ဂတ်စ်ဖိုးဆိုတာက အီသာရီရမ်ဘလော့ချိန်းပေါ်မှာ ပေးရတဲ့ ဝန်ဆောင်ကြေး
By Ma Thida Tun     /     2022.02.04    /     Volume 15    /    Subscribe
ဒီနေ့သတင်း
📧 တရုတ်နိုင်ငံကတော့ ဘလော့ချိန်း ပရောဂျက်များအတွက် စံပြနေရာ 15 ခုနဲ့ အဖွဲ့အစည်း 164ခုကို သတ်မှတ်

📧 အီလက်ထရွန်နစ် အားကစား(E-sports) အဖွဲ့အစည်းဖြစ်တဲ့ 100 သီးဖ်(100 Thieves)ကတော့ ပိုလီဂွန်မှာ အခမဲ့ NFT ကို ထုတ်လုပ်ခဲ့

📧 အယ်ဖာဘတ်(Alphabet)ရဲ့ CEOကတော့ ကုမ္ပဏီကလည်း “ဘလော့ချိန်းကို လေ့လာနေတယ်”လို့ ပြော

📧 အီသာရီရမ် ဂက်စ်ဖိုး(အခကြေးငွေ)ဆိုတာ ဘာလဲ

1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️

2. သတင်းများ

📧  တရုတ်နိုင်ငံကတော့ ဘလော့ချိန်း ပရောဂျက်များအတွက် စံပြနေရာ 15 ခုနဲ့ အဖွဲ့အစည်း 164ခုကို သတ်မှတ်(2022.02.04)

တရုတ်နိုင်ငံကတော့ ဘလော့ချိန်း ပရောဂျက်များအတွက် စံပြနေရာ 15 ခုနဲ့ အဖွဲ့အစည်း 164ခုကို သတ်မှတ်ဖွဲ့စည်းလိုက်ပါတယ်။ တနင်္ဂနွေနေ့က တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဘလောချိန်းကို အသုံးပြုမယ့် ပရောဂျက်က ဆက်စပ်မှုရှိတဲ့ လုပ်ငန်းနယ်ပယ် အချင်းချင်းတွေထဲက ဖြစ်ပါတယ်။ ၎င်းတို့ကတော့ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်၊ အစိုးရနဲ့ အခွန်ဝန်ဆောင်မှုများ၊ ဥပဒေ၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်မှုနဲ့ ဘဏ္ဍာရေး၊ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံရဲ့ အဖွဲ့အစည်း 16ခုကတော့ ဆန်းသစ်တဲ့ ဘလော့ချိန်းနည်းပညာကို အသုံးချဖို့အတွက် နိုင်ငံအဆင့် စံပြနေရာများ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့အစည်း 16ခုထဲမှာတော့ တရုတ်ပြည်သူ့ဘဏ်(PBOC)၊ တရုတ်ဘဏ်လုပ်ငန်းနဲ့ အာမခံလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်နဲ့ တရုတ်ရှယ်ယာလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်တို့ ပါဝင်ပါတယ်။

 

ဘလော့ချိန်းနည်းပညာကို အသုံးချခြင်း

ပရောဂျက်မှာတော့ စံပြနေရာ 15ခုကို လျာထားပြီး၊ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုန်းပြည်နည် တောင်ပိုင်းရှိ ကွမ်ကျိုး၊ စီချွမ်ပြည်နယ်များရှိ ချန်ဒူးတို့မှာ ရှိတဲ့ နေရာတွေ ပါဝင်ပါတယ်။ စာရင်းထဲမှာတော့ ဘလော့ချိန်း စံပြပရောဂျက်တဲ့ ရွေးချယ်ခံထားရတဲ့  ဆေးရုံများ၊ တက္ကသိုလ်များနဲ့ ကုမ္ပဏီများလည်း ပါ၀င်ပါတယ်။ ဒါ့အပြင် လူသိများတဲ့ SAIC-GM ဝူလင်း ကားကုမ္ပဏီ(SAIC-GM-Wuling Automobile Co.)၊  တရုတ်နိုင်ငံ ကမ်းလွန်ရေနံကုမ္ပဏီ(China National Offshore Oil Corp)၊ ပေကျင်း ဂတ်စ် ဂရု(Beijing Gas Group Co.)နဲ့ တရုတ် စက်မှုလုပ်ငန်းနဲ့ စီးပွားရေး ဘဏ်လည်း ပရောဂျက်ကို လုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

 

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကတော့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုက အရေးကြီးကြောင်း အဓိကထား ပြောဆိုခဲ့ပြီး ဒေသအားလုံးက စံပြနေရာ တည်ဆောက်မှု လုပ်ငန်းများကို မြှင့်တင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘလော့ချိန်းနည်းပညာကတော့ ဒေတာမျှဝေမှုကို မြှင့်တင်ခြင်း၊ စီးပွားရေး လုပ်ငန်းစဉ်များကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ လည်ပတ်မှု ကုန်ကျစရိတ်များကို လျှော့ချခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ပိုမို ကောင်းမွန်လာစေခြင်းနဲ့ ယုံကြည်စိတ်ချရတဲ့ စနစ်တစ်ခု တည်ဆောက်ခြင်းတွေမှာ အကျိုးရှိရှိ အသုံးချရမှာ ဖြစ်ပါတယ်။  

 

လက်တွေ့ဖြစ်လာတဲ့ ဒစ်ဂျစ်တယ် ယွမ်

တရုတ်နိုင်ငံကတော့ ၎င်းရဲ့ ဒစ်ဂျစ်တယ် ယွမ် (သို့)  CBDCကို မိတ်ဆက်မယ့် အစီအစဉ်ကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ တရုတ်ပြည့်သူဘဏ် (PBOC)ကတော့ ၎င်းရဲ့ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုသူ 261သန်းရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဆက်လက်ပြီး ဘဏ်ကနေ ဒစ်ဂျစ်တယ် ယွမ်ကို အသုံးပြုကာ ဒေါ်လာ 14ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ငွေလွှဲမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း ကြေညာခဲပါတယ်။ ဒါ့အပြင် အခုအခါ ကုန်သည် 8သန်းကျော်က e-CNYကို လက်ခံနေပြီဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက ဘလော့ချိန်းပရောဂျက်အတွက် စံပြနေရာ 15ခုနဲ့ အဖွဲ့အစည်း 164 ခုကို ခွဲဝေသတ်မှတ်လိုက်တယ်ဆိုတဲ့ ပို့စ်ကတော့ ကွိုင်ဂိတ်(CoinGape)မှာ ပထဆုံးဖော်ပြခဲ့ပါတယ်။


သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 အီလက်ထရွန်နစ် အားကစား(E-sports) အဖွဲ့အစည်းဖြစ်တဲ့ 100 သီးဖ်(100 Thieves)ကတော့ ပိုလီဂွန်မှာ အခမဲ့ NFT ကို ထုတ်လုပ်ခဲ့(2022.02.03)

အီလက်ထရွန်းနစ် အားကစားအဖွဲ့အစည်းဖြစ်တဲ့ 100 သီးဖ်(100 Thieves)ကတော့ ဆန်းသစ်တဲ့ ယဉ်ကျေးမှု တီထွင်မှုများကြောင့် လူသိများပြီး၊ ပြိုင်ဆိုင်မှု ဂိမ်းများရဲ့ ရှေ့ဆုံးမှာ ရှိတဲ့ အီလက်ထရွန်နစ် အားကစား ထောက်ခံသူများက “ဟွတ်ဒီအဖွဲ့ (hoodie org)”ဆိုပြီးတော့လည်း မကြာခဏ ဖော်ပြကြပါတယ်။ ဒါပေမဲ့ 100 သီးဖ်(100 Thieves,100T)နဲ့ ၎င်းရဲ့ တည်ထောင်သူ နိတ်ရှော့(Nadeshot)ကတော့ ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်မှုနဲ့ ယှဉ်ပြိုင်ခြင်းဆိုင်ရာမှာ ညီမျှမှု ရှိလာအောင် ကြိုးစားလုပ်ဆောင်လာခဲ့ပါတယ်။

 

အဲဒီ့အတွက် အဖွဲ့အစည်းရဲ့ မကြာသေးမီက LCS ချန်ပီယံပြိုင်ပွဲ အနိုင်ရရှိမှုကို ဖော်ပြတဲ့ အခမဲ့ NFTကို ထုတ်လုပ်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်း ရှိပါဦးမလား။

 

100 သီးဖ်(100 Thieves)- ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း

ပြီးခဲ့တဲ့ သြဂုတ်လမှာ 100 သီးဖ်(100 Thieves)ကတော့ ပြိုင်ဆိုင်မှု ဂိမ်းများထဲက အကြီးဆုံး ချန်ပီယံ စီးရီးပွဲစဉ်များထဲမှ တစ်ခုဖြစ်တဲ့ LCS(League of Legends Championship Series)ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခြင်းနဲ့အတူ အဖွဲ့အစည်းကနေ ကစားသမားများကို 100 သီးဖ်(100 Thieves)စိန်ဆွဲကြိုး ချီးမြှင့်ခဲ့ပါတယ်။  အဖွဲ့အစည်းကတော့ အနိုင်ရရှိမှုကို NFTထုတ်လုပ်ခြင်းဖြင့် ဆက်လက် ဂုဏ်ပြုဖို့ လုပ်ဆောင်နေပါတယ်။

 

NFTကတော့ 100 သီးဖ်(100 Thieves) သီးသန့် ဝက်ဆိုဒ်စာမျက်နှာမှာ  အချိန် အကန့်အသတ်နဲ့ ရနိုင်ပြီး၊ ၎င်းကတော့ ကစားသမားများကို ချီးမြှင့်ခဲ့ စိန်ဆွဲကြိုး လှည့်ပတ်နေတဲ့ ပုံ ဖြစ်ပါတယ်။

လင့်အင်(LinkedIn)ပို့စ်မှာတော့ 100 သီးဖ်(100 Thieves)ဥက္ကဌနဲ့ လုပ်ဆောင်မှု တာဝန်ခံ(COO)ဖြစ်တဲ့  ဂျွန် ရော့ဘင်ဆန်(John Robinson)က အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ "လောင်းကစားလုပ်နိုင်တဲ့ ပိုင်ဆိုင်မှု (သို့) အသုံးပြုနိုင်မှုထက် ကျော်လွန် အသိအမှတ်ပြုခြင်းကို ရှောင်ကြဉ်ခြင်း”လို့  ဖော်ပြခဲ့ပြီး၊ "Web3ကတော့ ကျွန်တော်တို့အတွက် ကာလရှည် ပရောဂျက်တစ်ခု ဖြစ်တယ်”လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

အဖွဲ့အစည်းကတော့ ၎င်းတို့ရဲ့ ပထမဆုံး NFT ကို ပြီးခဲ့သည့်နှစ် ဧပြီလမှာ “အန်တား အင်ဖနတီ(Enter Infinity)”ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး၊ အမှတ်တရပစ္စည်း ထုတ်ဝေမှုနဲ့ အတူ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ့အချိန်ကနေ စပြီး ဂိမ်းလုပ်ငန်းကတော့ NFTရဲ့  ခိုင်မာတဲ့ နယ်ပယ် တစ်ခု ဖြစ်လာခဲ့ပေမဲ့ သမရိုးကျ ဂိမ်းပရိတ်သတ်များတော့ NFTက ဂိမ်းကစားခြင်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ခြင်းနဲ့ ပက်သက်ပြီး ယုံကြည်မှု မရှိကြသေးပါဘူး။ 100 သီးဖ်(100 Thieves)ကတော့ အဲဒီ့အချက်ကို ပြောင်းလဲဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 အယ်ဖာဘတ်(Alphabet)ရဲ့ CEOကတော့ ကုမ္ပဏီကလည်း “ဘလော့ချိန်းကို လေ့လာနေတယ်”လို့ ပြော(2022.02.02)

ဂူးဂဲလ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အယ်ဖာဘတ်ကတော့ ဘလော့ချိန်းနည်းပညာကို လေ့လာနေတယ်လို့ CEO ဆန်ဒါ ပီချိုင်(Sundar Pichai)က အင်္ဂါနေ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။  

 

ကုမ္ပဏီရဲ့ လေးလပတ် ဝင်ငွေနဲ့ ပက်သက်တဲ့ မေးမြန်းမှုမှာ ဖြေကြားရင်း ပီချိုင်ကတော့ “Web 3နဲ့ ပက်သက်ပြီး ဘလော့ချိန်းကို လေ့လာနေပါတယ်။ များပြားလှတဲ့ ဆောဖ်ဝဲများနဲ့ အတူ စိတ်ဝင်စားစရာ ကောင်းပြီး အားကောင်းတဲ့ နည်းပညာဖြစ်ပါတယ်။ ဘယ် ဆောဖ်ဝဲထက်မဆို အရမ်း ကျယ်ပြန့်တဲ့ နည်းပညာဖြစ်ပါတယ်”လို ပြောခဲ့ပါတယ်။

 

နည်းပညာပိုင်း မေးမြန်းမှုနဲ့ ပက်သက်ပြီးတော့လည်း “ဆန်းသစ်တီထွင်မှုတွေ ရှိလာတိုင်း

စိတ်လှုပ်ရှားစရာ ကောင်းတယ်”လို့ ပီချိုင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ "ဒါကလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တဲ့ အရာလို့ ယူဆကြောင်း”ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

ပီချိုင်ကတော့ ကုမ္ပဏီရဲ့ ကလောက်ဌာန(Cloud Department)က "ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများ"နဲ့ ပက်သက်ပြီး လုပ်ဆောင်နေတဲ့ ကုမ္ပဏီများနဲ့ စာချုပ် ချုပ်ဆိုခဲ့မှုများကိုလည်း  ကိုးကားပြီးပြောခဲ့ကြောင်း မင့်(Mint)က ဖော်ပြခဲ့ပါတယ်။

 

ဂူးဂဲလ်(မိခင်ကုမ္ပဏီက အယ်ဖာဘတ်)ကတော့ ၎င်းရဲ့ ငွေပေးချေမှုဌာနကို ဦးဆောင်ဖို့ ပေးပေါ(PayPal)က အမှုဆောင်ဟောင်း တစ်ဦးကို မကြာသေးမီက ငှားရမ်းခဲ့ပါတယ်။ ဂူးဂဲကနေပဲ ပိုင်ဆိုင်ပြီး ဗီဒီမျှဝေတဲ့ ပလက်ဖောင်းဖြစ်တဲ့ ယူကျူ့ရဲ့ CEOကတော့ ၎င်းရဲ့ ဗီဒီယို ဖန်တီးသူများအတွက် ပုံတူကူးမရတဲ့ တိုကင် NFTs ဝန်ဆောင်မှုများ ထည့်သွင်းနိုင်ဖို့ လေ့လာနေကြောင်း ပြောခဲ့တာ ရှိပါတယ်။

 

ဒီ သတင်းကတော့ နည်းပညာကုမ္ပဏီကြီးများအကြား ဘလော့ချိန်းနဲ့ ဆက်စပ်တဲ့ နယ်ပယ်ထဲကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာနေတဲ့ ကြားကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မက်တာကတော့ အသုံးပြုသူများအတွက် NFT ဈေးကွက်ကို ဖန်တီးပေးနိုင်ဖို့ ပြုလုပ်နေပြီး၊ တွစ်တာကတော့ အဖွဲ့ဝင်ကြေးပေးပြီး အသုံးပြုနေတဲ့ အသုံးပြုသူများအတွက် ပရိုဖိုင်ပုံများမှာ NFTs များ အတည်ပြုစစ်ဆေးနိုင်ခြင်း ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 အီသာရီရမ် ဂက်စ်ဖိုး(အခကြေးငွေ)ဆိုတာ ဘာလဲ

ဂတ်စ်ဖိုးဆိုတာက အီသာရီရမ် ဘလော့ချိန်းပေါ်မှာ ဘာလုပ်ငန်းစဉ်မျိုးမဆို လုပ်ဆောင်ဖို့ သုံးစွဲသူအကုန် မဖြစ်မနေ ပေးရတဲ့ အရာပါ။

 

အလကားစားရတဲ့ နေ့လည်စာဆိုတာ မရှိသလိုပဲ အခမဲ့ ငွေလွှဲလို့ ရတာလည်း မရှိပါဘူး။ ဒေါ်လာ 20 ရဖို့ အေတီအမ် ငွေထုတ်စက်မှာ 5 ဒေါ်လာလောက် သုံးရတာက စိတ်ပျက်စရာကောင်းတယ်ဆိုရင် ဒေါ်လာ 500 လွှဲဖို့ ဒါမှမဟုတ် ပင်ဂွင်းတစ်ကောင်ရဲ့ ပုံကို ရဖို့ ဒေါ်လာ 100 လွှဲရတာကို စိတ်ကူးကြည့်ပါ။

 

မမြင်လွယ်တဲ့ ဥပမာဆိုပေမယ့် အီသာရီရမ်ကွန်ရက်မှာ ငွေလွှဲဖို့ ဒါမှမဟုတ် လုပ်ငန်းစဉ်တစ်ခု လုပ်ဖို့ တစ်ခါတရံမှာ ဒါက ပြဿနာဖြစ်လာနိုင်ပါတယ်။ အေတီအမ် ငွေလွှဲခနဲ့ မတူတာက လကုန်မှာ အီသာရီရမ်ကွန်ရက်က ကိုယ့်ကို ဂက်စ်ခ ပြန်ပေးမှာ မဟုတ်ပါဘူး။

 

ဂတ်စ်ဆိုတာ ဘာလဲ

ဂတ်စ်ဆိုတာက ကွန်ရက်နဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ အီသာရီရမ်ရဲ့ ကိုယ်ပိုင် ငွေကြေးဖြစ်တဲ့ အီသာပမာဏကို ပြောတာပါ။ ဒီ အခကြေးငွေတွေကို ငွေလွှဲခ အတည်ပြုဖို့ အီသာရီရမ် မိုင်းတူးတဲ့သူတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ပြန်ပြီး ကာမိဖို့နဲ့ ကွန်ရက်ကို မကောင်းတဲ့ လူတွေအတွက် ဈေးကြီးအောင် လုပ်ထားပြီး အီသာရီရမ် ကွန်ရက်ကို ပိုပြီး လုံခြုံအောင် လုပ်ဖို့ပါ။

 

ဒီလိုအခကြေးငွေကောက်တာက ငွေလွှဲခတွေကို ဆက်အတည်ပြုဖို့ မိုင်းတူးသမားတွေကို မက်လုံးပေးတဲ့ နည်းကောင်းဖြစ်ပြီး ကွန်ရက်ကို လုံခြုံစေပေမယ့် ဂတ်စ်ခပေးရတာက သုံးစွဲသူတိုင်းရဲ့ အီသာရီရမ်ကို မကြိုက်ဆုံးအချက် ဖြစ်ပါတယ်။ လူတွေဂတ်စ်ခကို မကြိုက်ကြတာ အခကြေးငွေ ပေးရလို့တင် မဟုတ်ဘဲ ကွန်ရက်သုံးတာ များနေတဲ့ အချိန်မှာ ဂတ်စ်ခက အရမ်းဈေးကြီး တာကြောင့်လည်း ပါပါတယ်။

 

ဒီတော့ ဘာက ဂတ်စ်ခတွေကို အရမ်းဈေးကြီးစေလဲဆိုတာနဲ့ အီသာရီရမ်ရဲ့ စနစ်နဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့အချိန်မှာ ပိုက်ဆံသက်သာဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

 

ဂတ်စ်ခတွေကို ဘယ်လိုတွက်တာလဲ

ဂတ်စ်ခတွေ ဘာကြောင့်ဈေးကြီးလဲဆိုတာနဲ့ ဘယ်လိုပိုက်ဆံချွေတာမလဲဆိုတာကို နားလည်ဖို့ ဂတ်စ်ခတွေကို ဘယ်လိုတွက်ယူလဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။

 

အီသာရီရမ်ပေါ်က ဂတ်စ်ခတွေက 1 အီးတီအိတ်ချ်(ETH) ထက်နည်းတာကြောင့် (တစ်ခါတလေ နည်းတယ် မထင်ရပေမယ့်) အီသာရီရမ်က 1 ETHကို ဝီ(Wei) သန်းတစ်သန်းနဲ့ ညီမျှတဲ့ ဝီဆိုတဲ့ ယူနစ်ပါတဲ့ မက်ထရစ်စနစ်တစ်ခုကို အသုံးပြုပါတယ်။ (သန်းတစ်သန်းဆိုတာ 1 နောက်က သုည 18 လုံးပါတဲ့ ဂဏန်းတစ်ခုပါ။) အသုံးအများဆုံး ဝီတန်ဖိုးထဲက တစ်ခုဖြစ်ပြီး ဂတ်စ်ခကို ကိုယ်စားပြုတဲ့ ဝီကတော့  ဂစ်ဂါဝီ (gwei) ဒါမှမဟုတ် ဝီတစ်သန်းပါ။ အဲဒါကြောင့် ဂတ်စ်ခစစ်တဲ့အရာနဲ့ စစ်ပြီး ငွေလွှဲခအတွက် ပျမ်းမျှဂတ်စ်ခက 100ဂစ်ဂါဝီဆိုရင် အဲဒီငွေလွှဲခအတွက် အခြေခံဈေး 0.0000001 ETH ပေးရမှာပါ။ (ငွေချေချိန်မှာ 0.00031 ဒေါ်လာပါ)

 

ကိုယ်က တိုကင်ထုတ်ဖူးတာ ဒါမှမဟုတ် အိုးပမ်းဆီး (OpenSea)လို တစ်ဆင့်ဈေးကွက်ကနေ တိုကင်ဝယ်ဖူးရင် 100ဂစ်ဂါဝီဆိုတာ အန်အက်ဖ်တီ(NFT) လွှဲဖို့အတွက် ခိုးတာလို့ ထင်ကောင်းထင်မှာပါ။ ဒါကဘာလို့လဲဆိုတော့ အခြေခံဈေးဆိုတာက အားလုံးပေါင်းဈေးရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်နေလို့ပါ။ အီသာရီရမ် လန်ဒန် အဆင့်မြှင့် ဗားရှင်းက ပြန်ညှိထားတဲ့ ဂတ်စ်ခအရ စုစုပေါင်းဈေးကို ဒီအတိုင်းတွက်ကြပါတယ်။

 

စုစုပေါင်းဈေး = ဂတ်စ်ခ (လစ်မစ်) × (အခြေခံဈေး + ဘောက်ဆူး)

 

ဂတ်စ်ခ(လစ်မစ်) - ဒါကတော့ ငွေလွှဲမှုတစ်ခုပေါ်မှာ ကိုယ်သုံးချင်တဲ့ ဂတ်စ်ရဲ့ အများဆုံးပမာဏပါ။ ကိုယ့်ငွေလွှဲတာက ဂတ်စ်ဘယ်လောက်ကျမယ်ဆိုတာ ချိန်လို့ ရပေမယ့် သေချာချိန်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အီသာရီရမ်ဘလော့ချိန်းရဲ့ မတူညီတဲ့ ငွေလွှဲမှုတွေက လွှဲပြီးဖို့ မတူညီတဲ့ ဂတ်စ်ပမာဏတွေ လိုတာကြောင့်ပါပဲ။

 

အခြေခံဈေး - ဒါကတော့ အီသာရီရမ် ဘလော့ချိန်းပေါ်က ငွေလွှဲမှုတစ်ခုကို ထည့်ဖို့ လိုအပ်တဲ့ အနည်းဆုံးဂတ်စ်ပမာဏပါ။ အခြေခံဈေးအတွက် လိုအပ်တဲ့ ဂတ်စ်ကို ဘယ်ငွေလွှဲတာမျိုးကိုမဆို ငွေလွှဲမှု ဘယ်လောက်ထိ ထည့်စေချင်လဲနဲ့ပဲ ဆုံးဖြတ်ပါတယ်။ အခြေခံဈေးတွေက ဘယ်လောက်ထိ လုပ်စေချင်တယ်ဆိုတာပေါ် မူတည်တဲ့အတွက် ဘယ်အချိန်မဆို ကွန်ရက်နဲ့ အသုံးပြုနေတဲ့ သုံးစွဲသူတွေအပေါ် မူတည်ပြီး ဈေးကို ညှိသွားတာပါ။

ဘောက်ဆူး - ဦးစားပေးခလို့လည်း သိကြတဲ့ ဘောက်ဆူးကတော့ ကိုယ့်ငွေလွှဲတာကို မြန်မြန်ပြီးအောင် လုပ်ပေးတဲ့ အပိုအခကြေးငွေပါ။ ဒီအခကြေးငွေကို ဘောက်ဆူးလို့ သိကြတာက အီသာရီရမ် မိုင်းတူးသမားတွေ ကိုယ့်ငွေလွှဲတာကို သူများတွေထက် အရင်အတည်ပြုပေးအောင် ငွေကြေးမက်လုံးပေးတာကြောင့်ပါပဲ။ မိုင်းတူးသမားက ဦးစားပေးခပါတဲ့ ငွေလွှဲတာကို အတည်ပြုလိုက်တာနဲ့ သူတို့က အဲဒီဦးစားပေးခကို အတည်ပြုပေးတဲ့အတွက် ရပါတယ်။ မိုင်းတူးသမားတွေက ဘယ်ငွေလွှဲတာက ဘောက်ဆူးပါတယ်ဆိုတာကို မြင်ရတာကြောင့် သူတို့ ပိုက်ဆံများများရဖို့ ဘောက်ဆူးအများဆုံးပါတဲ့ ငွေလွှဲတာကို ဦးစားပေးပြီး လုပ်ပေးမှာပါ။

 

ကိုယ်ငွေလွှဲဖို့အတွက် လိုအပ်တဲ့ ဂတ်စ်ပမာဏအောက် ကိုယ့်ရဲ့ ဂတ်စ်လစ်မစ်ကို ထားလိုက်မယ်ဆိုရင် ငွေကတော့ မလွှဲပေမယ့် ဂတ်စ်ခကတော့ ပြန်ရမှာ မဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မိုင်းတူးသမားက ငွေလွှဲတာ အတည်ပြုပေးဖို့ ဒီလောက်အလုပ်ကို လုပ်ပေးခဲ့ရပြီး ငွေလွှဲတာ မအောင်မြင်ရင်တောင်မှ သူတို့က လုပ်ပေးလို့ အခကြေးငွေရပါတယ်။

 

စုစုပေါင်းဈေးကို တွက်ဖို့ဆိုရင် ကျွန်တော်က ခင်ဗျားကို 1 ETH လွှဲချင်နေပြီး အီသာရီရမ်ပေါ်မှာ ETH လွှဲဖို့ လိုအပ်တဲ့ ပျမ်းမျှ ဂတ်စ်ပမာဏက 2,3000ဂစ်ဂါဝီ ဆိုပါတော့။ ကျွန်တော်က အဲဒါကို ဂတ်စ်လစ်မစ်အနေနဲ့ ထားလိုက်မယ်။ အဲဒီအချိန်မှာ ငွေလွှဲဖို့လိုတဲ့ အနည်းဆုံး ဂတ်စ်ပမာဏ (အခြေခံဈေး) က 150ဂစ်ဂါဝီပေါ့၊ ဒါပေမဲ့ ကျွန်တော်က မြန်မြန်လွှဲချင်တော့ 20ဂစ်ဂါဝီကို ဘောက်ဆူးအနေနဲ့ ထည့်လိုက်မယ်။ ဒီလိုအခြေအနေမျိုးမှာတော့ စုစုပေါင်းဈေးအတွက် ပုံသေနည်းက ဒီလို ဖြစ်မှာပေါ့။

 

1 ETH လွှဲဖို့ စုစုပေါင်း အခကြေးငွေ = 2,3000 gwei × (150 gwei + 20 gwei)

 

ဒီအတိုင်းဆိုရင် စုစုပေါင်းအခကြေးငွေက 3910000ဂစ်ဂါဝီ ဒါမှမဟုတ် 0.00391 ETH (ငွေချေချိန်မှာ 13 ဒေါ်လာခန့်) ကျပါမယ်။ ဆိုလိုတာက ကျွန်တော်က အီသာရီရမ် ဘလော့ချိန်းကို 1.00231 ETH ပေးရပြီး ခင်ဗျားက လှတဲ့ JPG တွေ ဝယ်ဖို့ 1 ETH ရမှာပေါ့။

 

ဂတ်စ်ခတွေက ဘာလို့ အရမ်းဈေးကြီးတာလဲ

စုစုပေါင်းဂတ်စ်ခတွေကို ဘယ်လိုတွက်လဲဆိုတာ နားလည်ပြီးရင် ဂတ်စ်ခတွေ ဘာလို့ ဈေးကြီးလဲဆိုတာ ပိုပြီးသိလာနိုင်ပါတယ်။ အဓိကကတော့ လောလောဆယ် ဂတ်စ်ခတွေ အရမ်းမြင့်သွားရတဲ့ အကြောင်းရင်း နှစ်ခုက

  • ဂတ်ခ်ခကို ဂစ်ဂါဝီ နဲ့ သတ်မှတ်ခြင်းနဲ့
  • အီသာရီရမ်ရဲ့ စုစုပေါင်းဈေး ပုံသေနည်းတွေ ပြောင်းလဲခြင်းကြောင့်ပါ။

 

ETH ဈေးကြီးလို့ ဂတ်စ်ခဈေးကြီးတယ်

ဂတ်စ်ခတွေ ဈေးကြီးရတဲ့ အရေးကြီးတဲ့ အကြောင်းကတော့ ETH က ပိုဈေးကြီးးလာလို့ပါပဲ။  ဂတ်စ်ခတွေကို ETHကို နောက်တစ်မျိုးဖော်ပြတဲ့ gwei နဲ့ သတ်မှတ်တယ်ဆိုတာ ပြန်သတိရပါ။ ဒီလိုဝယ်လိုအားတွေ တက်လာရတဲ့ အဓိကအကြောင်းရင်းက ဗဟိုအထိန်းအချုပ်မဲ့ငွေကြေးနဲ့ အန်အက်ဖ်တီအပိုင်းတွေ အရမ်းထွန်းကားလာတာကြောင့် ဖြစ်ပြီး ဒါကလည်း သုံးစွဲသူအသစ်တွေကို အီသာရီရမ်စနစ်ဆီရောက်လာအောင် ဆွဲခေါ်နေတာပါပဲ။

 

အခြေခံဈေးက ပိုကုန်လာလို့ ဂတ်စ်ခဈေးကြီးတယ်

အခုဂတ်စ်ခတွေ အရမ်းကုန်ရတာက အီသာရီရမ်ရဲ့ စုစုပေါင်းဈေးက ပြောင်းလဲနေလို့ပါ။ အခြေခံဈေးဆိုတာ အီသာရီရမ် ဘလော့ချိန်းပေါ်မှာ ငွေလွှဲဖို့ လိုအပ်တဲ့ အနည်းဆုံး ဂတ်စ်ပမာဏ ဖြစ်ပြီး ကိုယ်ငွေလွှဲတာကို ဘယ်လောက်ထိ ပါစေချင်လဲဆိုတဲ့ အပေါ် မူတည်ပြီး ဈေးကို ညှိတယ်ဆိုတာ မှတ်ထားပေးပါ။ ရလဒ်အနေနဲ့ကတော့ အီသာရီရမ်ဘလော့ချိန်းမှာ လွှဲလိုအား များလာတာနဲ့ အခြေခံဈေးက လိုက်တက်လာတာပါပဲ။

 

အီသာရီရမ် ဘလော့ချိန်းပေါ်မှာ အလုပ်လုပ်နေတဲ့ ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်း (ဒီအပ်) ပေါင်း 3,000 ကျော်ရှိပြီး အကုန်လုံးက တခြား အီသာရီရမ် ကွန်ရက် အသုံးပြုသူတွေနဲ့အတူ ငွေလွှဲတာ တွေပါ ထည့်ပေးဖို့ လုပ်ထားကြတာပါ။ ဒီအပ်တစ်မျိုးတည်းနဲ့တင် အီသာရီရမ်ပေါ်မှာ နေ့စဉ်သုံးစွဲသူပေါင်း 100,000 ရှိပြီး တစ်နေ့ကို ငွေလွှဲမှုပေါင်း 250,000 ဝန်းကျင် ရှိပါတယ်။

 

အီသာရီရမ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတာက အခြေခံဈေးတွေကို မြင့်စေရုံတင်မက အခြေခံဈေးအတွက် ဂတ်စ်ခကိုပါ ပိုပြီး မငြိမ်ဖြစ်စေပါတယ်။ ဂတ်စ်ခတွေကို ပိုငြိမ်အောင်လုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ အီသာရီရမ်ရဲ့ EIP 1599 အဆင့်မြင့် ဗားရှင်းက ငွေမလွှဲခင် အခြေခံဈေးကို တွက်ပေးဖို့ လုပ်ထားပါတယ်။ EIP 1599 ရဲ့ အကျိုးအပြစ်တွေကိုတော့ ပြောဆိုနေကြတုန်းပဲ ဖြစ်ပြီး အီသာရီရမ် ဝယ်လိုအား များလာတာကြောင့် အခြေခံဈေးကတော့ စုစုပေါင်း ဂတ်စ်ခကို ဆက်ပြီး တက်စေတုန်းပါပဲ။

 

အီသာရီရမ် 2.0 က အီသာရီရမ်ရဲ့ သဘောတူညီချက် အယ်လ်ဂိုရစ်သမ်ကို အလုပ်သက်သေပြချက် (proof-of-work, PoW) ကနေ ပိုင်ဆိုင်မှုသက်သေပြချက် (proof-of-stake, PoS) ကို ကူးပြောင်းတာ မြင်ရမယ့် အီသာရီရမ်ကွန်ရက်ရဲ့ အဆင့်မြှင့်မှုကြီးပါ။ ကွန်ရက်ကို အကျိုးဖြစ်စေမယ့် အကျိုးတွေထဲကမှ ဒီဗားရှင်းက ငွေလွှဲနိုင်စွမ်းတွေနဲ့ မိုင်းတူးသမားတွေနဲ့ ဆက်ဆံနိုင်စွမ်းတွေကို တိုးတက်အောင်လုပ်ပြီး တခြားဈေးကွက်ထဲက သူတွေထက် အီသာရီရမ် အခကြေးငွေကို သိသိသာသာ လျှော့ချပစ်လိုက်တာပါ။

 

ဂတ်စ်ခနည်းအောင် ဘယ်လိုသုံးကြမလဲ

အီသာရီရမ် ဘလော့ချိန်းကို သုံးချိန်မှာ ဂတ်စ်ခကို ရှောင်ဖို့ မဖြစ်နိုင်ပေမယ့် နည်းသွားအောင်တော့ လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။

 

အချိန်ကောင်းကို ရွေးပြီး စိတ်ရှည်ပါ

ဆိုးတာက ဂတ်စ်ခရဲ့ ဆိုးကျိုးကိုတော့ တိုက်ရိုက်လျှော့ချလို့ မရပေမယ့် အခြေခံဈေးနဲ့ ဘောက်ဆူးကို လျှော့ချပြီး စုစုပေါင်းဈေးကိုတော့ လျှော့လို့ရပါတယ်။

 

အခြေခံဈေးကို လျှော့ပြီး စုစုပေါင်းဂတ်စ်ခကို လျှော့ဖို့ ကိုယ့်ရဲ့ ငွေလွှဲမှုကို ဘလော့ချိန်း လူသုံးနည်းတဲ့ အချိန်မှာ လုပ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံဈေးဆိုတာက အီသာရီရမ် သုံးလိုအားကို ကိုယ်စားပြုချက်တစ်ခုပါပဲ။ အီသာရီရမ် ကွန်ရက်နဲ့ ပိုပြီး ဆက်သွယ် လုပ်ဆောင်ဖို့လိုရင် ဂတ်စ်ခတွေက ပိုဈေးကြီးပါတယ်။ ဒါကြောင့် အီသာရီရမ်ကွန်ရက်နဲ့ လုပ်ဆောင်ဖို့ အသုံးနည်းတဲ့အချိန်ကို ရှာနိုင်ရင် ကိုယ့်ငွေလွှဲမှုရဲ့ အခြေခံဈေးကို လျှော့ချပြီး ဂတ်စ်ခကို နည်းနည်းပဲ သုံးလို့ရပါတယ်။ စနေ တနင်္ဂနွေကတော့ ဒီလိုလုပ်ဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။

 

စုစုပေါင်းဂတ်စ်ခကို လျှော့ချတဲ့ နောက်တစ်နည်းက ဘောက်ဆူးကို လျှော့တာပါ။ ဘောက်ဆူး ဒါမှမဟုတ် ဦးစားပေးခက မြန်မြန်ငွေလွှဲလို့ရဖို့ အပြန်အလှန်အနေနဲ့ မိုင်းတူးသမားတွေကို ပေးရတဲ့ ထပ်ဆောင်းငွေပါ။ ကိုယ်က အချိန်နဲ့ လွှဲဖို့မလိုဘူး စိတ်ရှည်တယ်ဆိုရင် ဘောက်ဆူး လျှော့ပေးတာကလည်း ဂတ်စ်ခသက်သာစေမယ့် နောက်တစ်နည်းပါပဲ။

 

ကိုယ့်ငွေလွှဲမှုမှာ အများဆုံး အခကြေးငွေ ကန့်သတ်ခြင်း

ဂတ်စ်ခနည်းအောင်လုပ်ဖို့ နောက်တစ်နည်းကတော့ ကိုယ့်ငွေလွှဲမှုမှာ အများဆုံး ဂတ်စ်ခ ကန့်သတ်ထားတာပါပဲ။ ဂတ်စ်ခ ကန့်သတ်တာက ဂစ်ဂါဝီဘယ်လောက်ကို စုစုပေါင်း ဂတ်စ်ခအနေနဲ့ သုံးပြီး ဂစ်ဂါဝီ ဘယ်လောက်ကိုပဲ အများဆုံး သုံးမယ်လို့ အီသာရီရမ်ဘလော့ချိန်းကို ပြောလိုက်တာပါ။ ငွေလွှဲပြီးတာနဲ့ အီသာရီရမ်ကွန်ရက်က ဂတ်စ်ခအနေနဲ့ မသုံးလိုက်တဲ့ အများဆုံး ဂတ်စ်ခရဲ့ ကျန်တဲ့ငွေကို ပြန်လွှဲပေးမှာပါ။

 

ဂတ်စ်ခကန့်သတ်တာက ဂတ်စ်ခနည်းအောင် လုပ်ပေးရုံတင်မကဘဲ ငွေလွှဲခတစ်ခုအတွက် လိုအပ်တာထက် ပိုမပေးရတဲ့အတွက် ကိုယ့်စိတ်ကိုလည်း ကျေနပ်စေပါတယ်။ ဒါပေမဲ့လည်း ဂတ်စ်ခ ကန့်သတ်တာနဲ့ ပတ်သက်ပြီး ကိုယ်ငွေလွှဲဖို့ လိုတဲ့ ဂတ်စ်ပမာဏအောက်ကို ကန့်သတ်ထားတာက ငွေလွှဲလို့ မရစေဘဲ ကိုယ့်ရဲ့ ဂတ်စ်ခကိုပါ ဆုံးစေနိုင်ပါတယ်။

 

အလွှာ2 ပုံစံချ ဖြေရှင်းနည်း

နောက်ဆုံးမှာ အီသာရီရမ် အလွှာ2 ပုံစံချ ဖြေရှင်းနည်းနဲ့ အီသာရီရမ် ဘလော့ချိန်းမှာ ဂတ်စ်ခနည်းအောင် လုပ်လို့ရပါတယ်။ ပုံစံချတဲ့ ကိရိယာတွေက ငွေလွှဲနှုန်းနဲ့ တစ်စက္ကန့် ငွေလွှဲနိုင်နှုန်းကို တိုးစေဖို့ လုပ်ထားတဲ့ အီသာရီရမ် ကွန်ရက်ရဲ့ တိုးချဲ့ ကိရိယာတွေပါ။ တချို့ လူသိများတဲ့ ဥပမာတွေကတော့ အာဘစ်ထရမ် (Arbitrum)၊ လုပရင်း (Loopring) နဲ့ ဒီဝိုင်ဒီအိတ်စ် (dYdX) တွေဖြစ်ပါတယ်။

 

အလွှာ2 ပုံစံချ ဖြေရှင်းနည်းတွေကို ထိန်းချုပ်ထားတာ မရှိပါဘူး၊ ဆိုလိုတာက အီသာရီရမ် ဘလော့ချိန်းကနေ ငွေလွှဲမှုတွေကို သီးခြားဆောင်ရွက်နိုင်တာပါပဲ။ အလွှာ2 ပုံစံချ ဖြေရှင်းနည်းကို အသုံးပြုပုံ အမျိုးမျိုးရှိပေမယ့်လည်း ပုံစံတစ်မျိုးတည်းနဲ့ပဲ လုပ်ဆောင်ပါတယ်။ အလွှာ2 ငွေလွှဲမှုတွေကို အထိန်းအချုပ်မဲ့ လွှဲပြီး အီသာရီရမ် ကွန်ရက်ကနေ အတည်ပြုပြီး မှတ်တမ်းတင်ထားပါတယ်။

 

စုစုပေါင်းဈေးကိုတွက်တဲ့ ပုံသေနည်းကို နောက်တစ်ခါ ထပ်ကြည့်မယ်ဆိုရင် အလွှာ2 ပုံစံချ ဖြေရှင်းနည်းတွေက တစ်ခါငွေလွှဲဖို့ လိုတဲ့ ဂတ်စ်ယူနစ်ကို လျှော့ချပြီး ဂတ်စ်ခသက်သာအောင် လုပ်ပေးပါတယ်။ ဒီနည်းက ငွေလွှဲမှုကို အတည်ပြုနေချိန် အီသာရီရမ်နဲ့ပဲ အလုပ်ဖြစ်တာကြောင့် ငွေလွှဲမှုကို ကိုင်တွယ်ဖို့ အီသာရီရမ် မိုင်းတူးသမားတွေအတွက် ဂတ်စ်ခနည်းနည်းပဲ လိုပါတယ်။ အလွှာ 2 ပုံစံချ ဖြေရှင်းနည်းတွေက အီသာရီရမ် ကွန်ရက် အသုံးများတာကိုလည်း လျှော့ချပေးပြီး သုံးစွဲသူအားလုံးအတွက် အခြေခံဈေးကို လျော့ကျစေပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ အလွှာ 2 ပုံစံချ ဖြေရှင်းနည်းက ကိုယ့်ကို ဂတ်စ်ခနည်းနည်းပဲ သုံးရဖို့ ကူညီပေးနိုင်မှာပါ။

 

အရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🤗Have a nice weekends🤗
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe