ဒစ်စကော့က အချက်အလက်ရယူဖို့နဲ့ မေးခွန်းတွေမေးဖို့ ချန်နယ်ကောငး်ပါ။
By Ma Thida Tun     /     2022.01.21    /     Volume 12    /    Subscribe
ဒီနေ့သတင်း

📧 မက်တာ(Meta)လည်း NFTs ထဲကို ဝင်ရောက်

📧 ဂျေပီမော်ဂန်(JP Morgan)- အီသာရီရမ် တန်ဖိုး အကဲဖြတ်ခြင်းအတွက် မြင့်မားတဲ့ ဂတ်စ်ကြေး(ဝန်ဆောင်ကြေး)က ပြဿနာတစ်ခုဖြစ်

📧 ရုရှားဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးအပေါ် အပြည့်အဝ ပိတ်ပင်ရန် အဆိုပြု

📧 ဘိုင်းနန့်ကတော့ 1.6Mရှိတဲ့ BNB တိုကင်များကို အလိုအလျောက် လောင်ကျွမ်းစေတဲ့ စနစ်မှာ ပထမဆုံး လောင်ကျွမ်းစေ

📧 ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ဒစ်စကော့(Discord)- ဘယ်မှာ ရှာရမလဲနဲ့ ဘာတွေသိထားရမလဲ

1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️


2. သတင်းများ

📧 မက်တာ(Meta)လည်း NFTs ထဲကို ဝင်ရောက် (2022.01.21)

ဖေ့ဘုတ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာကတော့ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်စုဆောင်းမှု လိုအပ်ချက်တွေပေါ်မှာ အကျိုးအမြတ်ရရှိနိုင်ဖို့ ပုံတူကူးမရတဲ့ တိုကင်များ(NFTs) ဖန်တီးခြင်းနဲ့ ရောင်းချခြင်းကို ခွင်ပြုဖို့ စီစဉ်နေကြောင်း မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရပါတယ်။ 

 

ဖေ့ဘုတ်နဲ့ အင်စတာဂရမ်အဖွဲ့သားတွေကတော့ အသုံးပြုသူတွေက သူတို့ရဲ့ NFTs များကို ဆိုရှယ်မီဒီယာ ဓာတ်ပုံတွေမှာ ပြသနိုင်မယ့် ဝန်ဆောင်မှု တစ်ခုကို လုပ်ဆောင်နေကြကြောငး ဖိုင်နန်ရှယ်တိုင်း(Financial Times)မှာ သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အဖွဲ့သားတွေကတော့ အသုံးပြုသူတွေက သူတို့ရဲ့ ကိုယ်ပိုင် NFTs များကို ဖန်တီးနိုင်မယ့် ဝန်ဆောင်မှုနဲ့ ပက်သက်ပြီးလည်း လုပ်ဆောင်နေကြပါတယ်။

 

ကုမ္ပဏီကတော့ မကြာသေးမီက ဝှက်အပ်WhatsApp)ဆောဖ်ဝဲမှာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုကို စတင်လုပ်ဆောင်ခဲ့ပြီး၊ အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို ဝယ်ယူခြင်းနဲ့ ရောင်းချခြင်း ပြုလုပ်နိုင်မယ့် NFTစျေးကွက်(NFT marketplace)ကိုလည်း စတင်ဖို့ ကြံစည်စဉ်းစားနေပါတယ်။  


ဒီဇင်ဘာလမှာတော့ အင်စတာဂရမ်ရဲ့  အကြီးအကဲဖြစ်သူ အက်ဒမ် မော့စရီ(Adam Mosseri)ကတော့ ပလက်ဖောင်းက "NFTsနဲ့ ပက်သက်ပြီး ကြိုးစား လေ့လာနေပါတယ်”လို့ ပြောခဲ့ပါတယ်။


သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️

📧 ဂျေပီမော်ဂန်(JP Morgan)- အီသာရီရမ် တန်ဖိုး အကဲဖြတ်ခြင်းအတွက် မြင့်မားတဲ့ ဂတ်စ်ကြေး(ဝန်ဆောင်ကြေး)က ပြဿနာတစ်ခုဖြစ် (2022.01.20)

အစီရင်ခံစာအသစ်တစ်ခုမှာ၊ ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ ဂျေပီမော်ဂန်ကတော့ အီသာရီရမ်ရဲ့ မြင့်မားတဲ့ ဂတ်စ်ကြေးနဲ့ ကွန်ရက်ပိတ်ဆို့ခြင်းက စမတ်စာချုပ်ကို အခြေခံထားတဲ့ ပလက်ဖောင်းကို အန္တရာယ်ဖြစ်နေစေပြီး ဒီအချက်ကတော့ “အီသာရီရမ်တန်ဖိုးကို အကဲဖြတ်ရာမှာ ပြဿနာတစ်ခု” ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

 

အီသာရီရမ်ကတော့ ၎င်းရဲ့ NFTဈေးကွက်ပိုင်ဆိုင်မှုကို ပြီးခဲ့တဲ့ နှစ်က ခိုင်မာမှု ရရှိလာပြီး ပြိုင်ဘက်ဖြစ်တဲ့ ဆိုလာနာ(Solana)ကို ခွဲဝေပေးရနိုင်ခြေရှိတယ်လို့  အတိအကျ ထည့်သွင်း ပြောကြားထားပါတယ်။ ဒေတာကို ကြည့်မယ်ဆိုရင် အီသာရီရမ်ရဲ့  NFT စျေးကွက်ပိုင်ဆိုင်မှုက 2021ခုနှစ်အစမှာ 95% မှ 80%ကို ကျဆင်းသွားခဲ့ပြီး ဖြစ်ပါတယ်။

 

ဘစ်စနက် အင်ဆိုက်ဒါ(Business Insider)ကနေ ပထမဆုံး မျှဝေတဲ့ အစီရင်ခံစာမှာ ဂျေပီမော်ဂန်က NFTsများကတော့ ဒစ်ဂျစ်တယ်ငွေကြေးလောကမှာ  အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ နယ်ပယ်တစ်ခု ဖြစ်တယ်”လို ပြောထားပါတယ်။ ဒါကြောင့် 2022ခုနှစ်မှာ NFTဈေးကွက်ပိုင်ဆိုင်မှုကို ဆုံးရှုံးခြင်းက ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုရင် အဲဒီ့အချက်က အီသာရီရမ် တန်ဖိုး အကဲဖြတ်ခြင်းအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်။

 

ဒေတာတွေအရဆိုရင် NFT အရောင်းအဝယ် လုပ်သူတွေက အီသာရီရမ်ကနေ ကုန်ကျစရိတ် သက်သာပြီး ပိုမို မြန်ဆန်တဲ့ ဆိုလာနာကို ပြောင်းရွှေ့နေကြကြောင်း ဂျေပီမော်ဂန်ရဲ့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။  


အီသာရီရမ်ရဲ့ ဒီဖိုင်(DeFi)အပေါ်  လွှမ်းမိုးမှု ဆုံးရှုံးနိုင်ခြေ

နောက်ထပ် အာရုံစိုက်ဖို့ လိုအပ်တဲ့ နယ်ပယ်ကတော့ ဗဟိုအထိန်းအချုပ်မဲ့ ဘဏ္ဍာရေးစနစ်(DeFi)မှာ အီသာရီရမ်ရဲ့ ဈေးကွက်ပိုင်ဆိုင်မှု ကျဆင်းခြင်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့အပတ်က နီကိုးလပ် ပန်နီဂစ်ဇိုဂလို(Nikolaos Panigirtzoglou) ဦးဆောင်တဲ့ ဂျေပီမော်ဂန်ရဲ့ လေ့လာသူများက ဖောက်သည်တွေကို ပေးတဲ့ မှတ်ချက်ထဲမှာ "ဗဟိုအထိန်းအချုပ်မဲ့ ဘဏ္ဍာရေးဆောဖ်ဝဲများ(DeFi)နည်းတူ ကွန်ရက်ပိတ်ဆို့ခြင်းနဲ့ ဝန်ဆောင်ကြေးဖြစ်တဲ့ ဂတ်စ်ကြေး မြင့်မားခြင်းက NFT ဆောဖ်ဝဲများကို အခြား ဘလော့ချိန်းများ အသုံးပြုလာဖို့ လှုံ့ဆော်နေပါတယ်။ 

 

အီသာရီရမ်ကတော့ ပိုင်ဆိုင်ခြင်းကို သက်သေပြစနစ်(Proof of Stake, PoS)ကို အသုံးပြုတဲ့ အီသာရီရမ် 2.0ကို အလျင်အမြန် ပြောင်းလဲချဲထွင်ခြင်း (သို့) ၎င်းရဲ့ ဈေးကွက်ပိုင်ဆိုင်မှုကို ဆိုလာနာ၊ အပ်ဗန်လန်ချီ၊ ကော်ဒန်နို နဲ့ အခြား ပြိုင်ဘက်များဆီကို ဆုံးရှုံးနိုင်ခြင်း အစရှိတဲ့  ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

 

ဂျေပီမော်ဂန်(JP Morgan)- အီသာရီရမ် တန်ဖိုး အကဲဖြတ်ခြင်းအတွက် မြင့်မားတဲ့ ဂတ်စ်ကြေး(ဝန်ဆောင်ကြေး)က ပြဿနာတစ်ခုဖြစ်ပြီး ဈေးကွက်ပိုင်ဆိုင်မှုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ပို့စ်ကတော့ ကွိုင်ဂိတ်(CoinGape)မှာ ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 ရုရှားဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးအပေါ် အပြည့်အဝ ပိတ်ပင်ရန် အဆိုပြု (2022.01.20)

ရုရှားဗဟိုဘဏ်ကတော့ ဒစ်ဂျစ်တယ်ငွေကြေး ကုန်သွယ်မှု၊ တူးဖော်ခြင်းနဲ့ အသုံးပြုခြင်းကို တရားမဝင်အဖြစ် သတ်မှတ်ဖို့ အကြံပြုထားပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်ထားရှိခြင်းကိုတော့ ခွင့်ပြုမှာ ဖြစ်ပါတယ်။

 

ရုရှားနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေကြေးကို တားမြစ်ရမယ်လို့  ဗဟိုဘဏ်က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

 

"ဒစ်ဂျစ်တယ်ငွေကြေးများ- ခေတ်ရေစီးကြောင်းများ၊ အန္တရာယ်များ၊ အစီအမံများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာကို ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုဌာန ဒါရိုက်တာ အဲလစ်ဇဘတ် ဒန်နီလိုဗာ(Elizaveta Danilova)က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးများက အပြောင်းအလဲမြန်ပြီး၊ လိမ်လည်မှုလိုမျိုး တရားမဝင် လုပ်ဆောင်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကနေ လူတွေကို သူတို့ရဲ့ ငွေတွေ ထုတ်ယူနိုင်တဲ့ ထွက်ပေါက်တစ်ခု ကမ်းလှမ်းခြင်းဖြင်း ၎င်းကတော့ နိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်ပြီး အကောင်းဆုံးသော ငွေကြေးမူဝါဒများကို ထိန်းသိမ်းဖို့ ကြီးကြပ်ရေးအဖွဲ့များကို  ပိုမို ခက်ခဲစေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် ရုရှားမှာတော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့  လုပ်ဆောင်မှုများကို ထိရောက်စွာ တားမြစ်ဖို့ ဥပဒေများနဲ့ စည်းမျဉ်းအသစ်များ လိုအပ်တယ်လို့ ဘဏ်က‌ေ ပြောခဲ့ပါတယ်။ ပုဂ္ဂလိကအားဖြင့် ရုရှားနိုင်ငံသားများ ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်မှုကို တားမြစ်ဖို့ ဘဏ်ကနေ အကြံပြုခြင်း မဟုတ်ကြောင်းကိုလည်း ဒန်နီလိုဗာ(Danilova)က ပြောခဲ့ပါတယ်။

 

နိုင်ငံ့ဘဏ္ဍာရေးအခြေခံစနစ်ကို အသုံးပြုပြီး ထုတ်ဝေခြင်းနဲ့ ရောင်းဝယ်ခြင်းတို့က ရုရှားရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ရပ်တန့်သင့်ပါတယ်။ ရုရှားလူမျိုးများက တစ်နှစ်မှာ ဒေါ်လာ 5ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအ၀ယ် ပြုလုပ်နေပြီး အဲဒီ့ အဆင့်က အန္တရာယ် မရှိဘူးလို့  နိုဝင်ဘာလမှု ဘဏ်ကနေ ပြောခဲ့တာ ရှိပါတယ်။ ချမှတ်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ငွေပေးချေမှုဆိုင်ရာ  ပိတ်ပင်မှုတွေကို အားကောင်းစေပြီး၊ ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ရုရှားလူမျိုး တစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် လုပ်အားကို  ဝယ်ယူခြင်း (သို့) ရောင်းချခြင်းအတွက် ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ရုရှားရဲ့ ရင်းနှီးမြှပ်နှံမှုအဖွဲ့အစည်းများကို ဒစ်ဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကို ခွင့်မပြုသင့်ပြီး၊ ရုရှားရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများ (သို့) အခြေခံ အဆောက်အအုံများကို ဒစ်ဂျစ်တယ်ငွေကြေးအရောင်းအဝယ်မှာ အသုံးမပြုသင့်ပါဘူး။  ရုရှားဗဟိုဘဏ်ကတော့ အပြန်အလှန်ရန်ပုံငွေအဖွဲ့များ(Mutual Funds)ကို ဒစ်ဂျစ်တယ်ငွေကြေးတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကို ပိတ်ပင်တားမြစ်ထားပြီး ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ တားမြစ်ချက်ကို ချိုးဖောက်ခြင်းအတွက် ဒဏ်ငွေများ ချမှတ်ဖို့  အကြံပြုထားပါတယ်။

 

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရုရှားမှာ ထွန်းကားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တုန်းက နိုင်ငံ့ပါလီမန်ရဲ့ ခွင့်ပြုချက်အချို့ကိုတောင် ရရှိခဲ့ပြီးဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး တူးဖော်ခြင်းလုပ်ငန်းကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ကွိုင်တူးခြင်းကတော့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို အသစ်ထုတ်လုပ်ပေးပြီး ထောက်ပံ့ပေးနေတာကြောင့် အိတ်ချိန်းလိုမျိုး ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေကို လိုအပ်လာစေဖို့ လှုံ့ဆော်ပေးပြီး၊ “အကျိုးမရှိတဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို ဖြစ်ပေါ်စေကာ လူနေအိမ်များ၊ လူမူရေး အခြေခံအဆောက်အုံများနဲ့ စက်ရုံများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင်မှုကို လျော့နည်းစေကာ ရုရှားရဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတယ်"လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

"အကောင်းဆုံး ဖြေရှင်းချက်"ကတော့ ရုရှားမှာ ကွိုင်တူးခြင်းကို တားမြစ်ခြင်းပဲ ဖြစ်တယ်လို့ ကြီးကြပ်သူက အစီရင်ခံစာမှာ ပြောသွားပါတယ်။

 

ကွိုင်တူးသူတွေကတော့ အဆိုပါ ပြောဆိုချက်တွေက အံ့သြစရာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစီရင်ခံစာကတော့ ဘဏ်ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြခြင်းဖြစ်ပြီး နောက်ဆုံး ဘဏ္ဍာရေးပေါ်လစီမှာတော့  အခြား ပါဝင်သက်ဆိုင်သူများရဲ့  ရပ်တည်ချက်တွေကို ထည့်သွင်းမှုများ ပါ၀င်နိုင်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းတစ်ခုလုံးကို အလုံးစုံ ပိတ်ပင်မှု ဖြစ်နိုင်ခြေကတော့ "နည်းပါးတယ်"လို့ ဘစ်ရေးဗား(BitRiver)မိုင်းနင်းရဲ့ ပီအာ(PR)ဒါရိုက်တာ ရိုမန် ဇက်ဘူဂါ(Roman Zabuga) ပြောပါတယ်။

 

"ဒါကတော့ ရုရှားဗဟိုဘဏ်က ဖြစ်ပေါ်လာမယ့် လုပ်ငန်းအဖွဲ့အစည်းများနဲ့ ပက်သက်ပြီး သူတို့ရဲ့ သဘောထားဟောင်းများကို ထပ်လောင်း ပြောဆိုခြင်းဖြစ်တယ်"လို့  ကွန်ပက်မိုင်းနင်း(Compass Mining)ရဲ့ အမှုဆောင်အရာရှိချုပ် ဝှစ် ဂျစ်(Whit Gibbs)က ကွိုင်ဒက်(CoinDesk)ကို ပြောကြားခဲ့ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကလည်း ဒီ သတင်းနဲ့ ပက်သက်ပြီး ပြောင်းလဲမှုတွေ သိပ် မရှိခဲ့ပါဘူး။  ဒီ သတင်းရေးနေချိန်မှာတော့ ထရိတ်ဒင်းဗျူး(TradingView) ဒေတာအရ ဘစ်ကွိုင်က ဒေါ်လာ  43,000နဲ့ အရောင်းအဝယ် ဖြစ်နေပြီး၊ UTC အချိန် သန်းခေါင်ယံကထက် 3%ကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း လက်တွေ့ လုပ်ဆောင်လာမယ်ဆိုရင်  ပိတ်ပင်မှုက ကွိုင်တူးခြင်းလိုမျိုး ကြီးမားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများရဲ့ အဆုံးသတ်ဖြစ်လိမ့်မယ်လို့ ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်း အင်ဒီဖိုင်(InDeFi)ရဲ့  အမှုဆောင်ဒါရိုက်တာ ဆာဂျီ မန်းဒဲလစ်(Sergey Mendeleev)က ပြောပါတယ်။  “အဲဒါကတော့ ရွေးချယ်စရာတွေ၊ ခြွင်းချက်တွေ မရှိတဲ့ တရုတ်ရဲ့ ပုံစံနဲ့ ပိုတူမယ်လို့ ထင်မိကြောင်း” သူက ပြောပါတယ်။

 

"အကျိုးဆက်တွေကတော့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းအတွက်သာမက ငါတို့ရဲ့ အနာဂတ်တွေအတွက်လည်း ဆိုးဝါးနိုင်ပြီး၊ ဒါကတော့ ရုရှားအတွက် အခုထက်တောင် နည်းပညာပိုင်းမှာ ပိုပြီး နောက်ကျ ကျန်စေမယ့် နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်လာမယ်”လို့  မန်းဒဲလစ်(Mendeleev) ပြောပါတယ်။ အကောင်းဆုံး နည်းပညာကျွမ်းကျင်ပညာရှင်များနဲ့ စွန့်ဦးတီထွင်သူများကတော့ ရင်းနှီးမြှုပ်နှံမှု အများအပြားကို လက်ခံပြီး ရုရှားနိုင်ငံကနေ ထွက်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။

 

ဗဟိုဘဏ်ကတော့ ရုရှားနေထိုင်သူများရဲ့ ဒစ်ဂျစ်တယ်ငွေကြေး  အရောင်းအ၀ယ်များကို စောင့်ကြည့်ပြီး၊ ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းများက မှတ်ပုံတင်ထားတဲ့ နိုင်ငံများနဲ့ ညှိနှိုင်းပြီး ရုရှားအသုံးပြုသူများရဲ့ အရောင်းအ၀ယ်ဆိုင်ရာ အချက်အလက်များကို ရယူဖို့  စီစဉ်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အနာဂတ်မှာ လက်ရှိ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ရုရှားဗဟိုဘဏ်ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDC)ကို မိတ်ဆက်ခြင်းက လျင်မြန်ပြီး သက်သာတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို လိုအပ်နေတဲ့ ရုရှားပြည်သူများရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့  ယုံကြည်ကြောင်း ကြီးကြပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေး မပါရှိဘဲ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ အားသာချက်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

 

ရုရှားဗဟိုဘဏ်ကတော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနဲ့ အစားထိုးသွားနိုင်မှာ ဖြစ်ပြီး ၎င်းနဲ့ သက်ဆိုင်တဲ့ ဥပဒေကိုတော့ 2020ခုနှစ် နွေရာသီကတည်းက စတင် ကျင့်သုံးခဲ့တဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဥပဒေအောက်မှာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဘဏ္ဍာရေးဈေးကွက်မှာ ပါဝင်သက်ဆိုင်သူတွေကတော့ မတ်လ 1ရက်နေ့အထိ အစီရင်ခံစာအပေါ် မှာ မှတ်ချက်ပေးနိုင်ပါတယ်လို့ ဗဟိုဘဏ်ကနေ ပြောပါတယ်။

 

ပမာဏအားဖြင့် ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းဖြစ်တဲ့ ဘိုင်းနန့်ကတော့ ကြီးကြပ်သူတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပြောဆိုမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

"ကျွန်တော်တို့ကတော့ ဒစ်ဂျစ်တယ်ငွေကြေးတွေ၊ ဘလော့ချိန်းတွေနဲ့ ပက်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေကို အမြဲ ကြိုဆိုလျက်ရှိပြီး၊  အကြံပေး အစီရင်ခံစာက ရုရှားဗဟိုဘဏ်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှုများကို စတင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း”ကို ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူက ကွိုင်ဒက်(Coindesk)ကို ပြောကြားခဲ့ပါတယ်။ "ဘိုင်းနန့်ရဲ့ ကြိုတင် ပြင်ဆင်ထားရှိမှုတွေ၊ အများကဏ္ဍနဲ့ ပုဂ္ဂလိကဏ္ဍဆိုင်ရာ ပါဝင်သက်ဆိုင်သူများနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေက ဒီလို ဆိုးဝါးတဲ့ လုပ်ဆောင်မှုများကို ရှာဖွေဖော်ထုတ်ဖို့အတွက် ထားရှိတဲ့ လုပ်ငန်းဆိုင်ရာ စံနှုန်းများထက် ကျော်လွန်ပါတယ်။”

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 ဘိုင်းနန့်ကတော့ 1.6Mရှိတဲ့ BNB တိုကင်များကို အလိုအလျောက် လောင်ကျွမ်းစေတဲ့ စနစ်မှာ ပထမဆုံး လောင်ကျွမ်းစေ (2022.01.18)

တိုကင် လောင်ကျွမ်းစေခြင်းကတော့ ငွေကြေးလျှော့ချမှု ဒီဖလေးရှင်း(Deflation) ဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးကို ထိန်းသိမ်းထားရှိတဲ့ နေရာကို ယူလာခဲ့ခြင်း ဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး အိတ်ချိန်းဖြစ်တဲ့ ဘိုင်းနန့်ကတော့ ၎င်းရဲ့ ဘိုင်းနန့်တိုကင် (BNB) အလိုအလျောက် လောင်ကျွမ်းစေတဲ့ စနစ်ကို ပြီးခဲ့တဲ့ သုံးလပတ်မှာ ပထမဆုံး အကောင်အထည် ဖော်ခဲ့ပြီး၊ ကွိုင်လည်ပတ်မှုကနေ ဒေါ်လာ 750 သန်းတန်ဖိုးရှိ BNB တိုကင် 1.6 သန်းကျော်ကို ဖယ်ရှားခဲ့ပါတယ်။

 

စနစ်အသစ်မှာတော့ လောင်ကျွမ်းစေရမယ့် တိုကင်အရေအတွက်ကို စမတ်စာချုပ်ကို အခြေခံထားပြီး ဘိုင်းနန့်ချိန်းနဲ့ အတူ အပြိုင်လုပ်ဆောင်နိုင်တဲ့ ဘိုင်းနန့်စမတ်ချိန်းအပေါ်မှာ ထုတ်လုပ်ထားတဲ့ ဘလော့အရေအတွက်နဲ့ BNBရဲ့ သုံးလပတ်အတွင်း ပျှမ်းမျှဒေါ်လာဈေးအပေါ်မှာ အခြေခံထားတဲ့ ဖော်မြူလာအရ ရရှိပါတယ်။

 

ဘိုင်းနန့်အိတ်ချိန်းကနေ ရရှိတဲ့ အကျိုးအမြတ်ကို အခြေခံထားတဲ့ ယခင်က အသုံးပြုခဲ့တဲ့ လောင်ကျွမ်းစေခြင်းနည်းလမ်းကနေ ပြောင်းလဲလိုက်တာကတော့ လောင်ကျွမ်းလျော့ချတဲ့ လုပ်ငန်းစဉ်ကို မျှတပြီး ပွင့်လင်းမြင်သာစေဖို့ ဖြစ်ပါတယ်။

 

"BNBကို အလိုအလျောက် လောင်ကျွမ်းစေဖို့ လုပ်ဆောင်ခြင်းကတော့  BNBခရီးစဉ်အတွက် သဘာဝကျတဲ့ နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပြီး ပိုမို လွတ်လပ်မှု၊ ပွင့်လင်းမြင်သာရှိမှုနဲ့ ခန်းမှန်းနိုင်မှုတွေကို ပေးအပ်ခြင်းဖြင့် BNB အသိုက်အဝန်းကို ပိုမို ကြီးမားလာစေဖို့ ကူညီပါလိမ့်မယ်”လို့  ဘိုင်းနန့်ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ ချန်ပင်း ကျုံး(Changpeng Zhao)က ဘိုင်းနန့်ဘလော့ရဲ့ တရားဝင်ကြေငြာချက်မှာ ပြောခဲ့ပါတယ်။

 

ဘိုင်းနန့်ကတော့ လည်ပတ်နေတဲ့ BNBကွိုင်များရဲ့ 50%ဖြစ်တဲ့ 100မီလီယံ BNBကွိုင်တွေကို သုံးလတစ်ကြိမ် လောင်ကျွမ်းစေခြင်းဖြင့် လျော့နည်းသွားစေဖို့ ကတိပြုထားပါတယ်။ ဒေတာရင်းမြစ်ဖြစ်တဲ့ ကွိုင်တူးလ်(Coin Tools)အရ၊ အိတ်ချိန်းကတော့ 2017ခုနှစ် နှောင်းပိုင်းကနေ လောင်ကျွမ်းခြင်းစနစ်ကို စတင်ပြီးတော့ ယနေ့အထိ သုံးလပတ် လောင်ကျွမ်းမှုမှတစ်ဆင့် 35မီလီယံနီးပါး တိုကင်တွေကို လျော့နည်းစေခဲ့ပြီး ဖြစ်ပါတယ်။

 

တိုကင်လောင်ကျွမ်းစေခြင်းကတော့ ငွေကြေးဖောင်းပွမှုကို လျော့နည်းစေခြင်းဖြစ်တဲ့ ဒီဖလေးရှင်း (deflation)လို့ ယူဆလို့ ရပြီး ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ကိုက်ညီတဲ့ ပိုင်ဆိုင်ထားရှိခြင်း တန်ဖိုးကို ရရှိစေဖို့ ဖြစ်ပါတယ်။  သမာရိုးကျ ဘဏ္ဍာရေးမှာဆိုရင် ငွေကြေးဖောင်းပွမှုကို လျော့နည်းစေခြင်းဖြစ်တဲ့ ဒီဖလေးရှင်းကတော့ တသမတ်တည်းအားဖြင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးမှာတော့ ဒီဖလေးရှင်းက လည်ပတ်နေတဲ့ တိုကင်အရေအတွက်က အချိန်နဲ့ အမျှ လျော့နည်းလာခြင်း ဖြစ်ပြီး ငွေကြေးဖောင်ပွမှုကို ခံနိုင်ရည်ရှိတဲ့ (သို့) တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု ဖြစ်လာစေမှာ ဖြစ်ပါတယ်။

 

"BNBကတော့ ငွေကြေးဖောင်းပွမှုကို လျော့နည်းစေပါတယ်"လို့ အင်္ဂါနေ့ အစောပိုင်းက BNB လောင်ကျွမ်းစေခြင်း သတင်းနဲ့အတူ ကျုံးက တွစ်တာမှာ တင်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း တနင်္လာနေ့မှာ ကြေငြာခဲ့တဲ့ 18ကြိမ်မြောက် လောင်ကျွမ်းစေခြင်း၊ ပထမဆုံး အလိုအလျောက် လောင်ကျွမ်းစေခြင်းကတော့ ကွိုင်နဲ့ ပက်သက်တဲ့ တင်ဒါတစ်ခု တင်သွင်းခဲ့မှုမှာ ရှုံးနိမ့်စေခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲအချိန်မှာတော့၊ BNBကတော့ တနင်္လာနေ့မှာ 4%ကျော် ကျဆင်းသွားခဲ့တဲ့ ဈေးဖြစ်တဲ့ ဒေါ်လာ474 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

သတင်း အရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ဒစ်စကော့(Discord)- ဘယ်မှာ ရှာရမလဲ ဘာတွေသိထားရမလဲ

ဒစ်စကော့ဆိုတာက ကိုယ်နဲ့ စိတ်ဝင်စားတာချင်းတူတဲ့ လူတွေ ဆက်သွယ်ဖို့နဲ့ သူတို့အကြိုက်ဆုံး ပရောဂျက်တွေ လုပ်ဖို့ အကောင်ဆုံး အသုံးပြုနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက လူလိမ်တွေအတွက်တော့ မိုးကြိုးလက်နက်လိုပါပဲ။ ချန်နယ်ကောင်းပါ။

 

ဒီဂျစ်တယ်ငွေကြေးတွေကို ­စိတ်ဝင်စားတဲ့သူတွေ အတွက်ကတော့ ဒစ်စကော့က အချက်အလက်ရယူဖို့၊ မေးခွန်းတွေမေးဖို့နဲ့ စိတ်ကူးတွေ ဖလှယ်ဖို့ နေရာကောင်းတစ်ခုပါ။ ထပ်ပြောရရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပရောဂျက်တွေနဲ့ ငွေကြေးတွေကို အဓိကထားတဲ့ ချန်နယ် (channel) တွေကလည်း ဒီဂျစ်တယ်ငွေကြေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်ခင် လုပ်ငန်းစဉ်အကြောင်း သင်ယူဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

 

ပထမဆုံး ဒစ်စကော့ရဲ့ ဘာသာစကားကို လေ့လာကြည့်ရအောင်။

  • ဆာဗာ - ဆာဗာဆိုတာကတော့ လွတ်လပ်စွာ အလုပ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုစီကို ဖော်ပြတဲ့ ဝေါဟာရတစ်ခုပါ။ လူတိုင်းကတော့ သူတို့ကိုယ်ပိုင် ဆာဗာတစ်ခုကို စတင်လို့ရပါတယ်။ သူငယ်ချင်း အနည်းငယ်နဲ့ အပြန်အလှန် စကားပြောတာကနေ စပြီး အဖွဲ့အစည်း သောင်းနဲ့ချီပါတဲ့ ပရောဂျက်အကြီးကြီးတွေထိ လုပ်လို့ရပါတယ်။ အဲဒါတွေကိုပဲ အကြောင်းအရာတစ်ခု (သို့) လုပ်ငန်းတစ်ခုခုအတွက် ရည်ရွယ်တဲ့ အဖွဲ့အစည်း စကားပြောခန်းတွေပုံစံလိုမျိုး ပိုပြီးသေးတဲ့ ချန်နယ်တွေအဖြစ် ထပ်ပြီး ခွဲထားနိုင်တယ်။
  • ချန်နယ် - မတူတဲ့ ဆာဗာတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အသိပေးခြင်း (သို့) ကျင်းပတော့မယ့် ပွဲတို့လို အရာ‌တွေကို အဓိကထားတဲ့ မှီခိုမှု မရှိတဲ့ စကားပြောခန်းတွေကို တွေ့နိုင်ပါတယ်။ ချန်နယ်တွေထဲကို ဝင်ရောက်ပြီးနောက်မှာတော့ တခြား သုံးစွဲသူတွေကို သိလာနိုင်မယ်။ ပြီးတော့ သူတို့ကို သူငယ်ချင်းစာရင်းထဲကို ထည့်ပြီး သီးသန့် စကားပြောခန်းများ (သို့) ကိုယ်ယုံကြည်တဲ့ အဖွဲ့တွေအတွက် သီးသန့် ဆာဗာတွေ ထောင်တာတောင် လုပ်နိုင်ပါတယ်။ ဥပမာပြောရရင် ဘရိတ်ကာ (Breakers) လို့ခေါ်တဲ့ ဒစ်စကော့ဆာဗာ (ကွိုင်ဒက်ရဲ့ "The Breakdown" အသံဇာတ်လမ်း ပရိသတ်တွေ ရှိတဲ့နေရာ)မှာ သတင်းတွေ၊ နောက်ဆုံးထွက် အပိုင်းတွေ၊ ဈေကွက်တွေ၊ စည်းမျဉ်းတွေ၊ ရုပ်ပြောင်တွေနဲ့ တခြားအရာတွေကို ဆွေးနွေးလို့ရတဲ့ ချန်နယ်တွေရှိပါတယ်။

သင့်တော်တဲ့ ဒစ်စကော့ချန်နယ်ကို ရှာရတာကတော့ ထိန်လန့်စရာကောင်းပါတယ်။  ဘာလို့လဲဆိုတော့ ရွေးစရာတွေက အများကြီးရှိနေပြီး တချို့ဆာဗာတွေမှာ စကားပြောတဲ့သူ ပမာဏက အရမ်းကို များပါတယ်။ ဒစ်စကော့မှာ ပို့လာတဲ့ စာတော်တော်များများက ဝက်ဘ်ဆိုက်အတုတွေကို သွားခိုင်းတာ၊ ကိုယ်ပိုင်သော့တွေကို ဖြည်တာ၊  လျှို့ဝှက်စကားစုတွေကို မေးတာ၊ ဗိုင်းရပ်စ်ဆောဖ်ဝဲတွေကို ဒေါင်းလုပ်လုပ်ခိုင်းတာတွေ လုပ်ပြီး ကိုယ့်ရဲ့ငွေတွေ ယူဖို့ ကြိုးစားနေတဲ့ လူလိမ်တွေဆီက ဖြစ်တယ်ဆိုတာတော့ သတိထားဖို့ လိုပါတယ်။

 

လူတိုင်း ဆာဗာတစ်ခုထောင်နိုင်တာကြောင့် အဲဒါတွေက ယုံကြည်မှုအတွက် တရားဝင်မှုအတွက် သင်္ကေတ မဟုတ်ဘူးဆိုတာတော့ သတိထားစေချင်ပါတယ်။

 

ဘာလို့ဒစ်စကော့ဆာဗာတွေက အရေးပါတာလဲ

ဒစ်စကော့ဆာဗာရဲ့ အဓိကမကောင်းတဲ့အချက်ကတော့ ကိုယ်နဲ့စိတ်ဝင်စားတာချင်းတူတဲ့ သူတွေ အများကြီး ရှိနေတာပါပဲ။ ပရောဂျက်တစ်ခုမှာ လူတွေရဲ့ စိတ်ဝင်စားမှုကို တိုင်းတာခြင်းအပြင် အချက်အလက်အသစ်တွေ လက်ခံဖို့ အတွက်လည်း ဒါက နည်းကောင်းတစ်ခုပါပဲ။ ဒါ့အပြင် ကိုယ်စိတ်အဝင်စားဆုံး အကြောင်းအရာတွေကို အာရုံစိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။

 

ပုံမှန်စကားပြောခန်းကို ဝင်သလိုပါပဲ ဒစ်စကော့က တခြားစိတ်ဝင်စားသူတွေနဲ့ အချိန်ဖြုန်းဖို့ ပြောဆိုဆက်ဆံဖို့ နေရာတစ်ခုလည်း ဟုတ်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်နိုင်တဲ့ အချက်အလက်တွေ ဖလှယ်တာ ကိုယ့်သူငယ်ချင်းက သီးသန့်စကားခန်းထဲမှာ ပို့တဲ့ လင့်ခ်တွေကို နှိပ်တာတွေနဲ့ ပတ်သက်ပြီး သတိထားဖို့တော့ လိုပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးအကြောင်း စိတ်ဝင်စားစရာ စကားလက်ဆုံကျမိတာနဲ့ပဲ နှစ်ယောက်လုံး ရင်းနှီးချင်တယ်ဆိုတိုင်း အခြေခံ လုံခြုံရေးလုပ်ငန်းစဉ်တွေကို ပစ်ထားလိုက်ရမယ်လို့တော့ မဟုတ်ပါဘူး။ အခြေခံ လုံခြုံရေး လုပ်ငန်းစဉ်တွေကတော့

  1. ဆာဗာတစ်ခုရှိတယ်ဆိုတိုင်း ယုံကြည်ရတယ်လို့ မဆိုလိုပါဘူး။
  2. ဒစ်စကော့မှာရှိတဲ့ ဘယ်သူ့ကိုမဆို အကောင့်အချက်အလက်တွေ ကိုယ်ပိုင်သော့တွေ ဝေါလက်ဆိဒ် (wallet seed) တွေကို ကူညီပေးမယ်ပြောရင်တောင်မှ မပေးမိပါစေနဲ့။
  3. ပရောဂျက်နဲ့ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကို ပိုက်ဆံမလွှဲပေးခင် သူတို့ကို သိအောင် အချိန်ပေးလေ့လာပါ။ အထူးသဖြင့် စောင့်နေရင် လွတ်သွားလိမ့်မယ်လို့ ပြောပြီး မြန်မြန် ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးတတ်တဲ့ သူမျိုးဆို သေချာလေ့လာပါ။

မတူညီတဲ့ ဆာဗာတွေကို ရှာဖွေခြင်းနဲ့ ဝင်ရောက်ခြင်း

ဒစ်စကော့ရဲ့ အပိုင်းတစ်ခုက ကွန်ပျူတာအပ်ပလီကေးရှင်း၊ ဖုန်းအပ်ပလီကေးရှင်း (သို့) ဘရောက်ဆာ(Browser) တစ်ခုခုကနေ ဝင်သုံးလို့ရတာပါပဲ။ အဲဒီအပြင် အပ်ပလီကေးရှင်းရဲ့ အပိုင်းတွေကို ပိုင်စရာမလိုဘဲနဲ့ ဆာဗာတွေ အများကြီးကို ကြိုက်သလောက် ဝင်လို့ရတာပါပဲ။ ဒစ်စကော့ရဲ့ အသွင်အပြင်နဲ့ သုံးရတဲ့ အရသာက အေအိုအယ်(AOL) နဲ့ အမ်အက်စ်အန်(MSN) စာပို့ အပ်ပလီကေးရှင်းတွေကို သတိရစေပြီး၊ ဒီမှာတော့ ဘယ်ဘက်အစွန်ဆုံးက အဝိုင်းက လူတစ်ယောက်ချင်းစီဖြစ်ရမယ့်အစား ဆာဗာတစ်ခုဖြစ်နေတာပါပဲ။

 

ဝင်ဖို့အတွက် ဒစ်စကော့ဆာဗာတွေကို ရှာတာက ကိုယ်ဘယ်ပရောဂျက်ကို စိတ်ဝင်စားလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဘစ်ကွိုင်အတွက် ဒစ်စကော့ချန်နယ် အတိအကျပြောရရင် ဘစ်ကွိုင် ဆဘ်ရက်ဒစ် (Bitcoin Subreddit) ကို ရက်ဒစ် (Reddit) စာမျက်နှာမှာ တွေ့နိုင်ပါတယ်။ အဲလိုပါပဲ ဆဘ်ရက်ဒစ်ရှိတဲ့ တခြားထင်ရှားတဲ့ ဒီဂျစ်တယ်ငွေကြေး ပရောဂျက်တွေကလည်း ရက်ဒစ်ပေါ်က အရင်းအမြစ်အပိုင်းမှာ သူတို့ရဲ့ ဒစ်စကော့ဆာဗာအတွက် တရားဝင်လင့်ခ် ရှိပါတယ်။

ရက်ဒစ်ဆိုတာက ဒီဂျစ်တယ်ငွေကြေးတွေ ပရောဂျက်တွေ တစ်ခုခုကို စိတ်ဝင်စားတဲ့ ကမ္ဘာပေါ်က လူတွေနဲ့ ဆက်သွယ်နိုင်တဲ့ စာတင် ဘုတ်ပြားပါပဲ။ ဒစ်စကော့နဲ့ နည်းနည်းတော့ တူပါတယ်၊ ရက်ဒစ်မှာတော့ ဒစ်စကော့က ပေးတဲ့ လက်တွေ့စကားပြောတဲ့ လုပ်ငန်းစဉ် မပါပါဘူး။

 

မြင်တဲ့အတိုင်း ဘစ်ကွိုင် ဒစ်စကော့လင့်ခ်ပေါ်ကို တင်လိုက်ရင် လင့်ခ်ကို နှိပ်လိုက်တာနဲ့ ဆာဗာကို ဝင်သွားပါပြီ။ လင့်ခ်တိုင်းက အခမဲ့ တက်ရောက်ခွင့်လိုမျိုး ဖိတ်တဲ့ ကုဒ်ဖြစ်ပြီး လူတိုင်းသုံးလို့ရပါတယ်။ လင့်ခ်ကို နှိပ်လိုက်တာက ဒစ်စကော့စာမျက်နှာကို ရောက်သွားပြီး ဘရောက်ဆာ (သို့) ကွန်ပျူတာနဲ့ ဖုန်းအပ်ပလီကေးရှင်းကနေပြီး ဆာဗာကို ဝင်လို့ရစေပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဆဘ်ရက်ဒစ် ရှာလို့ မရဘူးဆိုရင် server/channel + Discord + Mod ရဲ့ နာမည်ကို ရှာပြီး ဆာဗာရဲ့ မော်ဒရေတာ (moderator) ကို ရှာလို့ရပါတယ်။ လူမှန်ကိုတွေ့ပြီဆိုတာနဲ့ ဆာဗာရဲ့ မော်ဒရေတာကို စာပို့ပြီး လူခေါ်လင့်ခ် ယူလို့ ရပါတယ်။

 

အကောင်းဆုံး အသုံးပြုပုံများ

ဒစ်စကော့ဆာဗာတစ်ခု (သို့) ဆာဗာတွေကို ဝင်တဲ့အခါမှာ အသိပေးချက်တွေကို မြန်မြန်ပဲ စိတ်ကုန်သွားတတ်ပါတယ်။ ဘော့အကောင့်(Bot Accounts)တွေက အသစ်ဝင်လာတဲ့သူတွေကို ကြိုဆိုပါတယ်၊ ဘော့တွေက လူသစ်တစ်ယောက်က ချန်နယ် (သို့) သီးသန့်စာကနေ ဝင်လာရင် နှုတ်ဆက်တာမျိုးလုပ်ပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးတဲ့ အေအိုင်စကားပြောသူတွေပါ။ ဒါတွေက ကိုယ်စ ဝင်ရောက်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

 

အခုမှစမယ့်သူတွေအတွက် ကောင်းတာတစ်ခုက ဆာဗာချိန်တဲ့ထဲကို သွားပြီး သီးသန့်စာပို့တာကို ပိတ်ထားဖို့ပါပဲ။ ကိုယ်က သီးသန့်စကားပြောခန်းမှာ ပြောချင်တယ်ဆိုရင် ကိုယ်ကတော့ စပြီး ပြောရပါလိမ့်မယ် ဒါပေမဲ့ ဒါက လူလိမ်တွေ လူလိမ်ဖြစ်နိုင်ချေများတဲ့သူတွေ ကိုယ့်လာစကားပြောတာကိုတော့ တားနိုင်ပါလိမ့်မယ်။

 

ဒါကို ပိတ်ဖို့ဆိုရင် ဒီအဆင့်တွေ လုပ်လိုက်ပါ။

  • ဆာဗာသုံးစွဲသူတွေဆီကနေ တိုက်ရိုက်စာမရောက်အောင် ပိတ်ဖို့ ဘယ်ဘက်က ဆာဗာကို နှိပ်လိုက်ပါ။
  • ဆာဗာနာမည်ရဲ့ ဘေးက အောက်စိုက်မြားလေးကို နှိပ်ပြီး သီးသန့်ချိန်ညှိမှုများကို ရွေးပါ။
  • ဆာဗာအဖွဲ့ဝင်များဆီမှ တိုက်ရိုက်စာများ လက်ခံမည်အတွက် လျှောခလုတ်ကို ဘယ်ဘက်ကို မီးခိုးရောင်ပြောင်းသွားတဲ့အထိ ရွှေ့လိုက်ပါ။
  • ပြီးပြီကို နှိပ်ပါ။
  • ဆာဗာအဖွဲ့ဝင်တွေဆီက တိုက်ရိုက်စာတွေကို ပိတ်ချင်တဲ့ ဘယ်ဆာဗာမှာမဆို ဒီအဆင့်တွေအတိုင်းပဲ ပြန်လုပ်ပါ။

ကိုယ်ကတော့ စာမှာ ဖော်ပြခံရတာ (သို့) အရေးကြီး ကြေညာချက် ကံစမ်းမဲတွေ ရှိလာခဲ့ရင် ပုံမှန် ဆာဗာအသိပေးချက်မျိုးကို ရနေဦးမှာပဲဖြစ်ပါတယ်။

ဒစ်စကော့က လူလိမ်တွေကို ဘယ်လိုရှောင်ရမလဲ

တိုက်ရိုက်စာပို့တာကို ပိတ်ထားတာက ဒစ်စကော့က အသိပေးချက် အရေအတွက်ကို လျှော့ချနိုင်ပေမဲ့ နောက်တစ်ခုကိုလည်း ရနိုင်ပါသေးတယ်။ သာမန်စကားပြောခန်းလိုပဲ ဒစ်စကော့ဆာဗာတိုင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့ဝင်တွေလည်း ရှိနိုင်ပါသေးတယ်။ ပိုပြီးတိတိကျကျပြောရရင် သူတို့က ဆာဗာထဲ အသစ်ဝင်လာတဲ့သူတွေကို ထိခိုက်စေမယ့် စာ(သို့) နှိပ်လို့ရတဲ့ လင့်ခ်တွေနဲ့ တိုက်ခိုက်နိုင်ပါတယ်။

 

လမ်းပေါ်က သူစိမ်းတစ်ယောက်ဆီက ချိုချဉ်ကို လက်မခံသလိုမျိုး အင်တာနက်ပေါ်က သူစိမ်းတွေပို့တဲ့ လင့်ခ်တွေကို ဘယ်တော့မှ မယုံပါနဲ့။

 

အခြား အကောင်းဆုံး အသုံးပြုပုံများ

ဒစ်စကော့ပေါ်က သူစိမ်းတစ်ယောက်ကို စပြီးယုံတော့မယ်ဆိုရင်တောင် ဒီအတိုင်းပါပဲ။ တချို့လူတွေက အစစ်ဖြစ်နိုင်ပေမယ့် တချို့ကတော့ ကိုယ့်ဆီက အချက်အလက်တွေ ယူချင်တာ၊ ကိုယ့်ရဲ့ ဒီဂျစ်တယ်ငွေကြေးကို ခိုးဖို့ ကြိုးစားကြတာပါ။ အဲဒီအစား ကိုယ့်ရဲ့ စကားပြောခန်းတွေကို ဒီအရာတွေမှာပဲ အာရုံစိုက်ပါ -

  • စိတ်ကူးနဲ့ အထင်အမြင်တွေကို လဲလှယ်ခြင်း
  • နည်းပညာပိုင်းဆိုင်ရာ မေးမြန်းခြင်း
  • ဆာဗာရဲ့ အထွေထွေ စကားပြောခန်းမှာ ဝင်ပြောခြင်းတွေမှာ အာရုံစိုက်သင့်ပါတယ်။

ဒစ်စကော့မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုကို ဘယ်တော့မှ ထုတ်မပြောသင့်ပါဘူး၊ ဘယ်အများသုံးဖိုရမ်တွေမှာ ဖြစ်ဖြစ် မပြောသင့်ပါဘူး။ ဒီလို ပြောတဲ့ထဲမှာ ကိုယ်ပိုင်ဆိုင်တဲ့ ဒီဂျစ်တယ်ငွေကြေးတွေ၊ ကိုယ်ဘယ်လောက် ချမ်းသာတယ်ဆိုတာတွေကို တစ်ယောက်ယောက်ကို ပြောပြတာတွေ ပါပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ကို တိုက်ခိုက်လာစေနိုင်ပြီး လူလိမ်တွေကို ကိုယ့်အပေါ် အာရုံစိုက်လာစေနိုင်ပါတယ်။

 

ဒစ်စကော့ဆာဗာတွေရဲ့ လျှို့ဝှက်အခန်းများ

ကြီးမားလာတဲ့ ဒစ်စကော့အသုံးပြုမှုက တချို့တိုကင်တွေ၊ အန်အက်ဖ်တီ (NFT) တွေနဲ့ တခြားအရာတွေ ပိုင်ဆိုင်တဲ့အပေါ် မှာ မူတည်ပြီး ဆာဗာအသုံးပြုမှုကို ကန့်သတ်ထားပါတယ်။

ကျွန်တော်တို့ ပုံတူကူးမရတဲ့ တိုကင်တွေကို ဥပမာဆိုပါစို့။ သုံးစွဲသူတွေက အဲဒီရဲ့ ဘယ်အန်အက်ဖ်တီ ပရောဂျက်ရဲ့ ဒစ်စကော့ချန်နယ်ကိုမဆို ဝင်လို့ ရပါတယ်။ ဒါပေမဲ့ အနည်းဆုံး တစ်ခုခုကို ပိုင်ဆိုင်ကြောင်း ပြမထားနိုင်ရင် ဝင်လို့ရတဲ့ ချန်နယ်တွေ အကုန်လုံးကို သူတို့  မြင်နိုင်မှာ မဟုတ်ပါဘူး။

 

ချန်နယ်ဝင်ခွင့်ကို ဒစ်စကော့ အသုံးပြုသူများရဲ့ အဆင့်သတ်မှတ်ချက်၊  NFT ကိုင်ဆောင်သူတွေရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့လည်း ကန့်သတ်ထားနိုင်တာကြောင့် ပုံမှန်သုံးစွဲသူတွေဆီမှာ ချန်နယ်ဝင်ခွင့်တွေ ပျောက်နေတတ်ပါတယ်။

 

ဥပမာ၊ NFTကိုင်တဲ့သူတွေက ဒါတွေကို ဝင်ခွင့်ရနိုင်တဲ့ အဆင့်သတ်မှတ်ချက်တွေ ရှိပါတယ်။

  • NFTကိုင်ထားတဲ့သူတွေအတွက် မဲဖောက်ခြင်း (အများအတွက် မဲဖောက်ခြင်းနဲ့ ခွဲခြားထားပါတယ်။)
  • NFT ကိုင်သူတွေအတွက် စကားပြောချန်နယ်တွေ
  • အများကို အသိမပေးခင်မှာ ပရောဂျက်ကြေညာချက်တွေနဲ့ ပရောဂျက်အကြောင်း ကြိုသိခွင့်တွေ ရနိုင်ခြင်း

ဒစ်စကော့ကတော့ ဗဟိုအထိန်းအချုပ်မဲ့ ကိုယ်ပိုင်အဖွဲ့အစည်း (DAO) တွေရဲ့ အဖွဲ့ဝင်တွေကြားမှာ ဆွေးနွေးမှုတွေ များလာဖို့ အရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဥပမာတစ်ခုကတော့ ပွဲစီစဉ်ဖို့၊ သတင်းစာတွေ ထုတ်ဝေဖို့နဲ့ အုပ်စုလိုက်စကားပြောဖို့ သုံးတဲ့ FWB(Friends With Benefits) ဒစ်စကော့ပါ။ ဒါပေမဲ့ ကိုယ့်မှာ FWB တိုကင် 75ခုနဲ့ အထက်ရှိရင် သီးသန့် အဖွဲ့တစ်ခုကို ဝင်သွားပြီး စကားပြောခန်းကို ဝင်လို့ရပါပြီ။ ဒီ ဒစ်စကော့နဲ့ တခြား ဒီအေအို (DAO) တွေရဲ့ အဖွဲ့ဝင်တွေက အုပ်ချုပ်မှု တာဝန်နဲ့ အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဒီချန်နယ်တွေကို သုံးကြပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk

ဘာသာပြန်သူ : Ko Myat Minn Kyaw


❄️❄️❄️❄️❄️❄️❄️


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🤗Have a nice weekends🤗
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe