ဈေးကွက်မှာ ဒုတိယအကြီးဆုံးနဲ့ စမတ်စာချုပ်ကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။
  By Ma Thida Tun     /     2021.12.31     /     Volume 6    /    Subscribe

ဒီနေ့သတင်း

📨 2021ခုနှစ် ဈေးကွက် အနှစ်ချုပ်

📨 အယ်ဆာဗာတို သမ္မတ ဘူကလဲကတော့ ဘစ်ကွိုင်က အခုနှစ်မှာ ဒေါ်လာ   1သိန်းကို ရောက်ရှိဖို့ မျှော်လင့်ထား

📨 ရက်ပါ အဆိုတော် အမ်မင်နမ်(Eminem)ကတော့ ဗိုး အိပ် ရက် ကလပ် NFT(Bored Ape Yacht Club NFT)ကို ဒေါ်လာ 462,000နဲ့ ဝယ်ယူခဲ့

📨 အီသာရီရမ်ဆိုတာ ဘာလဲ။

1. ဈေးကွက်အခြေအနေ

❄️❄️❄️❄️❄️❄️❄️

2. သတင်းများ

📨 2021ခုနှစ် စျေးကွက် အနှစ်ချုပ်

မနှစ်က၊ 2020ခုနှစ်ကအတိုင်းပဲ 2021နှစ်မှာလည်း ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက် ကတော့ တက်ဈေးဘက်မှာ ရှိနေပြီး ဈေးကွက်ကတော့ သိသိသာသာ ကြီးထွားလာပါတယ်။ အတက်အကျတော့ ရှိပေမဲ့ ဘစ်ကွိုင်ဆိုရင်လည်း အမြင့်ဆုံးဈေးအထိ ရောက်ရှိခဲပြီး၊ အထူး ဘဏ္ဍာရေးငွေလွှဲပြောင်းမှုအချက်အလက်များ အစီရင်ခံခြင်းနဲ့ အသုံးပြုမှုဆိုင်ရာ ဥပဒေ ပြဌာန်းချက်ကြောင့် ဂိုးပက်(Gopax)အပါဝင် အိတ်ချိန်း29 ခုက မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။  2021ခုနှစ်အတွင်း ဈေးကွက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများနဲ့ လာမယ့် 2022ခုနှစ်မှာ သတိထားရမယ့် အကြောင်းအရာတွေကို ဂိုးပက် အပတ်စဉ်(Gopax Periodical)မှာ ပြောပြပေးသွားပါမယ်။

 

  1. ဘစ်ကွိုင်ရဲ့ အခုအချိန်ထိ အမြင့်ဆုံးဈေး

ဘစ်ကွိုင်စျေးနှုန်းကတော့ ပြီးခဲ့တဲ့ 2020ခုနှစ် 10လပိုင်းကနေ စပြီး သိသိသာသာ မြင့်တက်လာခဲ့ပြီး ဒေါ်လာ 1သောင်းဝန်းကျင်ကနေ ဒေါ်လာ 6သောင်းအထိ တောက်လျှောက် တက်လာခဲ့ပါတယ်။  ပြီးနောက် 5လပိုင်းမှာ ရုတ်တရက် ကျသွားခဲ့ပြီး 6လပိုင်းမှာတော့ အမြင့်ဆုံးဈေးရဲ့ 50%အထိ ကျသွားခဲ့ပါတယ်။  နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း ဈေးနှုန်းပြန်တက်လာပြီး အမြင့်ဆုံးဈေးထက် ထပ်မံ မြင့်တက်သွားခြင်း အစရှိတဲ့ အပြောင်းအလဲတွေ ရှိခဲပြီး အနိမ့်ဆုံးဈေးကလည်း တဖြည်းဖြည်း မြင့်တက်လာပြီး ရေရှည်အားဖြင့် သိသာတဲ့ တက်ဈေး လက္ခဏာများကို မြင်တွေ့ခဲ့ရပါတယ်။  အထူသဖြင့် ဘစ်ကွိုင်ကတော့ အမြင့်ဆုံးဈေးထက် ထပ်မံ မြင့်တက်သွားပေမဲ့ ဘစ်ကွိုင်ရဲ့ ကြီးစိုးမှုကတော့ ဆက်တိုက် ကျဆင်းလာခဲ့ပြီး နှစ်အစပိုင်းနဲ့ ယှဉ်ရင်  29%p ကျဆင်းသွားခဲ့ပြီး၊ စျေးကွက်က‌တော့ ယေဘုံကျအားဖြင့် ကြီးမားကျယ်ပြန့်လာတယ်လို့ သတ်မှတ်နိုင်ပါတယ်။

 

  1. အီလွန် မက်(Elon Musk)နဲ့ မီးမီး ကွိုင်(Meme Coin)

ဘစ်ကွိုင်ရဲ့ သတင်းကောင်းတွေကို အမြန်ဆုံး ဖြစ်ပေါ်စေခဲ့တဲ့ တက်စလာ(Telsa)ကားကုမ္ပဏီရဲ့ CEOဖြစ်တဲ့ အီလွန် မက်ကတော့ 4လပိုင်းကနေ စပြီး ဒေါ့ကွိုင်(Doge Coin)ရဲ့ ကောင်းကြောင်းတွေကို တွစ်တာမှာ ဆက်တိုက် တင်ခဲ့တာကြောင့် ဈေးများ ဆက်တိုက် တက်ခြင်း၊ နှစ်အစပိုင်းမှာ ရှိခဲ့တဲ့ ဂိမ်းဆွတ်(Game Swaps)များနဲ့ အတူ မီးမီး ရှယ်ယာ၊ မီးမီး ကွိုင်တွေကို ဈေးတက်စေခဲ့ပါတယ်။  ရင်းနှီးမြှုပ်နှံမှုနဲ့ ကစားခြင်းကို ပေါင်းစပ်ထားတဲ့ ဒီလို  'မီးမီး အခြေအနေ'ကတော့ တန်ဖိုးအားဖြင့် မရှိပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး ဈေးကစားတာကြောင့် အခြေခံအချက်တွေနဲ့ ဈေးကွက်လိုအပ်ချက်အပေါ် အခြေခံထားတဲ့ မူလ ရင်းနှီးမြှုပ်နှံမှုပုံစံတွေနဲ့ ယှဉ်ရင် လုံခြုံစိတ်ချရမှု မရှိဘူးဆိုပြီး ပြောနေကြတာ ရှိပေမဲ့ မက်ရဲ့ ဒေါ့ကွိုင်နဲ့ ပက်သက်တဲ့ တွစ်တာပို့စ်တွေကတော့ အခုထိ ဆက်တိုက် ရှိနေဆဲ ဖြစ်ပြီး လာမယ့်နှစ်မှာလည်း ဈေးကွက်ရဲ့ အဓိက ဖြစ်နေဦိးမလား ဆိုတာကို အာရုံစိုက်နေကြပါတယ်။  

 

  1. အယ်ဆာဗာဒိုရဲ့ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း

2021ခုနှစ် 6လပိုင်းတုန်းက အယ်ဆာဗာဒိုနိုင်ငံရဲ့ သမ္မတဖြစ်တဲ့ နာရစ် ဘူကလဲကတော့ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် လက်ခံမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းများကတော့ အယ်ဆာဗာဒိုနိုင်ငံရဲ့ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် လက်ခံခြင်းက ဘဏ္ဍာရေးခိုင်မာမှုနဲ့ ယုံကြည်စိတ်ချရမှု အစရှိတာတွေမျာ အန္တရာယ်တွေ ဖြစ်စေနိုင်တယ်လို့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပေမဲ့ 9လပိုင်းမှာ သက်ဆိုင်ရာ ဥပဒေက အသက်ဝင်လားပြီး တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။   အယ်ဆာဗာဒိုကတော့ နိုင်ငံသားအများစုက ဘဏ်စာအုပ် မရှိတာကြောင့် ဘစ်ကွိုင်ကို အသုံးပြုပြီး နိုင်ငံသားတွေ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ကြိုးပမ်းတဲ့ လုပ်ငန်းထဲက တစ်ခု ဖြစ်ပြီး၊ နိုင်ငံခြားငွေလွှဲခြင်း အစရှိတာတွေမှာ ဝန်ဆောင်ခကို လျှော့ချပေးတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေတွေကို ဝင်ရောက်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။  ဆက်လက်ပြီး 11လပိုင်းမှာ ဘစ်ကွိုင်မြို့တော် အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ဘူမိ အပူစွမ်းအင်ဖြင့် ဘစ်ကွိုင်တူးခြင်းကို လုပ်ဆောင်ကာ အခွန်များ လျှော့ပေါ့ပေးခြင်း အစရှိသဖြင့် လုပ်ငန်းကို အားပေးလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။   ဒါက တစ်ကယ့် လက်တွေ့ ဖြစ်လာမလားဆိုတာကတော့  စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

  1. တရုတ်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းများ

တရုတ်နိုင်ငံကတော့ 2017 ခုနှစ် နောက်ပိုင်းကနေ စတင်ပြီး ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းနဲ့ ပက်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို ဆက်တိုက် ချမှတ်ခဲ့ပြီး ယွမ်ငွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် လုပ်မှု ပိတ်ပင်ခြင်းကနေ အစပြုလို့ 2021ခုနှစ်မှာတော့ ကွိုင်တူးခြင်းကို ပိတ်ပင်ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းနဲ့ ပက်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်ခဲ့ပါတယ်။  တစ်ဖက်မှာတော့ တရုတ်က ဒစ်ဂျစ်တယ်ယွမ်ငွေကို မိတ်ဆက်ဖို့ အတွက်သာမက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် ဒီလို တင်းကြပ်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လေ့လာသူကတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာပဲ အဓိကထား လုပ်ဆောင်ကြတဲ့ ကွိုင်တူးခြင်းလုပ်ငန်းတွေကတော့ တရုတ်အစိုးရရဲ့ ဒီလို စည်းမျဉ်းစည်းကမ်းများကြောင့် ပြည်ပကို တစ်ဖြည်းဖြည်း ရွှေ့ပြောင်းလာကြပြီး 5လပိုင်းတုန်းကတော့ ကွိုင်တူးနှုန်း(Hash Rate)က ကျဆင်းသွားခဲ့ပါတယ်။    လက်တွေ့မှာလည်း 7လပိုင်းကနေ စတင်ပြီး ဘစ်ကွိုင်တူးခြင်းနဲ့ အလှမ်းကွာဝေးတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ကွိုင်တူးခြင်းတွေက ဆက်တိုက် ရှိလာခဲ့ပြီး DCGရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ ဖောင်ဒရီ(Foundry)ကတော့ အကြီးဆုံး ကွိုင်တူးတဲ့ လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

 

  1. NFT စျေးကွက် ကျယ်ပြန့်လာခြင်း

ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်မှာသာမက ရှယ်ယာဈေးကွက်မှာလည်း NFT၊ မက်တာဗားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာအသစ်များ ထွက်ပေါ်လာပြီး ဆက်စပ်နေတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေနဲ့ ရှယ်ယာတွေ အတူတကွ မြင့်တက်လာခဲ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  အနုပညာသာမက ဂိမ်းတွေ၊ အဝတ်အစားတွေ အစရှိတဲ့ နယ်ပယ်အစုံမှာ NFTကို အသုံးပြုလာကြပြီး ဂတ်စ်ဝန်ဆောင်ကြေး(Gas Fees)အထိ မြင့်တက်လာခြင်းတွေ ဖြစ်ပေါ်လာပြီး အီသာရီရမ်ကို အစားဖို့ လေယာဝမ်း(Layer 1)ဘလော့ချိန်းများရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေကလည်း  အရမ်း သိသာပါတယ်။  အထူးသဖြင့် NFTsကို အသုံးပြုတဲ့ ဂိမ်းတွေက အခုနှစ်အတွင်းမှာ အောင်မြင်မှုတွေ အများကြီး ရှိခဲ့ပြီး ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ မြင့်တက်လာကာ အလျင်အမြန် NFTကို အသုံးပြုမယ့် အစီအစဉ်များကို ကြေငြာလာခြင်းကြောင့် အနာဂတ်မှာလည်း ဆက်စပ် လုပ်ငန်းတွေ ဆက်လက် တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။  NFTနဲ့ ပက်သက်တဲ့ တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုချက်က အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးပေမဲ့ NFTကို ရောင်းတဲ့ ပလက်ဖောင်းအရေအတွက် တိုးလာသည်နှင့်အမျှ မူပိုင်ခွင့်၊ အခွန်နဲ့ ငွေကြေးခဝါချမှုများလိုမျိုး ဆက်စပ် ပြဿနာများ တိုးများလာတာကြောင့် လွှတ်တော်မှာ အဲဒါနဲ့ ပက်သက်တဲ့ ဥပဒေများ ချမှတ်လာနိုင်မှုကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

 

အောက်ပါ စကားလုံးတွေကတော့ 2022 ခုနှစ်အတွက် အဓိက မိန်းစာလုံး ငါးခုပဲဖြစ်ပါတယ်။

 

#1. NFT/မက်တာဗား အကြောင်းအရာများ ဆက်တိုက် ထွက်ပေါ်

#2. DAO ခေတ်စားလာခြင်း

#3. စည်းမျဉ်းများနဲ့ စတေဘယ်ကွိုင်များ အားပြိုင်မှု

#4. အီသာရီရမ်နဲ့ အခြားအလွှာ ဘလော့ချိန်းများ အားပြိုင်မှု

#5. မက်ခရို စီးပွားရေးအခြေအနေ အပြောင်းအလဲများနဲ့ ဆောင်းရာသီကို ပြန်လည် ရောက်ရှိနိုင်ခြေ

 

2021 ခုနှစ်မှာ ရည်မှန်းချက်များ အားလုံးကို အောင်မြင်ပြီးမြောက်ခဲ့ဖို့ မျှော်လင့်ပြီး၊ 2022 ခုနှစ်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေမှာ ဆက်လက်အောက်မြင်ဖို့ ဆန္ဒပြုပါတယ်။ ဂိုးပတ်ကတော့ နောက်နှစ်မျာ ဝမ်မားကတ်(Won Market)ကို ပြန်လည် အသုံးပြုနိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး  ပိုမို စိတ်လှုပ်ရှားဖွယ်ရာ သတင်းများကို စုစည်းပြီး တင်ပြပေးနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားပါမယ်။

 

အရင်းအမြစ်: Gopax


❄️❄️❄️❄️❄️❄️❄️



📨 အယ်ဆာဗာတို သမ္မတ ဘူကလဲကတော့ ဘစ်ကွိုင်က အခုနှစ်မှာ ဒေါ်လာ   1သိန်းကို ရောက်ရှိဖို့ မျှော်လင့်ထား

အယ်ဆာဗာတိုကတော့ ပြီးခဲ့တဲ့နှစ်က ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

အယ်ဆာဗာတို သမ္မတာ နာရစ် ဘူကလဲကတော့ ဘစ်ကွိုင်က အဓိက ငွေကြေးအဖြစ် ရွေးချယ်မှုတွေ များပြားလာနေတဲ့ အချိန်ဖြစ်တဲ့ ဒီနှစ်မှာတော့ ဘစ်ကွိုင်က ဂဏာန်း 6လုံး တန်ဖိုးကို ရောက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

 

ဘူကလဲကတော့ တနင်္ဂနွေနေ့က တွစ်တာမှာ “2022ခုနှစ်မှာတော့ ဘစ်ကွိုင်က ဒေါ်လာ 1သိန်းအထိ တန်ဖိုးရှိလာမှာ ဖြစ်ပြီး နောက်ထပ် နိုင်ငံ 2ခုကနေ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် လက်ခံလာလိမ့်မယ်”လို့ ရေးသားထားပါတယ်။ ဆက်လက်ပြီး ဒစ်ဂျစ်တယ်ငွေကြေးကတော့ 11လပိုင်း 8ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဓိက ပြဿနာဖြစ်လာလိမ့်မယ်လို့ ထပ်ပြီး ပြောထားပါတယ်။

 

အယ်ဆာဗာတိုက‌တော့ ပြီးခဲ့တဲ့ 9လပိုင်းတုန်းက ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် လက်ခံခဲ့ပြီး မသေချာသေးတဲ့ လောကထဲကို ခြေစုံပစ် ဝင်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကို အမျက်ဒေါသ ဖြစ်စေခဲ့ပါတယ်။  ဆက်လက်ပြီး ဘူကလဲကတော့ 11လပိုင်းမှာ ပိုင်ဆိုင်မှုကွန်ရက်(Liquid Network)မှာ  10 နှစ်သက်တမ်း၊  1ဘီလီယံတန်ဖိုးရှိတဲ့  "ဘစ်ကွိုင်ချေးငွေစာချုပ်"ကို ထုတ်မယ့် အစီအစဉ်ကို ကြေငြာခဲ့ပါတယ်။ ချေးငွေအစီအစဉ်ရဲ့ အကျိုးအမြတ် တစ်ဝက်ကိုတော့ မီးတောင် အနီးအနားရှိ ဖွန်ဆက်ကာ(Fonseca)ပင်လယ်ကွေ့တစ်လျှောက် ဘစ်ကွိုင်မြို့တော် တည်ဆောက်ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 

ဘလော့စထရီး(Blockstream)ရဲ့ ခန့်မှန်းချက်များအရ၊ ချေးငွေစာချုပ်ကနေ ရရှိနိုင်တဲ့ အကျိုးအမြတ်ကတော့ 10နှစ်မြောက်မှာ အများဆုံး  146%အထိ ရှိပြီး၊ ဘစ်ကွိုင်ကတော့ လာမယ့် 5နှစ်အတွင်း ဒေါ်လာ 1သိန်းအထိ ရောက်ရှိမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အတူဖြစ်ပါတယ်။ အမြင့်ဆုံးဈေး ဒေါ်လာ 69,000အထိ ရှိခဲ့ပေမဲ့ လက်ရှိမှာ ဒေါ်လာ 47,000နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအတွက်တော့ အလှမ်းကွာဝေးတဲ့ မျှော်မှန်းချက်ဖြစ်နိုင်ပါတယ်။  အယ်ဆာဗာတိုကတော့ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ကာလရှည် ဈေးနှုန်းနဲ့ ပက်သက်ပြီး ယုံကြည်မှုရှိတယ်ဆိုတဲ့ ပြသမှုအဖြစ် ဈေးနှုန်းကျဆင်းတိုင်း အမြဲ ဝယ်ယူနေသူ ဖြစ်ပါတယ်။

 

ဘစ်ကွိုင်ကတော့ 2021 ခုနှစ်မှာ  သာမန် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မှုများထက် 60% နီးပါး မြင့်တက်လာခဲ့ပါတယ်။  ဒါပေမဲ့  11လပိုင်းနဲ့ 12လပိုင်းမှာတော့ ဘဏ္ဍာရေးဈေးကွက်နဲ့ ပက်သက်ပြီး အမေရိကန် Fedရဲ့ ပြောင်းလဲမှုနဲ့ အန္တရာယ် ရှောင်ရှားမှုတွေကြောင့်  အများက မျှော်မှန်းထားတဲ့ ဒေါ်လာ 1သိန်းကို ရောက်ရှိဖို့ကတော့ ခက်ခဲခဲ့ပါတယ်။

 

ဘူကလဲကတော့ အခုနှစ်မှာ ဘစ်ကွိုင်က ပြန်လည် အားကောင်းလာဖို့ မျှော်လင့်ထားပြီး၊ အချို့ လေ့လာသူတွေကတော့ အီသာရီရမ်(Ethereum)၊ အေဗာလန်ချိ(Avalanche)၊ ဖန်တန်(Fantom)နဲ့ ဆိုလဲနာ(Solana)လိုမျိုး လေယာဝမ်း(Layer 1)ဘလော့ချိန်းကွိုင်တွေကို မျှော်လင့်ထားကြပါတယ်။

 

စင်္ကာပူ အခြေစိုက် QCP ကပ်ပီတယ်(QCP Capital)ကတော့ 2022ခုနှစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဘစ်ကွိုင်အပြင် အခြား လေယာဝမ်း(Layer 1)ကွိုင်တွေကို ခွဲပြီး ရင်းနှီးမြှုပ်နှံကြဖို့ အကြံပြုထားပါတယ်။

အာကာ ဖန်း(Arca Funds)ရဲ့ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ်ဖြစ်တဲ့ ဂျက် ဒေါ်မန်း(Jeff Dorman)ကတော့ 2022ခုနှစ်မှာ အကြောင်းအရာအလိုက် ရင်းနှီးမြုပ်နှံမှုက 2022 ခုနှစ်အတွက် အမြတ်အစွန်းအများဆုံးရရှိဖို့ မျှော့်လင့်ပါတယ်လို့ ပြောထားပါတယ်။  "ရင်းနှီးမြှုပ်နှံမှု ရှုထောင့်အရ အာကာ(Arca)ကတော့  DeFi၊ ဂိမ်းကစားခြင်း၊ NFT၊ Web 3နဲ့ ပရိတ်သတ်များနဲ့ ထိတွေ့မှုအရ အားကစားနဲ့ ဖျော်ဖြေရေးအပိုင်းတွေကို အဓိကထားမယ်”လို့ ဒေါ်မန်းက 12လပိုင်း 22ရက်နေ့ ပို့စ်မှာ ရေးသားထားပါတယ်။၊

 

"အဖွဲ့အစည်းဆိုင်ရာ အရင်းအနှီးများက အလုံးအရင်းဖြင့် ဈေးကွက်ထဲကို ဝင်ရောက်ခြင်းကြောင့် ဝယ်သူက ရောင်းသူထက် ပိုများလိမ့်မယ်”လို့ ဒေါ်မန်းက ထပ်ပြီး ပြောထားပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



📨 ရက်ပါ အဆိုတော် အမ်မင်နမ်(Eminem)ကတော့ ဗိုး အိပ် ရက် ကလပ် NFT(Bored Ape Yacht Club NFT)ကို ဒေါ်လာ 462,000နဲ့ ဝယ်ယူခဲ့

ဆုရရှိထားတဲ့ ရက်ပါ အဆိုတော် အမ်မင်နမ်ကတော့ ဗိုး အိပ် ရက် ကလပ်(BAYC)မှာ ပါဝင်ပြီး အိုပင်းဆီး(Opensea)ပလက်ဖောင်းမှာ NFCတိုကင်ကို 123.45 အီသာရီရမ် (ဒေါ်လာ 462,000 ခန့်)နဲ့ ဝယ်ယူခဲ့ပါတယ်။

 

အမ်မင်နမ်ကတော့ ချက်ချင်း စစ်သားပုံစံ ဦးထုပ်နဲ့ ဟစ်ဟော့ အဝတ်အစားဒီဇိုင်းကို ဝတ်ဆင်ထားပြီး ငေးမောနေတဲ့ လူဝံပုံစံကို ဓာတ်ပုံကို မိမိရဲ့ တွစ်တာဓာတ်ပုံ ပရိုဖိုင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။

 

ဒီရိုက် ရက်ပါဖြစ်တဲ့ သူကတော့ ရှက်ဒီ ဟိုးဒင်(Shady_Holdings)ဆိုတဲ့ နာမည်နဲ့ အိုပင်းဆီး ပလက်ဖောင်းမှာ NFT 20ခန့်ကို ဝယ်ယူထားပြီး ဖြစ်ပါတယ်။  ရိုးလင်း စတုန်း(Rolling Stone)မဂ္ဂဇင်းက သတ်မှတ်တဲ့ ဒီနေ့ခေတ်အထိ အကောင်းဆုံး အနုပညာရှင် အယောက် 100ထဲမှာ ပါဝင်တဲ့ အမ်မင်နမ်ကတော့  2002ခုနှစ်မှာ အကောင်းဆုံး မူရင်းသီချင်း အော်စကာဆုကို ရရှိခဲ့ပြီး၊  1980 ခုနှစ်ကနေ အခုအထိ ဂရမ်မီ တေးဂီတဆုပေါင်း 15 ဆု ရရှိထားပါတယ်။

 

လူဝံပုံစံ NFTကို ရောင်းချခဲ့တဲ့ BAYC မန်ဘာ ဂျီးဂဇက်(GeeGazza)ကတော့ အဆိုကျော်ကို NFT ဝယ်ယူတဲ့ အတွက် ကျေးဇူးတင်ကြောင်း တွစ်တာမှာ “ကျွန်တော်ကတော့  သရုပ်ဖော်မှုတစ်ခုမှာ နေထိုင်နေတာပါ။  မင်းရဲ့ နောက် သီချင်းတွေမှာ သီချင်းစာသားလေး ရေးပါရစေ။"လို့ ရေးသားထားတာပါ။ ဂျီးဂဇက်ကတော့ အဆိုကျော်က လူဝံပုံစံကို ဝယ်ယူလာဖို့အတွက် လပေါင်းများစွာ မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။

 

ဆစ်(Six) Web 3 ဒစ်ဂျစ်တယ် အေဂျင်စီ၊ အဆိုကျော်ရဲ့ မန်နေဂျာဖြစ်တဲ့ ဂျော့ဂျီရို ကွန်းစတန့်တီနို(Georgio Constantinou)ကတော့ ကုမ္ပဏီကနေ အမ်မင်နမ်ကို “အမ်မင်အိပ်(EminApe)"ကို ဝယ်ယူဖို့ ကူညီပေးခဲ့တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

 

NFTsနဲ့ ပက်သက်တဲ့ အမ်မင်နမ်ရဲ့ စိတ်ဝင်စားမှုက  ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ သူရဲ့ ပထမဆုံး စိတ်ဝင်စားမှု မဟုတ်ပါဘူး။  2018ခုနှစ်မှာ ဘစ်ကွိုင်ကတော့ သူရဲ့ “ကာမီကေ့(Kamikaze)”အယ်ဘန်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ “နော့ အလိုက်(Not Alike)”ထဲမှာ ထည့်ပြီး ဆိုသွားတာ ရှိပါတယ်။

 

BAYCကတော့ အိုပင်းဆီးမှာ အများဆုံး ရောင်းနေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လတ်တလောမှာတော့ ဒေါ်လာ 100ဘီလီယံ  တန်းဖိုးရှိတယ်လို့ အကဲဖြတ်ကြပါတယ်။

 

အိုပင်းဆီး NFT ပလက်ဖောင်းအကြောင်း ဖတ်ရန်: https://stib.ee/tlU4


သတင်းအရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



📨 အီသာရီရမ်(Ethereum) ဆိုတာ ဘာလဲ

အီသာရီရမ်ကတော့ ဈေးကွက်အရောင်းအဝယ် ပမာဏအရ ကမ္ဘာ့ဒုတိယအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးပရောဂျက်ဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ထဲမှာ စမတ်စာချုပ်ကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

 

အီသာရီရမ်ကတော့ ဘစ်ကွိုင်ပြီးရင် ဈေးကွက်အရောင်းအဝယ် ပမာဏအရ ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ပံ့ပိုးဖို့အတွက် အသုံးပြုတဲ့ ဘလောချိန်း အခြေခံ ဆော့ဖ်ဝဲ ပလက်ဖောင်း ဖြစ်ပါတယ်။ အခြား ဒစ်ဂျစ်တယ်ငွေကြေးများလိုပဲ  အီသာရီရမ်ကို ကြားခံအဖွဲ့အစည်းများ ပါဝင်နေခြင်း စောင့်ကြည့်နေခြင်း မရှိဘဲ ကမ္ဘာတစ်ဝှမ်းလုံးကို ပေးပို့ခြင်းနဲ့ လက်ခံခြင်းများ လုပ်ဆောင်ဖို့အတွက် အသုံးပြုနေပါတယ်။

 

တန်ဖိုးဖလှယ်ခြင်းကတော့ ဒီနေ့ခေတ်မှာ ဘလော့ချိန်းရဲ့ အဓိက ကွိုင်ဖြစ်တဲ့ အီသာ(Ether)ကနေတစ်ဆင့် အီသာရီရမ်ဘလော့ချိန်းကို အများဆုံး အသုံးပြုနေတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖန်းတီးသူတွေကတော့ အီသာရီရမ်ကို အသုံးပြုပြီး အသုံးပြုသူတွေက ဘဏ္ဍာရေးနဲ့ အွန်လိုင်း ဒေတာများကို ပိုမို ထိန်းချုပ်နိုင်စေမယ့် ၎င်းရဲ့ အလားအလာနဲ့ ဖန်တီးသူများရဲ့ မျှော်လင့်ချက်တွေကြောင့် ဒီ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်ပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။  တစ်ခါတစ်ရံမှာတော့ အီသာရီရမ်ကို  "ကမ္ဘာ့ကွန်ပျူတာ"အဖြစ် မျှော်လင့်ချက် ကြီးကြီးနဲ့ ရည်ညွှန်းပြောဆိုခြင်းတွေကို ဝေဖန်သူတွေကတော့ မဖြစ်နိုင်ပါဘူးဆိုပြီး ဝေဖန်ကြတာလည်း ရှိပါတယ်။  ဒါပေမဲ့လည်း

စမ်းသပ်လုပ်ဆောင်မှုတေါက စီစဉ်ထားတဲ့အတိုင်း အကောင်အထည် ပေါ်လာရင် အသုံးပြုသူတွေ သူတို့ရဲ့ဒေတာကို သိသိကြီး (သို့) မသိလိုက်ဘဲ ပေးအပ်မိတဲ့  ဖေ့ဘုတ်၊ ဂူးဂဲလ်နဲ့ အလွန်ကွာခြားတဲ့ ဆောဖ်ဝဲများစွာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

 

အီသာရီရမ်ကို ထောက်ခံတဲ့ သူတွေကတော့ ဒေတာတွေကို ဗဟိုချုပ်ကိုင်မှု မရှိဘဲ ကမ္ဘာတစ်ဝန်းရှိ ထောင်နဲ့ ချီတဲ့ လူတွေကို မိတ္ထူတွေ ဖြန်ဝေထားခြင်းကို အခြေခံတဲ့ ဘလော့ချိန်းနည်းပညာကို အသုံးပြုပြီး အသုံးပြုသူတွေကို ပိုမို ထိန်းချုပ်ခွင့်ပေးဖို့ ရည်ရွယ်ပါတယ်။  ဖန်တီးသူတွေကတော့ အီသာရီရမ်ကို အသုံးပြုပြီး ဦးဆောင်သူ မရှိတဲ့ ဆောဖ်ဝဲတွေကို ဖန်တီးနိုင်ပါတယ်။   ဆိုလိုချင်တာကတော့ ဆောဖ်ဝဲ ရေးဆွဲသူက အသုံးပြုသူရဲ့ ဒေတာကို ပြောင်းလဲဖန်တီးနိုင်မှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

 

အီသာရီရမ်ကို အဲဒီ့အချိန်က 19နှစ်ပဲ ရှိသေးတဲ့ ဗာတလစ် ဘူတာရင်း(Vatalik Buterin)က 2013ခုနှစ်မှာ ပထမဆုံး အဆိုပြုခဲ့ပါတယ်။   ဗာတလစ် ဘူတာရင်းကတော့ ဘစ်ကွိုင် နဲ့ ဘလော့ချိန်း‌ နောက်ကွယ်မှာ ရှိတဲ့ နည်းပညာကို အရောင်းအဝယ်ထက် အခြား ပိုမိုများပြားတဲ့ အသုံးပြုမှုများအဖြစ် ချဲ့ထွင်ဖို့ ကြံစည်စဉ်းစားခဲ့တဲ့ သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

 

ဘစ်ကွိုင်ကတော့ အွန်လိုင်း ဘဏ်ကင်းနဲ့ နေ့စဥ် ငွေပေးငွေယူများကို အပြောင်းအလဲ ဖြစ်စေဖို့ ဖန်တီးခဲ့ပေမဲ့၊ အီသာရီရမ် ဖန်တီးသူကတော့ တူညီတဲ့ နည်းပညာကို အသုံးပြုပြီး ဒေတာများ သိမ်းဆည်းခြင်း၊ အိမ်စာချုပ်များကို ပို့ပေးခြင်း၊ ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ခြေရာခံကို လုပ်ဆောင်တဲ့ ကြားခံအဖွဲ့အစည်းများကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ ဒီလို ဆောဖ်ဝဲတွေကတော့  ဆိုရှယ်မီဒီယာမှာ သူငယ်ချင်းများနဲ့ အားလပ်ရက် ဓာတ်ပုံများကို မျှဝေနိုင်ခြင်း အစရှိတဲ့ နည်းလမ်း မျိုးစုံနဲ့ လူတွေကို အထောက်အပံ့ပေးပါတယ်။  ဒါပေမဲ့ ဒီ ဆောဖ်ဝဲတွေကပဲ ၎င်းတို့ရဲ့ ထိန်းချုပ်နိုင်မှုကို အသုံးချပြီး ဒေတာများကို ဖြတ်တောက်ခြင်း (သို့) မတော်တဆ အခိုးခံရခြင်းဖြင့် အသုံးပြုသူများရဲ့ ဒေတာကို အလွဲသုံးစားလုပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။

 

အီသာရီယမ် ပလက်ဖောင်းကတော့  2015ခုနှစ်မှာ စတင်ခဲ့ပြီး၊ စိတ်ကူးအိုင်ဒီယာကို လက်တွေ့ ကွန်ရက်အဖြစ် အကောင်အထည်ဖော်ခဲ့ပါတယ်။

 

အီသာရီရမ်နဲ့ ဗဟိုချုပ်ကိုင်မှု ရှိတဲ့ အင်တာနက်

အီသာရီရမ်အကြောင်း မပြောခင် ကြားခံအဖွဲ့အစည်းများ အကြောင်းကို အရင်ဆုံး နားလည်ထားတာ ကောင်းပါတယ်။

 

ဒီနေ့ခေတ်မှာတော့ ကြားခံအဖွဲ့အစည်းများကနေရာတိုင်းမှာ ရှိပါတယ်။ ၎င်းတို့ကတော့ နောက်ကွယ်ကနေ ကျွန်တော်တို့ ဒစ်ဂျစ်တယ်လုပ်ငန်းမျိုးစုံကို လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ ဥပမာ၊ ဂျီမေးလ်(Gmail)ကတော့ အီးမေးလ်များ ပေးပို့ဖို့အတွက် ကူညီပေးပါတယ်။ ဗန်မို(Venmo)ကတော့ သူငယ်ချင်းဆီကို ဒေါ်လာ 10 ပေးပို့ဖို့ ကူညီပေးပါတယ်။

 

ဆိုလိုချင်တာကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာ၊ ဘဏ္ဍာရေး အချက်အလက်နဲ့ အခြားအရာတွေ အားလုံးကို အခြားသူများရဲ့ ကွန်ပျူတာများဖြစ်တဲ့ ဖေ့ဘုတ်၊ ဂူးဂဲလ် (သို့) ပေးပေါ(Paypal) ကုမ္ပဏီများ ပိုင်ဆိုင်တဲ့ ကလောက်(Cloud)နဲ့ ဆာဗာ(Servers)မှာ သိမ်းဆည်းထားပါတယ်။ ဒီ ကွိုင်ဒက်(Coindesk)ရဲ့ ဆောင်ပါးကလည်းပဲ ကြားခံအဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့ ဆာဗာမှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

 

ဗဟိုချုပ်ကိုင်မှု မရှိတဲ့ စနစ်ကို ထောက်ခံတဲ့ သူများအရ ဒီလို စနစ်က ပြဿနာရှိပါတယ်။ ဒီ စနစ်က‌တော့ အသုံးပြုသူတွေကို တိုက်ရိုက် ထိန်းချုပ်မှု အားနည်းစေပြီး၊ ဆင်ဆာဖြတ်ခြင်းကို အသုံးပြုကာ ကြားခံအဖွဲ့အစည်းကနေ ကြားဝင်ပြီး ရှယ်ယာတစ်ခုခုကို ဝယ်စေခြင်း၊ ဆိုရှယ်မီဒီယာမှာ မက်ဆေ့ချ် တစ်ခုခုကို တင်စေခြင်း (သို့) လုံးဝ ပိတ်ဆို့ခြင်း အစရှိသဖြင့် အသုံးပြုသူကနေ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမှ မလုပ်နိုင်အောင် ပိတ်ဆို့ခြင်းတွေ ပြုလုပ်ပါတယ်။

 

အီသာရီရမ်ကတော့ ဒီနေ့ခေတ် အင်တာနက်ပေါ်ရှိ ဆော့ဖ်ဝဲများ အလုပ်လုပ်ပုံကို ပြောင်းလဲဖို့ ဖြစ်ပြီး ကြားခံအဖွဲ့အစည်းများကို အလိုလျောက် စည်းမျဉ်းစည်းကမ်းများနဲ့ လုပ်ဆောင်တဲ့ စမတ်စာချုပ်များဖြင့် အစားထိုးကာ အသုံးပြုသူကို ပိုမို ထိန်းချုပ်ခွင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

 

အင်တာနက်ကို တီထွင်သူများ အပါအဝင် အများအပြားကတော့ အင်တာနက်က ဗဟိုချုပ်ကိုင်မှု မရှိရဘူး ဆိုတာကို လက်ခံပြီး၊ ဒီ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် နည်းပညာအသစ်များကို အသုံးပြုတဲ့ လှုပ်ရှားမှု အမျိုးမျိုး ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။ အီသာရီရမ်ကတော့ ဒီ လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

 

အီသာရီရမ်က ဘစ်ကွိုင်နဲ့ ဘယ်လို ကွာခြားလဲ။

အီသာရီရမ်ကတော့ ဘစ်ကွိုင်ကနေ အိုင်ဒီယာကို ရယူခဲ့ပါတယ်။  2ခုစလုံးကတော့ ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်ပါတယ်။ အီသာရီရမ်ကတော့ ဘစ်ကွိုင်ရဲ့ နောက်ကွယ်မှာ ရှိတဲ့ ဘလော့ချိန်းနည်းပညာကိုပဲ အသုံးပြုထားပါတယ်။  ဒီ နည်းပညာကတော့ အဖွဲ့အစည်း တစ်ခုအောက်မှာပဲ ထိန်းချုပ်ခြင်းကို မထားရှိဘဲ မျှဝေခြင်းနဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ကွန်ရက်မှာ စာရင်းစာအုပ်ကို ထားရှိပါတယ်။

 

ဒါပေမဲ့ ဘစ်ကွိုင်ကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် အသုံးပြုကြပေမဲ့ အီသာရီရမ်ကတော့ ဆိုရှယ်မီဒီယာကနေ အစပြုလို့ ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးစာချုပ်တွေအထိ ဆောဖ်ဝဲအမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေကို ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ ဖြစ်ပါတယ်။

 

အီသာရီရမ်ကို ဘာလို့ 'ကမ္ဘာ့ကွန်ပြူတာ'လို့ ခေါ်ကြတာလဲ။

ထောက်ခံသူတွေကတော့ အီသာရီရမ်က အင်တာနက်ကို ဗဟိုချုပ်ကိုင်မှု မရှိအောင် ပြုလုပ်ပေးနိုင်မယ့် “ကမ္ဘာ့ကွန်ပျူတာ” အဖြစ် မှတ်ယူကြပါတယ်။

 

အီသာရီရမ်ကို အသုံးပြုပြီး ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ဆာဗာတွေကို ကမ္ဘာတစ်ဝှမ်းလုံးရှိ စေတနာ့ဝန်ထမ်းများက လုပ်ဆောင်နေတဲ့ ထောင်ပေါင်းများစွာသော "နုတ်(nodes)" များဖြင့် အစားထိုးကာ "ကမ္ဘာ့ ကွန်ပျူတာ"ကို ဖန်တီးနိုင်ပါတယ်။  တစ်နေ့မှာတော့ ကမ္ဘာပေါ်ရှိ မည်သူမဆို အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

အီသာရီရမ်ဆောဖ်ဝဲတွေက ဘယ်လို အလုပ်လုပ်လဲ။

သာမန် အပ်စတိုး(App Store)တစ်ခုခုကို ကြည့်လိုက်မယ်ဆိုရင် ဘဏ်လုပ်ငန်းကနေ စတင်ပြီး ကျန်းမာရေးဆော့ဖ်ဝဲများ၊ မက်ဆေ့ချ်ဆောဖ်ဝဲများအထိ အမျိုးစုံ အရောင်စုံတဲ့ ဆောဖ်ဝဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။  အီသာရီရမ် အသိုက်အဝန်းရဲ့ ကာလရှည် မျှော်မှန်းချက်ကတော့ အခု မြင်တွေ့နေရတဲ့ ဆောဖ်ဝဲတွေအတိုင်း ဖန်တီးဖို့ ဖြစ်ပြီး လုပ်ဆောင်ပုံကတော့ ကွဲပြားမှာ ဖြစ်ပါတယ်။

 

အတိုချုပ် ပြောရမယ်ဆိုရင် ရည်ရွယ်ချက်ကတော့ အီသာရီရမ်ဆောဖ်ဝဲများက ဒီလို ဝန်ဆောင်မှုဆောဖ်ဝဲများရဲ့ ဒေတာထိန်းချုပ်မှုကို ပိုင်ရှင်ကို ပြန်ပေးဖို့ပဲ ဖြစ်ပါတယ်။  

 

ဒီလို ဝန်ဆောင်မှုကို ပေးတဲ့ အီသာရီရမ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆောဖ်ဝဲတွေကို ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဆောဖ်ဝဲတွေကို ခေါ်ပါတယ်။   ဒီ ဆောဖ်ဝဲတွေကို အသုံးပြုဖို့အတွက် အသုံးပြုသူတွေကတော့ အီသာရီရမ်ရဲ့ မူရင်းတိုကင်ဖြစ်တဲ့ အီသာ လိုအပ်ပါတယ်။

 

အီသာရီရမ်ရဲ့ နောက်ထပ် ခြေလှမ်းတွေက ဘာတွေ ဖြစ်မလဲ။

 

အီသာရီရမ်ကတော့ ကောင်းမွန်တဲ့ သံသယဖြစ်မှုတွေကိုပဲ ခံခဲ့ရတယ်ဆိုတာကတော့ သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။  ဥပမာ၊ အီသာရီရမ်ကတော့ လက်ရှိမှာ အသုံးပြုသူ အများကြီးကို လက်မခံနိုင်သေးဘူးဆိုတဲ့ အဆင့်မြင့်တင်ဖို့ အခက်အခဲ ရှိခြင်း၊ ဖေ့ဘုတ် ဂူးဂဲလ် အစရှိတဲ့ ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ပလက်ဖောင်းတွေကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ “ကမ္ဘာကွန်ပျူတာ”ဆိုတဲ့ အတွေးအခေါ်တွေကို ဖြစ်ပေါ်စေခြင်းပဲ ဖြစ်ပါတယ်။

 

2020ခုနှစ် ဒီဇင်ဘာလ 1ရက်နေ့မှာ စတင်ခဲ့တဲ့ အီသာရီရမ် 2ကတော့ ဒီ ပြဿနာအချို့ကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ရိတ်ဒင်(Raiden)လိုမျိုး နှစ်အကြာကြီး လုပ်ဆောင်နေခဲ့တဲ့ အခြား အဆင့်မြင့်တင်တဲ့ နည်းပညာတွေကတော့ အဆင့်မြင့်တင်ဖို့ အခက်အခဲ ရှိနေတဲ့ ပြဿနာတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

 

သတင်း အရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ


Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🎆🎉Happy New Year🎉🎆
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe