NFTsဆိုတာကတော့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတစ်မျိုးဖြစ်ပါတယ်။
By Ma Thida Tun     /     2022.01.25    /     Volume 13    /    Subscribe
ဒီနေ့သတင်း
📧 ဘိုင်ဒန်အစိုးရကတော့ ဖေဖော်ဝါရီလအစောပိုင်းမှာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့
အစိုးရညွှန်ကြားချက် ထုတ်ပြန်မယ်

📧  အရောင်းအဝယ်လုပ်သူများက 'ပီကာချူး ပုံစံ(Pikachu Pattern)'နဲ့ ပက်သက်ပြီး

ညဉ်းညူခြင်းကြောင့် ဘစ်ကွိုင်ကတော့ 8လအတွင်း အဆိုးရွားဆုံး ရက်သတ္တပတ်ကို ဦးတည်

📧 အယ်ဆာဗာဒိုနိုင်ငံကတော့ ဈေးနှုန်းကျဆင်းမှုများအကြား ဘစ်ကွိုင် 410ကွိုင် ထပ်မံ ဝယ်ယူခဲ့တယ်လို့ သမ္မတ နာရစ်ဘူကလဲ ပြောခဲ့

📧 တွစ်တာကနေ NFT ပရိုဖိုင်ဓာတ်ပုံ အတည်ပြုခြင်းကို စတင်

📧  NFTs ဆိုတာ ဘာလဲနဲ့ ၎င်းတို့ ဘယ်လို အလုပ်လုပ်လဲ။

1. ဈေးကွက်အခြေအနေ
2. သတင်းများ

📧 ဘိုင်ဒန်အစိုးရကတော့ ဖေဖော်ဝါရီလအစောပိုင်းမှာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ အစိုးရညွှန်ကြားချက် ထုတ်ပြန်မယ် (2022.01.24)

ဒီ ညွှန်ကြားချက်မှာ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများရဲ့ အန္တရာယ်များနဲ့ အခွင့်အလမ်းများကိုတော့ ဖက်ဒရယ်အေဂျင်စီများကို ဆုံးဖြတ်ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

 

သမ္မတအိမ်ဖြူတော်ကတော့ အစိုးရညွှန်ကြားချက်တစ်ခုကို နောက်လထဲမှာ ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေပြီး၊ လမ်းညွှန်ချက်ထဲမှာတော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ အစိုးရရဲ့ ကျယ်ပြန့်တဲ့ မဟာဗျူဟာကို ရှင်းလင်းပြောပြထားကာ ဖက်ဒရယ်အေဂျင်စီတွေကနေ အန္တရာယ်နဲ့ အခွင့်အလမ်းများကို ရွေးချယ်ဆုံးဖြတ်သွားဖို့ တောင်းဆိုထားတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ဘလွန်းဘတ်(Bloomberg)က သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

ညွှန်ကြားချက်ကတော့ အိမ်ဖြူတော်ကို ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများနဲ့ ပက်သက်ပြီး မူဝါဒများ ချမှတ်ခြင်းနဲ့ ကြီးကြပ်ခြင်းတွေအတွက် ဗဟိုအခန်းကဏ္ဍမှာ ထားရှိမယ့်အကြောင်း ဘလွန်းဘတ်(Bloomberg)က ဖော်ပြခဲ့ပါတယ်။

 

ဖက်ဒရယ်အေဂျင်စီများကတော့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုကဏ္ဍနဲ့ ပက်သက်ပြီး လေ့လာကာ ကြီးကြပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို နှစ်ပေါင်းများစွာ ပေးအပ်လာခဲ့ပါတယ်။

ငွေကြေးကြီးကြပ်ရေးဌာန (OCC)၊ SEC နှင့် CFTC တို့ကတော့ မတူညီတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုကဏ္ဍများက ဖက်ဒရယ် ဥပဒေနဲ့ လိုက်လျောညီထွေမှု ရှိလာစေဖို့ ဥပဒေပြုရေး အားထုတ်မှုများနဲ့ လမ်းညွှန်ချက်များ၊ အလွတ်သဘော ထုတ်ပြန်ချက်များကို ထုတ်ပြန်လာခဲ့ပါတယ်။  ဒါပေမဲ့ ဒီလို အားထုတ်မှုများက  စာရွက်စာတမ်းတစ်ခုတည်း (သို့) အဖွဲ့အစည်း တစ်ခုအဖြစ် ပေါင်းစည်းခဲ့တာမျိုး မရှိခဲ့သေးပါဘူး။

 

ဘိုင်ဒန်အစိုးရ အကြီးတန်း အရာရှိများကတော့ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း သမ္မတထံ တင်ပြမယ့် ဒီ ညွှန်ကြားချက်ကို ဆွေးနွေးဖို့ အကြိမ်များစွာ တွေ့ဆုံခဲ့ကြောင်း ဘလွန်းဘတ်(Bloomberg)က‌ ဆိုပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 အရောင်းအဝယ်လုပ်သူများက 'ပီကာချူး ပုံစံ(Pikachu Pattern)'နဲ့ ပက်သက်ပြီး ညဉ်းညူခြင်းကြောင့် ဘစ်ကွိုင်ကတော့ 8 လအတွင်း အဆိုးရွားဆုံး ရက်သတ္တပတ်ကို ဦးတည် (2022.01.24)

စျေးနှုန်းကတော့ ဒေါ်လာ 35,000 ဝန်းကျင်မှာ ငြိမ်နေပုံရပေမဲ့ ဒေါ်လာ 1.5 ဘီလီယံကျော် တန်ဖိုးရှိ သမာရိုးကျ ရင်းနှီးမြှုပ်နှံမှုများ ဖျက်သိမ်းခံလိုက်ရတာကြောင့် ဆိုရှယ်မီဒီယာမှာတော့ လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

 

ဘစ်ကွိုင်ဈေးနှုန်းကတော့ ပုံမှန်မဟုတ်တဲ့ အလွန်အကျွံ ရောင်းချမှုတွေအပြီး တနင်္ဂနွေနေ့မှာ တည်ငြိမ်လာပုံရပေမဲ့ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးကတော့  8လအတွင်းမှာ ၎င်းရဲ့ တစ်ပတ်အတွင်း ဈေးနှုန်းအခြေအနေအတွက် အဆိုးရွားဆုံး လမ်းကြောင်းပေါ်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။

 

ဒီသတင်းရေးနေချိန်မှာတော့ ဘစ်ကွိုင်က  လွန်ခဲ့တဲ့ 24နာရီအတွင်း 1.6% တက်လာခဲ့တဲ့ ဒေါ်လာ35,000 ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒေတာဆိုက် ကွိုင်ဂလက်(Coinglass)အရဆိုရင် လွန်ခဲ့တဲ့ 3ရက်အတွင်း အနိမ့်ဆုံး ငွေပမာဏ သတ်မှတ်ချက်အောက် ကျဆင်းခြင်းဖြစ်တဲ့ မာဂျင်ကော(Margin Call)ကြောင့်  ဒေါ်လာ 1.5 ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘစ်ကွိုင်အရောင်းအဝယ်တွေက ဖျက်သိမ်းခံခဲ့ရပါတယ်။

 

ဘစ်ကွိုင်ဈေးကတော့ ပြီးခဲ့တဲ့ 7ရက်အတွင်း 19% ကျဆင်းသွားခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးများနဲ့ ပက်သက်ပြီး တရုတ်ရဲ့ ဖြိုခွင်းခြင်း အန္တရာယ်နဲ့ တက်စလာ(Tesla)ရဲ့ CEOဖြစ်တဲ့ အီလွန် မက်ရဲ့ ဘစ်ကွိုင်ဘလော့ချိန်းရဲ့ သဘာပတ်ဝန်းကျင်ထိခိုက်နိုင်မှုအပေါ် အလေးပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ 2021 ခုနှစ် 5လပိုင်း နောက်ပိုင်း အဆိုးရွားဆုံး ဈေးနှုန်းကျဆင်းမှု ဖြစ်ပါတယ်။

 

အခုအချိန်ကတော့ Fedကနေ 2020ခုနှစ် 3လပိုင်း ကိုရိုနာ19ရဲ့ စီးပွားရေးကဏ္ဍ ရိုက်ခတ်မှုအပြီး သမိုင်းဝင် မြင့်မားလာတဲ့ ငွေကြေးဖောင်းပွမှုအခြေအနေကို လျော့ချဖို့အတွက် လာမယ့် လအနည်းငယ်အတွင်း လျင်မြန်စွာ လုပ်ဆောင်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒစ်ဂျစ်တယ်ငွေကြေးအရောင်းအဝယ် ပြုလုပ်သူတွေက အခု အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းကို သတ်မှတ်ထားခြင်း ဖြစ်နိုင်ပါတယ်။ ဒေါ်လာ ထရီလျံနဲ့ ချီပြီး ရိုက်နှိက်ထုတ်ဝေခြင်းအပါအဝင် Fedရဲ့ လှုံ့ဆော်မှုတွေက 2020ခုနှစ်နဲ့ 2021ခုနှစ်များအတွင်း ဘစ်ကွိုင်ဈေးနှုန်း မြင့်မားလာရတဲ့ အကြောင်းရင်းအဖြစ် ဖော်ပြခြင်းခံရပြီး၊ နိုဝင်ဘာလမှာတော့ စံချိန်တင် အမြင့်ဆုံးဖြစ်တဲ့ ဒေါ်လာ 69,000 အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။  

 

နောက်ဆုံး ကျဆင်းမှုမှာတော့ ဘစ်ကွိုင်ဈေးနှုန်းက စံချိန်တင် စျေးနှုန်းရဲ့ ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပြီး၊ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်က အပြောင်းအလဲ မြန်လွန်းတယ်ဆိုတဲ့ သိသာတဲ့ သတိပေးမှုတစ်ခုလည်း ဖြစ်ပါတယ်။

 

"ပြီးခဲ့တဲ့ 2နှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးကို အားကောင်းလာစေတဲ့ အကြောင်းရင်းတစ်ခုကတော့ ကမ္ဘာတစ်ဝန်း ကပ်ရောဂါဆိုင်ရာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုရဲ့ အကျိုးရလဒ်ဖြစ်ပြီး၊ လှုံ့ဆော်မှု အများစုကတော့ တစ်ဖြည်းဖြည်းနဲ့ ပြီးဆုံး‌နေပြီ ဖြစ်ပါတယ်”လို့ ကွိုင်ဘေ့စ်(Coinbase)အိတ်ချိန်းရဲ့  အဖွဲ့အစည်းဆိုင်ရာ သုတေသနအကြီးအကဲ ဒေးဗစ် ဒူအုန်း(David Duong)က ၊ အစီရင်ခံစာတစ်ခုမှာ စနေနေ့က ရေးသားခဲ့ပါတယ်။

 

ဘစ်ကွိုင် ကျဆင်းမှုကြီး

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စျေးနှုန်းကျဆင်းမှုက "စိတ်လှုပ်ရှားမှုက အကြောင်းရင်းဖြစ်တယ်”လို သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖဲလိဒ် နည်းဗျူဟာ (Fairlead Strategies)ရဲ့ တည်ထောင်သူ ကေတီ စတော့တွန်(Katie Stockton)က ဆိုပါတယ်။

 

"ကျဆင်းမှုတွေက အဖြစ်များတာကြောင့်၊ ကလောက်အခြေခံတဲ့ ထောက်ပံ့မှု(~$37.4K)အောက် ကျဆင်းသွားခြင်း အတည်ပြုချက်ကို စောင့်ကြည့်ပြီးမှ ကာလရှည် ဈေးနှုန်းကျဆင်းခြင်းဘက်မှာ အရောင်းအဝယ် ပြုလုပ်မယ်”လို့ စတော့တွန်က ရေးသားထားပါတယ်။

 

အယ်ဆာဗေဒိုနိုင်ငံရဲ့ သမ္မတဖြစ်တဲ့ နာရစ် ဘူကလဲက ဘစ်ကွိုင်ကို လက်ခံတဲ့ နိုင်ငံကတော့ ဈေးနှုန်းကျဆင်းချိန်ကို အခွင့်ကောင်းယူပြီး ဘစ်ကွိုင်  410ကွိုင်၊ ဒေါ်လာ 15မီလီယံဖိုး ဝယ်ယူခဲ့ကြောင်း တွစ်တာမှာ သောကြာနေ့က ရေးသားခဲ့ပြီး “အချို့တွေက အရမ်းကို ဈေးချိုချိုနဲ့ ရောင်းနေကြတယ်”လို့လည်း ထည့်ပြီး ရေးသားထားပါတယ်။

 

ဘစ်ကွိုင် စျေးနှုန်းကတော့ 2021ခုနှစ် ဇူလိုင်လကတည်းက ဒီလောက်အထိ နိမ့်ကျခြင်း မရှိခဲ့ပါဘူး။ဤမျှနိမ့်ကျခြင်းမရှိပါ။

 

ဟာသဉာဏ်ရွှင်တဲ့ အရောင်းအဝယ် ပြုလုပ်သူ တစ်ယောက်က ဘစ်ကွိုင်ဈေးနှုန်းပြ ဇယားကတော့ ပိုကီမွန်ထဲက ပီကာချူးအရုပ်ရဲ့  နားရွက်ထောင်ပုံစံလေးနဲ့ တူအောင် ဖန်တီးလိုက်တာဆိုပြီး လှောင်ပြောင်ပြောဆိုခြင်းတွေက တွစ်တာနဲ့ ရက်ဒစ် ဆိုရှယ်မီဒီယာတွေမှာ ပြည့်နှက်နေပါတယ်။


သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 အယ်ဆာဗာဒိုနိုင်ငံကတော့ ဈေးနှုန်းကျဆင်းမှုများအကြား ဘစ်ကွိုင် 410ကွိုင် ထပ်မံ ဝယ်ယူခဲ့တယ်လို့ သမ္မတ နာရစ်ဘူကလဲ ပြောခဲ့(2022.01.22)

အယ်ဆာဗာဒိုကတော့ သောကြာနေ့မှာ ဘစ်ကွိုင် 410ကွိုင်ကို  ဒေါ်လာ 15သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ သမ္မတ နာရစ် ဘူကလဲက တွစ်တာမှာ ပြောခဲ့ပါတယ်။

 

“တချို့တွေက တကယ်ကို ဈေးချိုချိုနဲ့ ရောင်းနေကြတာ”လို့ သူရဲ့ တွစ်တာပို့စ်မှာ ထည့်သွင်း ရေးသားထားပါတယ်။

 

ဒါကို အတည်ပြုဖို့ကတော့ မည်သူမဆို ကြည့်နိုင်တဲ့ ဘလော့ချိန်းအပေါ်မှာ စစ်ဆေးဖို့ အခက်အခဲ ရှိပါတယ်။  ဒီလောက် ပမာဏအထိ ဝယ်တဲ့သူဆိုရင် ဈေးနှုန်း ကွာခြားမှုကို ရှောင်ရှားဖို့အတွက် နည်းနည်းချင်းစီ ခွဲဝယ်သွားရမှာ ဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး‌ဈေးကွက် တစ်ခုလုံး ကျဆင်းမှုကြောင့် ဘစ်ကွိုင်ကတော့ သောကြာနေ့ နှောင်းပိုင်းမှာ 12%အထိ ကျဆင်းသွားခဲ့ပြီး ဒေါ်လာ 36,500နဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။

 

အခုအခါ နိုင်ငံမှာတော့ ဘစ်ကွိုင် 1,500 ကျော်ရှိနေပြီး၊ ဒီနှစ်ထဲမှာ ဘစ်ကွိုင် 10နှစ် ချေးငွေစာချုပ်ကို ဒေါ်လာ 1 ဘီလီယံတန်ဖိုး ထုတ်ဖို့ စီစဉ်နေပါတယ်။

 

ဘူကလဲကတော့ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ကာလရှည် အလားအလာနဲ့ ပက်သက်ပြီး ယုံကြည်ခြင်းရဲ့ ပြသမှုအဖြစ် လွန်ခဲ့တဲ့ လအနည်းငယ်များအတွင်း တသမတ်တည်း ဝယ်ယူလာခဲ့တဲ့ ဝယ်ယူသူဖြစ်ပါတယ်။

ဘစ်ကွိုင်ကတော့ နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်က ဘစ်ကွိုင်ဥပဒေကို အတည်ပြုပြီးနောက် သုံးလအကြာဖြစ်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အယ်ဆာဗာဒိနိုင်ငံမှဦ တရားတင်ငွေကြေးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

သတင်း အရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 တွစ်တာကနေ NFT ပရိုဖိုင်ဓာတ်ပုံ အတည်ပြုခြင်းကို စတင် (2022.01.21)

ဆိုရှယ်မီဒီယာကုမ္ပဏီကြီးဖြစ်တဲ့ တွစ်တာကတော့ အသုံးပြုသူများရဲ့ ပရိုဖိုင်ပုံများအတွက် NFTsများကို တရားဝင် အတည်ပြုနိုင်စေမယ့် ဝန်ဆောင်မှုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။  အရင်က ဘယ်သူမဆို ပုံတစ်ပုံကို မောက်ရဲ့ ညာဘက်ခလုတ်လေးကို နှိပ်ကာ ကူးယူနိုင်ခဲ့ပြီး၊ ၎င်းရဲ့ ပိုင်ရှင်ကိုတော့ အီသာရီရမ် ဘလော့ချိန်းကို မထည့်ကြည့်ဘဲ သက်သေပြနိုင်တာ မရှိခဲ့ပါဘူး။

 

ဇန်န၀ါရီလ 20 ရက်နေ့က စတင်ဖြန့်ချိခဲ့တဲ့ ဒီ ဝန်ဆောင်မှုကတော့  တွစ်တာ ဘလူး(Blue)ဝန်ဆောင်မှုကို အခကြေးငွေနဲ့ အသုံးပြုနေတဲ့ သူတွေပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် NFTsကို ပရိုဖိုင်အဖြစ် ထားရှိတဲ့ သူတွေကတော့ အနားသတ်တွေကို ပုံမှန် စက်ဝိုင်းပုံအစား ဆဋ္ဌဂံဘောင်ဖြင့် အသားပေး ဖော်ပြမှာ ဖြစ်ပါတယ်။

 

ဒီ လုပ်ဆောင်မှုကတော့ NFTနယ်ပယ်မှာ ဒီနေ့အထိ ကုမ္ပဏီရဲ့ အကြီးမားဆုံး တွန်းအားပေး လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ တွစ်တာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒစ်ဂျစ်တယ်လုပ်ငန်းအတွက် ရွေးချယ်ခံရတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။  

 

မရိုးသားတဲ့ သူများအတွက် ပုံတစ်ပုံကို ပုံတူကူးပြီး၊ NFTကို ဘလော့ချိန်း လိပ်စာတစ်ခုဖြင့် ရယူကာ ပရိုဖိုင်ထည့်ခြင်းများ ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွား ရှိပါတယ်။ တွစ်တာကတော့ ဖြစ်ပေါ်လာနိုင်တဲ့ ဒစ်ဂျစ်တယ်ခိုးယူမှုများကို ဘယ်လိုတိုက်ဖျက်ဖို့ ရည်ရွယ်ထားကြောင်း အတည်ပြုခြင်းတော့ မရှိသေးပါဘူး။

 

တွစ်တာရဲ့ NFTတွန်းအား

ကုမ္ပဏီရဲ့ ဝန်ဆောင်မှုဦးဆောင်သူ အက်စတာ ခရောဖော်(Esther Crawford)က တွစ်တာကတော့ "NFT၊ ဘလော့ချိန်းနဲ့ ဒစ်ဂျစ်တယ်ငွေကြေးနည်းပညာများနဲ့ ပက်သက်ပြီး ရှာဖွေတွေ့ရှိခြင်း၊ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းနဲ့ သင်ကြားပြသပေးခြင်းအတွက် လူမှုကွန်ရက်အဖြစ် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ် ပြောထားကြောင်း”ဝေါစထရီဂျာနယ်(Wall Street Journal)မှာ ဖော်ပြထားပါတယ်။

 

"ဒစ်ဂျစ်တယ်ငွေကြေးကတော့ တွစ်တာနဲ့ အနာဂတ်အတွက် အဓိက ထောက်တိုင်တွေက တစ်ခုဖြစ်ပါတယ်။ ကိုင်တွယ်လို့မရတဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကို စီမံခန့်ခွဲဖို့ ဗဟိုအထိန်းအချုပ်မဲ့ ဆောဖ်ဝဲများ အသုံးပြုခြင်းဆိုတဲ့ ဖန်တီးသူတွေကြားများ တိုးပွားလာတဲ့   စိတ်ဝင်စားမှုကို ကျွန်တော်တို့ ပံ့ပိုးပေးချင်ပါတယ်။”

 

တွစ်တာကတော့ အတည်ပြုခြင်းကို လုပ်ဆောင်ပေးတဲ့  အိုပင်းစီး(OpenSea) ဈေးကွက်ကနေ အသုံးပြုသူရဲ့  NFTကို ယူဆောင်လာဖို့အတွက် ပြင်ပအဖွဲ့အစည်းရဲ့ API (အသုံးပြု ပရိုဂရမ်ရဲ့ အင်တာဖေ့စ်)ကို အသုံးပြုထားပါတယ်။ အိုပင်းစီးမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေမယ်ဆိုရင် တွစ်တာမှာလည်း  ရုပ်ပုံများနဲ့ တိုကင်များကို အတည်ပြုနိုင်မှာ မဟုတ်ပါဘူး။

 

NFTနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေက အရှိန်တက်လာပြီး၊ ဆိုရှယ်မီဒီယာကုမ္ပဏီများကတော့ ရှေ့ဆုံးကနေ ဖြစ်နေချင်ကြပါတယ်။ မက်တာကလည်း အသုံးပြုသူတွေကို NFTဖန်တီးခြင်းနဲ့ ရောင်းချခြင်းတွေကို ဖေ့ဘုတ်နဲ့ အင်စတာဂရမ် ဈေးကွက်တွေမှာ ခွင့်ပြုပေးနိုင်ဖို့အတွက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလမှာ တွစ်တာကတော့ NFTs၊ ဒစ်ဂျစ်တယ်ငွေကြေး၊ ဒီအပ်(dapps)နဲ့ ဘလော့ချိန်းနည်းပညာကို အာရုံစိုက် လုပ်ဆောင်နိုင်ဖို့အတွက် ဌာနအသစ် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

NFTဂေဟစနစ်ရဲ့ အလားအလာ

NFTဂေဟစနစ်ကတော့  2021ခုနှစ်မှာ သိသိသာသာ ကြီးထွားလာတာကို တွေ့နိုင်ပြီး၊ ယခုနှစ်အထိ ဆက်လက် ကြီးထွားလာခဲ့တာပါ။ ပုံတူကူးမရတဲ့ တိုကင်ဝက်ဆိုဒ်(Nonfungible.com)အရု လွန်ခဲ့တဲ့ တစ်ပတ်အတွင်း  NFTရောင်းချခြင်းက ဒေါ်လာ 517သန်း ရှိခဲ့ပါတယ်။ NFTs 277,509ကတော့ မူလနဲ့ ပြန်လည်ရောင်းချခြင်း ဈေးကွက်ထဲမှာ ရောင်းချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။  

 

စုဆောင်းမှုကို ခြေရာခံတဲ့ ခရစ်တိုစလန်(CryptoSlam)ကတော့ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း လူကြိုက်အများဆုံး NFTစုဆောင်းမှုကတော့ မီးဘစ်(Meebits) ဖြစ်ပြီး၊ ပြန်လည်ရောင်းချခြင်း အရောင်းအ၀ယ်ပမာဏကတော့ ဒေါ်လာ 1.9 ဘီလီယံအထိ ရှိကြောင်း အစီရင်ခံထားပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 NFTs ဆိုတာ ဘာလဲနဲ့ ၎င်းတို့ ဘယ်လို အလုပ်လုပ်လဲ။

NFTsဆိုတာကတော့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဖြစ်ပြီး ဂိမ်းကစားသူများနဲ့ စုဆောင်းသူများကို သူတို့ရဲ့ ဒစ်ဂျစ်တယ် ပစ္စည်းများအပေါ် ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်များ(NFTs)ကတော့ စုဆောင်းနိုင်တဲ့ အားကစားကဒ်များကနေ အစပြုပြီး လက်တွေ့ကမ္ဘာက မဟုတ်တဲ့ အိမ်ခြံမြေများနဲ့ ဒစ်ဂျစ်တယ် အားကစားဖိနပ်များအထိ အမျိုးမျိုးသော ဒြပ်ရှိ ဒြပ်မဲ့ ပစ္စည်းများရဲ့ ပိုင်ဆိုင်မှုကို ကိုယ်စားပြုနိုင်တဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုဖြစ်ပါတယ်။ များသောအားဖြင့် တိုကင်များကတော့ GIF၊ အနုပညာလက်ရာ (သို့) အသံ အပိုင်းအစ အစရှိတဲ့ ဖိုင်တွေရဲ့ တည်နေရာကို ညွှန်ပြပါတယ်။

 

ပိုကီမွန်ကဒ် (သို့) ထုတ်လုပ်ထားတဲ့ ရှားပါး ကွိုင်လိုမျိုး ဒစ်ဂျစ်တယ် စုဆောင်းမှုများကို ပိုင်ဆိုင်ထားခြင်းကို ဒြပ်ရှိ စုဆောင်မှုများနဲ့ နှိုင်းယှဉ်ရင် အားသာချက်ကတော့ NFTတိုင်းမှာ အခြား NFT များနဲ့ ကွဲပြားပြီး၊ လွယ်ကူစွာ စစ်ဆေးအတည်ပြုနိုင်စေတဲ့ မတူညီတဲ့ အချက်အလက် ပါ၀င်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကတော့ ပစ္စည်းတစ်ခုချင်းစီက မူရင်း ထုတ်ပေးသူဆီမှာ ပြန်လည် ခြေရာခံနိုင်တာကြောင့် စုဆောင်းမှု အတုပစ္စည်းများကို ဖန်တီးခြင်းနဲ့ ဖြန့်ဝေခြင်းကို အဓိပ္ပါယ်မဲ့စေပါတယ်။

 

ပုံမှန် ဒစ်ဂျစ်တယ်ငွေကြေးများနဲ့ မတူဘဲ၊ NFT များကတော့ တစ်ခုနဲ့ တစ်ခု တိုက်ရိုက် ဖလှယ်လို့ မရပါဘူး။ အကြောင်းရင်းကတော့ ဘယ် NFTနှစ်ခုကမှ လုံးဝ တူညီခြင်း မရှိလို့ပဲ ဖြစ်ပါတယ်။   ဂိမ်း (သို့) တူညီတဲ့ စုဆောင်းမှုဖြစ်တဲ့ ပလက်ဖောင်း အတူတူထဲက ဖြစ်ရင်တောင် တူညီခြင်း မရှိပါဘူး။ အဲဒါတွေကို ပွဲလမ်းသဘင် လက်မှတ်တစ်ခုလို့ စဉ်းစားကြည့်ပါ။ လက်မှတ်တစ်ခုစီမှာ အသေးစိတ် အချက်အလက်တွေ ဖြစ်တဲ့ ဝယ်ယူသူရဲ့ နာမည်၊ ပွဲနေ့နဲ့ ပွဲနေရာတွေ ပါဝင်ပါတယ်။ ဒီ အချက်အလက်တွေက ပွဲလက်မှတ်များကို တစ်ခုနဲ့ တစ်ခု လဲလှယ်ဖို့ မဖြစ်နိုင်စေတာပါ။

 

NFTတိုကင် အများစုကတော့ အီသာရီရမ်  တိုကင်စံနှုန်း နှစ်ခု(ERC-721 နဲ့ ERC-1155)ထဲက တစ်ခုကို အသုံးပြုပြီး ပြုလုပ်ထားပါတယ်။ အီသာရီရမ်က  ပြုလုပ်ထားတဲ့ ဒီ စံနှုန်းကတော့ ဆောဖ်ဝဲ ဖန်တီးသူက NFTကို လွယ်လွယ်ကူကူနဲ့ ဖြန့်ဝေနိုင်စေပြီး၊ ၎င်းNFTများက ဒစ်ဂျစ်တယ်ဂေဟစနစ်ထဲရှိ မက်တာမားး(MetaMask)နဲ့ မိုင်အီသာဝေါလတ်(MyEtherWallet)လိုမျိုး အိတ်ချိန်းများ၊ ပိုက်ဆံအိတ် ဝန်ဆောင်မှုများနဲ့ လိုက်လျောညီထွေစွာ အသုံးပြုနိုင်စေပါတယ်။ အီးအိုအက်(EOS)၊ နီယို(Neo)နဲ့  ထရွန်(Tron)တို့ကတော့ ဖန်းတီးသူများက ၎င်းတို့ရဲ့ ဘလော့ချိန်းကွန်ရက်များမှာ NFTများ ဖန်တီးလာခြင်းကို အားပေးဖို့နဲ့ NFTsများကို လက်ခံနိုင်ဖို့အတွက် ၎င်းတို့ရဲ့ ကိုယ်ပိုင် NFT တိုကင်စံနှုန်းများကို ထုတ်ပြန်ခဲ့ပါတယ်။

 

NFTsရဲ့ အခြား အဓိက လက္ခဏာများထဲမှာ ပါဝင်တာတွေကတော့~

အပြန်အလှန် လဲလှယ် လုပ်ဆောင်၍ မရခြင်း- ခရစ်တိုပန့်(CryptoPunk)ကို ခရစ်တိုကစ်တီ(CryptoKitties)ဂိမ်းထဲမှာ အသုံးပြုလို့ မရသလို ခရစ်တိုကစ်တီကိုလည်း ခရစ်တိုပန့်မှာ အသုံးပြုလို့ မရပါဘူး။ ဒါကတော့ ၎င်းသည် ကုန်သွယ်ကဒ်လိုမျိုး စုဆောင်းမှုတွေမှာလည်း အတူတူပဲ ဖြစ်ပါတယ်။  ဘလော့ချိန်း ဟီးရိုးကဒ်က ဘလော့ချိန်း မဟုတ်တဲ့ ဂေါ့(Gods) ကုန်သွယ်ကဒ် ဂိမ်းမှာ ကစားလို့ မရပါဘူး။

 

ခွဲခြား၍ မရခြင်း- NFTsများကိုတော့ ဘစ်ကွိုင်ရဲ့ ဆာတိုရှီ(Satoshis)များလိုမျိုး သေးငယ်တဲ့ ဒသမကိန်းဂဏာန်းများအဖြစ် ခွဲခြားလို့ မရပါဘူး။  ၎င်းတို့ကတော့ ပစ္စည်းတစ်ခုလုံးအဖြစ် သီးသန့် တည်ရှိပါတယ်။

 

ဖျက်ဆီး၍ မရခြင်း- NFTဒေတာ အားလုံးကို စမတ်စာချုပ်များကနေ တစ်ဆင့် ဘလော့ချိန်းထဲမှာ သိမ်းဆည်းထားတာဖြစ်လို့ တိုကင်တစ်ခုချင်းစီတိုင်းက ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း (သို့) ပုံတူကူးလို့ မရနိုင်ပါဘူး။ ဒီ တိုကင်များရဲ့ ပိုင်ဆိုင်မှုကိုလည်း မပြောင်းလဲနိုင်ပါဘူး။  ဒါကတော့ NFTsကို ဖန်တီးတဲ့ ကုမ္ပဏီများက မဟုတ်ဘဲ ဂိမ်းကစားသူများနဲ့ စုဆောင်းသူများက သူတို့ရဲ့ NFTsကို အမှန်တကယ် ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။  ဒီအချက်ကတော့  အသုံးပြုသူများက သူတို့ ကိုယ်တိုင် ဝယ်လိုက်တဲ့ အရာကို အမှန်တကယ် ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ၊ သီချင်းနားထောင်ခွင့် လိုင်စင်ကိုပဲ ဝယ်ယူခြင်းသာ ဖြစ်တဲ့ အိုင်တူးစတိုး(iTunes  store)ကနေ တေးဂီတတွေ ဝယ်ယူခြင်းနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

 

အတည်ပြုစစ်ဆေးနိုင်ခြင်း- ဘလော့ချိန်းအပေါ်မှာ ပိုင်ဆိုင်မှုသမိုင်းကြောင်းကို ထိန်းသိမ်းထားရှိခြင်းရဲ့ နောက်ထပ် အားသာချက် တစ်ခုကတော့ ဒစ်ဂျစ်တယ် အနုပညာလက်ရာလိုများ အရာတွေကို ပြင်ပအဖွဲ့အစည်းရဲ့ အတည်ပြုစိစစ်မှု မလိုအပ်ဘဲ မူရင်းဖန်တီးသူကို ပြန်လည် ခြေရာခံနိုင်ခြင်း ဖြစ်ပါတယ်။

 

NFT များက ဘာလို့ အရေးကြီးတာလဲ။

NFTsများကတော့ ဂိမ်းကစားခြင်းနဲ့ စုဆောင်းခြင်း နယ်ပယ်တွေမှာ ပြောင်းလဲတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ ပုံစံကြောင့် ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုသူများနဲ့ ကုမ္ပဏီများကြားမှာ အလွန် ရေပန်းစားလာပါတယ်။ 2017ခုနှစ် ဇွန်လကနေ စပြီး NFTsများအတွက် စုစုပေါင်း ဒေါ်လာ16ဘီလီယံ သုံးစွဲခဲ့ပါတယ်။

 

ဘလော့ချိန်းနည်းပညာရဲ့ တိုးတက်လာမှုကြောင့် ဂိမ်းကစားသူများနဲ့ စုဆောင်းသူများက ဂိမ်းတွင်းရှိ ပစ္စည်းများနဲ့ အခြား ထူးခြားတဲ့ ပိုင်ဆိုင်မှုများရဲ့ မပြောင်းလဲနိုင်တဲ့ ပိုင်ရှင်များဖြစ်လာပြီး၊ ၎င်းတို့ဆီကနေ ငွေကြေးအကျိုးအမြတ်ကိုလည်း ရရှိပါတယ်။ အချို့ ကိစ္စများမှာတော့ ကစားသမားများက ဒေါ ဆန်းဘောက်(The Sandbox)နဲ့ ဒီဆန်ထရယ်လန်း(Decentraland)လိုမျိုး  လက်တွေ့မဟုတ်တဲ့ ကမ္ဘာထဲမှာ ကာစီနိုများနဲ့ အပန်းဖြေ ကစားကွင်းဥယျာဉ်များ ဖန်တီးပြီး ငွေရှာနိုင်ပါတယ်။ ဂိမ်းကစားသူတွေကတော့ ဂိမ်းကစားနေစဉ်အတွင်း ရရှိလာတဲ့ ၀တ်စုံများ၊ အာဗာတာကိုယ်ပွားများနဲ့ ဂိမ်းအတွင်း အသုံးပြုနို်ငတဲ့ ငွေကြေးများလိုမျိုး ကိုယ်ပိုင် ဒစ်ဂျစ်တယ် ပစ္စည်း တစ်ခုချင်းစီကိုလည်း ပြန်လည် ရောင်းချနိုင်ပါတယ်။

 

အနုပညာရှင်များအတွက်ကတော့ လေလံပွဲ (သို့) ပြခန်းကို အသုံးမပြုဘဲ ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသူများထံကို ဒစ်ဂျစ်တယ်ပုံစံနဲ့ အနုပညာလက်ရာကို တိုက်ရိုက် ရောင်းချနိုင်ခြင်းကြောင့် ရောင်းချခြင်းကနေ ရရှိလာတဲ့ အမြတ်ငွေရဲ့ ပမာဏများများကို ရရှိထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။  မူပိုင်ခွင့်ကိုလည်း ဒစ်ဂျစ်တယ် အနုပညာလက်ရာထဲမှာ ထည့်သွင်းထားနိုင်တာဖြစ်လို့ ဖန်တီးသူကတော့ သူတို့ရဲ့ အနုပညာလက်ရာကို ပိုင်ရှင်အသစ်ဆီကို ရောင်းချလိုက်တိုင်း ရောင်းရငွေရဲ့ ရာခိုင်နှုန်း အချို့ကို ရရှိမှာ ဖြစ်ပါတယ်။

 

“စတားထရက်(Star Trek)”ရဲ့ ကပ်ပတိန် ကာ့ခ်(Captain Kirk)အဖြစ် လူသိများတဲ့ ဝီလီယံ ရှာနာ(William Shatner)ကတော့ 2020ခုနှစ်မှာ ဒစ်ဂျစ်တယ် စုဆောင်းမှုထဲကို ဝင်ရောက်ခဲ့ပြီး၊ မိမိရဲ့ ဓာတ်ပုံများနဲ့ ဝတ် ဘလော့ချိန်း(WAX blockchain)မှာ ဒစ်ဂျစ်တယ်ကဒ် 90,000ကဒ် ထုတ်ခဲ့ပါတယ်။ ကဒ်တစ်ခုစီကို ကနဦးဈေးနှုန်း 1ဒေါ်လာခန့်နဲ့ ရောင်းချခဲ့ပြီး၊ အခုအခါမှာတော့ ပြန်လည် ရောင်းချတဲ့ အခါတိုင်း မူပိုင်ခွင့်ကြေးအဖြစ်  ရှာနာ(Shatner)ကို ခွဲပေးနေပါတယ်။


NFTများက ဘာလို့ တန်ဖိုးရှိတာလဲ။

အခြား ပိုင်ဆိုင်မှုများ အားလုံးလိုပဲ ရောင်းလိုအားနဲ့ ဝယ်လိုအားက ဈေးနှုန်းရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ NFTsရဲ့ သဘောသဘာဝဖြစ်တဲ့ ရှားပါးခြင်းနဲ့ ဂိမ်းကစားသူများ၊ စုဆောင်းသူများ၊ ရင်းနှီးမြှုပ်နှံသူများရဲ့ လိုအပ်ချက် မြင့်မားမှုကြောင့်  လူတွေကတော့ တစ်ခါတစ်လေမှာ ၎င်းတို့အတွက် ငွေအများကြီး အသုံးပြုကြပါတယ်။

 

အချို့ NFTများကတော့ ၎င်းတို့ရဲ့ ပိုင်ရှင်များကို ပိုက်ဆံ အများအပြား ရရှိစေနိုင်မယ့် အလားအလာ ရှိပါတယ်။ ဥပမာ၊ လက်တွေ့ကမ္ဘာ မဟုတ်တဲ့ ဒီဆန်ထရယ်လန်း(Decentraland) ပလက်ဖောင်းက ဂိမ်းကစားသူ တစ်ယောက်က မြေကွက် 64ကွက်ကို ဝယ်ယူပြီး ၎င်းတို့ကို မြေကွက် တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ပါတယ်။ "ဆာတိုရှီ လက်ဖက်ခြံရဲ့ လျို့ဝှက်ချက်(The Secrets of Satoshis Tea Garden)"လို့ အမည်ပေးထားပြီး၊ ၎င်းရဲ့ နှစ်သက်ဖွယ် တည်နေရာနဲ့ လမ်ပန်းဆက်သွယ်မှုကြောင့်  ဒေါ်လာ 80,000နဲ့ ရောင်းချခဲ့ရပါတယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ကတော့ F1 ဒဲတာ တိုင်း(F1 Delta Time) ဂိမ်းထဲက ဒစ်ဂျစ်တယ်မိုနာကို(Digital Monaco) ပြိုင်ကားလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကို ဝယ်ယူဖို့ ဒေါ်လာ 222,000ကို ပေးခဲ့ရပါတယ်။ ဒစ်ဂျစ်တယ်လမ်းကြောင်းကို ကိုယ်စားပြုတဲ့ NFTကတော့ ၎င်းရဲ့ ပိုင်ရှင်ကို ဝင်ခွင့်လက်မှတ်ဖိုးအပါအဝင် လမ်းကြောင်းပေါ်က ပြိုင်ပွဲအားလုံးရဲ့ အမြတ်ဝေစု 5%ကို ရရှိစေပါတယ်။

 

ဈေးအကြီးဆုံး NFTs တွေက ဘာတွေလဲ။

ဒရက်ဂွန် ဒေါ ခရစ်တိုကစ်တီ(Dragon the CryptoKitty)ကတော့ NFTနယ်ပယ်ထဲမှာ ဈေးအကြီးဆုံး NFTတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပြီး တန်ဖိုးကတော့ 600အီသာရီရမ် ဖြစ်ပါတယ်။

 

F1 ဒဲတာ တိုင်းထဲက ပြိုင်ကားတစ်မျိုးဖြစ်တဲ့ "1-1-1" ပြိုင်ကားကတော့ 2019ခုနှစ် မေလမှာ 415.9 အီသာရီရမ်နဲ့ ရောင်းချခဲ့ပါတယ်။

 

အေလီယံ 2089(Alien #2089)ကတော့ 2021ခုနှစ် ဇန်နဝါရီလမှာ 605 အီသာရီရမ်နဲ့ ရောင်းချခဲ့ပါတယ်။  ဒီ NFTကတော့ ခရစ်တိုပန့် စုဆောင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ပထမဆုံး ဖန်တီးလိုက်တဲ့ NFTs ဖြစ်ပါတယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင်၊ ကွဲပြားတဲ့ ခရစ်တိုပန့်ပေါင်း 10,000 ရှိပြီး၊ အေလီယ့ ခရစ်တိုပန့်ကတော့ 9ခုပဲ ရှိပါတယ်။

 

ဘတ်စကက်ဘော လက်ရွေးစင် လက်ဘရွန် ဂျိန်း(LeBron James)ရဲ့ NBA တော့ရှော့(Topsho) ဒစ်ဂျစ်တယ် စုဆောင်းမှုကဒ်ကို ဒေါ်လာ 100,000နဲ့ ရောင်းချခဲ့ပါတယ်။

 

NFTကို အခြေခံထားတဲ့ ဂိမ်းဖြစ်တဲ့ အက်ရှီ အင်ဖစ်နတီ(Axie Infinity)ကနေ အိန်ဂျယ်(Angel)လို့ နာမည်ပေးထားတဲ့ အက်ရှီကတော့ 300အီသာရီရမ်နဲ့ ရောင်းချခဲ့ပါတယ်။

 

အရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🎇Happy Lunar New Year🎇
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe