ဘစ်ကွိုင်ကတော့ ပထမဆုံးနဲ့ အောင်မြင်ဆုံး ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပါတယ်။
By Ma Thida Tun     /     2021.12.31     /     Volume 6    /    Subscribe

ဒီနေ့သတင်း

📨  နှစ်ကုန် ကွိုင်ဈေးကွက် အခြေအနေ

📨  ဘစ်ကွိုင်ဆိုတာ ဘာလဲ



1. ဈေးကွက်အခြေအနေ
❄️❄️❄️❄️❄️❄️❄️

2. သတင်းများ

📨 နှစ်ကုန် ကွိုင် ဈေးကွက်အခြေအနေ

ဘစ်ကွိုင်ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဒေါ်လာ 45,000နဲ့ ဒေါ်လာ 49,500 ကြားမှာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဒေါ်လာ 48,300 ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။ အီသာရီရမ်ကတော့ အပြောင်းအလဲ အများကြီး မရှိဘဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကထက် 1% ခန့် ကျဆင်းသွားတဲ့ ဒေါ်လာ 3,900ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့ Federal Open Market Committee (FOMC) အစည်းအဝေးရဲ့ ရလဒ်များက စျေးကွက်ရဲ့ မျှော်မှန်းချက်နဲ့ သိသိသာသာ သွေဖည်ခြင်း မရှိလို့ မရေရာမှုများ ပပျောက်ပြီး ဈေးနှုန်းပြန်တက်ဖို့ မျှော်လင့်ချက်များ ထားခဲ့ပေမဲ့  အပြောင်းအလဲ သိပ်မရှိခဲ့လို့ ငွေကြေးစီးဆင်းမှု ထိန်းချုပ်မယ့် ပေါ်လစီကြောင့် ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အားနည်းနေသေးတာကို တွေ့နိုင်ပါတယ်။

 

တစ်ဖက်မှာတော့ အချို့ ဒစ်ဂျစ်တယ်ငွေကြေးတွေကတော့ ဈေးနှုန်းအပြောင်းအလဲများလို့ ဈေးကွက်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။  တဲရာ(Terra)ဘလော့ချိန်းရဲ့ မူရင်း ကွိုင်ဖြစ်တဲ့ လူနာ(Luna)ကတော့ 22ရက်နေ့မှာ ဒေါ်လာ  97.88နဲ့ အရောင်းအဝယ် ဖြစ်နေပြိး အမြင့်ဆုံး ဈေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။  ပြီးခဲ့ 11လပိုင်းတုန်းက ဒေါ်လာ 4500သိန်း တန်ဖိုးရှိတဲ့ လူနာကွိုင်တွေကို လျော့ချမယ်ဆိုတဲ့ သတင်းကြောင့် ဈေးနှုန်းက တောက်လျှောက် တက်လာတာ ဖြစ်ပါတယ်။  လူနာကွိုင် ဈေးတက်ခြင်းကြောင့် တဲရာ ဘလော့ချိန်းကတော့ Defi အပ်ငွေ စုစုပေါင်း ပိုင်ဆိုင်မှု(TVL)က အီသာရီရမ် ပြီးနောက် ဒုတိယ အများဆုံး ဘလော့ချိန်း ဖြစ်လာခဲ့တာပါ။  ဒါပေမဲ့ တဲရာကို အခြေခံတဲ့ Defi ပရောကဂျက် 13ခုပဲ ရှိပြီး ပရောဂျက် 1,2,3 ကပဲ ပိုင်ဆိုင်မှုရဲ့ 83% ရှိတာကြောင့် ပရောဂျက်အပေါ်မှာ မှီခိုမှု များတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း များပါတယ်။  အီသာရီရမ်ကတော့ ပရောဂျက် 1,2,3က TVLရဲ့ 35%ပဲ ရှိတာကြောင့် တဲရာဘလော့ချိန်း

 

ပိုလီဂွန်(မက်တစ်ကွိုင်၊MATIC)ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကထက် 25% တက်လာပြီး ဒေါ်လာ 2.67နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။  ဖြင့်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အိတ်ချိန်းများ(DEXs)အကြား အရောင်းအဝယ် ပမာဏအများဆုံးဖြစ်တဲ့  ယူနီဆွတ်(Uniswap)နဲ့  V3စာချုပ်က ပိုလီဂွန် မိန်းနက်(mainnet)မှာ ပြုလုပ်လိုက်တယ်ဆိုတဲ့ အချက်က အခုတစ်ခေါက် ဈေးတက်ခြင်းကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။  ပိုလီဂွန်ကတော့ အီသာရီရမ် အလွှာ  2ရဲ့ အဖြေအဖြစ် အီသာရီရမ်ကို အဆင့်မြှင့်တင်ဖို့ ပြုလုပ်တဲ့ ပရောဂျက်ဖြစ်ပြီး Dappပေါင်း 580က ပိုလီဂွန်ထဲမှာ လည်ပတ်နေပြီး ဖြစ်ပါတယ်။  ယူနီဆွတ်ကတော့ မြင့်မားတဲ့ အီသာရီရမ် ဂတ်စ် ကုန်ကျစရိတ်ကြောင့် အသုံးပြုသူတွေ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ အခုတစ်ခေါက် ပူးပေါင်း ဆောင်ရွက်မှုက အသုံးပြုမှု ပိုမို ကောင်းမွန်လာနိုင်စေခြင်း ရှိမရှိကိုတော့ စောင့်ကြည့်နေကြပါတယ်။  

 

2022ခုနှစ်ကတော့ အဖက်ဖက်ကနေ ရင်ခုန်စရာ ကောင်းတဲ့ နှစ်ဖြစ်မှာပါ။ နံပါတ် တစ်ကတော့ အမေရိကန်ရဲ့ ဘစ်ကွိုင် Spot ETF ခွင့်ပြုနိုင်ခြေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 22 ရက်မှာ ခရစ်တိုအင်း(Kryptoin)ရဲ့ ဘစ်ကွိုင် Spot ETF ခွင့်ပြုမိန့် လျှောက်ထားခြင်းကို ပယ်ချမှုနဲ့ ပက်သက်ပြီး ခွင့်ပြုမိန့်ကတော့ နောက်နှစ်ကို စောင့်ရတော့မှာပဲ ဖြစ်ပါတယ်။  ဒီနှစ်ရဲ့ အောက်တိုဘာလမှာ အမေရိကန်မှာ ပထမဆုံး ဘစ်ကွိုင် Futures ETFကို ခွင့်ပြုပေးခဲ့တာကြောင့် နောက်နှစ်ထဲမှာ ဘစ်ကွိုင် Spot ETF ခွင့်ပြုခြင်းနဲ့ ပက်သက်ပြီး စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။

 

နံပါတ် နှစ်ကတော့ NFTနဲ့ Defiအစရှိတဲ့ ဘလော့ချိန်း အသုံးပြုမှု အမျိုးမျိုးပဲ ဖြစ်ပါတယ်။  

သမားရိုးကျ ကုမ္ပဏီတွေကလည်း NFTနဲ့ Defiကို စိတ်ဝင်စားနေပြီး ဆက်စပ် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ ကြေငြာထားကြလို့ လက်တွေ့ လုပ်ဆောင်မှုတွေကိုတော့ နောက်နှစ်ထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။  ဒီလို လုပ်ဆောင်မှုတွေက ဘလော့ချိန်းနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကို ဘယ်လို သက်ရောက်မှုမျိုးတွေ ရှိလာစေနိုင်မလဲဆိုတာကို စောင့်ကြည့်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

သတင်းအရင်းအမြစ်: Gopax


❄️❄️❄️❄️❄️❄️❄️



📨 ဘစ်ကွိုင်(Bitcoin)ဆိုတာ ဘာလဲ။

ဘစ်ကွိုင်ဆိုတာကတော့ 2019 ခုနှစ်မှာ  ဆာတိုရှီ နာကာမိုတို(အမည်ဝှက်-Satoshi Nakamoto) လို့ လူအများ သိထားကြတဲ့ သူကနေ ဖန်တီးခဲ့တဲ့ ကမ္ဘာ့ ပထမဆုံးနဲ့ အအောင်မြင်ဆုံးသော ဗဟိုချုပ်ကိုင်မှုမရှိတဲ့(decentralized) ဒစ်ဂျစ်တယ်ငွေကြေး(Cryptocurrency)နဲ့ ငွေပေးချေမှုစနစ်ဖြစ်ပါတယ်။ “ဒစ်ဂျစ်တယ်ငွေကြေး” ဆိုတာကတော့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု တစ်ခု ဖြစ်ပြီး ခရစ်တိုဂရပ်ဖီ(Cryptograhpy) လို့ ခေါ်တဲ့ သိပ္ပံနည်းကျတဲ့ ကုဒ်ရေးခြင်း(encoding)နှင့် ကုဒ်ဖြည်ခြင်း(decoding)ကို အသုံးပြုပြီး ငွေပေးငွေယူစာရင်းများကို လုံခြုံအောင် ထားရှိပါတယ်။   ဒီ ငွေပေးငွေယူစာရင်းများကိုတော့ ဘလော့ချိန်း(blockchain) နည်းပညာနဲ့  ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာများမှာ သိမ်းဆည်းထားပါတယ်။

 

ဘစ်ကွိုင်ကိုတော့ "ဆာတိုရှီ(satoshis)"လို့ ခေါ်တဲ့ သေးငယ်သောယူနစ်များအဖြစ်(ဒဿမ 8 နေရာအထိ) ပိုင်းခြားကာ ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပေမဲ့ ဘစ်ကွိုင်တွေကို ရွှေလိုမျိုး စုဆောင်းကြတာတော့ များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘစ်ကွိုင်တစ်ခုရဲ့ စျေးနှုန်းက ဘစ်ကွိုင်စပေါ်လာခဲ့ အချိန်နဲ့ နှိုင်းယှဉ်ရင် အများကြီး တန်ဖိုးတက်လာလို့ပဲ ဖြစ်ပါတယ်။  ဒေါ်လာ 1ပြားအောက် တန်ဖိုးကနေ ဒေါ်လာ သောင်းဂဏန်းအထိ တန်ဖိုးတက်လာခဲ့တာပါ။ စျေးကွက်ထဲမှာ ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြောဆိုတဲ့ အခါမှာ ဘစ်ကွိုင်ကို အတိုကောက်စာလုံးအဖြစ် BTC လို့ သုံးနှုန်းပါတယ်။

 

“ဗဟိုချုပ်ကိုင်မှုမရှိခြင်း” ဆိုတဲ့ အသုံးအနှုန်းကို ဒစ်ဂျစ်တယ်ငွေကြေးအကြောင်း ပြောဆိုရာမှာ မကြာခဏအသုံးပြုလေ့ရှိပြီး၊ အဓိပ္ပာယ်ကတော့ တစ်ခုတည်းရှိနေတာ မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားခြင်း၊ ဗဟိုအဖြစ် ချုပ်ကိုင်ထားသောတည်နေရာ (သို့) အုပ်ချုပ်သူ ရှိမနေခြင်းဖြစ်ပါတယ်။ ဘစ်ကွိုင်နှင့် အခြားသော ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ ဖြစ်ပေါ်လာပုံ၊ ထုတ်လုပ်နေပုံနဲ့ လုံခြုံစိတ်ချရမှု အစရှိတဲ့ နည်းပညာနဲ့ ဖွဲ့စည်းပုံတွေက ဘဏ်များနှင့် အစိုးရအဖွဲ့များလိုမျိုး ဗဟိုချုပ်ကိုင်မှု ရှိတဲ့(centralized) အဖွဲ့အစည်း မလိုအပ်ပါဘူး။

 

ဘစ်ကွိုင်ကတော့ P2P(peer-to-peer)ကွန်ယက်လို့ လူသိများတဲ့ အသုံးပြုသူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ရိုက် လဲလှယ်နိုင်အောင် ရေးဆွဲဖန်တီးထားပါတယ်။  P2Pကွန်ယက်မှာတော့ အသုံးပြုသူအားလုံး တူညီတဲ့ အခွင့်အာဏာရှိပြီး ဗဟိုကနေတစ်ဆင့် ချိတ်ဆက်ခြင်း (သို့) ကြားခံကုမ္ပဏီတွေ မပါဝင်ဘဲ အသုံးပြုသူ အချင်းချင်းကို တိုက်ရိုက်ချိတ်ဆက်ပေးထားပါတယ်။ ဒါကြောင့် ဒေတာများကို မျှဝေခြင်းနှင့် သိမ်းဆည်းခြင်း (သို့) ဘစ်ကွိုင်များ လွှဲခြင်းနဲ့ လက်ခံခြင်းကို အသုံးပြုသူအချင်းချင်း လွယ်လွယ်ကူကူ ပေးပို့နိုင်ပါတယ်။

 

ဘစ်ကွိုင်ကွန်ရက် (‘B’အကြီး ကွန်ရက်နှင့် နည်းပညာကို ရည်ညွှန်း၊ ‘b’အသေး ဘစ်ကွိုင်ငွေကြေးကို ရည်ညွှန်း)ကတော့ ကမ္ဘာတစ်ဝန်းမှာ အင်တာနက်နဲ့ ကွန်ပျူတာ ရှိမယ်ဆိုရင် မည်သူမဆို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဘစ်ကွိုင်ကွန်ရက်ကတော့ လူတိုင်းကြည့်ရူပြီး မျှဝေနိုင်တဲ့ Open-sourceလည်း ဖြစ်ပါတယ်။

 

ဘစ်ကွိုင်ကို နားလည်ဖို့ အလွယ်ဆုံးနည်းလမ်းကတော အင်တာနက်လိုမျိုး အသုံးပြုနိုင်တဲ့ ငွေကြေးလို့ စဉ်းစားတာပဲ ဖြစ်ပါတယ်။ အင်တာနက်ဆိုတာကလည်း ဒစ်ဂျစ်တယ် စနစ်တစ်ခု ဖြစ်ပြီး တစ်စုံတစ်ယောက်နေ ပိုင်ဆိုင်ခြင်း (သို့) ထိန်းချုပ်ခြင်းလည်း မရှိပါဘူး။ လျှစ်စစ်နဲ့ အင်တာနက် ချိတ်ဆက်နိုင်သော စက်ပစ္စည်း ရှိသူတိုင်း ချိတ်ဆက်နိုင်လို့ နယ်နိမိတ်လည်း မရှိသလို 24နာရီနှင့် တစ်ပတ်လုံး(24/7) အလုပ်လုပ်ပါတယ်။ အင်တာနက်ကို အသုံးပြုသူတွေကတော့  အချင်းချင်း ဒေတာကို အလွယ်တကူမျှဝေနိုင်ပါတယ်။  အဲဒါဆိုရင် အခု အင်တာနက်လိုမျိုး ငွေကြေး ရှိတယ်လို့ စဉ်းစားကြည့်ပါ။ အင်တာနက်ကို အသုံးပြုနေတဲ့ သူတိုင်း ဘဏ်ကို ကြားခံအဖြစ် မလိုအပ်ပဲ ထိန်းသိမ်း၊ ထုတ်လုပ်၊ ပေးချေးနိုင်တာမျိုးကို ဘစ်ကွိုင်လို့ ခေါ်ပါတယ်။

 

 

သမာရိုးကျ ငွေကြေးရဲ့ အစားထိုး ငွေကြေး

နာကာမိုတိုကတော့  ဘစ်ကွိုင် လက်ရှိ အသုံးပြုနေတဲ့ သမားရိုးကျ ငွေကြေးများရဲ့ အစားထိုးတစ်ခုအဖြစ် ရေးဆွဲဖန်တီးခဲ့တာ ဖြစ်ပြီး၊ အဆုံးသတ် ရည်မှန်းချက်ကတော့  တစ်ကမ္ဘာလုံးကနေ တရားဝင် လက်ခံပြီး လူအများ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုမှာ ဝယ်ယူရာမှာ အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း ဘစ်ကွိုင်ရဲ့ ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ငွေပေးချေမှုအတွက် အသုံးပြုဖို့ရာက အားနည်းချက် ရှိပါတယ်။  ဈေးနှုန်းမတည်ငြိမ်မှု(price volatility)ကတော့ သတ်မှတ်ချိန် တစ်ခုအတွင်း  ထိုပစ္စည်းရဲ့ စျေးနှုန်းပြောင်းလဲမှု ဘယ်လောက် ရှိတယ်ဆိုတာကို ဖော်ပြဖို့အတွက် အသုံးပြုပါတယ်။ ဘစ်ကွိုင်ရဲ့ ဈေးနှုန်းကတော့ နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ အရမ်း အပြောင်းအလဲ များပါတယ်။ အဲဒီ့အချက်ကပဲ ဘစ်ကွိုင်ကို စံပြ ငွေပေးချေမှု တစ်ခုအဖြစ် စဉ်းစားမိစေဖို့ အားနည်းစေတာပဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် ကော်ဖီတစ်ခွက်အတွက် $3.50 မပေးချင်ခဲ့ပေမဲ့ 5 မိနစ်အကြာမှာတော့ အဲဒီ့ကော်ဖီက $4.30 တန်ဖိုးအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။  တစ်ဖက်မှာတော့ ရောင်းသူအတွက်လည်း ကော်ဖီကို ဝယ်သူ့လက်ထဲ လွှဲပေးပြီးနောက်မှာ ဘစ်ကွိုင်ရဲ့ တန်ဖိုး အကြီးအကျယ် ကျသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

ဘစ်ကွိုင်ကတော့ သမားရိုးကျငွေကြေးနဲ့ မတူညီတဲ့ ပုံစံမျိုးစုံနဲ့ လည်ပတ်နေပါတယ်။ ဘစ်ကွိုင်ကိုတော့ ဗဟိုဘဏ်ကနေ ထုတ်လုပ်ခြင်း (သို့) ထိန်းချုပ်ခြင်း မလုပ်နိုင်ဘဲ၊၊  သူမှာ သတ်မှတ်ထားပြီးဖြစ်တဲ့ ထုတ်လုပ်နိုင်တဲ့ ပမာဏရှိပါတယ်။ ဘစ်ကွိုင်အသစ်များကို စိတ်တိုင်းကျ ထုတ်လုပ်လို့ မရနိုင်ပါဘူး။ ပြီးတော့ ဘစ်ကွိုင်ရဲ့ ဈေးနှုန်းကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ဒီကွာခြားချက်တွေကို သိထားမယ်ဆိုရင် ဘစ်ကွိုင်ကို ပိုပြီးတော့ နားလည်လာနိုင်မှာ ဖြစ်ပါတယ်။

ဘစ်ကွိုင် ဘယ်လို အလုပ်လုပ်သလဲ။

ဘစ်ကွိုင်ကတော့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ငွေပေးချေမှုစနစ်ကို ဖန်တီးဖို့ အတွက်  သီးခြားဖြစ်နေတဲ့ အစိတ်အပိုင်း 3နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်ဆိုတာ သိထားဖို့ အရေးကြီပါတယ်။

 

  1. ဘစ်ကွိုင်ကွန်ရက်
  2. ဘစ်ကွိုင်ကွန်ရက်ရဲ့ မူရင်း ဒစ်ဂျစ်တယ်ငွေကြေးကို ဘစ်ကွိုင်
  3. ဘစ်ကွိုင် ဘလော့ချိန်း(Bitcoin blockchain)

 

ဘစ်ကွိုင်ကတော့ အသုံးပြုသူ(ပုံမှန်အားဖြင့် ကွန်ရက်ပေါ်ရှိ အခြားသူ တစ်ယောက်နဲ့ ဘစ်ကွိုင်ကို လဲလှယ်ချင်သူ (သို့) အဖွဲ့အစည်း)က အရောင်းအဝယ် ပြုလုပ်ခြင်း တရားဝင်ဖို့အတွက်  ကြားခံအဖွဲ့အစည်းများ မလိုအပ်တဲ့ P2P ကွန်ရက်မှာ လုပ်ဆောင်ပါတယ်။ အသုံးပြုသူကတော့ ကွန်ပျူတာကို ဒီ ကွန်ရက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး ရှေ့မှာ ဘစ်ကွိုင် အရောင်းအဝယ် လုပ်ခဲ့တဲ့ စာရင်းကို ရေးမှတ်ထားတဲ့ ‘လူအများနဲ့ သက်ဆိုင်တဲ့ စာရင်းစာအုပ်(Public Ledger)’ကို ဒေါင်းလုပ်လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

 

ဒီ လူအများနဲ့ သက်ဆိုင်တဲ့ စာရင်းစာအုပ်(Public Ledger)ကတော့ "ဖြန့်ဝေထားတဲ့ စာရင်း နည်းပညာ(distributed ledger technology)"လို့လည်း လူသိများတဲ့ ဘလော့ချိန်းနည်းပညာ(Blockchain)ကို အသုံးပြုပါတယ်။  ဘလော့ချိန်းနည်းပညာကတော့ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ်ကို မပြောင်းလဲနိုင်ပြီး ပွင့်လင်းမြင်သာတဲ့ နည်းလမ်းဖြင့် အတည်ပြုခြင်း၊ သိမ်းဆည်းခြင်းနှင့်အော်ဒါတင်ခြင်းတို့ကို လုပ်ဆောင်နိုင်စေပါတယ်။ မပြောင်းလဲနိုင်ခြင်းနဲ့ ပွင့်လင်းမြင်သာရှိခြင်းကတော့ ယုံကြည်မှု မရှိတဲ့ ငွေပေးချေမှုစနစ်မှာဆိုရင် မရှိမဖြစ် လိုအပ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

အရောင်းအ၀ယ် အသစ်များကို အတည်ပြုပြီး စာရင်းစာအုပ်ထဲကို ပေါင်းထည့်တဲ့ အခါတိုင်းမှာ ကွန်ရက်ကတော့ နောက်ဆုံး ပြောင်းလဲမှုများကို ထင်ဟပ်စေဖို့အတွက် အသုံးပြုသူတိုင်းရဲ့ စာရင်းစာအုပ်မိတ္တူကို ပြင်ဆင်ပါတယ်။ အသုံးပြုခွင့်ရှိသူက အကြောင်းအရာကို ပြင်ဆင်လိုက်တဲ့ အခါတိုင်း အလိုအလျောက် ပြင်ဆင်ပေးတဲ့ ပွင့်လင်းမြင်သာတဲ့ ဂူဂဲလ်(Google)စာရွက်စာတမ်းမျိုးအဖြစ် စဉ်းစာကြည့်လို့ ရပါတယ်။

 

နာမည်အတိုင်းပဲ ဘစ်ကွိုင် ဘလော့ချိန်း(Bitcoin blockchain)ကတော့ ဘစ်ကွိုင် အရောင်းအဝယ် အချက်အလက်တွေ ပါဝင်တဲ့ ကုဒ်အစုအဝေးဖြစ်တဲ့ အချိန်အလိုက် စဉ်ထားတဲ့ ဘလော့တွေရဲ့ ဒစ်ဂျစ်တယ်ကြိုးတန်းကြီး ဖြစ်ပါတယ်။  ဒါပေမဲ့ အရောင်းအဝယ်ကို အတည်ပြုခြင်းနဲ့  ဘစ်ကွိုင် တူးခြင်းကတော့ သပ်သပ်စီ ဖြစ်တယ်ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။   ဘလော့ချိန်းထဲကို အရောင်းအဝယ် အသစ်တွေ ပေါင်းထည့်နေသည်ဖြစ်စေ မထည့်သည်ဖြစ်စေ ဘစ်ကွိုင်းတူးခြင်းက ဆက်တိုင် ဖြစ်ပေါ်နေတာပါ။ အလားတူ၊ ဘစ်ကွိုင် အရောင်းအဝယ်တွေ အလွန်အကျွံ များပြားလားခြင်းက ဘစ်ကွိုင်တူးတဲ့ သူတွေအတွက် ဘလော့အသစ်တွေ ရှာဖွေတွေ့ရှိနှုန်းကို မြန်လာစေမှာ မဟုတ်ပါဘူး။

 

အတည်ပြုဖို့ စောင့်ဆိုင်းနေတဲ့ အရောင်းအ၀ယ် ပမာဏ ဘယ်လောက်ပဲ ဖြစ်ဖြစ်၊  ဘစ်ကွိုင်ကတော့ 10 မိနစ်ခန့်ကို တစ်ကြိမ် ဘလော့ချိန်းထဲကို ဘလော့အသစ်တွေ ထပ်ထည့်ဖို့ အစီအစဉ်ပြုထားပြီးသား ဖြစ်ပါတယ်။

 

ဘလော့ချိန်းရဲ့ လူအများနဲ့ သက်ဆိုင်ခြင်းဆိုတဲ့ သဘောသဘာဝကြောင့်၊ ကွန်ရက်မှာ ပါဝင်သူအားလုံးကတော့ ဘစ်ကွိုင် အရောင်းအ၀ယ်များကို အချိန်နဲ့ တပြေးညီ ခြေရာခံကာ အကဲဖြတ်နိုင်ပါတယ်။ ဒီ စနစ်ကတော့ ‘နှစ်ထပ်သုံးခြင်း(Double Spending)’လို့ လူသိများတဲ့ အွန်လိုင်း ငွေပေးချေမှု ပြဿနာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ နှစ်ထပ်သုံးခြင်းကတော့ အသုံးပြုသူတစ်ယောက်ကတူညီတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို နှစ်ကြိမ် အသုံးပြုဖို့ ကြိုးစားတဲ့ အခါမှာ ဖြစ်ပေါ်ပါတယ်။

 

ဘစ်ကွိုင် 1ကွိုင်ပဲ ရှိတဲ့ ဘော့(Bob)က စနစ်က မသိနိုင်ပါဘူးဆိုပြီးတော့ အဲဒီ့ ကွိုင်ကို ရီရှီ(Rishi)နဲ့ အဲလီဇာ(Eliza) နှစ်ယောက်လုံးဆီကို  တစ်ပြိုင်နက် ပေးပို့ဖို့ ကြိုးစားကြည့်တာမျိုး လုပ်နိုင်ပါတယ်။

 

သမားရိုးကျ ဘဏ်စနစ်မှာလည်း ပြန်လည် စာရင်းတိုက်ခြင်းကို ဗဟိုအဖွဲ့ကနေ လုပ်ဆောင်ပေးလို့ နှစ်ထပ်သုံးခြင်းကို ကာကွယ်ထားပါတယ်။ ငွေသားကို ကိုင်ဆောင်ပြီး အသုံးပြုတဲ့ အခါမှာလည်း လူနှစ်ယောက်ကို တစ်ရွက်တည်းရှိတဲ့ ဒေါ်လာငွေသားကို မပေးနိုင်သောကြောင့် နှစ်ထပ်သုံးခြင်း မဖြစ်နိုင်ပါဘူး။

 

ဒါပေမဲ့ ဘစ်ကွိုင်မှာတော့ တူညီတဲ့ စာရင်းစာအုပ်မိတ္ထူတွေက ထောင်ပေါင်းများစွာ ရှိတာပြီး ဘစ်ကွိုင်အရောင်းအဝယ်တိုင်းမှာ ကွန်ရက်ကို အသုံးပြုနေသူ အားလုံးက တညီတညွတ်တည်း သဘောတူဖို့ လိုအပ်ပါတယ်။ ပါဝင်သူတွေ အားလုံးရဲ့ အကြားမှာ ဖြစ်ပေါ်လာတဲ့ ဒီ သဘောတူညီချက်ကို "အများ သဘောတူခြင်း(consensus)" လို့ ခေါ်ပါတယ်။

 

ဘဏ်တွေက ဘဏ်အသုံးပြုသူတွေရဲ့ လက်ကျန်ငွေကို အမြဲတမ်း ပြင်ဆင်နေသလို ဘစ်ကွိုင်စာရင်းစာအုပ်မိတ္ထူကို ကိုင်ဆောင်ထားတဲ့ သူတိုင်းက ဘစ်ကွိုင် လက်ဝယ်ထားရှိသူတိုင်းရဲ့ လက်ကျန်ကွိုင်ကို စစ်ဆေးပြီး ပြင်ဆင်နေဖို့ တာဝန်ရှိပါတယ်။  ဒါဆိုရင် မေးချင်တာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် ဘစ်ကွိုင်ရဲ့ ‘လူအများနဲ့ သက်ဆိုင်တဲ့ စာရင်းစာအုပ်’က မရေမတွက်နိုင်အောင် ရှိနေနိုင်တာကို ဘစ်ကွိုင်ကွန်ရက်က ဘယ်လိုမျိုး ‘အများ သဘောတူခြင်း’ကို ရဖို လုပ်ဆောင်နိုင်တာလဲ။ ဒါကိုတော့ ‘အလုပ် သက်သေ(Proof-of-work)’လို့ သိကြတဲ့ လုပ်ငန်းစဉ်ကနေ လုပ်ဆောင်ပါတယ်။

 

အလုပ်သက်သေ(Proof-of-work) ဆိုတာဘာလဲ။

ဘစ်ကွိုင်ကွန်ရက်ထဲမှာ ရှိတဲ့ ကွန်ပျူတာတွေကတော့ ‘အလုပ်သက်သေ(Proof-of-work, PoW)’ဆိုတဲ့ လုပ်ငန်းစဉ်ကို အသုံးပြုပြီး အရောင်းအဝယ်ကို အတည်ပြုခြင်းနဲ့ ကွန်ရက်ကို အကာအကွယ်ပေးပါတယ်။. အလုပ်သက်သေကတော့ ဘစ်ကွိုင်ဘလော့ချိန်းရဲ့ "အများ သဘောတူခြင်း စနစ်"ပဲ ဖြစ်ပါတယ်။

 

အလုပ်သက်သေကတော့ ဘလော့ချိန်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးများအတွက် ပထမဆုံးနဲ့ အသုံးပြုမှု အများဆုံးဖြစ်တဲ့ ‘အများ သဘောတူခြင်း စနစ်’ဖြစ်ပေမဲ့ “ပိုင်ဆိုင်မူ သက်သေ(Proof-of-stake)”လိုမျိုး ကွန်ပျူတာရဲ့ တွက်ချက်နိုင်မှုအားကို နည်းနည်းပဲ လိုအပ်(လျှပ်စစ်အားကို နည်းနည်ပဲ အသုံးပြု)တဲ့ လူသိများတဲ့ စနစ်တွေလည်း ရှိပါသေးတယ်။

 

အလုပ်သက်သေက အချို့ ကွန်ရက်ပံ့ပိုးသူတွေကို “ဘစ်ကွိုင်တူးသူများ”လို့ အများက သိထားကြတဲ့ “အတည်ပြုပေးသူ”များအဖြစ် သတ်မှတ်ပေးပါတယ်။ အဲဒီလို သတ်မှတ်ပေးတာကိုတော့ ဘလော့အသစ်ကို ရှာဖွေတွေ့ရှိဖို့အတွက် အားကောင်းတဲ့ ကွန်ပျူတာတွက်ချက်နိုင်မှု စွမ်းအားကို ကွန်ရက်အတွက် အသုံးပြုပေးပြီးနောက်မှသာ ဖြစ်ပါတယ်။   ဘလော့အသစ် တစ်ခု ရှာဖွေတွေ့ရှိဖို့က ပုံမှန်အားဖြင့် 10 မိနစ်ခန့် ကြာပါတယ်။ ။

 

ဘလောက်အသစ် တစ်ခုကို ရှာဖွေတွေ့ရှိပြီဆိုရင် ဘစ်ကွိုင်တူးခြင်းလုပ်ငန်းစဉ်ကနေ ဘလော့အသစ်ကို  ရှာဖွေတွေ့ရှိသူက အဲဒီ့ ဘလော့မှာ 1မက်ဂါဘိုက်နဲ့ ညီမျှတဲ့ အရောင်းအဝယ် အတည်ပြုခြင်းတွေကို ထည့်သွင်းနိုင်ပါတယ်။  ပြီးတော့ အဲဒီ့ ဘလော့အသစ်ကို ဘလော့ချိန်းထဲကို ပေါင်းထည့်လိုက်ပြီး အားလုံးရဲ့ စာရင်းစာအုပ်မိတ္တူမှာ ဒေတာအသစ်ကို ထည့်လိုက်ပါတယ်။  ဘစ်ကွိုင်တူးသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုအဖြစ် သူတို့ကတော့ သူတို့ ထည့်ပေးလိုက်တဲ့ အရောင်းအဝယ်နဲ့ တွဲဆက်ထားတဲ့ ဝန်ဆောင်ကြေး အားလုံးနဲ့ အသစ် ထုတ်လုပ်လိုက်တဲ့ ဘစ်ကွိုင်ပမာဏကို ရရှိပါတယ်။  ဘစ်ကွိုင်အသစ် ဖြစ်ပေါ်လာပြီး ဘစ်ကွိုင်တူးသူက ရရှိခြင်းကို “ဘလော့ဆုကြေး(Block Reward)”လို့ ခေါ်ပါတယ်။

 

ဘစ်ကွိုင်အသုံးပြုသူ အားလုံးကတော့ အရောင်းအဝယ်က အတည်ပြုမှု ရရှိအောင် အရောင်းအဝယ် တစ်ခုကို ပြုလုပ်တိုင်း ကွန်ရက် ဝန်ဆောင်ကြေးကို ပမာဏအပေါ် မူတည်ပြီး ပေးရပါတယ်။ ဒါကိုတော့ စာပို့ဖို့အတွက် တံဆိပ်ခေါင်းဖို့ ပေးရတယ်လို့ စဉ်းစားရင်ရပါတယ်။

 

ဝန်ဆောင်ကြေးကို ပေါင်းထည့်ပေးရတဲ့ ရည်ရွယ်ချက်တော့ အခြား ကွန်ရက်အသုံးပြုသူများက ပေးတဲ့ ပျှမ်းမျှ ဝန်ဆောင်ကြေးနဲ့ တူညီ (သို့) ကျော်လွန်ဖို့ ဖြစ်ပြီး၊ မိမိရဲ့ အရောင်းအဝယ်ကို အချိန်နဲ့ တစ်ပြေးညီ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဘစ်ကွိုင်တူးသူတွေကတော့ ဘစ်ကွိုင်ကွန်ရက်ကို အတည်ပြုဖို့အတွက် တစ်နေကုန်လုံး အသုံးပြုရတဲ့ လျှပ်စစ်ခနဲ့ ထိန်းသိမ်းခကို အကုန်အကျခံရတာကြောင့်  ဘလော့အသစ်တွေကို ဖြည့်တဲ့အခါမှာ ပိုက်ဆံများများရဖို့ အတွက် ဝန်ဆောင်ကြေးများများ ပိုပေးထားတဲ့ အရောင်းအဝယ်တွေကို ဦးစားပေးလုပ်ဆောင်ပါတယ်။

 

ပျှမ်းမျှ ဝန်ဆောင်ကြေးကိုတော့ “အမ်ပူး(Mempool)”မှာ ဝင်ရောက် ကြည့်နိုင်ပါတယ်။  အဲဒါကတော့ အတည်မပြုရသေးတဲ့ အရောင်းအဝယ်တွေကို ဘစ်ကွိုင်တူးသူတွေ ရွေးချယ်ပြီး ဘလော့ချိန်းကို ချိတ်ဆက်ပေးဖို့ စောင့်ဆိုင်းရတဲ့ နေရာပဲ ဖြစ်ပါတယ်။

 

ဘစ်ကွိုင်ကို ဘယ်လို ဖန်တီးတာလဲ။

ဘစ်ကွိုင်ကွန်ရက်ကတော့ ဘစ်ကွိုင်တူးသူတွေက ဘလော့အသစ်ကို ရှာဖွေတွေ့ရှိပြီး ဘလော့ချိန်းကို ချိတ်ဆက်ပေးတဲ့ အခါမျိုးမှာ ဘစ်ကွိုင်အသစ်တွေကို ဘစ်ကွိုင်တူးသူတွေကို အလိုအလျောက် ပေးပါတယ်။  ဘစ်ကွိုင်ကတော့ စုစုပေါင်း အများဆုံး ကွိုင်ပေါင်း 21သိန်းကွိုင်းကို တူးယူနိုင်မှာ ဖြစ်ပါတယ်။  ဒါကတော့ ဘစ်ကွိုင်ပေါင်း 21သိန်းကွိုင်ကို တူးယူပြီးရင်တော့ ပရိုတိုကော(protocol)မှာ ကွိုင်အသစ် ထုတ်ပေးခြင်းကို ရပ်လိုက်မှာ ဖြစ်ပါတယ်။  တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘစ်ကွိုင်တူးခြင်းဆိုတာကတော့ အရောင်းအဝယ် အတည်ပြုပေးခြင်းနဲ့ ဘစ်ကွိုင်အသစ် ထုတ်လုပ်ပေးခြင်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။(ဘစ်ကွိုင်တွေ အားလုံး တူးယူပြီးသွားပြီဆိုရင် အရောင်းအဝယ် အတည်ပြုပေးခြင်း လုပ်ငန်းစဉ်ကိုပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။)

 

သိထားရမှာကတော့ ဘစ်ကွိုင်တူးယူခြင်းအတွက် ကွန်ပျူတာ တွက်ချက်နိုင်မှု စွမ်းအားကို မြင့်တင်ခြင်းက ဘစ်ကွိုင်တွေ အများကြီးကို တူးယူရရှိစေမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။  တွက်ချက်နိုင်မှု စွမ်အားကောင်းတဲ့ ကွန်ပျူတာကို အသုံးပြုတဲ့ ဘစ်ကွိုင်တူးသူတွေကတော့ နောက် ဘလော့အတွက် ဆုကြေးရရှိနိုင်မယ့် အခွင့်အရေးကို ပိုမို ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တူးယူရရှိနိုင်တဲ့ ဘစ်ကွိုင်ပမာဏကတော့ အချိန်ကြာလာတာနဲ့ အမျှ တည်ငြိမ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

 

ဘစ်ကွိုင်ကွန်ရက်ကတော့ အချိန်ကြာလာတာနဲ့ အမျှ ဘစ်ကွိုင်တူးယူသူတွေကို ပေးတဲ့ ဘစ်ကွိုင်ပမာဏကို တစ်ဝက်စီ လျှော့ချတဲ့ “ဘစ်ကွိုင် ဟာဗင်း(Bitcoin Halving)”လို့ သိကြတဲ့ ကွိုင်ပေးခြင်း နည်းလမ်းကို အသုံးပြုပါတယ်။ အရောင်းအဝယ် ဖြစ်လာမဘ့် ဘစ်ကွိုင် အသစ်များရဲ့ ပမာဏကို ဖြည်းဖြည်းချင်း လျှော့ချခြင်းဖြင့် ဘစ်ကွိုင်ရဲ့ တန်ဖိုးကို ထိန်းထားနိုင်စေမှာ ဖြစ်ပါတယ်။ (ဈေးကွက်ရဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ် အခြေခံထားခြင်းဖြစ်ပါတယ်။)

 

ဘစ်ကွိုင် တစ်ဝက်စီ လျော့ချခြင်းဖြစ်တဲ့ ဘစ်ကွိုင် ဟာဗင်း(ဟာဗန်းနင်း(Halvening))ကတော့ ဘလော့ပေါင်း 210,000 ပြည့်တဲ့ အချိန်၊ ပျှမ်းမျှအားဖြင့် 4နှစ် တစ်ကြိမ် ဖြစ်ပေါ်ပါတယ်။  ဘစ်ကွိုင် ပရိုတိုကောက 2009ခုနှစ်မှာ ပထမဆုံး တည်ရှိလာခဲ့တုန်းက ဘလော့အသစ် ရှာတွေ့တဲ့ ဘစ်ကွိုင်တူးသူတွေက ဆုကြေးအဖြစ် ဘစ်ကွိုင် 50ကွိုင်ကို ရရှိခဲ့ကြပါတယ်။ 2021မှာတော့ ဆုကြေးအဖြစ် ဘစ်ကွိုင် 6.25ကွိုင်ကို ရရှိနေတာဖြစ်ပြီး၊ ဘစ်ကွိုင် ဟာဗင်း မဖြစ်ခင်ဖြစ်တဲ့ 2020ခုနှစ် မေလမတိုင်ခင်ရဲ့ ဆုကြေးဖြစ်တဲ့ ဘစ်ကွိုင်12.5ကွိုင်ရဲ့ တစ်ဝက်ဖြစ်ပါတယ်။  

 

နောက်တစ်ကြိမ် ဘစ်ကွိုင် ဟာဗင်းကတော့ လာမယ့် 2024ခုနှစ်အတွင်းမှာ ဖြစ်မယ်လို့ ခန့်မှန်းထားပြီး ဘလော့အသစ် အတွက် ဆုကြေးကတော့ တစ်ဝက်ဖြစ်တဲ့ ဘစ်ကွိုင် 3.125ကွိုင်ကို လျော့ကြသွားမှာ ဖြစ်ပါတယ်။   ဒီ လုပ်ငန်းစဉ်ကတော့ နောက်ဆုံးမှာ ဘစ်ကွိုင်များ တူးဖို့ မကျန်တော့အထိ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ဒီနေ့မှာတော့ ဘစ်ကွိုင် စုစုပေါင်း 18.7သိန်းကွိုင်က တူးယူရရှိပြီး ဖြစ်ပြီး၊ တူးယူဖို့ ကျန်ရှိနေတာကတော့ 2.25သိန်းကွိုင်ခန့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘစ်ကွိုင် ဟာဗင်းနဲ့ ဘစ်ကွိုင်တူးယူဖို့ ခက်ခဲလာနိုင်တဲ့ အချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် နောက်ဆုံး ဘစ်ကွိုင်ကို 2140 ခုနှစ်ဝန်းကျင်မျာ တူးဖော်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။  

 

ဘစ်ကွိုင် ပိုက်ဆံအိတ်ဆိုတာဘာလဲ။

ဘစ်ကွိုင် ပိုက်ဆံအိတ်ဆိုတာကတော့ ကွန်ပျူတာ (သို့) သီးသန့် စက်မှာ ထည့်ထားနိုင်တဲ့ ဆောဖ်ဝဲ တစ်ခု ဖြစ်ပြီး ဘစ်ကွိုင်ကို ထိန်းသိမ်းပေးခြင်း၊ ပေးပို့ခြင်းနဲ့ လက်ခံခြင်းကို လုပ်ဆောင်ပေးပါတယ်။  ဆန့်ကျင်ဘက်အားဖြင့်၊ ဘစ်ကွိုင် ကိုယ်တိုင်ကတော့ ပိုက်ဆံအိတ်ထဲမှာ သိမ်းထားတာမျိုး မဟုတ်ပါဘူး။  ပိုက်ဆံအိတ်ဆိုတာကတော့ ဘစ်ကွိုင်ကွန်ရက်မှာ ပိုင်ဆိုင်တဲ့ ဘစ်ကွိုင်ပမာဏကို အသိအမှတ်ပြုတဲ့ လျှို့ဝှက်ကုဒ်(အလွန် ရှုပ်ထွေးတဲ့ လျှို့ဝှက်နံပါတ် အမျိုးအစား)ပုံစံဖြင့် သိမ်းဆည်းပေးထားတာပဲ ဖြစ်ပါတယ်။

 

ဘစ်ကွိုင် အရောင်းအ၀ယ် ပြုလုပ်တဲ့ အခါတိုင်း ဘစ်ကွိုင်ပိုင်ဆိုင်မှုက ပေးပို့သူကနေ လက်ခံသူဆီ ရောက်ရှိပြီး ကွန်ရက်ကတော့ လက်ခံသူရဲ့ ကုဒ်ကို ဘစ်ကွိုင် လက်ခံရယူဖို့အတွက် ‘လျှို့ဝှက်နံပါတ်’အသစ်အဖြစ် ပြောင်းလဲပေးပါတယ်။  

 

ဘစ်ကွိုင်ကတော့ ဘလော့ချိန်းရဲ့ ခိုင်မာမှုကို ထိန်းသိမ်းဖို့အတွက် ပါဘလစ် ကီး ခရစ်တိုဂရပ်ဖီ(public-key cryptography,PKC)လို့ ခေါ်တဲ့ စနစ်ကို အသုံးပြုပါတယ်။   မူလက မက်ဆေ့ချ်များကို စာဝှက်ခြင်းနှင့် စာဝှက် ဖြည်ခြင်းအတွက် အသုံးပြုခဲ့တဲ့ PKCကတော့ အရောင်းအဝယ်တွေကို လုံခြုံမှု ရှိပေမဲ့ ဘလော့ချိန်းတွေမှာ အများဆုံး အသုံးပြုနေကြပါတယ်။ ဒီ စနစ်ကတော့မှန်ကန်တဲ့ လျှို့ဝှက်နံပါတ်အစုံရှိတဲ့ သူသာလျှင် ကွိုင်ကို ရယူနိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။

 

ဘစ်ကွိုင်ကို ပိုင်ဆိုင်ဖို့နဲ့ အရောင်းအဝယ် ပြုလုပ်ဖို့ ကိုယ်ပိုင်သော့နဲ့ အများပိုင်သော့ဆိုတဲ့ လျှို့ဝှက်နံပါတ် 2ခု လိုအပ်ပါတယ်။ ဒီ သော့နှစ်ခုစလုံးကတော့ အရောင်းအဝယ်ကို စာဝှက်ပေးခြင်းနဲ့ စာဝှက်ခြင်းကို ဖြည်တဲ့အခါမှာ အသုံးပြုတဲ့ ကျပန်း ဖန်တီးထားတဲ့ အက္ခရာနဲ့ ဂဏန်းစာလုံးများပါတဲ့  လျှို့ဝှက်နံပါတ်ဖြစ်ပါတယ်။  ဘစ်ကွိုင်ကွန်ရက်မှာ PKC ကတော့ တစ်လမ်းနည်းဖြင့် ဖြေရှင်းရ လွယ်ကူပြီး ပြောင်းပြန်လှန်ဖို့ မဖြစ်နိုင်တဲ့ တစ်လမ်းသွား သင်္ချာဂဏာန်းများကို အသုံးပြုထားပါတယ်။

 

ဘလော့ချိန်းကတော့ တစ်လမ်းသွား သင်္ချာဂဏာန်းများကို အသုံးပြုပြီး ကိုယ်ပိုင်သော့ကနေ အများပိုင်သော့ကို ဖန်တီးပါတယ်။  ဒီလို လုပ်ခြင်းဖြင့် အများပိုင်သော့ကနေ ကိုယ်ပိုင်သော့ကို ပြန်လည် ဖန်တီးဖို့က ခက်ခဲတာပဲ ဖြစ်ပါတယ်။  ဒါကတော့ သော့ကို ပျောက်သွားတာမျိုး(ပိုင်ဆိုင်မှုအတွက် သော့နံပါတ်ကို မေ့သွားတာမျိုး) မဖြစ်တာ ကောင်းပါတယ်။ ဒါ့အပြင် လိပ်စာကတော့ အများပိုင်သော့ရဲ့ အတိုကောက်ပုံစံကို ရရှိမှာ ဖြစ်ပါတယ်။

 

ဒီ လိပ်စာကတော့ အိမ်လိပ်စာပုံစံနဲ့ ဆင်တူပြီး ဘစ်ကွိုင်ကို လက်ခံဖို့အတွက် အခြားသူကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်သော့ကိုတော့ ဘဏ်ကဒ်ရဲ့ လျှို့ဝှက်နံပါတ်လိုမျိုး အခြားသူတွေ မမြင်နိုင်အောင် လျှို့ဝှက်ထားရမှာ ဖြစ်ပါတယ်။

 

အရောင်းအဝယ်ကို ပြုလုပ်ဖို့အတွက် ကိုယ်ပိုင်သော့နဲ့ အများပိုင်သော့ကို အသုံးပြုပြိး ဘစ်ကွိုင်အရောင်းအဝယ်ကို ဝှက်စာပြုလုပ်ကာ လုပ်ဆောင်နိုင်ပါတယ်။  ဒါ့အပြင် လက်ခံမယ့် သူရဲ့ လိပ်စာလည်း ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီကနေမှ တစ်ဆင့် မှန်ကန်တဲ့ ကိုယ်ပိုင်သော့ကို ပိုင်ဆိုင်တဲ့ လက်ခံသူသာ ပို့ပေးလိုက်တဲ့ ဘစ်ကွိုင်ကို ဝှက်စာ ဖြည်ပြီးတော့ တောင်းယူနိုင်မှာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



❄️❄️❄️❄️❄️❄️❄️



3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ

Bitcoin Trader Myanmar သတင်းစာကို အီးမေးလ်ဖြင့်
မှာယူ ဖတ်ရူလိုသူများ ဒီနေရာကို နှိပ်ပါ။

❄️Thank you for reading.❄️
🎆🎉Happy New Year🎉🎆

Ma Thida Tun
thidatun091@gmail.com
서울 마포구 양화로 147, 4층 010-5834-2025
수신거부 Unsubscribe