ကလောက်မိုင်နင်းကတော့ ဒစ်ဂျစ်တယ်ငွေကြေး တူးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
  By Ma Thida Tun     /     2022.01.14    /     Volume 10    /    Subscribe

ဒီနေ့သတင်း

📧 ပိုလီဂွန်(မက်တစ်၊MATIC)အဆင့်မြှင့်တင်မှုကို လာမယ့် အပတ်မှာ ပြုလုပ်ရန် စီစဉ်ထား

📧 ဗီဇာ(Visa)ကဒ်ကုမ္ပဏီကတော့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDCs)ကို သမားရိုးကျငွေကြေးနဲ့ ချိတ်ဆက်ပေးဖို့ ကွန်ဆန်စီ(ConsenSys)နဲ့ ပူးပေါင်း

📧 အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုက ဒီဇင်ဘာလမှာ 7%နီးပါးအထိ မြင့်တက်လာခဲ့

📧 နာစဒါ့(NASDAQ)စာရင်းဝင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ BTC၊ ETH၊ DOGE နဲ့ SHIB ကွိုင်များဖြင့် ငွေပေးချေမှုများ လက်ခံ

📧 ကလောက်မိုင်းနင်း(Cloud Mining)ဆိုတာ ဘာလဲ။

1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️


2. သတင်းများ

📧 ပိုလီဂွန်(မက်တစ်၊MATIC) အဆင့်မြှင့်တင်မှုကို လာမယ့် အပတ်မှာ ပြုလုပ်ရန် စီစဉ်ထား(2022.01.13)

အီသာရီရမ် လေယာ2(Layer 2) အဆင့်မြင့်တင်မှုကို ဦးဆောင်နေတဲ့ ပိုလီဂွန်(Polygon)ကတော့ အလွန် စောင့်မျှော်နေကြတဲ့ အီသာရီရမ် အဆင့်မြင့်တင်မှု အဆိုပြုချက်(EIP) 1559 အဆင့်မြင်တင်ခြင်းကတော့ လာမယ့် အပတ်တွင် မိန်းနက်(Mainnet)မှာ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ ဒီနေ့ ကြေငြာလိုက်ပါတယ်။  

 

ပိုလီဂွန်ရဲ့ လန်ဒန် ဟာ့ဖော့(London HardFork) တိုက်ရိုက် ထုတ်လွှင့်ရန် ပြင်ဆင်ထား

ဗုဒ္ဓဟူးနေ့ရဲ့ တရားဝင် ကြေငြာချက်မှာ အိန္ဒိယ အခြေစိုက်ဖြစ်တဲ့ ဒီ ပရောဂျက်ကတော့ မက်တစ်ကို စတင် လောင်ကျွမ်းစေမယ့် အဆင့်မြှင့်တင်မှုကို အဓိကကွန်ရက်မှာ 2022ခုနှစ် ဇန်နဝါရီ 18 ရက် UTC အချိန် နံနက် ၈ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။

 

လန်ဒန် ဟာ့ဖော့လို့ လူသိများတဲ့ EIP-1559 အဆင့်မြင့်တင်ခြင်းကတော့ အီသာရီရမ်ကွန်ရက်မှာ ဝန်ဆောင်ကြေးဈေးကွက်ကို လုံးဝ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။ ၎င်းကတော့ ဝန်ဆောင်ကြေး တွက်ချက်မှုကို အဓိကထားတဲ့ ဈေးနှုန်းလေလံစနစ်ကို ဖယ်ရှားလိုက်ပြီး ကွိုင်တူးသူတွေကို ပေးမယ့်အစား လောင်ကျွမ်းစေမယ့် အခြေခံ ပုံသေ ဝန်ဆောင်ကြေးစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 

ဒီ ပြောင်းလဲမှုကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ အခြေခံထားတဲ့ အရောင်းအ၀ယ် ဝန်ဆောင်ကြေးကို လျှော့ချပေးခြင်း မရှိပေမဲ့ အသုံးပြုသူများကို ဝန်ဆောင်ကြေး ကုန်ကျစရိတ်များကို ပိုမိုကောင်းမွန်စွာ ခန့်မှန်းနိုင်စေပြီး၊ ဝန်ဆောင်ကြေး ပိုပေးနေတဲ့ အသုံးပြုသူ အရေအတွက်ကို လျော့ချပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း ဒီ ပြောင်းလဲမှုများကတော့ ပိုလီဂွန်နဲ့ ပက်သက်ဆက်နွယ်နေသူများဖြစ်တဲ့ မူရင်းတိုကင် မက်တစ်ကို ကိုင်ထားသူများ၊ အတည်ပြုသူများ၊ ကွိုင်အပ်ထားသူများ၊  ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ဆောဖ်ဝဲဖြစ်တဲ့ ဒီအပ်(dApp) ရေးဆွဲသူများနဲ့ အသုံးပြုသူများ အစရှိသဖြင့် ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုများ ရှိမှာ ဖြစ်ပါတယ်။

 

မက်တစ်ရဲ့ ဖောင်းပွမှု မရှိခြင်း(Deflation) သက်ရောက်မှု

မက်တစ်ကတော့ တိုကင် ထောက်ပံ့မှု ပမာဏက ပုံသေအဖြစ် 10 ဘီလီယံ တိုကင်ကို သတ်မှတ်ထားပြီး ဖြစ်တာကြောင့် ရှိနေတဲ့ တိုကင်များရဲ့ အရေအတွက် လျော့ချခြင်းက တိုကင်ရဲ့ ဖောင်းပွမှု မရှိခြင်း(Deflation)ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

 

ပရောဂျက်ရဲ့ အဓိကအဖွဲ့ကနေ မက်တစ်ရဲ့ နှစ်စဉ် လောင်ကျွမ်းမှုက  တိုကင် စုစုပေါင်းထောက်ပံ့မှုရဲ့ 0.27%ကို ကိုယ်စားပြုနိုင်ပြီး၊ အဲဒါကတော့ မက်တစ် 27သန်းခန့်ကို ကိုယ်စားပြုတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

 

ကွန်ရက်ပေါ်က ဒီအပ်(dApp) အသုံးပြုသူများအတွက်ကတော့၊ EIP-1559 အဆင့်မြှင့်တင်မှုက သက်သာတဲ့ ဝန်ဆောင်ကြေးကို ခံစားစေခြင်းဆိုတဲ့ အကျိုးကျေးဇူးများကို ပိုမို ခံစားစေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ မက်တစ်တိုကင် အရေအတွက်ကတော့ နည်းသွားမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဖန်တီးသူများအတွက် သူတို့ရဲ့ အဆင့်မြင့်လာတဲ့ အီသာရီရမ် ကိရိယာများကို အသုံးပြုလာနိုင်မှာ ဖြစ်ပြီး အဆင်ပြေပြေနဲ့ အားနည်းချက် အနည်းသာ ရှိတော့မှာ ဖြစ်ပါတယ်။

 

ဖောင်းပွမှု မရှိခြင်းဆိုတဲ့ အချက်ကတော့ အတည်ပြုသူများနဲ့ ကွိုင်အပ်သူများ နှစ်ဦးနှစ်ဖက်လုံးကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ပိုလီဂွန်ကွန်ရက်မှာ အလုပ်လုပ်ခြင်းရဲ့ ဆုလာဘ်ကို မက်တစ် တိုကင်နဲ့ ပေးလို့ ဖြစ်ပါတယ်။

 

ဒါ့အပြင် အပြောင်းအလဲများက အယောင်ဆောင် အရောင်းအဝယ်များကို နည်းသွားစေပြီး ကွန်ရက် ပိတ်ဆို့ခြင်းကိုလည်း လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။  အခြေခံ ဝန်ဆောင်ကြေးက ဘလော့ ပြည့်သွားတာနဲ့ အလိုအလျောက် တက်သွားမှာမို့လို့ ဖြစ်ပါတယ်။

 

ဒီအတောအတွင်းမှာပဲ ပိုလီဂွန်ကတော့ ဒေါ်လာ 24 ဘီလီယံတန်ဖိုးရှိတဲ့ မက်တစ်ကို အန္တရာယ်ဖြစ်စေမယ့် ဘတ်(bug)တစ်ခုကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပြီး ပြင်ဆင်ခဲ့ပါတယ်။

 

သတင်း အရင်းအမြစ်: Binance


❄️❄️❄️❄️❄️❄️❄️


📧 ဗီဇာ(Visa)ကဒ်ကုမ္ပဏီကတော့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDCs)ကို သမားရိုးကျငွေကြေးနဲ့ ချိတ်ဆက်ပေးဖို့ ကွန်ဆန်စီ(ConsenSys)နဲ့ ပူးပေါင်း (2022.01.13)

ငွေပေးချေမှု အကြီးစားကုမ္ပဏီဖြစ်တဲ့ ဗီဇာကဒ်ကုမ္ပဏီကတော့ အသုံးပြုသူတွေအနေနဲ့  CBDC-ချိတ်ဆက်ထားသော ဗီဇာကဒ်(သို့) ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကို ဗီဇာကဒ်အသုံးပြုနိုင်တဲ့ နေရာတိုင်းမှာ အသုံးပြုနိုင်ဖို့ နောက်ဆုံးမှာ လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

 

ငွေပေးချေမှု အကြီးစားကုမ္ပဏီဖြစ်တဲ့ ဗီဇာကုမ္ပဏီကတော့ အီသာရီရမ်အဆင့်မြင့်တင်ခြင်းကို လုပ်ဆောင်တဲ့ ကွန်ဆန်စီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဗဟိုဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ CBDCနဲ့ သမာရိုးကျငွေကြေးကြားက ကွာဟချက်ကို ချိတ်ဆက်ပေးဖို့ ကူညီလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ဗီဇာရဲ့ CBDCတာဝန်ခံဖြစ်တဲ့ ကတ်သရင်း ဂူ(Catherine Gu)ကတော့ “အသုံးပြုသူတွေက CBDC-ချိတ်ဆက်ထားသော ဗီဇာကဒ်(သို့) ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကို ဗီဇာကဒ်အသုံးပြုနိုင်တဲ့ ကမ္ဘာအနှံရှိ နေရာတိုင်းမှာ အသုံးပြုနိုင်တော့မှာပါ”လို့ ကွန်ဆန်စီနဲ့ အမေးအဖြေ ပို့စ်မှာ ဖြေထားပါတယ်။

 

"အောင်မြင်မယ်ဆိုရင် CBDCက ဘဏ္ဍာရေး ဝန်ဆောင်မှုများအထိ တိုးချဲ့ ဝင်ရောက်လာနိုင်ပြီး၊ အစိုးရရဲ့ ငွေပေးချေမှုများကို ပိုမို ထိရောက်စွာ၊ ရည်ရွယ်ချက် ရှိစွာနဲ့ လုံခြုံစွာ လုပ်ဆောင်နိုင်မှာ ဖြစ်လို့ မူဝါဒချမှတ်သူများအတွက် ဆွဲဆောင်မှုရှိတဲ့ အဆိုပြုချက်ဖြစ်တယ်"လို့ ဂူက ပြောခဲ့ပါတယ်။

 

ဗီဇာရဲ့ CBDC ငွေပေးချေမှုစနစ်ကတော့ လက်ရှိ ငွေပေးချေမှုကွန်ရက်များကို CBDCsက ချဉ်းကပ်ဝင်ရောက်လာတဲ့ ပုံစံအဖြစ် ဖန်တီးထားတယ်လို့ ဂူက ပြောပါတယ်။ ဘဏ်နဲ့ ထုတ်လုပ်သူတွေကတော့ စနစ်ထဲကို ဝင်ရောက်နိုင်မှာဖြစ်ပြီး ၎င်းတို့ရဲ့ လက်ရှိ အခြေခံ စနစ်နဲ့ ပေါင်းစပ်နိုင်လိမ့်မယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကုမ္ပဏီကတော့ ၎င်းရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့က ဗဟိုဘဏ်နဲ့အတူ အစီအစဉ်ဆွဲခြင်းနဲ့ စနစ်ပြုလုပ်ခြင်းကို လာမယ့် နွေဦးမှာ  စတင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

 

ဗီဇာကုမ္ပဏီကတော့ ဒီဇင်ဘာလ အစပိုင်းတုန်းက ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပက်သက်တဲ့ တောင်းဆိုလိုအပ်ချက်တွေက တဖြည်းဖြည်း ကြီးထွားလာတာကြောင့် ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဒစ်ဂျစ်တယ်ငွေကြေးစီးပွားရေး ဈေးကွက်ကို တိုးချဲ့ လုပ်ဆောင်နိုင်အောင် နိုင်ငံတကာဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောခဲ့ပါတယ်။

 

ဒီ အတောအတွင်းမှာတော့ ကွန်ဆန်စီက မာစတာကဒ်ကုမ္ပဏီ အင်ဂျင်နီယာ အဖွဲ့သားများရဲ့ အကူအညီနဲ့ ကွန်ဆန်စီ ရိုးအပ်(ConsenSys Rollups)ကို အီသာရီရမ် ပင်မ ကွန်ရက်နဲ့ ပုဂ္ဂလိက အသုံးပြုနိုင်ဖို့ စတင်နိုင်ခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုက ဒီဇင်ဘာလမှာ 7%နီးပါးအထိ မြင့်တက်လာခဲ့(2022.01.12)

ဒစ်ဂျစ်တယ်ငွေကြေးကို ငွေကြေးဖောင်းပွမှုရဲ့ အကာအကွယ်ဖြစ် ရူမြင်တဲ့ ဘစ်ကွိုင် ရင်းနှီးမြှုပ်နှံသူများကတော့ စားသုံးသူ ကုန်စျေးနှုန်း အညွှန်းကိန်းကို အနီးကပ် စောင့်ကြည့်နေကြတယ်။

 

ငွေကြေးဖောင်းပွမှုကို ခြေရာခံဖို့အတွက် အများဆုံး အသုံးပြုတဲ့ အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ စားသုံးသူ ကုန်စျေးနှုန်း အညွှန်းကိန်းကတော့ စီးပွားရေးပညာရှင်များရဲ့ ခန့်မှန်းချက်များအတိုင်း 7%အထိ မြင့်မားလာခဲ့ပါတယ်။ ဒါကတော့ 1982ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံး ဖြစ်ပြီး၊ နိုဝင်ဘာလရဲ့ 6.8%ထက် တိုးမြင့်လာတာ ဖြစ်ပါတယ်။

 

ဈေနှုန်း အတက်အကျများတဲ့ စွမ်းအင်နဲ့ အစားအသောက်များကို ဖယ်ရှားပြီး တိုင်းတာတဲ့ ပင်မ CPI(Core CPI)ကတော့ တစ်လပြီးတစ်လ 0.6% မြင့်တက်ခဲ့ပြီး စီးပွားရေးပညာရှင်များရဲ့ ခန့်မှန်းချက်ထက် ကျော်လွန်ခဲ့ပါတယ်။။ နိုဝင်ဘာလမှာတော့ တိုးတက်မှုနှုန်းက 0.5% ရှိခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့တွင် အလုပ်သမားဌာနရဲ့ အလုပ်သမားစာရင်းအင်းအဖွဲ(BLS)ကနေ CPI အစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် မိနစ်ပိုင်းအတွင်း ဘစ်ကွိုင်ကတော့ ဒေါ်လာ 43,900 ခန့်ကို ဈေးနှုန်း ပြောင်းလဲခဲ့ပြီး 1.1% မြင့်တက်ခဲ့ပါတယ်။

 

စာရင်းဇယားအရဆိုရင် 1980ခုနှစ်များ အစောပိုင်းကတည်းက စားသုံးသူ ကုန်ဈေးနှုန်း အညွှန်းကိန်းက ဒီဇင်ဘာလမှာ အလျင်မြန်ဆုံး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။  ရင်းနှီးမြုပ်နှံသူ များစွာကတော့ ဘစ်ကွိုင်က ငွေကြေးဖောင်းပွမှုကို အကာအကွယ် ပေးနိုင်မှာ ဖြစ်ပြီး၊ ၎င်းရဲ့ ရရှိနိုင်မှု ပမာဏက မူရင်း ပရိုဂရမ်ရဲ့ ဘလော့ချိန်းမှာ တင်းကြပ်စွာ ထိန်းချုပ်ထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမေရိကန် Fedရဲ့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့ အတိုးနှုန်းကို မြှင့်တင်ခြင်းက ငွေချေးစာချုပ်လိုမျိုး ပုံသေ ဝင်ငွေ ရရှိနိုင်တဲ့ ရင်နှီးမြှုပ်နှံမှုများကို ပိုမို စွဲမက်စရာ ကောင်းစေမှာ ဖြစ်ပြီး၊ ရှယ်ယာနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလိုမျိုး အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ကျသွားစေနိုင်မှာ ဖြစ်ပါတယ်။

 

အမေရိကန် စီးပွားရေး သုတေသနဌာနရဲ့ စီးပွားရေးပညာရှင်ဖြစ်တဲ့ ပီတာ စီ အား (Peter C. Earle)ကတော့ "စျေးနှုန်းလမ်းကြောင်းများက‌တော့ မြောက်ဘက်ကို ဆက်လက် ဦးတည်နေဆဲ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။ "ဒီလိုအခြေအနေမှာ လက်ရှိ လုပ်ဆောင်နေတဲ့ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုရဲ့ တစ်စိတ်တစ်ပိုင်းကတော့ Fedက စောင့်ဆိုင်းနေခဲ့တာလား (သို့) စောင့်ဆိုင်းနေတာလား။ ဈေးနှုန်းမြင့်တက်နေတာ အတွက် လုပ်ဆောင်ဖို့ကို စောင့်ဆိုင်းနေတာ အရမ်း ကြာနေပြီလို့ဆိုတဲ့ အကြောင်းအရာများကို ပြောင်းလဲ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

 

အင်္ဂါနေ့က Fedဥက္ကဋ္ဌ ဂျရုန်း ပါဝဲ(Jerome Powell)က သူ့ရဲ့ အတည်ပြု ကြားနာမှုအတွက် အမေရိကန် အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီ ရှေ့မှောက်မှာ ငွေကြေးဖောင်းပွမှုကတော့ Fedရဲ့ ပစ်မှတ်ထက် ကျော်လွန်နေသေးတယ်လို့ ပြောခဲ့ပါတယ်။ ဒါကတော့ "စီးပွားရေးက ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အလွန် လိုက်လျောညီထွေမှု ရှိတဲ့ မူဝါဒတွေကို မလိုအပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။  

 

ဘစ်ကွိုင်ကတော့ ကြားနာမှုအပြီး လွန်ခဲ့တဲ့24 နာရီအတွင်း 3.1% တက်လာခဲ့ပါတယ်။

 

ပါဝဲကတော့ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်မားပြီး၊ မျှော်မှန်းထားတာထက် ပိုကြာနေမယ်ဆိုရင် Fedက အတိုးနှုန်းကို တိုးမြင့်ကောင့် မြင့်နိုင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပါဝဲရဲ့ ဒီဇင်ဘာလမှာ ဖော်ပြခဲ့တဲ့ အတိုးနှုန်းမြှင့်ခြင်းဆိုင်ရာ အရိပ်အမြွက်များက ဘစ်ကွိုင်ရဲ့ ဈေးနှုန်းကို ဖြည်းဖြည်းချင်း ကျဆင်းလာစေခဲ့ပါတယ်။

 

"Fedကတော့ ငွေကြေးဖောင်းပွမှုကို 2022နှစ်လယ်အထိ တည်တံ့နေမယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီ့ 2022နှစ်လယ် အချိန်က သူတို့ရဲ့ BS(Balance Sheet)ကို လျော့ချမယ့် အချိန် ဖြစ်နိုင်ပါတယ်”လို့ အွန်းလိုင်း အကျိုးဆောင်ကုမ္ပဏီ အိုအန်ဒါ(Oanda)ရဲ့ စီနီယာ ဈေးကွက်သုံးသပ်သူ အတ်ဝတ် မိုယာ(Edward Moya)က ပြောပါတယ်။ ငွေကြေးဖောင်းပွမှု လမ်းကြောင်းက ပိုမို မြန်ဆန်တဲ့ အတိုးနှုန်း မြင့်တက်ခြင်းကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးနိုင်ပြီး၊ BS လျှော့ချခြင်းကို မြန်မြန် စတင်စေနိုင်ပါတယ်။ ဒါကတော့ ဒစ်ဂျစ်တယ်ငွေကြေးလိုမျိုး အန္တရာယ်များတဲ့ ပိုင်ဆိုင်မှုများအတွက် ကာလတို ဖြစ်နိုင်ပေမဲ့ ရှယ်ယာကိုတော့ ပိုမို အထိနာစေမှာ ဖြစ်ပါတယ်။

 

"ဘစ်ကွိုင်ကို ဝယ်ဖို့အတွက် စောင့်ဆိုင်းနေတဲ့ ဘေးထွက် အပိုအလျှံငွေတွေ သိသိသာသာ ရှိနေသေးပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်သူတွေကတော့ ချဉ်းကပ်ဖို့ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်”လို့ မိုယာက ပြောခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


📧 နာစဒါ့(NASDAQ)စာရင်းဝင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ BTC၊ ETH၊ DOGE နဲ့ SHIB ကွိုင်များဖြင့် ငွေပေးချေမှုများကို လက်ခံ(2022.01.12)

ဝါရှင်တန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဖြစ်တဲ့ ဟာဘာ ကပ်စတန် (Harbour Custom)ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက  ၎င်းတို့ရဲ့ လူနေအိမ်များ၊ တိုက်ခန်းများ၊ ကွန်ဒိုမီနီယံများနဲ့ အခြား အိမ်ခြံမြေများအတွက် ဒစ်ဂျစ်တယ်ငွေကြေးများဖြင့် ငွေပေးချေခြင်းကို ဇန်နဝါရီ 24 ရက်နေ့မှစပြီး စတင် လက်ခံတော့မယ့်အကြောင်း ကြေငြာခဲ့ပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေးကတော့ လက်လီ အိမ်ခြံမြေလုပ်ငန်းမှာ တဖြည်းဖြည်း ဝင်ရောက်လာပါပြီ။

မကြာသေးမီက ဖော်ပြချက်တစ်ခုအရ၊ ဟာဘာ ကပ်စတန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(နာစဒါ့ကုဒ်: HCDI)က ငွေပေးချေမှုအဖြစ် ဒစ်ဂျစ်တယ်ငွေကြေး အများအပြားကို လက်ခံတော့မှာ ဖြစ်ပါတယ်။ လက်ခံမယ့် ဒစ်ဂျစ်တယ်ငွေကြေး အချို့ထဲမှာ ဘစ်ကွိုင် (BTC)၊ အီသာရီရမ်(ETH)၊ ဒေါ့ကွိုင်(DOGE)နဲ့ ကိုယ်တိုင် ကြေငြာထားတဲ့ ဒေါ့ကွိုင်ကို အစားထိုးမယ့် ရှီဘားကွိုင်(SHIB)တို့ ပါဝင်ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ဆောင်မှု အရာရှိချုပ်(COO)ဖြစ်တဲ့ ဂျက် ဟာဘာဆက်ဇာ(Jeff Habersetzer)ကတော့  "ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဝန်ဆောင်မှုမှာ ဒစ်ဂျစ်တယ်ငွေကြေးများကို လက်ခံခြင်းက ကုမ္ပဏီအတွက် ကျိုးကြောင်းဆီလျော်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ လိုက်လျောညီထွေမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းပုံစံက အိမ်ခြံလုပ်ငန်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနဲ့ ကွဲပြားစေပါတယ်”လို့ ပြောပါတယ်။

 

ဟာဘာ ကပ်စတန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကတော့ ဝါရှင်တန်၊ ကယ်လဖိုးနီးယားရှိ ဆေကရမ်မန်တို၊ ဖလော်ရီဒါရှိ ပွန်တ ဂိုဒါနဲ့ တက်ဆက်ရှိ အော်စတင်တို့မှာ အိမ်ခြံမြေတွေကို ရောင်းချပါတယ်။ ဒစ်ဂျစ်ငွေကြေးအသုံးပြုခြင်းကို အခု ဖော်ပြခဲ့တဲ့ ပြန်နယ်တွေမှာ နေထိုင်နေတဲ့ သူတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ CEOဖြစ်တဲ့ စတာလင် ဂရင်းဖင်(Sterling Griffin)ရဲ့ အဆိုအရ၊ ကုမ္ပဏီကတော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေမှုများ ပြုလုပ်နိုင်အောင် လုပ်ဆောင်ပြီး ဝယ်ယူနိုင်အား ဒေါ်လာ 1ထရီလီယံကျော် ရှိတဲ့ အိမ်ခြံမြေလုပ်ငန်းရဲ့ ဒစ်ဂျစ်တယ်ငွေကြေးတံခါးကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ “ဒီလို စတင်လုပ်ဆောင်မှုက ကုမ္ပဏီကို ဒစ်ဂျစ်တယ်ငွေကြေးကို ပထမဆုံး လက်ခြင်းဆိုတဲ့ နေရာကို ပေးမှာ ဖြစ်ပါတယ်”လို့ ထပ်မံ ပြောခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Binance

❄️❄️❄️❄️❄️❄️❄️

📧 ကလောက်မိုင်းနင်း(Cloud Mining)ဆိုတာ ဘာလဲ

ကလောက်မိုင်နင်း(Cloud mining)ကတော့ ပြင်ပအဖွဲ့အစည်းများမှ တွက်ချက်နိုင်မှုအင်အား(Computing Power)ကို ငှားရမ်းခြင်းဖြင့် ဒစ်ဂျစ်တယ်ငွေကြေးကို တူးယူတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှာ နာမည်ကြီး ဆော့ဖ်ဝဲ ကွန်ပြူတာကုမ္ပဏီတိုင်းက နေ့ရောညပါ ဂဏာန်းများ တွက်ချက်နေတဲ့ ကွန်ပျူတာများနဲ့ ပြည့်နေတဲ့ မြေအောက်ခန်းများကို ထိန်းသိမ်းထားရှိကြပါတယ်။ အားကစားရုံလောက် ရှိတဲ့ အခန်းများက ဆာဗာ(Server)များအတွက် အမြဲ မီးများထွန်းထားပါတယ်။

 

ဒါတွေ အားလုံးက ကလောက်တွက်ချက်ခြင်း(cloud computing)ဆိုတဲ့ ခေတ်မှာ ပြောင်းလဲသွားခဲ့ပါတယ်။   တန်ဖိုးကြီး မြေနေရာရဲ့ မြေအောက်ခန်းများအစား ဆောဖ်ဝဲကုမ္ပဏီများကတော့ အခြား နေရာများမှာ ထားရှိပြီး အားကောင်းတဲ့ စက်များနဲ့ ပြည်နေတဲ့ ဂိုထောင်များကနေ တွက်ချက်နိုင်မှုအင်အားကို ငှားရမ်းပြီး အသုံးပြုလာကြပါတယ်။

 

ကလောက်မိုင်းနင်းကလည်း ဒီ သဘောတရားအတိုင်း တွက်ချက်နိုင်မှုအင်အားကို ဒစ်ဂျစ်တယ်ငွေကြေးများ တူးယူဖို့ ငှားရမ်းခြင်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးများ တူးယူခြင်းကတော့ အားကောင်းတဲ့ ကွန်ပျူတာများကို အသုံးပြုပြီး ဘစ်ကွိုင်၊ လိုက်ကွိုင်၊ ဒေါ့ကွိုင်လိုမျိုး ကွိုင်များကို တူးယူခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ကွိုင်များကို ကိုယ်တိုင် တူးယူဖို့အတွက် ဈေးကြီးတဲ့ ကွန်ပျူတာတွေကို ဝယ်ယူမယ့်အစား ကမ္ဘာအနှံမှာ ရှိတဲ့ ကလောက်မိုင်းနင်းကုမ္ပဏီများကနေ ကွိုင်တူးသူအဖြစ် တွက်ချက်နိုင်မှုအင်အားကို ငှားရမ်းနိုင်ပါတယ်။

 

ဒါ့အပြင်၊ ကလောက်မိုင်းနင်း ဝန်ဆောင်မှုအတွက် ငွေပေးချေခြင်းဆိုတာကတော့ တွက်ချက်မှု အားကောင်းတဲ့ အစုအဝေးရဲ့ အစိတ်အပိုင်းတစ်ခုကို ငှားရမ်းထားခြင်းပဲ ဖြစ်ပါတယ်။   အဲဒါကတော့ ဘစ်ကွိုင်ကို ရရှိနိုင်မယ့် အနိုင် ရရှိတဲ့ ဟက်ရှီ(Hash)ကို ထုတ်လုပ်ဖို့အတွက် အခြား အင်အားနည်းတဲ့ ဘစ်ကွိုင်တူးယူသူတွေကို အနိုင်ယူနိုင်ခြေ များစေပါတယ်။

 

ကလောက်မိုင်းနင်းကတော့ ဘစ်ကွိုင်နဲ့ မူရင်း အီသာရီရမ် ဘလော့ချိန်းလိုမျိုး အားကောင်းတဲ့ တွက်ချက်နိုင်မှုအင်အားကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေကြေးအသစ်တွေကို တူးယူတဲ့ အလုပ်သက်သေ(Proof-of-work)စနစ်မှာပဲ အသုံးပြုနိုင်ပါတယ်။

 

ကလောက်မိုင်းနင်းကတော့ စုဆောင်းမှုသက်သေ(Proof-of-stake)စနစ်လိုမျိုး ပါဝင်လိုတဲ့ ကွန်ရက်ထဲမှာ ကွိုင်များကို စုဆောင်းထားပြီး ဘလော့အသစ်များ အတည်ပြုခြင်းနဲ့ ဒစ်ဂျစ်တယ်ငွေကြေးအသစ်များကို ရလဒ်အဖြစ် ရရှိတဲ့ စနစ်မှာ အသုံးမပြုနိုင်ပါဘူး။  ဒါပေမဲ့ အီသာရီရမ် 2.0၊ ဆိုလာနာနဲ့ EOS လိုမျိုး စုဆောင်းထားရှိတဲ့ ဝန်ဆောင်မှုကတော့ မိမိရဲ့ ကွိုင်ကို အခြား အတည်ပြုသူဆီကို အပ်နှံထားပေးပြီး အကျိုးအမြတ် အချို့ကို ရရှိစေပါတယ်။  ဒါကတော့ လုပ်ဆောင်မှုအပိုင်းမှာ ကလောက်မိုင်းနင်းနဲ့ ဆင်တူပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး ကလောက်မိုင်းနင်းကို ဘယ်လို စတင်နိုင်လဲ။  

ကလောက်မိုင်းနင်းကတော့ ပုံမှန် ဒစ်ဂျစ်တယ်ငွေကြေးမိုင်းနင်းများလို စနစ်ထည့်သွင်းခြင်းတွေ ဘာမှ လုပ်စရာ မလိုအပ်ပါဘူး။  မိုင်းနင်းအတွက် အထူးလိုအပ်တဲ့ ဟာ့ဒ်ဝဲ(Hardware)တွေ ဝယ်ယူခြင်း၊ ထိန်းသိမ်းထားရှိခြင်း (သို့) လျှပ်စစ်မီတာခ ပေးဆောင်ခြင်းများ လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။

 

အဲဒီ့ အစား၊ အောင်မြင်တဲ့ မိုင်းနင်းအစုအဖွဲ့ကို ရွေးချယ်ပြီး ဟာ့ဒ်ဝဲအချို့ ငှားရမ်းကာ မိုင်းနင်းအစုအဖွဲ့ကနေ ငွေရရှိတဲ့ အထိ စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။  ပြီးတော့ တူးယူလိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကိုလည်း ရွေးချယ်ရမှာ ဖြစ်ပါတယ်။  ဘစ်ကွိုင်၊ အီသာရီရမ်နဲ့ ဒေါ့ကွိုင်တွေကတော့ မိုင်းနင်းပူးစတပ်(MiningPoolStats.com)အရ အကြီးမားဆုံး မိုင်းနင်းအစုအဖွဲ့များ ရှိကြပါတယ်။

 

အန့်ပူး(Antpool)၊ ပူးအင်(Poolin)၊ အက်တူးပူး(f2pool)နဲ့ စလပ်ပူး(Slush Pool)တို့ကတော့ ပုဂ္ဂလိက အသုံးပြုသူများကို ဝန်ဆောင်မှုပေးနေတဲ့ ဘစ်ကွိုင် မိုင်းနင်းအစုအဝေးများထဲက ဖြစ်ပါတယ်။ ဖောင်ဒရီ ဒစ်ဂျစ်တယ်(Foundry Digital)ကတော့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဝန်ဆောင်မှုပေးနေတဲ့ မြောက်အမေရိက မိုင်းနင်းအစုအဖွဲ့ဖြစ်ပါတယ်။

 

ကလောက်မိုင်းနင်း ဝန်ဆောင်မှုကို စတင် အသုံးပြုဖို့ ဒါတွေ လုပ်ဖို့ လိုအပ်ပါတယ်။

  1. ကလောက်မိုင်းနင်း ဝန်ဆောင်မှုပေးသူကို ရွေးချယ်ပြီး တူးယူလိုတဲ့ ကွိုင်ကို ရွေးချယ်ပါ။
  2. အကောင့်တစ်ခု ဖွင့်ပါ။

ဆိုဒ်တစ်ခုချင်းစီမှာ ဝန်ဆောင်ကြေး၊ ဝန်ဆောင်မှုနဲ့ ကွိုင်တူးယူသူတွေက ကမ်းလှမ်းရတာတွေက အနည်းငယ် ကွဲပြားပါတယ်။

 

ဘစ်ကွိုင် ဟက်ရှီနှုန်း(Hashrate)ရဲ့ 15%ခန့် ရှိတဲ့ အန့်ပူး(Antpool)မိုင်းနင်းအစုအဖွဲ့ကတော့ အကောင့်တစ်ခု ဖွင့်ခြင်း၊ မိုင်းနင်းပူးရဲ့ ဆောဖ်ဝဲ ဒေါင်းလုပ်လုပ်ခြင်း၊ မိုင်နာ(ကွိုင်းတူးရာမှာ အသုံးပြုမယ့် ဆောဖ်ဝဲ) ရွေးချယ်ခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။  ဆိုဒ်ကတော့ ထိရောက်မှု ရှိပြီး အမြတ်အစွန်းရစေမဲ့ မိုင်းနင်းစက်တွေကို စီမံခန့်ခွဲပေးပါတယ်။ မိုင်နာကိုလည်း ငှားရမ်း အသုံးပြုနိုင်ပြီး အကျိုးအမြတ်ကို မိုင်းနင်းပြုလုပ်နေတဲ့ ငွေကြေးအတိုင်း ပုံမှန် ရရှိစေပါတယ်။

 

ကလောက်မိုင်းနင်းက အကျိုးအမြတ် ရှိပါလား။

ဟုတ်ကဲ့၊ ရနိုင်ပါတယ်။ မိုင်နာများ ငှားရမ်းဖို့ ငွေပေးချေရခြင်းနဲ့ မိုင်းနင်းအစုအဖွဲ့တွေကနေ သင်ရဲ့ အကျိုးအမြတ်ကို ဖြတ်ယူမှုများ ရှိခြင်း အစရှိတဲ့  ကြိုတင်ကုန်ကျစရိတ်တွေကတော့ ရှိနိုင်ပေမဲ့ အဲဒါကတော့ တန်ပါတယ်။

 

အကျိုးအမြတ်ကတော့ မိုင်းနင်းအစုအဖွဲ့တွေက အသုံးပြုတဲ့ မိုင်နာတွေရဲ့ အင်အားနဲ့ ဈေးကွက် အခြေအနေအပေါ်မှာ မူတည်ပါတယ်။ မိုင်နာအသစ်တွေက မိုင်နာအဟောင်းတွေထက် အင်အား ပိုမို ကောင်းမွန်မှာ ဖြစ်ပြီး ကွိုင်ကို များများ ရရှိစေမှာ ဖြစ်ပါတယ်။  ဈေးကွက် အခြေအနေဆိုတာကတော့ ဥပမာအားဖြင့် မိမိက ဘစ်ကွိုင်ကို အမေရိကန် ဒေါ်လာလိုမျိုး ပုံမှန်ငွေကြေးအဖြစ် ရောင်းချခြင်း မလုပ်ဘူးဆိုရင် ဘစ်ကွိုင်ဈေး အတက်အကျပေါ်မှာ အကျိုးအမြတ်က မူတည်နေမှာ ဖြစ်ပါတယ်။

 

မတူညီတဲ့ ကွိုင်တွေမှာ မတူညီတဲ့ ငွေကြေးမရေရာမှုတွေ ရှိပါတယ်။  ဥပမာ အန့်ပူးမှာဆိုရင် ဘစ်ကွိုင်ကတော့ တဲရာဟက်ရှီ(terahash) တစ်ခုမှာ $0.2900 ရရှိစေပြီး၊ အီသာရီရမ်ကတော့ $0.3044 ရရှိစေပါတယ်။  ဒီလို ကွဲပြားမှု အနည်းငယ်လေးတွေက ဟက်ရှီအားကောင်းတဲ့ မိုင်နာတွေကို ငှားရမ်းတဲ့ အခါမှာ ပေါင်းစပ်ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ကလောက်မိုင်းနင်းက အန္တရာယ်ရှိပါသလား။

ကလောက်မိုင်းနင်းကတော့ ဒစ်ဂျစ်ငွေကြေးတူးဖော်ဖို့အတွက် ဘစ်ကွိုင်(သို့) မိမိ တူးချင်တဲ့ ကွိုင်တွေ မိုင်းနင်း လုပ်ဖို့အတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေ ပိုင်ဆိုင်ခြင်း ရှိမရှိကို စစ်ဆေးခြင်း မရှိဘဲ အခြားသူအပေါ်မှာ မှီခိုနေတာ ဖြစ်လို့ အန္တရာယ် ရှိပါတယ်။

 

များပြားလှတဲ့ အယောင်ဆောင် ကလောက်မိုင်းနင်းဝန်ဆောင်မှုတွေကတော့ ဘစ်ကွိုင်မိုင်းနင်းလုပ်တယ်လို့ ဆိုကြပေမဲ့ မိမိရဲ့ ပိုက်ဆံများကိုပဲ လိမ်လည် ယူဆောင်သွားတာပဲ ဖြစ်ပါတယ်။  USDမိုင်နာ(USDminer)ကတော့ အဲဒီလို အယောင်ဆောင်များထဲက တစ်ခု ဖြစ်ပါတယ်။ ၎င်းတို့ကတော့ နာမည်မဲ့ပုံစံနဲ့ ပလက်ဖောင်းကို စီမံခန့်ခွဲနေတဲ့သူကို မသိနိုင်အောင် ပြုလုပ်ထားပြီး အချိန်တိုအတွင်းမှာ အလွန် မြင့်မားတဲ့ အကျိုးအမြတ်ကို ကတိပြုကြပါတယ်။  အယောင်ဆောင်ဆိုဒ်တွေကို သိရှိနိုင်တဲ့ အခြားအချက်တွေကတော့~

  1. ဝဘ်ဆိုဒ် စာလုံးပေါင်းအမှားများ
  2. လူမျက်နှာများ အစား ရှယ်ယာများရဲ့ ဓာတ်ပုံကို သက်သေအဖြစ် ထားရှိခြင်း
  3. မှားယွင်းတဲ့ ကုမ္ပဏီလိပ်စာ (သို့) ကုမ္ပဏီလိပ်စာ လုံးဝ မရှိခြင်း

 

နာမည်ကြီးတဲ့ မိုင်းနင်းအစုအဖွဲ့များကို အသုံးပြုခြင်းက အန္တရာယ်ကို လျော့နည်းစေနိုင်မှာ ဖြစ်ပါတယ်။

 

ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဈေးကွက်ရဲ့ အခြေအနေအပေါ်မှာလည်း မူတည်ပါတယ်။ ဘစ်ကွိုင်နဲ့ အခြား တူးယူနိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကတော့ ဈေးနှုန်းက အချိန်တိုအတွင်းမှာ အကြီးအကျယ် ပြောင်းလဲခြင်းလိုမျိုး အတက်အကျ အရမ်း မြန်ပါတယ်။   ဒါကတော့ မိမိ တူးယူနေတဲ့ ကွိုင်က ဈေးနှုန်းကျဆင်းသွားခြင်းလိုမျိုး ဖြစ်နိုင်တာကြောင့် မိမိရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

ထပ်ပြီးတော့ ကလောက်မိုင်းနင်းအတွက် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အန္တရာယ်များစွာလည်း ရှိပါတယ်။ ဥပမာ သက်သာတဲ့ လျှပ်စစ်မီတာခနဲ့ မိုးတွင်းမှာဆိုရင် အစိမ်းရောင်စွမ်းအင်ကို အသုံးပြုနိုင်တာကြောင့် ကလောက်မိုင်နာ အများကြီးက တရုတ်နိုင်ငံမှာ ရှိခဲ့ဖူးပါတယ်။  ဒါပေမဲ့ 2021ခုနှစ် နွေဦးမှာတော့ တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်ငွေကြေး တူးခြင်းလုပ်ငန်းကို ဖြိုခွဲခဲ့ပြီး ကွိုင်တူးသူတွေကို ပိတ်သိမ်းခြင်းနဲ့ အခြားကို ပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့ပါတယ်။   ဒါကတော့ တရုတ် မိုင်းနင်းအစုအဖွဲ့ကနေ မိုင်နာများကို ငှားရမ်းပြီး အသုံးပြုနေသူတိုင်းကို ဝင်ငွေဆုံးရှုံးစေခဲ့ပါတယ်။

 

အခြားနိုင်ငံတွေမှာလည်း ဒစ်ဂျစ်တယ်ငွေကြေး တူးခြင်းကို ပိတ်ပင်ထားပါတယ်။ ၎င်းကတော့ လျှပ်စစ်အင်အား အများကြီး လိုအပ်ခြင်း၊ အချို့ လျှပ်စစ်က သဘာဝ သယံဇာတတွေကို လောင်ကျွမ်းစေခြင်းမှ ရရှိခြင်းနဲ့ အစိုးရအချို့ကတော့ အဲဒီ့အချက်တွေက သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း ဒီ အချက်တွေက ကွိုင်တူးတဲ့ စက်တွေကို ကိုယ်တိုင် ဝယ်ယူခြင်းထက်  ကလောက်မိုင်းနင်းကို အသုံးပြုတဲ့အခါမှာ များစွာ နည်းပါးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ကွိုင်းတူးဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲတွေက ဈေးကြီးပြီး၊ ကွိုင်တူးခြင်းနဲ့ ထိန်းသိမ်းခြင်းတွေကလည်း ဈေးကြီးပါတယ်။  စီးပွားရေး မကောင်းတဲ့ အခါမျိုးမှာဆိုရင် ကွိုင်တူးဖို့အတွက် ဝယ်ယူထားတဲ့ ဟာ့ဒ်ဝဲတွေက တန်ဖိုး အလွန် ကျဆင်းသွားနိုင်ပါသေးတယ်။

 

သတင်းအရင်းအမြစ်: Coindesk


❄️❄️❄️❄️❄️❄️❄️


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🤗Have a nice weekend🤗
Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe