပေါ့ပ်အပ် (Pop-up) များ

ပထမဆုံးအနေနဲ့ NFTကို ဝယ်မယ်ဆိုရင် အီသာရီရမ် ဘလော့ချိန်းမှာ ငွေ အလွှဲအပြောင်းလုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကို မှတ်ပုံတင်ဖို့လိုပါတယ်။ NFT စုဆောင်းသူတွေကြားမှာ မတ်တာမက်စ် (MetaMask)ကတော့ ရေပန်းအစားဆုံး အီသာရီရမ် ပိုက်ဆံအိတ်ဖြစ်ပါတယ်။  ဒါပေမယ့်လည်း လင့်ခ်ဖြင့် လိမ်လည်ခြင်းလို့ခေါ်တဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် လျို့ဝှက်နံပါတ်တွေ (သို့) စာလုံးရေ (12) လုံး ပါဝင်တဲ့ လုံခြုံရေးကုတ်တွေကို မေးလ်ကတဆင့်မေးမြန်းတဲ့ လိမ်လည်မှုတွေကို သုံးပီးတော့  မတ်တာမက်စ် အသုံးပြုသူတွေကို ပစ်မှတ်ထားလာပါတယ်။ ဒစ်စကော့၊ တယ်လီဂရမ် နဲ့ တခြား နာမည်ကြီးဝက်ဆိုဒ်တွေ ဥပမာ မတ်တာမက်စ်တို့ကနေတဆင့် အတုအယောင်တွေ လုပ်နိုင်ပါသေးတယ်။

 

တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ လိမ်လည်မှုတွေကတဆင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေ ရသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲက ငွေကြေးတွေအားလုံး လူလိမ်တွေ လက်ထဲ ရောက်သွားမှာပါ။

 

ဒီလိမ်လည်မှုတွေကို ဘယ်လိုရှောင်ကြမလဲ

ယေဘုယျအားဖြင့်  ကိုယ်ရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကို အချက်အလက် သီးသန့်အရန်ထားတဲ့အခါ၊ ပြန်လည်ရယူတဲ့အခါမှသာ စာလုံးရေ (12) လုံး ပါဝင်တဲ့ လုံခြုံရေးကုတ်တွေ လိုအပ်တာပါ။ ကိုယ့်ရဲ့အချက်အလက်တွေကို မတ်တာမက်စ်လိုတွေမှာ ဘယ်တော့မှ မထည့်သွင်းသင့်ပါဘူး။ ငွေကြေးအလွှဲအပြောင်းတွေအတွက် ဘယ်တော့မှ လင့်ခ်တွေ အီးမေးတွေကနေ တဆင့် ကိုယ့်ရဲ့အချက်အလက်တွေကို ရိုက်မထည့်ပါနဲ့။ စိတ်ချရတဲ့ ဝက်ဒ်ဆိုက်တွေကိုသာ အသုံးပြုပါ။ လုံခြုံရေးကုတ်ကိုလည်း စာရွက်ပေါ်မှာ ချရေးထားပါ။ ဘယ်သူ့ကိုမှလည်း မပေးမိပါစေနဲ့။ ကိုယ့်ရဲ့ ဖုန်းထဲမှာတောင် ဓာတ်ပုံရိုက်သိမ်းမထားသင့်ပါဘူး။

 

အတုအယောင်လိမ်လည်မှုများ

NFTရောင်းချမှုတွေကို အွန်လိုင်းမှာပြုလုပ်ကြတာကြောင့် ကက်ဖစ်ရှင်း(catfishing)လို့ခေါ်တဲ့ အတုအယောင် လိမ်လည်မှုတွေ ခံရနိုင်ပါတယ်။ နာမည်ကျော် NFTအသိုင်းအဝိုင်းကတော့ ကြေငြာဖို့အတွက် လူထုအပေါ်လွှမ်းမိုးနိုင်တဲ့သူတွေ အနုပညာရှင်တွေကို ဌားရမ်းကြတာတွေကြောင့်ပဲ အတု အစစ် ခွဲရခက်လာပါတော့တယ်။

 

ဒီလိမ်လည်မှုတွေကို ဘယ်လိုရှောင်ကြမလဲ

သူတို့ကိုယ် သူတို့ တည်ထောင်သူပါ၊ အနုပညာရှင်ပါ၊ နာမည်ကျော်ပါဆိုပြီး ကိုယ့်ဆီကို စာလာပို့ရင် လုံးဝပြန်မပြောမိပါစေနဲ့။ ဒီလို စီ-အဆင့်ရှိတဲ့ ဝန်ထမ်းတွေက ကိုယ်က စပြီး စာပို့တာဖြစ်ဖြစ် ဒစ်စကော့တို့ တွစ်တာတို့မှာ ကိုယ်နဲ့ သဘောတူညီမှုမလုပ်ထားပဲ ဘယ်တော့မှ သူတို့ဘက်က စာစပို့မှာမဟုတ်ပါဘူး။ ဒါကို NFTအသိုင်းအဝိုင်းက လူတွေ တော်တော်များများ သိကြပါတယ်။ ငယ်ငယ်တုန်းက အိမ်ကို ဖုန်းဆက်တဲ့ အရောင်းသမားတွေကို ကိုယ်ရဲ့ အချက်အလက်တွေကို မပြောဖို့  မိဘတွေက မှာသလိုပါပဲ ဒီ NFTအသိုင်းအဝိုင်းမှာလည်း မှာချင်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို စာစပို့လာပြီဆိုရင် အဲ့ဒီ လင့်ကိုမနှိပ်ပါနဲ့ လျိုဝှက်ချက်တွေကိုလည်း ပြောမပြမိ ပါစေနဲ့။

 

ကြိုတင်ကြံစည် စျေးကစားမှုများ

ဒစ်ဂျစ်တယ်ငွေကြေးနဲ့ NFTလောကမှာ ဆွဲတင်ခြင်းနဲ့ ဆွဲချခြင်း(Pump-and-dump)လို ခေါ်တဲ့ စျေးကွက်ဖျက် စျေးကစားတာတွေကို ခန့်မှန်းနိုင်ပါတယ်။ Pump-and-dump ဆိုတာကတော့ လူတစ်စုက NFT (သို့) ဒစ်ဂျစ်တယ်ငွေကြေး အမြောက်အမြားကို ဝယ်ယူပြီး တမင်သက်သက် စျေးတက်အောင် ဖန်တီးခြင်းပဲဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေ အောင်မြင်ပြီဆိုတာနဲ့ ကြိုတင် ကြံစည် ထားတဲ့သူတွေက စျေးတက်နေတဲ့အချိန်မှာ ငွေတွေထုတ်ကြပါတယ်။ အဲလို မလုပ်တဲ့သူတွေကတော့ တန်ဖိုးမရှိတော့တဲ့ ပိုင်ဆိုင်မှုတွေသာ ကျန်နေခဲ့ပါ တော့တယ်။

 

အဲလိုပါပဲ ပြောရရင် လိမ်လည်တာမျိုး မဟုတ်တဲ့ NFTပရောဂျက်တွေနဲ့ ပတ်သက်ပြီး ငွေစက္ကူဆိုတာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ အဝယ်ကြမ်းတဲ့ သူတွေကြောင့်လည်း အကန့်အသတ်နဲ့ ငွေပေါ်လွယ်တာမျိုး ရှိနေတာပါ။

 

တကယ်လို့ ကိုယ့်မှာ ထိပ်တန်းစုဆောင်းသူ 20က ထိန်းချုပ်ထားတာမျိုး မရှိတဲ့ NFT 5,000 လောက်ရှိပြီး ရောင်းဖို့ တခြား ဖိအားမရှိဘူးဆိုရင် အဲဒီ စုဆောင်းမှုကို ဝယ်ချင်တဲ့သူက ကြမ်းခင်းဈေး အများကြီးပေးမှပဲ ရပါလိမ့်မယ်လို့ NFT 400,000 ပိုင်ဆိုင်တဲ့ ဝေးလ်ရှာ့ခ် (Whale Shark) လို့ သိကြတဲ့ နာမည်လွှဲနဲ့ NFTစုဆောင်းသူက ပြောပါတယ်။ တကယ်လို့ ကိုယ်က NFTကို ရင်းနှီးမြှုပ်နှံဖို့ ဝယ်မယ်ဆိုရင် ပရောဂျက်က ဝယ်သူများရင် ပိုကောင်းပြီး ငွေဖော်ရ ပိုလွယ်စေမှာပါ။

 

ဒီလိမ်လည်မှုတွေကို ဘယ်လိုရှောင်ကြမလဲ

ကိုယ်စိတ်ဝင်စားတဲ့ ဘယ်ပရောဂျက်ကိုမဆို ရာဇဝင်နဲ့ ငွေကြေးဆိုင်ရာမှတ်တမ်းတွေကို စစ်ဆေးပါ။ ဒါဟာ ဘလော့ချိန်းတွေရဲ့ ပွင့်လင်းမြင်သာတဲ့ အသုံးတည့်မှုပဲ ဖြစ်ပါတယ်။  အိုးပမ်းဆီး(OpenSea) (သို့) NFTစျေးကွက်မှာ ငွေကြေးလွှဲပြောင်းမှုအရေအတွက်တွေ ဝယ်ယူသူတွေအတွက် NFTစုဆောင်းမှုတွေကို ကြည့်ရှုနိုင်ပါတယ်။ အီသာစကန်(EtherScan) နဲ့ဆိုရင်တော့ အီသာရီယမ်ဘလော့ချိန်းမှာ လုပ်ဆောင်နေတဲ့ ငွေလွှဲပြောင်းမှု အဝင်အထွက်တွေကိုပါ ကြည့်ရှုနိုင်ပါတယ်။

 

တွစ်တာမှာ ကိုယ်စိတ်ဝင်စားတဲ့ ပရောဂျက်ကို ဖောလိုးလုပ်ထားပြီး ဒစ်စကော့ချန်နယ် ကိုလည်း ဝင်ထားပါ။ ရေရှည်ခိုင်မာတဲ့ အဝန်းအဝိုင်းရှိမှု (သို့) အနုပညာလက်ရာ တန်ဖိုးရှိမှုတွေက ပရောဂျက်တစ်ခုအတွက် ငွေပေါ်လွယ်နိုင်တာပဲ ဖြစ်ပါတယ်။ အဲလိုဆိုရင်တော့ စိတ်ဝင်စားတဲ့ ရင်းနှီးမြုပ်နှံသူတွေ စုဆောင်းသူတွေအမြောက်အမြားအပြင် လူတွေအချင်းချင်းပြောဆို ဆွေးနွေး သတင်းအချက်အလက်တွေမျှဝေတဲ့ တက်ကြွတဲ့ အသိုင်းအဝိုင်း ရှိလာနိုင်ပါတယ်။

 

စျေးပြိုင်ပေးပြီး လိမ်လည်ခြင်း

ဒီလို လိမ်လည်မှုတွေကတော့ NFTကို ဝယ်ယူပြီးတော့ အမြင့်ဆုံးစျေးပေးတဲ့သူကို ပြန်လည်ရောင်းချချင်တဲ့အခါတွေမှာ အဖြစ်များပါတယ်။ ကိုယ်ရဲ့ NFTကို ရောင်းချဖို့ စာရင်းသွင်းလိုက်တာနဲ့ စျေးပြိုင်ပေးသူတွေက ကိုယ့်ကို မပြောပဲ ငွေကြေးစျေးကွက်ကို ပြောင်းလဲလိုက်နိုင်ပါတယ်။ ဒီလို ပြောင်းလဲလိုက်တာကြောင့် ကိုယ့်အနှစ်သက်ဆုံး NFTအတွက် မှန်းခြေ ဒေါ်လာ တစ်သောင်းခွဲ နှစ်သောင်းဝန်းကျင် တန်တဲ့ 5 အီသာရီရမ် ရ ရမယ့်အစား 5ဒေါ်လာသာ ရနိုင်ပါတော့တယ်။

 

ဒီလိမ်လည်မှုတွေကို ဘယ်လိုရှောင်ကြမလဲ

အသုံးပြုမယ့် ငွေကြေးကို သေချာစစ်ဆေးပါ။ ကိုယ်လိုချင်တဲ့ စျေးထက်နည်းနေရင် ဘယ်တော့မှ လက်မခံပါနဲ့။

ပုံမှားရိုက်ခြင်း

NFTလို အနုပညာလက်ရာတစ်ခုကို ထုတ်လုပ်ခြင်းက မူပိုင်ခွင့်ပိုင်ဆိုင်ခြင်းနဲ့ မတူညီကြောင်း သိရပါမယ်။ စတင် အသုံးပြုသူတွေအတွက် သင့်တော်တဲ့  အိုးပမ်းဆီး ဆော့ဖ်ဝဲမှာ ဒီ NFTကို မူပိုင်ခွင့်ရရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတိုင်းက ဓါတ်ပုံ၊ ပန်းချီတွေကို NFTအဖြစ်ပြောင်းလဲနိုင်ပါတယ်။ လူလိမ်တွေဟာ ဖန်တီးသူတွေရဲ့ လက်ရာတွေကို အလွယ်တကူ ကူးယူပြီး အိုးပမ်းဆီး အကောင့်အတုဖွင့်ကာ လေလံပွဲမှာ စာရင်းပေးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ NFTက လုံးဝကို တန်ဖိုးမရှိဖြစ်သွားပြီး ဒီလူလိမ်တွေအကြောင်း သိသွားကြတာနဲ့ ကိုယ့်ရဲ့ပိုက်ဆံလည်း ပြန်မရနိုင်တော့ပါဘူး။

 

ဒီလိမ်လည်မှုတွေကို ဘယ်လိုရှောင်ကြမလဲ

ဘယ်စျေးကွက်ကနေပဲဖြစ်ဖြစ် NFTမဝယ်ယူခင်မှာ ကိုယ်ဝယ်ယူမယ့် အနုပညာ လက်ရာက စိတ်ချရတဲ့ဆီက ဟုတ်မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ အိုးပမ်းဆီး (သို့)  NFTစျေးကွက်က ဖန်တီးသူရဲ့  ပရိုဖိုင်ဓာတ်ပုံဘေးမှာ အပြာရောင် အမှန်ခြစ်လေးကို ရှာကြည့်ပါ။ တကယ်လို့ မရှိဘူးဆိုရင်တော့ တွစ်တာ (သို့) သူတို့ရဲ့ဝက်ဒ်ဆိုက်နဲ့ တခြားလူမှုကွန်ရက်တွေကနေတဆင့် ရှာဖွေကြည့်ပါ။ ကိုယ်ဝယ်ချင်တဲ့ အနုပညာလက်ရာက တကယ်ပဲ ဖန်တီးသူ ပိုင်ရှင်ဟုတ်ရဲ့လား၊ ပရိုဖိုင် မှန်ကန်လားလို့ တိုက်ရိုက်မေးမြန်းပါ။ ထပ်ပြီးတော့လည်း ဒီ ဖန်တီးသူ (သို့) NFTပရောဂျက်မှာ ဒစ်စကော့ချန်နယ်ရှိ မရှိ ရှာဖွေပါ။ အခြားလူတွေကိုလည်း မေးမြန်းပါ။

 

ပုံမှားရိုက်ပြီး အပြာရောင် အမှန်ခြစ်ထားတာတွေကိုလည်း သတိထားပါ။ မှန်ကန်တဲ့ အတည်ပြုထားပြီးသား အကောင့်တွေမှာ အပြာရောင် အမှန်ခြစ်တွေက ပရိုဖိုင်ဓာတ်ပုံရဲ့  အတွင်းဘက်ထဲမှာ မဟုတ်ပဲ ဘေးအနားဘောင်ပေါ်မှာ ရှိတာပါ။ ကျူရီးယပ် အက်ဒီ ကုန်သွယ်ကလပ် (Curious Addys' Trading Club)က ပြုလုပ်ပေးထားတဲ့  NFT scam quiz (NFTဆိုင်ရာ လိမ်လည်မှု များအတွက် ဉာဏ်စမ်း)က ဥပမာကို ကြည့်ပါ။ ဒုတိယမြောက်ဥပမာကသာ မှန်ကန်တာပါ။

 

ယုံကြည်စိတ်ချရမှုမရှိတဲ့ ဆိုက်တွေ

ဒီဆိုက်တွေကတော့ လိမ်လည်တာမျိုးမဟုတ်ပဲ ကျင့်ဝတ်ရှိတဲ့ မှောင်ခို ဂရေးနေရာ(gray area) ဖြစ်ပါတယ်။ ဝယ်ယူပြီးတာနဲ့ NFTတွေပျောက်ဆုံးသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘလော့ချိန်း (NFT)မှာ ရှိတဲ့ သဘောတူစာချုပ်ဟာ တကယ့် အနုပညာလက်ရာတွေနဲ့ မတူလို့ပါပဲ။ ဥပမာအနေနဲ့ ကိုယ်က မူရင်းသီချင်းရဲ့ mp3ဖိုင်ကို အိုးပမ်းဆီးလို ပလက်ဖောင်းမှာ တင်လိုက်ပြီဆိုပါစို့။ စုဆောင်းသူတွေက ဝယ်ယူတော့မယ်ဆိုရင်  စျေးပြိုင်ပေးပြီး အီသာနဲ့ ပေးချေပါလိမ့်မယ်။ ဒီလိုပေးချေလိုက်တာကို စမတ်စာချုပ်လို့ လူသိများကြတဲ့ ပိုင်ဆိုင်ခွင့်အနေနဲ့ မှတ်တမ်း ဖန်တီးလိုက်မှာ ဖြစ်ပါတယ်။

 

ဒီစမတ်စာချုပ်ဆိုတာက ဘလော့ချိန်းမှာ ထုတ်လုပ်တဲ့အရာပါပဲ။ ဒါပေမဲ့ ကိုယ်တင်လိုက်တဲ့ဖိုင် (အကြောင်းအရာနဲ့ အချက်အလက်လို့ သိကြတဲ့)နဲ့က သပ်သပ်စီ ဖြစ်ပါတယ်။ စိတ်ကူးသက်သက်လို့ ထင်နိုင်ပေမဲ့ NFTတွေက အရာဝတ္ထုတစ်ခုရဲ့ ပိုင်ဆိုင်မှုကိုပဲ ပြပြီး၊ အဲဒီ အရာဝတ္ထုက ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကိုတော့ မှတ်ထားပါ။

 

အဲဒါကြောင့် အနုပညာလက်ရာ၊ ဗဟိုထိန်းချုပ်ပလက်ဖောင်းပေါ်က စမတ်စာချုပ်နဲ့အတူ ပါလာတဲ့ ပိုင်ဆိုင်ကြောင်းစာချုပ် (သို့) တခြား ဒီဂျစ်တယ်ပစ္စည်းတစ်ခုခုကို စုထားမယ်ဆိုရင် ယုံကြည်ရတာ သေချာပါစေ။ ဓာတ်ပုံတစ်ခုကို ညွှန်ထားတဲ့ လင့်ခ်နဲ့ ချိတ်ထားတဲ့ NFTကိုတော့ မဝယ်မိပါစေနဲ့။ အဲဒီလို လင့်ချိတ်ထားတဲ့ အနုပညာလက်ရာတွေကို ကိုယ့်ရဲ့ ခွင့်ပြုချက်မပါဘဲ အချိန်မရွေး ပြောင်းလိုက်လို့ ရတာကြောင့် ကိုယ့်ရဲ့ လက်ထဲမှာ ဘာတန်ကြေးမှ မရှိတဲ့ တိုကင်ပဲ ကျန်နေတော့မှာ ဖြစ်ပါတယ်။

 

အခြေခံအချက်

NFTဝယ်ယူတော့မယ်ဆိုရင် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဖြစ်တဲ့ JPEG ဖြစ်ဖြစ်၊ mp3 ဖြစ်ဖြစ်၊ PDF ဖြစ်ဖြစ် ပိုင်ဆိုင်ကြောင်း သေချာဖို့လိုပါတယ်။

 

NFTလိမ်လည်မှုတွေကို ရှောင်ဖို့ အကောင်းဆုံးနည်း

အသစ်အသစ်သော လိမ်လည်မှုတွေကတော့ NFTအခင်းအကျင်းမှာ အမြဲရှိနေတာပါပဲ။ အဲဒါကြောင့်လည်း တစ်ယောက်တည်း မလုပ်သင့်တာပါ။ ရှိပြီးသားနဲ့ လိမ်နည်းအသစ်တွေကို ရှောင်ဖို့ အကောင်းဆုံးနည်းကတော့ သတင်းတွေနဲ့ အဆက်မပြတ်ရှိနေဖို့နဲ့ အဲဒီမှာ NFTအကြောင်း စိတ်ဝင်စားသူတွေကို ရှာဖို့က အရေးကြီးလာပါတယ်။

 

ဒီဂျစ်တယ်ငွေကြေးပလက်ဖောင်း ဆာ့ဂျ်(Surge)ကို တွဲဖက်တည်ထောင်သူ ဖြစ်တဲ့ ဒီနိုက်စ် ရှဖာ (Denise Schaefer)ကတော့ ကိုယ့်ရဲ့ NFTခရီးလမ်းကို ကိုယ်တိုင်သင်ယူလေ့လာခြင်းနဲ့ပဲ စတင်နိုင်ပါတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ စိတ်တွေရှုပ်ထွေးလာပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ကိုယ်နဲ့သိတဲ့ အတွေ့အကြုံရှိတဲ့ စုဆောင်းသူတွေ၊ သက်ဆိုင်ရာ ဖန်တီးသူတွေကို အားထားဖို့ လိုအပ်လာပါလိမ့်မယ်။

 

ကျွန်တော်ကိုယ်တိုင် စတင်လေ့လာစဥ်တုန်းက အရမ်းကို လမ်းပျောက်ခဲ့ရတဲ့ ကျွန်တော် အခက်တွေ့ရတဲ့ အချက်လေး နှစ်ခုကို ကူညီချင်ပါတယ်လို့ ရှဖာက ပြောပါတယ်။

 

ပထမအချက်က နားလည်လွယ်တဲ့ မှတ်သားရလွယ်တဲ့ အကြောင်းအရာတွေ များများ မရှိဘူးလို့ ခံစားရတာပါပဲ။ နောက်တစ်ချက်ကတော့ ဖိုဝါဒီကြီးစိုးတယ်လို့ ခံစားရစေတာပါပဲ။

 

ကိုယ်က တကယ်လို့ NFTခရီးလမ်းမှာ ခုမှ အသစ်ဖြစ်မယ်၊ ဘယ်ကနေစရမှန်း မသိ ဖြစ်နေမယ်ဆိုရင် NFTကို စုဆောင်းချင်၊ စတင်ချင်တဲ့ အမျိုးသမီးတွေနဲ့ လိင်ခံယူချက်မရှိတဲ့ လူတွေအနေနဲ့ အခမဲ့ ဒစ်စကော့ချန်နယ်ရှိတဲ့ ဆာ့ဂျ်၊ ဒစ်ဂျစ်တယ်ငွေကြေးအသိုင်းအဝိုင်းမှာ ခုမှစတင်မယ့်သူတွေအတွက်  ကျူရီးယပ် အက်ဒီ ကုန်သွယ်ကလပ် (Curious Addys' Trading Club) တို့ကနေ လေ့လာသင့်ပါတယ်။

 

ရှဖာက ကွိုင်းဒက်ကို “ဒီလိုအရှိန်အဟုန်မျိုးနဲ့တိုးတက်နေတာကို မြင်ရတာ အံအားသင့်ဖို့ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ သတင်းစာလည်းရှိပြီ၊ အမျိုးသမီးတွေအတွက် လုံခြုံတဲ့ ဒစ်စကော့ကိုလည်း ဖန်တီးထားပြီးပြီ” လို့ ပြောပါတယ်။

 

ဆာ့ဂျ် ဒစ်စကော့ချန်နယ်မှာဆိုရင် ဗဟိုအထိန်းအချုပ်မဲ့ အဖွဲ့အစည်းကို ထူထောင်ထားတဲ့ တစ်ယောက်ယောက်ဆီက အကြံမတောင်းခင်မှာ မတ်တာမက်စ် ပိုက်ဆံအိတ် မလုပ်ဖူးသေးတဲ့ လူတစ်ယောက်နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်လို့ ရှဖာက ပြောပါတယ်။

 

“လူတွေအများကြီးက ဒီခရီးမှာ တစ်ဦးနဲ့တစ်ဦး ကူညီနေကြတာ အရမ်းကို ကောင်းပါတယ်” လို့ လည်း ရှဖာက ပြောပါတယ်။

 

NFT လိမ်လည်မှုတွေက ဘာလို့အဖြuစ်များနေတာလဲ

“အခုလောလောဆယ်မှာ NFTတွေက ICOလို့ခေါ်တဲ့ ကနဦးလက်ဆောင်ပေးတဲ့ အဆင့်ပဲရှိသေးလို့ပါ။ ဘယ်သူမဆို အနုပညာရှင်တွေငှားပြီး NFTတွေဖန်တီးလို့ ရပြီးတော့ ဒစ်ဂျစ်တယ်ငွေကြေးလောကက နာမည်ကျော်တွေနဲ့ အများကြီးကြေငြာလို့ ရပါတယ်။”လို့ လိုက်နုတ်သတင်းဌာန (Light Node Media) မှ  တွဲဖက်တည်ထောင်သူ၊ CEO နယ်ဆန် မာချန် ဂျူနီယာ (Nelson Merchan Jr.) က ပြောပါတယ်။

 

ဒီလိုကြေငြာတွေက NFTလောကမှာ ဘယ်သူက ယုံကြည်စိတ်ချရတယ် ဘယ်သူက လူလိမ်ဆိုတာ သိနိုင်ဖို့ ခက်ခဲစေပါတယ်။ အထူးသဖြင့် လတ်တလောမှာ NFTစုဆောင်းသူ အများစုနဲ့ ဖန်တီးသူတွေက တွစ်တာမှာ နာမည်ကြီး ကာတွန်းပုံ NFTပရိုဖိုင်ပုံတွေ (PFPs) အမည်ရင်းမဖော်ပြတဲ့ နာမည်တွေကို အသုံးပြုလာကြလို့ပါ။

 

“ဒီလိုအခက်အခဲစိန်ခေါ်မှုတွေကို ဒစ်ဂျစ်တယ်ငွေကြေးလောကက အသစ်ရောက်လာသူတွေသာ ကြုံတွေ့ရတာ မဟုတ်ပါဘူး” လို့ 2017ကတည်းက ရင်းနှီးမြှုပ်နှံလာခဲ့တဲ့ မာချန်(Merchan) က ပြောပါတယ်။ မာချန်က သူပိုင်ဆိုင်တဲ့  နာမည်ကြီး ပက်ဂီပင်ဂွင်း (Pudgy Penguins) စုဆောင်းမှုက NFTတွေ 2021ဇူလိုင်မှာ စျေးကျသွားကတည်းက ဒီNFTတွေကို ပိုင်ဆိုင်ခဲ့တာပါ။ ကတိပေးထားတဲ့အတိုင်း ဖန်သားပြင်ပေါ်က ကစားနည်းတွေမှာ အောင်မြင်အောင် မဖန်တီး နိုင်ခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့ စုဆောင်းသူတွေရဲ့ မေးခွန်းထုတ်မှုတွေကို ပက်ဂီပင်ဂွင်း တည်ထောင်သူတွေ ခံနေရပါတယ်။

 

“ဒီNFTတွေကို ဖန်တီးပြီး အခွင့်သာရင် ဒေါ်လာ  50,000 နဲ့ 60,000 ကြား ( တစ်ခါတစ်ရံ ဒီထက် နည်းနိုင်) အသုံးပြုပြီးတော့ NFTရောင်းချမှုတွေမှာ ဒေါ်လာ သန်းပေါင်းများစွာ ရှာနိုင်ပါတယ်။” လို့ မာချန်က ပြောပါတယ်။ NFTဖန်တီးသူ (သို့) တည်ထောင်သူတွေက ဒေါ်လာ 1 သန်း စျေးပေါက်အောင် လုပ်ပေးမယ်လို့ ကတိပေးလိုက်တာနဲ့ လွှမ်းမိုးချုပ်ကိုင်မှု၊ ပွင့်လင်းမြင်သာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စုဆောင်းသူတွေက သူတို့ ဦးဆောင်ရာလိုက်မယ်လို့ မျှော်လင့်ထား ကြလို့ပါပဲ ။

 

“သူတို့ဘာသာသူတို့တော့ ရက်ရက်ရောရောပေးကြတာပဲဗျ။  ဒါပေမဲ့ နောက်တော့လည်း NFTတွေရဲ့ တန်ဖိုးက သုညလောက်ကျသွားတာပဲ။ အရောင်းအဝယ်မရှိတော့ဘူး။ ဘာကစားနည်းမှလည်း မရှိတော့ဘူး။ ယုတ်စွအဆုံး စကားထဲ ထည့်ပြောမယ့်သူတောင်  မရှိတော့ပါဘူး။ သူတို့မှာ ရန်ပုံငွေတော်တော်များများတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီပရောဂျက် က ကျရှုံးတာဆိုတော့ စိတ်ပူစရာပါပဲ။ ”လို့ မာချန်က ပြောပါတယ်။

 

“ဒါပေမဲ့ ဒီလိုပရောဂျက်တွေကရော လိမ်လည်မှုတွေလို့ ခေါ်မလားဆိုတာကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။” လို့လည်း မာချန်က ပြောပါသေးတယ်။

 

လူတိုင်းဒီစျေးကွက်မှာ ပါဝင်ချင်လာနိုင်တဲ့အချိန်မှာ ကျွန်တော်ထင်တာတော့ ဒီလိုဖြစ်ဖို့ လိုပါသေးတယ်။ အဲဒီအချိန်မှာ လူတွေကို ရာဇဝတ်ကောင်တွေလို့ပဲ ထင်ကြမှာပါ၊ ဘာလို့လဲဆိုတော့ စုဆောင်းသူတွေက သူတို့ရဲ့ ပိုက်ဆံအားလုံးကို NFTမှာ သုံးလိုက်ပြီး အဲဒါတွေက တန်ဖိုးမရှိတော့ပါဘူး။ ဒီပိုက်ဆံတွေနဲ့ တည်ထောင်သူတွေက ဘာလုပ်မှာလဲ။ ပြန်ပေးမှာလား။ သူတို့ပဲ သုံးပစ်လိုက်မှာလား။

 

ဒါ့အပြင် NFTလောကရဲ့ ကျင့်ဝတ်ရှိတဲ့ မှောင်ခိုဖြစ်တဲ့ ဂရေးနေရာမှာဆိုရင်လည်း လူလိမ်တွေအကြောင်း သိနေပေမယ့်လည်း ဆုံရှုံးမှုတွေဖြစ်နေဆဲ ဖြစ်တဲ့ NFTလိမ်လည်မှုတွေ ရှိနေဆဲပါပဲ။ ဒါကြောင့်မလို့ အဆက်အသွယ်မပြတ်အောင်နေပါ။ ကိုယ်နိုင်သလောက် ပညာပေးဆွေးနွေးမှုတွေ လုပ်ပါ။ ကိုယ်အရှုံးခံနိုင်တဲ့ ပမာဏထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ပါနဲ့။

 

သတင်းအရင်းအမြစ်: Coindesk

ဘာသာပြန်သူ: Ko Myat Minn Kyaw


❄️❄️❄️❄️❄️❄️❄️


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🎇Happy Lunar New Year🎇
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe