By Ma Thida Tun     /     2021.12.17     /     Volume 2

ဒီနေ့သတင်း

Þ Fedကတော့ အတိုးနှုန်းတက်နိုင်ခြင်းကို ညွှန်းဆိုသွား

Þ Tesla ကားကုမ္ပဏီက ၎င်းတိုရဲ့ ကုန်ပစ္စည်း ငွေပေးချေမှုအဖြစ် DOGE ကွိုင်ကို လက်ခံမလို့ မက်စ်(Musk)က ပြောပြီးနောက် DOGEကွိုင်ဈေး ခုန်တက်

Þတရုတ်မှာ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် 15ရက်နေ့ကနေ စတင် ပိတ်ဆို့

Þယနေ့အချိန်မှာ ဘစ်ကွိုင်(Bitcoin)များ 90% အထိ တူးဖော်ပြီးဖြစ်

Þ ပုံတူကူးမရတဲ့ တိုကင်(NFTs) ကို ဘယ်လိုမျိုး ဖန်တီး၊ ဝယ်ယူပြီး ရောင်းချလို့ရလဲ။


1. ဈေးကွက် အခြေအနေ

2. သတင်းများ


Þ Fedကတော့ အတိုးနှုန်းတက်နိုင်ခြင်းကို ညွှန်းဆိုသွား

(2021.12.15)

 

ဒီဇင်ဘာတွင် 15ရက်၊ Fedရဲ့ ဥက္ကဌဖြစ်တဲ့ ဂျရုန်း ပါဝဲလ်(Jerome Powell)ကတော့ "ငွေကြေးဖောင်းပွမှုနှုန်းက မြင့်မားနေပြီး၊ကျွန်တော်တို့လည်း အချိန်နှင့် တပြေးညီ မူဝါဒချမှတ်ရမှာ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ U.S. ငွေကြေးဖောင်းပွမှုနှုန်းကတော့ လက်ရှိမှာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်ဆုံးဖြစ်တဲ့ 6.8% ရှိနေပြီး၊ Fed ရဲ့ ရည်မှန်းချက်ကတော့ 2% ပဲ ဖြစ်ပါတယ်။

 

ဒီလို ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်ကတော့ သူ့ရဲ့ ချေးငွေစာချုပ် လျော့ချဝယ်ယူခြင်း အစီအစဉ်ကို ကနဦး ခန့်မှန်းထားတာထက် ပိုမြန်အောင် လုပ်ဆောင်ဖို့ ရှိတယ်လို့ ပြောပါတယ်။   ဒါကတော့ 2022 ခုနှစ်မှာ အတိုးနှုန်းကို အနည်းဆုံး 3 ကြိမ်လောက် မြင့်တင်နိုင်တဲ့ အလားအလာပဲ ဖြစ်ပါတယ်။

 

ဒေါ်လာကို အများအပြား ရိုက်နှိပ်ခြင်းနဲ့ ဒီ ငွေကြေးဖောင်းပွမှုကြီးက အဆုံးသတ်မှာတော့ ဒေါ်လာတန်ဖိုးကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ ယခုအပတ်အစောပိုင်းမှာ စီးတီးဘဏ်ရဲ့ CIO ဖြစ်တဲ့ ဒေးဗစ် ဘိုင်လင်း(David Bailin)ကတော့ လာမယ့် ဆယ်စုနှစ်အတွင်း တစ်ဒေါ်လာကို 80-85 cents(ပြား) သာတန်ဖိုးရှိမည်ဟု ခန့်မှန်းခဲ့ပါတယ်။

 

Fed ရဲ့ ချေးငွေစာချုပ်များ လျော့ချဝယ်ယူခြင်း

အိမ်ယာချေးငွေနဲ့ ကားချေးငွေတွေ များနေရင် အတိုးနှုန်းမြင့်မားခြင်း(လက်ရှိတွင် 0.25%)က အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက်စေနိုင်ပါတယ်။ ဥက္ကဌ ပါဝဲ(Powell)ကတော့ “ကျွန်တော်တို့ကတော့ အလုပ်သမားများ လုပ်ငန်းခွင်ကို ကောင်းကောင်း ပြန်လည် မဝင်ရောက်နိုင်သေးခြင်းနဲ့ ကာလအထိ အခုအတိုင်း ဖြစ်နေဦးမယ်ဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုကပစ်မှတ်ထက် ကျော်လွန်နေလို့ ငွေကြေးဖောင်းပွမှုနဲ့ ပက်သက်ပြီး ပေါ်လစီ ချမှတ်ရမယ်” ပြောပါတယ်။

 

ဗဟိုဘဏ်သည် မတ်လအထိ ချေးငွေစာချုပ်နဲ့ အိမ်ယာချေးငွေတွေမှာ အများဆုံး ဒေါ်လာ8.2 ထရီလီယံနီးပါးအထိ ဝယ်ယူခြင်းကို ရပ်တန့်မှာ ဖြစ်ပါတယ်။ 2020ခုနှစ် မတ်လမှာ ကြေငြာခဲ့တဲ့ ချေးငွေစာချုပ် လျော့ချဝယ်ယူခြင်းကတော့ ကနဦိး စီစဉ်ထားတာထက် 3လ စောပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။   

 

CNBC ရဲ့ တွန် လီ(Tom Lee)ကတော့ “အနားကပ် ပလာစတာ ပုံစံမျိုး ဖာထေးခြင်းတွေက အကျိုးမရှိတော့ပါဘူး။  ဈေးကွက်က ဒီဟာ စတင်ဖို့ကိုပဲ စောင့်ဆိုင်းနေခဲ့တာပါ။  ကောလဟာလ သတင်းတွေကြောင့်ပဲ ဈေးအပြောင်းအလဲ ဖြစ်နေခြင်းထက် လက်တွေ့ လုပ်ဆောင်ဖို့ အချိန်သင့်ပြီ”လို့ မှတ်ချက်ပေးထားပါတယ်။

 

ဈေးကွက်ထဲမှာတော့ ကပ်ရောဂါကြောင့် စီးပွားရေးကို အထောက်အပံ့ဖြစ်စေတဲ့ ကူညီမှု အစီအစဉ်တွေ အဆုံးသတ်တော့မယ်ဆိုတဲ့ သတင်းနဲ့ ပက်သက်ပြီး အပြုသဘောနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။

 

ဒစ်ဂျစ်တယ်ငွေကြေး စျေးကွက်မြင့်တက်

ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကတော့ ပြီးခဲ့သော 12 နာရီအတွင်း ဈေးကွက်အတွင်း စုစုပေါင်း အရောင်းအဝယ် ပမာဏက ဒေါ်လာ 140 ဘီလီယံ (သို့) 6% ဝန်းကျင်တိုးတက်လာပြီး အားကောင်းလာပါတယ်။  

 

ဘစ်ကွိုင်(Bitcoin)ကတော့ ဒေါ်လာ 50,000 ဝန်းကျင်အထိ ရောက်ရှိခဲ့ပေမဲ့ အဲဒီ့ဈေးကို မကျော်ခဲ့ပါဘူး။  လက်ရှိ Binanceအိတ်ချိန်းမှာတော့ တစ်ကွိုင်ကို  ဒေါ်လာ 48,969 နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

အီသာရီယမ်(Ethereum)ကတော့ 4.27% မြင့်တက်ခဲ့တဲ့ ဒေါ်လာ 4,000 ကို တစ်နေ့တည်းမှာ ရောက်ရှိခဲ့ပါတယ်။ အခြား မြင့်တက်လာတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကတော့ Solana (SOL) 8.2%၊ Avalanche (AVAX) 14.51%၊ Chainlink (LINK) 8% တို့ပဲ ဖြစ်ပါတယ်။

 

Fedရဲ့ အတိုးနှုန်းနဲ့ ပက်သက်တဲ့ သတင်းအပေါ် ဒစ်ဂျစ်တဘ်ငွေကြေးဈေးကွက်ရဲ့ အပြောင်းအလဲကိုတော့ BeInCryptoက ပထမဆုံး ဖော်ပြခဲ့ပါတယ်။

 

သတင်းအရင်းအမြစ် : Binance News


 

Þ Tesla ကားကုမ္ပဏီက ၎င်းတိုရဲ့ ကုန်ပစ္စည်း ငွေပေးချေမှုအဖြစ် DOGE ကွိုင်ကို လက်ခံမလို့ မက်စ်(Musk)က ပြောပြီးနောက် DOGEကွိုင်ဈေး ခုန်တက်

(2021.12.14)

 

Tesla ကားကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ အီလွန် မက်စ်(Elon Musk)က ကုမ္ပဏီရဲ့ ကုန်ပစ္စည်းများ ငွေပေးချေမှုအတွက် အပျော်အဖြစ် ပထမဆုံး ဖန်တီးထားသော ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ DOGEကွိုင်ကို လက်ခံမည်လို တွစ်တာမှာ ရေးခဲ့ပြီးနောက် DOGEကွိုင်ဈေးကတော့ အင်္ဂါနေ့မှာ 30% နီးပါး ခုန်တက်သွားခဲ့ပါတယ်။

 

မက်စ်(Musk)ကတော့ ဒီအကြောင်းကို အင်္ဂါနေ့မှာ တွစ်တာပေါ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ DOGEကွိုင်ကတော့ 27% မြင့်တဲ့ $0.2086 ဈေးနဲ့ နောက်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့တာပါ။

 

Tesla ကုမ္ပဏီရဲ့ ရောင်းချမှုထဲမှာ ပါဝင်တဲ့ ကုန်ပစ္စည်းတွေကတော့ ရှပ်အင်္ကျီများ၊ ခါးပတ်ခေါင်းများ Teslaကားပုံစံ အရုပ်ငယ်လေးများ၊ 'Cyberquad'လို့ခေါ်တဲ့ ကလေးစီး စက်ဘီးများနဲ့ 'Cyberwhistle' လို့ ခေါ်တဲ့ Tesla Cybertruck ပုံစံ ဝီစီတွေပဲ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ် : Binance News


Þတရုတ်မှာ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် 15ရက်နေ့ကနေ စတင် ပိတ်ဆို့

(2021.12.14)

 

'တရုတ်နိုင်ငံကနေ ထုတ်ပြန်တဲ့  သတိပေးချက်' ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်က ငြိမ်သက်သွားခဲ့ပါတယ်။ ဟူအိုဘီ(Huobi) အစရှိတဲ့ တရုတ်လူမျိုးများ ပြုလုပ်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းတွေကတော့ 15ရက်နေ့ကနေ စပြီး တရုတ်လူမျိုးများအတွက် ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုကို ရပ်တန့်မယ်လို့ ကြေငြာပြီးနောက် ရင်နှီးမြှုပ်နှံသူတွေကတော့ မုန်တိုင်းလာတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။  ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ အဝယ်များတဲ့ တရုတ်လူမျိုးတွေ ဈေးကွက်ထဲကနေ ထွက်သွားရင်ဆိုတဲ့ ယူဆချက်တွေကြောင့် ဘစ်ကွိုင်က 14ရက်နေ့မှာတော့ မနေ့ကထက် 5% လျော့ကျသွားတဲ့ ဈေးဖြစ်တဲ့ ဒေါ်လာ 46,686နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။  လွန်ခဲ့တဲ့ တစ်လက ရှိခဲ့တဲ့ ဒေါ်လာ 68,789ဈေးနဲ့ ယှဉ်ရင် 30%လောက် လျော့ကျသွားတာ ဖြစ်ပါတယ်။

 

ကိုရီးယားရဲ့ အကြီးဆုံး အိတ်ချိန်းဖြစ်တဲ့ အပ်ဘစ်(Upbit)မှာ အရောင်းအဝယ် ပြုလုပ်လို့ ရနေတဲ့ ကွိုင် 108မျိုးကတော့ တစ်ပတ်အတွင်းမှာ ဈေးတက်ခဲ့တဲ့ ကွိုင်ကတော့ တစ်ခုမှ မရှိခဲ့ပါဘူး။  တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်းများ ရပ်တန့်ခြင်းဆိုတဲ့ အချက်က ဘယ်လောက် အတိုင်းအတာအထိ ဈေးကွက်မှာ အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတာကို မှန်းဆလို့ မရနိုင်တာကြောင့် “စောင့်ကြည့်ဆဲ” အခြေအနေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်မှု ပမာဏကတော့ 4ရက်နေ့မှာ ဝမ် 729 ဘီလီယံ ရှိခဲ့တာ ဖြစ်ပြီး၊ 13ရက်နေ့မှာတော့ 26%လျော့ကျတဲ့ ဝမ်  538ဘီလီယံပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ် : The Chosun Ilbo



Þ ယနေ့အချိန်မှာ ဘစ်ကွိုင်(Bitcoin)များ 90% အထိ တူးဖော်ပြီးဖြစ်

(2021.12.13)

 

တရားဝင် လေ့လာနိုင်တဲ့ ဒေတာအရင်းမြစ်များအရ Binance သတင်းဌာနကတော့ အခုအချိန်မှာ ဘစ်ကွိုင်(Bitcoin)က စုစုပေါင်း တူးနိုင်တဲ့ ပမာဏရဲ့ 90% ကို တူးထားပြီး ဖြစ်ကြောင်း သုံးသပ်ပါတယ်။

 

ဒါကတော့ ဈေးကွက်ထဲမှာ ရောက်ရှိပြီး ဖြစ်တဲ့ စုစုပေါင်း ဘစ်ကွိုင်(Bitcoin)ပမာဏက 18.89 သန်းကို ရောက်ရှိသွားပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။  ကမ္ဘာ့ ပထမဆုံးနဲ့ ဈေးကွက်ထဲမှာ အရောင်းအဝယ် ပြုလုပ်မှုမှာ အများဆုံး ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ ဘစ်ကွိုင်(Bitcoin)ကတော့ တူးဖော်နိုင်မှု ပမာဏကို 21 သန်းအထိပဲ ရှိဖို့ ကန့်သတ်ထားပြီး ဖြစ်ပါတယ်။

 

2009 ခုနှစ် ဇန်နဝါရီလ 9 ရက်နေ့၊ ဘစ်ကွိုင်(Bitcoin)များကို ပထမဆုံး စတင် တူးဖော်ချိန်ကစပြီး အခု ပမာဏကို ရောက်ရှိဖို့ 12 နှစ် ကြာမြင့်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဘစ်ကွိုင်(Bitcoin) ဒစ်ဂျစ်တယ်ငွေကြေးကတော့ 2140 ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင်ထိ အကုန် တူးဖော်နိုင်မှာ မဟုတ်ပါဘူး။ 

 

ဘစ်ကွိုင်(Bitcoin)ကတော့ တူးဖော်ခြင်း(Mining)မှာ အရောင်းအဝယ် လုပ်ဆောင်ခြင်းနဲ့ ဘလော့တွေကို ချိတ်ဆက်မိစေခြင်းကို လုပ်ဆောင်ပေးတဲ့ တူးဖော်သူများ(Miner)၊ ဒါမှမဟုတ် ကွန်ယက်မှာ ပါဝင်သူများပေါ်တွင် မှီခိုနေပါတယ်။ ကွန်ယက်မှာ ပါဝင်သူများကတော့ ဒစ်ဂျစ်တယ်ပုစ္ဆာများကို ဖြေရှင်းဖို့အတွက် ကွန်ပျူတာနဲ့ ဟာ့ဒ်ဝဲအရင်းအမြစ်များကို အသုံးပြုကြပြီး၊ ပုစ္ဆာဖြေရှင်းတဲ့ အခကြေးငွေအဖြစ် ဘစ်ကွိုင်(Bitcoin)ကို ဆုလာဘ်အဖြစ် ရကြပါတယ်။

 

ဒီဇင်ဘာလ 13ရက်နေ့ 1:00 pm UTCမှာ ဘစ်ကွိုင်(Bitcoin) တစ်ကွိုင်က $48,577ဖြင့် Binanceမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ CoinMarketCap ဒေတာအရ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ ဈေးကွက် အရောင်းအဝယ် ပြုလုပ်မှု ပမာဏက $915 ဘီလီယံဝန်းကျင် ရှိပါတယ်။ အခုနှစ် အစောပိုင်းမှာ ဘစ်ကွိုင်(Bitcoin)ကတော့ အမြင့်ဆုံးဈေးအဖြစ် $69,000အထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ် : Binance News


 


Þပုံတူကူးမရတဲ့ တိုကင်(NFTs) ကို ဘယ်လိုမျိုး ဖန်တီး၊ ဝယ်ယူပြီး ရောင်းချလို့ရလဲ။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs) ကတော့ 2021ခုနှစ်ရဲ့ လူကြိုက်အများဆုံး ဒစ်ဂျစ်တယ်ငွေကြေးများထဲမှ တစ်ခု ဖြစ်လာပြီး၊ ရောင်းအားကတော့ 2020ခုနှစ် နောက်ပိုင်းကနေ စပြီး 55%အထိ တိုးတက်လာကာ ပမာဏအားဖြင့် ဒေါ်လာ 250 မီလီယံမှ ဒေါ်လာ 389 မီလီယံအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။  ဒီမှာတော့ ဒီလို လူကြိုက်များတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု တစ်ခုကို ဘယ်လိုမျိုး ပြုလုပ်၊ ဝယ်ယူပြီး၊ ရောင်းချနိုင်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

 

မူပိုင်အဖြစ် သိမ်းဆည်းထားနိုင်တဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု တစ်ခုဖြစ်တဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTS, Non-Fungible tokens) ကတော့ ဘစ်ကွိုင်(Bitcoin)ရဲ့ ဆေးရောင်ချယ်ကွိုင်(Coloured Coins)ဆိုတဲ့  အယူအဆတွေ စတင်ပေါ်ပေါက်လာခဲ့တဲ့ 2012 ခုနှစ်အစောပိုင်းကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။  ဒီ ကွိုင်တွေကတော့ ဘစ်ကွိုင်တစ်ခုကို စိတ်ဖြာထားတဲ့ ဘစ်ကွိုင် ယူနစ်ဖြစ်တဲ့ သာမန် ဆာတိုရှိ(satoshis)များသာ ဖြစ်ပြီး လက်တွေ့လောကရဲ့ ပိုင်ဆိုင်မှုနှင့် ချိတ်ဆက်ထား၊ တန်ဖိုးသတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ဥပမာ ဒီ ဆာတိုရှိ(satoshis)ကတော့ ဂျော်န် ဒိုး(John Doe) နယူးယောက်ရုံးရဲ့  ဒေါ်လာ 500နဲ့ ညီမျှတယ် ဆိုတာမျိုးပါ။  အများဆုံးကတော့ ဆေးရောင်ချယ်ကွိုင်(Colored Coins)တွေကို ဘစ်ကွိုင်ရဲ့ ကွန်ယက်ပေါ်မှာ တည်ဆောက်ထားတဲ့ P2P ရောင်းချခြင်း ချန်နယ်ဖြစ်တဲ့ ကောင်တာပါတီ(Counterparty)မှာ ‘ရဲ ပီစ်(Rare Pepe’ ဒစ်ဂျစ်တယ်ကဒ်လိုမျိုး အနုပညာတွေကို ဖန်တီးပြီး ရောင်းချရာမှာ အသုံးပြုခဲ့ကြပါတယ်။ 

(Rare Pepe= ‘Pepe’လို့ခေါ်တဲ့ ဖားရုပ်ပုံကာတွန်း)

 

အင်တာနက် memeမှာ ပြန့်နှံ့နေခဲ့တာကို အသုံးပြုထားတဲ့ ဒီ ဖားရုပ်ပုံကာတွန်းကတော့ ဒစ်ဂျစ်တယ်တိုကင်များနဲ့ ချိတ်ဆက်မှုရှိတဲ့ မူပိုင် ဒစ်ဂျစ်တယ်အနုပညာရဲ့ အစောဆုံး ဥပမာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖန်တီးသူက ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs)များ ထုတ်လုပ်နိုင်တဲ့ ဘလော့ချိန်း(Blockchain)ဖြစ်တဲ့ ပုံတူကူးမရတဲ့ တိုကင် (NFTs, non-fungible token)အသစ်များ ထုတ်လုပ်ခြင်းအတွက် အတွေးအခေါ်အသစ်တွေ ရစေခဲ့ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs)ကိုတော့ ကိုင်တွယ်လို့ ရတဲ့ အရာဝတ္ထုတွေပဲဖြစ်ဖြစ် ကိုင်တွယ်လို့ မရတဲ့ ပစ္စည်းတွေ အတွက်ပဲဖြစ်ဖြစ် အားလုံးမှာ အသုံးပြုလို့ရပါတယ်။

  1. အနုပညာ ပစ္စည်းများ
  2. အသားအရည်၊ ဂိမ်းငွေကြေး၊ လက်နက်၊ မိမိနဲ့ ပုံစံတူများ အစရှိတဲ့ ဂိမ်းထဲမှာ ပါဝင်တဲ့ လက်တွေ့ ကမ္ဘာထဲက မဟုတ်တဲ့ ပစ္စည်းများ
  3. ဝါသနာအရ စုဆောင်းခြင်းများ (ဥပမာ၊ ဒစ်ဂျစ်တယ် ကုန်သွယ်မှုကတ်များ)
  4. အိမ်ခြံမြေများ၊ ကားများ၊ ပြိုင်မြင်းများနဲ့ ဒီဇိုင်နာများရဲ့ ဖိနပ်များ အစရှိတဲ့ တိုကင်ပုံစံ ပြုလုပ်ထားတဲ့ ပိုင်ဆိုင်မှုများ
  5. လက်တွေ့ကမ္ဘာထဲက မဟုတ်ဘဲ မြေယာ
  6. အထင်ကရ အခိုက်အတန့်ဖြစ်တဲ့ အားကစား ဗီဒီယိုဖိုင် အစရှိတဲ့

 

ပုံတူကူးမရတဲ့ တိုကင်(NFTs) ဖန်တီးခြင်း နည်းလမ်း

GIF (သို့) ဓာတ်ပုံကို မိမိရဲ့ ကိုယ်ပိုင် NFT အနုပညာလက်ရာအဖြစ် ဖန်တီးခြင်းကတော့ တော်တော်လေး ရိုးရှင်းပြီး ဒစ်ဂျစ်နည်းပညာတွေနဲ့ ပက်သက်ပြီး နက်ရှိုင်းတဲ့ အသိပညာတွေ မလိုအပ်ပါဘူး။ ပုံတူကူးမရတဲ့ တိုကင်(NFTs)တွေကို ဒစ်ဂျစ်တယ် ကဒ်လိုမျိုး စုဆောင်းပစ္စည်း ပုံစံမျိုးနဲ့လည်း ပြုလုပ်နိုင်ပါတယ်။

 

အရင်ဦးဆုံး မိမိရဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs) ကို ဘယ် ဘလော့ချိန်း(Blockchain)မှာ ထုတ်လုပ်ချင်လဲဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အီသာရီယမ်(Ethereum)ကတော့ လက်ရှိမှာ ပုံတူကူးမရတဲ့ တိုကင်(NFTs) ထုတ်လုပ်ခြင်းရဲ့ ထိပ်တန်း ဘလော့ချိန်း(Blockchain)တစ်ခု ဖြစ်ပါတယ်။  ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ လူကြိုက်များ ရေပန်းစားလာတဲ့ ဘလော့ချိန်း(Blockchain)တွေ အများကြီး ရှိပါတယ်။

  1. Binance Smart Chain
  2. Flow by Dapper Labs
  3. Tron
  4. EOS
  5. Polkadot
  6. Tezos
  7. Cosmos
  8. WAX

 

ဘလော့ချိန်း(Blockchain)တိုင်းမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs)စံနှုန်း၊ ပိုက်ဆံအိတ်ဝန်ဆောင်မှုနဲ့ စျေးကွက်များ ရှိပါတယ်။  ဥပမာ၊ Binance Smart Chainမှာ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ပြုလုပ်လိုက်မယ်ဆိုရင်  Binance Smart Chain ကို လက်ခံတဲ့ ချန်နယ်လ်မှာပဲ ၎င်း တိုကင်တွေကို ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ Flow Blockchain ကို အခြေခံထားတဲ့ VIV3လိုမျိုး၊ အီသာရီယမ်(Ethereum)ကို အခြေခံထားတဲ့ OpenSea ဈေးကွက်တွေမှာ ရောင်းချနိုင်မှာ မဟုတ်ပါဘူး။

 

အီသာရီယမ်(Ethereum)ကတော့ ပုံတူကူးမရတဲ့ တိုကင်(NFTs)မှာ အများဆုံး အသုံးပြုလို့ အီသာရီယမ် ဘလော့ချိန်းမှာ ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs) အနုပညာများ ဖြစ်တဲ့ သီချင်းတွေ ဗီဒီယိုတွေ လုပ်မယ်ဆိုရင် ဒါတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

  • MetaMask၊ Trust Wallet (သို့) Coinbase Wallet လိုမျိုး ERC-721 (Ethereum-based NFT တိုကင်စံနှုန်း)ကို လက်ခံတဲ့ အီသာရီယမ်(Ethereum) ပိုက်ဆံအိတ်
  • ဒေါ်လာ 50 ~ ဒေါ်လာ 100 အကြားရှိတဲ့ အီသာရီယမ်(Ethereum)။ Coinbase Wallet ကို အသုံးပြုနေတဲ့ သူဆိုရင် အမေရိကန် ဒေါ်လာ၊ US ဒေါ်လာ၊ ဗြိတိန်ပေါင်စတာလင်နဲ့  အခြား fiat ငွေကြေးများကို အသုံးပြုပြီး Coinbase Walletမှာ အီသာရီယမ်(Ethereum)ကို ဝယ်ယူနိုင်ပါတယ်။  ဒါမှမဟုတ် အီသာရီယမ်(Ethereum)ကို ဒစ်ဂျစ်တယ်ငွေကြေးရောင်းချပေးတဲ့ အိတ်ချိန်း တစ်ခုခုကနေ ဝယ်ယူနိုင်ပါတယ်။

 

အထက်ပါ အရာတွေကို ပြင်ဆင်ပြီးရင်တော့ မိမိရဲ့ ပိုက်ဆံအိတ်(wallet)နဲ့ ချိတ်ဆက်ပြီး ပုံတူကူးမရတဲ့ တိုကင်(NFTs)အဖြစ် ပြောင်းလဲချင်တဲ့ ဓာတ်ပုံတွေ၊ ဖိုင်တွေကို ထည့်နိုင်တဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို အဓိက ထားတဲ့ ဈေးကွက်တွေ ရှိပါတယ်။ 

 

အီသာရီယမ်(Ethereum) ကို အခြေခံတဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ဈေးကွက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. OpenSea
  2. Rarible
  3. Mintable

 

ဈေးကွက်တွေမှာတော့ မိမိရဲ့ ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs)တွေကို ပြုလုပ်နိုင်ပေမဲ့ အဲဒီလို လုပ်ဖို့အတွက် ဈေးကွက်ထဲမှာ အနုပညာရှင် တစ်ယောက်အဖြစ် ကြိုတင် စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs) ပြုလုပ်ဖို့ ဘယ်လောက် ကုန်ကျလဲ။

OpenSea ဈေးကွက်မှာတော့ ပုံတူကူးမရတဲ့ တိုကင်(NFTs) ပြုလုပ်ဖို့ အတွက် ကုန်ကျစရိတ် မရှိပေမဲ့ အချို ဈေးကွက်တွေမှာတော့ ကုန်ကျစရိတ် ရှိနိုင်ပါတယ်။ အီသာရီရမ်(Ethereum)ကို အခြေခံထားတဲ့ ဈေးကွက်မှာတော့ ဒီလို ကုန်ကျစရိတ်ကို ဂတ်စ်(gas) လို့ခေါ်ပါတယ်။ အီသာရီရမ် ဂတ်စ်(Ethereum Gas)ကတော့ ဘလော့ချိန်း(Blockchain)မှာ တစ်ခုခု လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ အီသာရီရမ်(Ethereum)ပမာဏပဲ ဖြစ်ပါတယ်။  ဒီမှာ ပြောတဲ့ လုပ်ဆောင်မှုတစ်ခုခုဆိုတာကတော့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ဈေးကွက်ထဲကို ထည့်ပေးခြင်း ဖြစ်ပါတယ်။ ကွန်ရက်ပိတ်ဆို့မှု အခြေအနေပေါ် မူတည်ပြီးတော့ ဂတ်စ်(Gas)ကုန်ကျစရိတ်က ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။  ကွန်ယက်ပေါ်မှာ အရောင်းအဝယ် ပြုလုပ်နေတဲ့ သူ အ‌ရေအတွက် များတဲ့ အချိန်မှာဆိုရင် ဂတ်စ်(Gas)ကုန်ကျစရိတ်က ပိုများမှာပဲ ဖြစ်ပါတယ်။ သတ်မှတ်အချိန်တစ်ခုတွင် ကွန်ရက်ပေါ်တွင်

 

အကြံပြုချက်- အီသာရီရမ် ဂတ်စ်(Ethereum Gas) ကုန်ကျစရိတ်က ကွန်ယက်ပေါ်မှာ အရောင်းအဝယ် ပြုလုပ်သူ နည်းပါးတဲ့ ကြားရက်တွေမှာ သက်သာပါတယ်။  ဒီအချက်ကတော့ ကိုယ်တိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs)တွေကို ထုတ်လုပ်တဲ့ အခါမျိုးမှာ ကုန်ကျစရိတ်‌တွေကို သက်သာစေမှာ ဖြစ်ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ဘယ်လို ရောင်းလို့ရလဲ။

မိမိရဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို စျေးကွက်မှာ ရောင်းချဖို့အတွက် ၎င်းတို့ကို မိမိရဲ့ “စုဆောင်းမှု(my collections)”ထဲကို ထည့်ထားရမှာ ဖြစ်ပြီး၊ ပြီးတဲ့အခါ ‘Sell’ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ‘Sell’ကို နှိပ်ပြီးသွားရင်တော့ လေလံတင် ရောင်းမှာလား၊ ဈေးနှုန်းသတ်မှာလားဆိုတာကို ထည့်ရတဲ့ ဈေးနှုန်း သတ်မှတ်ခြင်း စာမျက်နှာ ပွင့်လာမှာ ဖြစ်ပါတယ်။

 

Etherနဲ့ အခြားERC-20 တိုကင်တွေကတော့ မိမိရဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)တွေ ရောင်းချဖို့အတွက် အသုံးများတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ ဖြစ်ပြီး၊ တစ်ခြား ဈေးကွက်တွေကတော့ သူတို့ တည်ဆောက်ထားတဲ့ ဘလော့ချိန်း(Blockchain)ရဲ့ တိုကင်တွေကို လက်ခံပါတယ်။ ဥပမာ၊ Flow Blockchain ကို အခြေခံထားတဲ့ VIV3 ဈေးကွက်ဆိုရင် Flow တိုကင်တွေကိုပဲ လက်ခံပါတဘ်။

 

OpenSea ရဲ့ စုဆောင်းမှုထဲမှာ ရှိတဲ့ ဓာတ်ပုံရဲ့ ဘေးက ‘Edit’ဆိုတာကို နှိပ်ပြီးနောက် မိမိရဲ့ ပိုက်ဆံအိတ်ကို အသုံးပြုက ဒစ်ဂျစ်တယ်မက်ဆေ့ချ်ပုံစံ လက်မှတ်ထိုးပြီးတဲ့အခါ အောက်ကို ဆင်းသွားရင် မူပိုင်ခွင့်(Royalties)နဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ရောင်းချချင်တဲ့ ERC-20 တိုကင် အမျိုးအစားတွေကို ရွေးချယ်လို့ရပါတယ်။  မူပိုင်ခွင့်(Royalties)ကတော့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို လူအသစ် အသစ်ဆီ ရောင်းချတဲ့ အခါတိုင်း ဖန်းတီးသူကို ကော်မရှင် ရရှိစေပါတယ်။  ဒါကတော့ စမတ် စာချုပ် (Smart Contract)က အနုပညာရှင်နဲ့ ဖန်တီးသူတွေကို တစ်သက်တာလုံး ရရှိနိုင်တဲ့ ဝင်ငွေလမ်းကြောင်းကို ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။

 

 

စျေးကွက်ထဲမှာ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို စာရင်းသွင်းဖို့ အတွက် တစ်ခါတစ်ရံမှာ ကုန်ကျစရိတ် ရှိနိုင်ပါတယ်။  ဈေးကွက်တိုင်းမှာ ကုန်ကျစရိတ် ရှိနေတာမျိုး မဟုတ်ပေမဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ပြုလုပ်ရာမှာ ဒီအချက်ကို သတိထားသင့်ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ဘယ်လို ဝယ်လို့ လဲ။

ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို မဝယ်ခင်မှာ ဒီအချက် 4ချက်ကို အရင်ဆုံးစဉ်းစားထားရပါမယ်။

  • ဘယ် ဈေးကွက်က ပုံတူကူးမရတဲ့ တိုကင်(NFTs) ကို ဝယ်ဖို့ စဉ်းစားထားတာလဲ။
  • ရောင်းချဖို့ အတွက် ပိုက်ဆံအိတ်(Wallet)ထဲမှာ ဘယ်လို ဒစ်ဂျစ်တယ်ငွေကြေးကို ထည့်ထားဖို့ လိုအပ်ပါလဲ။
  • မိမိ ဝယ်ချင်တဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)က အချိန်တစ်ခုမှာပဲ ရောင်းချတာလား။ ဥပမာ ‘pack’လိုမျိုး ‘art drop’လိုမျိုး ရောင်းချတာလား။
  • တစ်ချို့ ပုံတူကူးမရတဲ့ တိုကင်(NFTs)တွေကတော့ တစ်ချို့ ဈေးကွက်တွေမှာပဲ ဝယ်လို့ရတယ်ဆိုတာကို သိပြီးသား ဖြစ်မှာပါ။ ဥပမာအားဖြင့်၊ ‘NBA Top Shot packs’ကို ဝယ်ယူလိုပါက NBA Top Shotမှာ အကောင့်တစ်ခု ဖွင့်ထားရမှာ ဖြစ်ပြီး၊ USDC ကွိုင် (သို့) အခြား လက်ခံ အသုံးပြုနိုင်တဲ့ ငွေကြေးကို ရွေးချယ်ပြီး ဒက်ပါ ပိုက်ဆံအိတ် (Dapper Wallet)ကို ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးနောက် ရောင်းချပေးမယ်လို့ ကြေညာမယ့်အချိန်ကို စောင့်ဆိုင်းရမှာ ဖြစ်ပြီး၊ ဝယ်ယူရာမှာလည်း ရောင်းမကုန်ခင် ဝယ်ဖို့အတွက် ကံစမ်းသလိုမျိုး ကြိုးစားရမှာ ဖြစ်ပါတယ်။

 

‘Pack’တွေ “Art Drops’တွေကတော့ ဝယ်လိုသူတွေများတဲ့ ရှားပါးသော ပုံတူကူးမရတဲ့ တိုကင်(NFTs)များကို ရောင်းချရာမှာ လူကြိုက်များတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။  ဒီလို ဒီလို‘Drops”တွေမှာ ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ချက်ချင်း ဝယ်ယူနိုင်တဲ့ အခွင့်အရေး ရဖို့အတွက် အသုံးပြုသူတွေကတော့ မိမိရဲ့ အကောင့်ကို ကြိုတင် ဖွင့်ထားဖို့ လိုအပ်ပြီး ကွိုင် ထည့်ထားဖို့ လိုအပ်ပါတယ်။ ‘Pack’တွေ “Art Drops’တွေကတော့ စက္ကန့်အတွင်းမှာ ကုန်သွားနိုင်တာကြောင့် လိုအပ်တဲ့ အရာတွေကို ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 

ပုံတူကူးမရတဲ့ တိုကင်(NFTs) ကို ဘယ်မှာ ဝယ်လို့ရလဲ။

ပုံတူကူးမရတဲ့ တိုကင်(NFTs)များကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ်လုပ်နေတဲ့ သူများအတွက် 2021ခုနှစ်မှာ လူကြိုက်များတဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs) ဈေးကွက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. OpenSea
  2. Rarible
  3. SuperRare
  4. Nifty Gateway
  5. Foundation
  6. Axie Marketplace
  7. BakerySwap
  8. NFT ShowRoom
  9. VIV3

 

အခု အချိန်က ပုံတူကူးမရတဲ့ တိုကင်(NFTs) တွေကို ဝယ်ဖို့ အချိန်ကောင်းလား။

ပုံတူကူးမရတဲ့ တိုကင်(NFTs)ကတော့ ပြီးဆုံးဖို့ အဝေးကြီး လိုအပ်ပါသေးတယ်။ UFC နဲ့ Shawn Mendez လိုမျိုး နာမည်ကြီး တံဆိပ်တွေနဲ့ နာမည်ကြီး အနုပညာရှင်တွေက ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs) ပြုလုပ်ဖို့ စာချုပ် ချုပ်ထားကြပြီး၊  အီလွန် မက်စ်(Elon Musk)ရဲ့ ချစ်သူဖြစ်တဲ့ ဂရင်း(Grimes) ကလည်း မိနစ်ပိုင်းအတွင်းမှာ ဒေါ်လာ 6 သန်းနီးပါး တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာများကို ရောင်းချဖို့အတွက် ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။  

 

Messari မှ ကျွမ်းကျင်သူ Mason Nystrom ကတော့ အနုပညာရှင်များနဲ့  အမှတ်တံဆိပ်များက ကိုယ်ပိုင် ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ပြုလုပ်လာပြီး ပုံတူကူးမရတဲ့ တိုကင်(NFTs) ဈေးကွက်ကတော့ 2021အကုန်မှာ ဒေါ်လာ 1.3 ဘီလီယံကို ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။  ပိုမိုကောင်းမွန်တဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs) ထုတ်လို့ဖို့အတွက် ဘလော့ချိန်း(Blockchain)တွေ အချင်းချင်း ပြိုင်ဆိုင်မှုတွေ ရှိလာပြီး၊ ရွေးချယ်နိုင်တဲ့ ဈေးကွက်တွေ များလာတဲ့ အခုအချိန်ကတော့ ဒီ ပုံတူကူးမရတဲ့ တိုကင်(NFTs)ဈေးကွက်မှာ ပါဝင်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ် : Coindesk


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ

 
* 이 버튼은 예시입니다. 실제로 동작하게 하려면 지난 뉴스레터의 공유용 URL을 링크로 삽입하세요.
(관련 도움말: 발송한 이메일을 SNS에 공유하고 싶어요)
Ma Thida Tun
010-5834-2025
Bitcoin Traders Myanmar