DeFi ဆိုတာကတော့ "ဗဟိုချုပ်ကိုင်မှု မရှိသော ဘဏ္ဍာရေး" ဖြစ်ပါတယ်။
By Ma Thida Tun     /     2021.12.21     /     Volume 3

ဒီနေ့သတင်း

📨 ဂျေပီ မော်ဂန်(JP Morgan)က ဘလော့ချိန်း ငွေပေးချေမှုအတွက် ဆီးမန်း(Siemens)နှင့်အတူ ဖော်ဆောင်

📨အီသာရီရမ်(Ethereum)ဈေးနှုန်း ဒေါ်လာ 3.8ထောင်ကို ကျဆင်းပြီးနောက် ဒေါ်လာ12.5 သန်းကျော် တန်ဖိုးရှိ  ဖျူးချား(Futures)များ ဖျက်သိမ်းခံရ  

📨ပိုကာဒေါ့(Polkadot)တွင် ပထမဆုံး ပါရာချိန်း(Parachains) များ စတင်

📨 OpenSea ဈေးကွက်(Marketpalce)မှာ ပုံတူကူးမရတဲ့ တိုကင်(NFTs) ပြုလုပ်ခြင်း

📨DeFi ဆိုတာ ဘာလဲ။

 

1. ဈေးကွက် အခြေအနေ 

✌️✌️✌️✌️✌️


2. သတင်းများ 

📨ဂျေပီ မော်ဂန်(JP Morgan)က ဘလော့ချိန်း ငွေပေးချေမှုအတွက် ဆီးမန်း(Siemens)နှင့်အတူ ဖော်ဆောင် (2021.12.21)

ကုမ္ပဏီ နှစ်ခုကတော့ ဒီစနစ်က ပထမဆုံးသော အသုံးချလုပ်ဆောင်မှု ဖြစ်မယ်လို့ ပြောဆိုပါတယ်။

 

ဝေါ စထရီ(Wall Street) ဘဏ်တစ်ခု ဖြစ်တဲ့ ဂျေပီ မော်ဂန် ချေ့စ်(JPMorgan Chase)ကတော့ ဘလော့ချိန်း(Blockchain)ကို အခြေခံတဲ့ ငွေပေးချေမှုစနစ်များ တီထွင်ဖို့အတွက် ဂျာမန် စက်မှုလုပ်ငန်းစုဘဏ်ဖြစ်တဲ့ ဆီးမန်း(Siemens)နဲ့ ပူးပေါင်းခဲ့ကြောင်း ဖိုင်နယ်ရှယ် တိုင်းမ်(Financial Times)က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

ဒီ စနစ်ကိုတော့ ဆီးမန်း(Siemens)ရဲ့ ကိုယ်ပိုင် ဘဏ်အကောင့်များကြားမှာ အလိုအလျောက် ငွေလွှဲဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။. (လက်ရှိတွင် ဒေါ်လာအကောင့်ကို အသုံးပြုနိုင်ပြီး လာမည့်နှစ်တွင် ယူရိုငွေအကောင့်ကို အသုံးပြုနိုင်မည်ဖြစ်။)

 

အစီရင်ခံစာမှာတော့ ဒီ စနစ်က ငွေပေးချေမှုများမှာ မှတ်တမ်းတင်ခြင်းနဲ့ စိစစ်ခြင်းတွေ လိုအပ်တဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို အလိုအလျောက် စနစ်ကို ပြောင်းလဲသွားစေမယ်လို့ ဖော်ပြထားပါတယ်။  

 

အခြေခံမှာတော့ ဂျေပီ မော်ဂန်(JP Morgan)ရဲ့  ဘလော့ချိန်း(Blockchain) ယူနစ်ဖြစ်တဲ့ အွန်း(Onyx)ကို အသုံးပြုထားပြီး၊ ဆီးမန်း(Siemens)က ပထမဆုံး အမာခံအသုံးပြုသူဖြစ်ပါတယ်။  

 

အွန်း(Onyx)ရဲ့ နိုင်ငံတကာ တာဝန်ခံဖြစ်တဲ့ နဗီး မာလဲလာ(Naveen Mallela)က ဘဏ်မှာ အွန်း(Onyx)စနစ်အတွက် ဖောက်သည်တွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။  ဒီ အခြေခံစနစ်က လက်ရှိ အသုံးပြုနေတဲ့ တိုက်ရိုက် ငွေလွှဲခြင်းနဲ့ အမှာစာများထက် ပရိုဂရမ် ရေးဆွဲနိုင်တဲ့ ငွေပေးချေမှုများကို လုပ်ဆောင်သွားမယ်လို့ မာလဲလာ(Mellela)က ပြောပါတယ်။  

 

ဒီ ဖွံ့ဖြိုးတိုးတက်မှုကတော့ ဘလော့ချိန်း(Blockchain)စနစ်ကို အသုံးပြုပြီး  နေ့စဉ် လုပ်ငန်းဆောင်တာများရဲ့ ထိရောက်မှု မြှင့်တင်ခြင်းနဲ့ ကုန်ကျစရိတ်ကို လျော့ချခြင်းကို လုပ်ဆောင်လိုတဲ့ ကမ္ဘာ့ အဓိက အဖွဲ့အစည်းများကြားမှာ လုပ်ဆောင်လိုစိတ်တွေ ကြီးထွားလာနေတာကို ဖော်ပြပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk




✌️✌️✌️✌️✌️

 

 

📨အီသာရီရမ်(Ethereum)ဈေးနှုန်း ဒေါ်လာ 3.8ထောင်ကို ကျဆင်းပြီးနောက် ဒေါ်လာ12.5 သန်းကျော် တန်ဖိုးရှိ  ဖျူးချား(Futures)များ ဖျက်သိမ်းခံရ  (2021.12.20)

ဈေးကွက်ထဲမှာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဖျူးချား(Futures) ဖျက်သိမ်းခံရမှု အများဆုံး ဖြစ်ပေါ်

 

အီသာ(Ether)တိုကင်များကတော့ ဒီနေ့ မနက်မှာ ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။ ကွိုင်ဂလပ်(Coinglass)ရဲ့ ဒေတာအရ ဈေးကွက်မှာ အနည်းငယ် ကျဆင်းမှု ရှိခဲ့ပေမဲ့ တနင်္လာနေ့ အစောပိုင်း၊ အာရှနာရီချိန်များမှာ ဈေးပြောင်းလဲမှုကြီး တစ်ခု ရှိခဲ့ပါတယ်။

 

စျေးနှုန်းပြောင်းလဲမှု သိပ်မရှိခဲ့တဲ့ ပိတ်ရက်နဲ့ တနင်္လာနေ့အကြား ကွိုင်အကြီးစားများရဲ့ ဈေးနှုန်းများ အနည်းငယ် ကျဆင်းမှု ရှိခဲ့ပြီးနောက်၊ 24နာရီအတွင်း 3%ကျဆင်းမှု ဖြစ်တဲ့ ဒေါ်လာ 100နီးပါး ကျဆင်းပြီး ဈေးနှုန်းကတော့ ဒေါ်လာ 3,840 ဖြစ်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း ဒီလို ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုလေးကပဲ အရောင်းအဝယ် ပြုလုပ်နေတဲ့ သူတွေကို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေခဲ့ပါတယ်။ တနင်္လာနေ့ မနက်ခင်း တစ်ခုတည်းမှာတင် ဒေါ်လာ12.5 သန်းကျော် တန်ဖိုးရှိ အီသာရီရမ်(Ethereum)များ ဖျူးချား(Futures)များ ဖျက်သိမ်းခံရမှု ဖြစ်ပေါ်ခဲ့ပြီး၊ ဒီ ပမာဏကကတော့ ဒေါ်လာ 6သန်းကျော် ဖျက်သိမ်းခံရမှု ရှိတဲ့ ဘစ်ကွိုင်(Bitcoin)ပမာဏရဲ့ 2ဆ ဖြစ်ပါတယ်။

 

ကွိုင်ဂလပ်(Coinglass)ရဲ့ ဒေတာအရ 'Long'ကို ဝယ်ထားတဲ့ ကုန်သည်များ(သို့) အီသာ(Ether) စျေးနှုန်းတက်ခြင်းအပေါ်လောင်းကြေးထပ်ဖို့ အိတ်ချိန်းကနေ ငွေချေးယူထားတဲ့ သူများဆီမှ ဒေါ်လာ 11.89 သန်းတန်ဖိုးရှိ ဖျက်သိမ်းခံရမှု ဖြစ်ခဲ့တာပါ။  အရောင်းအဝယ် ပြုလုပ်သူရဲ့ 92%ကတော့ တနင်္လာနေ့ မနက်ပိုင်းမှာ ‘Long’ကို ပြုလုပ်ထားကြသူများ ဖြစ်ပြီး၊ ဖျက်သိမ်းခံရတဲ့ ပမာဏရဲ့ 50%တော့ OKEx အိတ်ချိန်းမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ပမာဏကတော့ ဒေါ်လာ 49.3သိန်းနဲ့ ညီမျှပါတယ်။  


ဖျက်သိမ်းခြင်းကတော့ အသုံးပြုသူရဲ့ အရောင်းအဝယ် အာမခံငွေ တစ်စိတ်တစ်ပိုင်း(သို့) အားလုံး ဆုံးရှုံးမှုကြောင့် အိတ်ချိန်းကနေ အရောင်းအဝယ် လုံခြုံရေးအရ အသုံးပြုသူရဲ့ လောင်းကြေးထပ်ထားခြင်းကို  တစ်ဖတ်သတ် ပိတ်လိုက်တဲ့အခါမှာ ဖြစ်ပေါ်ပါတယ်။  ဒါကတော့ အသုံးပြုသူက ပိုင်ဆိုင်မှုကို လက်ဝယ်ထားရှိတဲ့ လက်ငင်းရောင်းချတဲ့ ဈေးကွက်နဲ့ မတူဘဲ ပိုင်ဆိုင်မှုရဲ့ ဈေးနှုန်းကို ခန့်မှန်း အရောင်းအဝယ် ပြုလုပ်တဲ့ ဖျူးချား(Futures)ဈေးကွက်မှာ အများဆုံး ဖြစ်ပေါ်ပါတယ်။

 

အခြား နေရာတွေမှာ XRP စျေးနှုန်းကတော့ အာရှနာရီများအတွင်း ဒေါ်လာ 0.82ကနေ ဒေါ်လာ 0.91ကို 10%လောက် ခုန်တက်သွားပါတယ်။ အရောင်းအဝယ် ပြုလုပ်တဲ့ သူတွေကတော့ အဲဒီ့အတွက် အကျိုးအမြတ်များ ရရှိခဲ့ကြပြီး ဥရောပအစောပိုင်းနာရီများတွင် ဒေါ်လာ 0.87ကို ပြန်လည် ကျဆင်းခဲ့ပါတယ်။

 

ဈေးအပြောင်းအလဲ ဖြစ်ခြင်းက အာရှနာရီများအတွင် ဒေါ်လာ  2သိန်းတန်ဖိုးရှိတဲ့ ဖျက်သိမ်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ XRP ဈေးနှုန်း အပြောင်းအလဲနဲ့ ပက်သက်တဲ့ အချက်အလက်ကိုတော တနင်္ဂနွေည (သို့) တနင်္လာနေ့နံနက်တွေမှာ ထုတ်ပြန်ထားတာမျိုးတွေ မရှိခဲ့ပါဘူး။

 

တနင်္လာနေ့ နံနက်ပိုင်းမှာတော့ ဖျက်သိမ်းမှု ဒေါ်လာ သန်း 40 ရှိခဲ့ပြီး၊  လွန်ခဲ့တဲ့ 24 နာရီအတွင်းမှာတော့ ဖျက်သိမ်းမှုစုစုပေါင်းက ဒေါ်လာ 152 သန်းကျော် ရှိခဲ့တာ ဖြစ်ပါတယ်။ ပါဝင်ခဲ့သည်။ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကတော့ အာရှနာရီများအတွင်း ချေးငွေ ပြန်မဆပ်ခြင်းများနှင့် တရုတ်အိမ်ခြံမြေများ ပုဂ္ဂလိကပိုင် ပြုလုပ်မှု အားနည်းလာခြင်းဆိုတဲ့အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် အနည်းငယ် ကျဆင်းခဲ့ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



✌️✌️✌️✌️✌️




📨ပိုကာဒေါ့(Polkadot)တွင် ပထမဆုံး ပါရာချိန်း(Parachains) များ စတင် (2021.12.20)

 

မတူညီတဲ့ ဘလော့ချိန်း(Blockchain) များကို ချိတ်ဆက်ဖို့ ရည်ရွယ်တဲ့ ဘလော့ချိန်း ပရိုတိုကောလ်(Blockchain Protocol)တစ်ခုဖြစ်တဲ့ ပိုကာဒေါ့(Polkadot)က သူ့ရဲ့ ပထမဆုံး ပါရာချိန်း(Parachains)ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

 

ပါရာချိန်း(Parachains) ဆိုတာကတော့ ဟန်ချက်ညီပြီး အပြန်အလှန် လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခု ဖန်တီးဖို့ ပိုကာဒေါ့(Polkadot) ဂေဟစနစ်အတွင်း အပြိုင်လည်ပတ်နေတဲ့ တစ်ဦးချင်း ကွန်ရက်များ ဖြစ်ပါတယ်။

 

ပိုကာဒေါ့(Polkadot)ရဲ့ အဓိက ဘလော့ချိန်း(Blockchain) ဖြစ်တဲ့ ရီလေး ချိန်း(Relay Chain)ရဲ့ စလော့(Slots)တွေကို လေလံပွဲတွေကနေတစ်ဆင့် ခွဲဝေပေးထားတယ်လို့ ပိုကာဒေါ့Polkadot)ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပထမဆုံး လေလံပွဲရဲ့ အနိုင်ရသူများကတော့ အာကလာ(Acala)၊ မွန်းဘီး(Moonbeam)၊ ပါရာလဲ ဖိုင်းနန့်((Parallel Finance)၊ အက်စတာ(Astar)နဲ့ ကလိုဗာ(Clover)တို့ ဖြစ်ပြီး ‘ဗဟိုချုပ်ကိုင်မှု မရှိသော ဘဏ္ဍာရေးစနစ် (DeFi)’၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများကို အဓိက ထားပါတယ်။

 

"လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ပိုကာဒေါ့(Polkadot)နဲ့ ဆပ်စထရိတ်(Substrate)အပေါ် လောင်းကြေးထပ် စွန်စားပြီးနောက်၊ ပိုကာဒေါ့(Polkadot) ဂေဟစနစ်မှာ ‘DeFi ပလက်ဖောင်း’နဲ့ မူလလက်ရင်းဖြစ်ပြီး၊ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ‘စတေဘယ်ကွိုင်’ဖြစ်တဲ့ (aUSD)နဲ့ အခြား ဝန်ဆောင်မှုတွေကို အာကလာ(Acala)ရဲ့ ပါရာချိန်း(Parachain)မှာ စတင်တာ ဖြစ်လို့ အရမ်း စိတ်လှုပ်ရှားရပါတယ်”လို့  အာကလာ(Acala)ရဲ့ တွဲဖက်တည်ထောင်သူ ဘတ် ချန်း(Bette Chen)က ပြောပါတယ်။

 

ပိုကာဒေါ့(Polkadot)ကတော့ စုစုပေါင်း ပါရာချိန်း စလော့(Parachain Slots)100 ကို လာမည့် လများအတွင်း အသုတ်လိုက်လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။   နောက်အသုတ် လေလံပွဲကတော့ 2021 ခုနှစ် ဒီဇင်ဘာလ 23 ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။   ဒုတိယအသုတ်မှာတော့ လေလံပွဲ  6ပွဲ ပြုလုပ်မှာ ဖြစ်ပြီး  2022ခုနှစ် မတ်လ 11 ရက်ဝန်းကျင်းမှာ အနိုင်ရရှိတဲ့ ပါရာချိန်း(Parachains) 6ခု ရှိမှာ ဖြစ်ပါတယ်။

 

2020 ခုနှစ် မေလမှာ စတင်ခဲ့တဲ့ ပိုကာဒေါ့(Polkadot)ကို အီသာရီရမ်(Ethereum)ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဒေါက်တာ ဂါဗင် ဝတ်(Gavin Wood)က ဘလော့ချိန်း(Blockchain)များအကြား ချိတ်ဆက်လုပ်ဆောင်နိုင်မှုကို ဖြေရှင်းဖို့ စတင်ခဲ့တာ ဖြစ်ပါတယ်။

 

ပိုကာဒေါ့(Polkadot, DOT)ကတော့ စတင် အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးထက် 4% နီးပါး လျောနည်းတဲ့ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

 

သတင်းအရင်းအမြစ်: Binance



✌️✌️✌️✌️✌️



📨 OpenSea ဈေးကွက်(Marketpalce)မှာ ပုံတူကူးမရတဲ့ တိုကင်(NFTs) ပြုလုပ်ခြင်း

 

OpenSea၊ Rarible နှင့် Mintable ဈေးကွက် အားလုံးရဲ့ ညာဘက် အပေါ်ထောင့်မှာ "create" ဆိုတဲ့ ခလုတ် ရှိပါတယ်။

"Create"ဆိုတဲ့ ခလုတ် အပြာရောင်လေးကို နှိပ်လိုက်ရင် မိမိရဲ့ အီသာရီယမ်( Ethereum)ကို အခြေခံတဲ့ ပိုက်ဆံအိတ်(Wallet)နဲ့ ချိတ်ဆက်ဖို့ မေးမြန်းလာမှာ ဖြစ်ပါတယ်။ ပိုက်ဆံအိတ်(Wallet)ရဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိရဲ့ ပိုက်ဆံအိတ်(Wallet)နဲ့ ဈေးကွက်က ချိတ်ဆက်ပြီးသား ဖြစ်သွားမှာပါ။  မိမိရဲ့ ပိုက်ဆံအိတ်(Wallet)ဖြစ်ကြောင်း ပြဖို့အတွက်  ဒစ်ဂျစ်တယ်မက်ဆေ့ချ်ပုံစံ လက်မှတ်ထိုးခြင်းတွေ လိုအပ်နိုင်ပေမဲ့ ကလစ်နှိပ်ပြီး ဆက်လက်လုပ်ဆောင်သွားရင်ရပါတယ်။  ဒစ်ဂျစ်တယ်မက်ဆေ့ချ်ပုံစံ လက်မှတ်ထိုးခြင်းက အခကြေးငွေ ပေးစရာမလိုဘဲ၊ မိမိရဲ့ ပိုက်ဆံအိတ်(Wallet)ဖြစ်ကြောင်း ပြသဖို့ပဲ ဖြစ်ပါတယ်။

 

နောက်တစ်ဆင့်ကတော့ OpenSea ရဲ့  ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ "Create" ကို နှိပ်ပြီးနောက် "My Collections"ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။  ပြီးသွားရင် ပုံမှာ ပြထားတဲ့အတိုင်း အပြာရောင် ခလုတ်ဖြစ်တဲ့ "create" ကို နှိပ်ပါ။

မိမိရဲ့ ဖိုင်တစ်ခုကို ထည့်သွင်းဖို့၊ နာမည်တစ်ခု သတ်မှတ်ဖို့၊ ဖိုင်နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ရေးဖို့ စာမျက်နှာ တစ်ခု ပေါ်လာပါလိမ့်မယ်။  ဒါကတော့ မိမိ ဖန်းတီးမယ့် ပုံတူကူးမရတဲ့ တိုကင်(NFTs)များ ထားရှိမယ့် ဖိုင်တစ်ခု ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ ထည့်ပြီးသွားပါက အောက်မှာ ပြထားသလိုမျိုး ပေါ်လာမှာ ဖြစ်ပါတယ်(အပြာရောင် မျှား)။ ပြီးနောက် ညာဘက်အပေါ်ထောင့်ရှိ ခဲတံပုံစံလေးကို နှိပ်ခြင်းဖြင့် မိမိ စာမျက်နှာအတွက် နဖူးစည်း ဓာတ်ပုံတစ်ပုံ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်(အနီရောင် မျှား)။

အောက်က ဓာတ်ပုံ ပုံစံလိုမျိုး မြင်ရပြီဆိုရင် မိမိရဲ့ ပထမဆုံး ပုံတူကူးမရတဲ့ တိုကင်(NFTs)ကို ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။  “Add New Item”ဆိုတဲ့ ခလုတ် အပြာရောင်လေးကို နှိပ်ပါ။ ပြီးတော့ မိမိရဲ့ ပိုက်ဆံအိတ်(Wallet)ကို အသုံးပြုဖို့အတွက် ဒစ်ဂျစ်တယ်မက်ဆေ့ချ်ပုံစံ လက်မှတ်တစ်ခုကို ထိုးလိုက်ပါ။

ပုံတူကူးမရတဲ့ တိုကင်(NFTs)အဖြစ် ပြုလုပ်ထားချင်တဲ့ မိမိရဲ့  ဓာတ်ပုံတွေ၊ အသံဖိုင်တွေ၊ GIF တွေ၊ 3D ဓာတ်ပုံတွေ ထည့်ဖို့ စာမျက်နှာ တစ်ခု ပွင့်လာပါလိမ့်မယ်။

 

OpenSeaနဲ့ အခြားစျေးကွက်တွေမှာ မိမိရဲ့ ပုံတူကူးမရတဲ့ တိုကင်(NFTs)ရဲ့ ရှားပါးမှုနဲ့ ထူးခြားမှုကို တိုးမြင့်လာစေဖို့အတွက် ထူးခြားချက်များကို ထည့်သွင်းဖို့ ရွေးချယ်နိုင်ပါတယ်။  ဖန်တီးသူကနေ ဝယ်ယူသူသာ ကြည့်ရှုနိုင်တဲ့ လော့ခ်ဖြည်မှ ကြည့်လို့ရတဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဒီအကြောင်းအရာ ဆိုတာတွေထဲမှာ လျှို့ဝှက်နံပါတ်ကနေ အစပြုပြီး လျော့ဈေးကုဒ်နံပါတ်၊ ဆက်သွယ်ရန် အချက်အလက် အစရှိတာတွေ အကုန်ဖြစ်နိုင်ပါတယ်။ ဝင်ရောက်ရန် စကားဝှက်များမှ မည်သည့်အရာမဆို ဖြစ်နိုင်သည်။

အကုန်လုံး ပြီးဆုံးသွားပြီဆိုရင် ပုံတူကူးမရတဲ့ တိုကင်(NFTs) ထုတ်လုပ်ဖို့အတွက် အောက်ခြေမှာ ရှိတဲ့ "Create" ခလုတ်ကို နှိပ်ပြီးနောက် ဒစ်ဂျစ်တယ်မက်ဆေ့ချ်ဖြင့် လက်မှတ်ထိုးပေးပါ။ အဲဒီအခါ ထုတ်လုပ်ထားတာက မိမိရဲ့ စုစည်းမှု စာရင်းထဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



✌️✌️✌️✌️✌️

 


📨 DeFi ဆိုတာ ဘာလဲ။

 

DeFiဆိုတာကတော့ "ဗဟိုချုပ်ကိုင်မှု မရှိသော ဘဏ္ဍာရေး" အတွက် အတိုကောက်စာလုံးဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာ ကြားခံအဖွဲ့အစည်းများ မပါဝင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ဘလော့ချိန်း(Blockchain)ဆိုင်ရာ ဘဏ္ဍာရေး အသုံးပြုမှုအမျိုးမျိုးကို ခြုံငုံပြီး ခေါ်ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

 

DeFi ကတော့ ဗဟိုကနေ ချုပ်ကိုင်ထားခြင်း မဟုတ်ဘဲ အဖွဲ့အစည်းအများအပြားက မှတ်တမ်းမိတ္ထူကို ပိုင်ဆိုင်ထားနိုင်စေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ ဘစ်ကွိုင်(Bitcoin)ရဲ့ နည်းပညာဖြစ်တဲ့ ဘလော့ချိန်း(Blockchain)ကို အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။  ဒီ အချက်ကတော့ အရေးကြီးပါတယ်။ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ လူသား ထိန်းချုပ်သူ ရှိတဲ့စနစ်ကတော့ အရောင်းအဝယ်ရဲ့ အမြန်နှုန်းနဲ့ အသေးစိတ်မှုကို ထိန်းချုပ်ပြီး၊ အသုံးပြုသူ ကိုယ်တိုင် ငွေကြေးကို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် မရှိလို့ပါ။  Defiကတော့ ဘလော့ချိန်း(Blockchain) အသုံးပြုမှုကို ရိုးရှင်းတဲ့ တန်ဖိုးလွှဲပြောင်းခြင်းကနေ ပိုမိုရှုပ်ထွေးတဲ့ ဘဏ္ဍာရေး အသုံးပြုမှုကိစ္စများအထိ ချဲ့ထွင်ထားလို့ ထူးခြားပါတယ်။

 

Bitcoin နဲ့ အခြားသော ဒစ်ဂျစ်တယ်ကို အခြေခံတဲ့ ပိုင်ဆိုင်မှုတွေကတော့ ငွေပေးချေမှုတိုင်းမှာ ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများကို ဖယ်ရှားထားတယ်ဆိုတဲ့ အချက်မှာတော့ Visa နဲ့ PayPal ကုမ္ပဏီများက လုပ်ဆောင်ပေးနေတဲ့ ရှိနှင့်ပြီးဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု ပုံစံနဲ့ ကွဲပြားပါတယ်။  ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီအတွက် ခရက်ဒစ်ကတ်နဲ့ ငွေပေးချေတဲ့အခါ၊ ဘဏ္ဍာရေးအဖွဲ့အစည်းက ငွေပေးချေမှုကို ချုပ်ကိုင်ထားပြီး ရပ်တန့်ခြင်း၊ ခေတ္တရပ်တန့်ခြင်းများ ပြုလုပ်ကာ ၄င်းရဲ့ စာရင်းစာအုပ်မှာ စာရင်းရေးမှတ်ပြီး ငွေပေးချေသူနဲ့ ဆိုင်နဲ့ ကြားမှာ ရှိနေတာပါ။   ဘစ်ကွိုင်(Bitcoin)နဲ့ဆိုရင် ၄င်း ဘဏ္ဍာရေးအဖွဲ့အစည်းတွေ မလိုအပ်ပါဘူး။

 

တိုက်ရိုက် ဝယ်ယူမှုများကပဲ ကုမ္ပဏီကြီးများကနေ ထိန်းချုပ်ထားတဲ့ ငွေပေးချေမှု (သို့) စာချုပ်တွေ မဟုတ်ပါဘူး။ ချေးငွေ၊ အာမခံ၊ လူစုလူဝေးရန်ပုံငွေ၊ ဆင့်ပွားဝန်ဆောင်မှုများ၊ လောင်းကစားနဲ့  အခြား ဘဏ္ဍာရေး အသုံးပြုတွေကလည်း ၎င်းတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်။   ငွေပေးချေမှု အမျိုးမျိုးကနေ ကြားခံအဖွဲ့အစည်းများ အားလုံးကို ဖယ်ရှားခြင်းက DeFiရဲ့ အဓိက အားသာချက်များထဲက တစ်ခုဖြစ်ပါတယ်။

 

DeFiကို "ဗဟိုချုပ်ကိုင်မှု မရှိသော ဘဏ္ဍာရေး"အဖြစ် မသိကြသေးခင် အခါက DeFiရဲ့ အယူအဆကို "ပွင့်လင်းတဲ့ဘဏ္ဍာရေး(Open Finance)"လို့ ပြောဆိုခဲ့ကြပါတယ်။

 

အီသာရီရမ်(Ethereum) အသုံးပြုမှုများ

ကိုယ်တိုင်“DeFi”လို့ သုံးနှုန်းကြတဲ့ အပလီကေးရှင်းအများစုကတော့ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး ပလပ်ဖောင်းဖြစ်တဲ့ အီသာရီရမ်(Ethereum)မှာ တည်ဆောက်ထားကြပါတယ်။  ဒီ ပလက်ဖောင်းကတော့ ရိုးရှင်းတဲ့ ငွေပေးချေမှုများထက် ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အခြား အက်ပ်လီကေးရှင်းများကို တည်ဆောက်ရာမှာ အသုံးပြုရ ပိုမိုလွယ်ကူတယ်ဆိုတဲ့ အချက်မှာ ဘစ်ကွိုင်(Bitcoin) ပလက်ဖောင်းနဲ့ ခြားနားပါတယ်။ ဒီလိုမျိုး ပိုမို ရှုပ်ထွေးတဲ့ ဘဏ္ဍာရေး အသုံးပြုမှုကတော့ 2013 ခုနှစ်မှာ အီသာရီယမ်(Ethereum) ဖန်တီးသူ ဖြစ်တဲ့ ဗီတာလစ် ဘတ်တာရင်း(Vitalik Buterin)က အီသာရီယမ်(Ethereum) မိတ်ဆက်မှာ အဓိကထားပြီး ပြောသွားခဲ့တာလည်း ရှိပါတယ်။

 

ဒါကတော့ အချို့ အချက်အလက်တွေ ကိုက်ညီရင် အလိုအလျောက် ငွေပေးချေမှုကို လုပ်ဆောင်ပေးတဲ့ စမတ်စာချုပ်(Smart Contract)များအတွက် အီသာရီယမ်(Ethereum) ပလက်ဖောင်းက  ပိုမို လိုက်လျောညီထွေမှု ရှိလို့ ဖြစ်ပါတယ်။ ဆောလစ်ဒီဖိုင်း(Solidity)လိုမျိုး အီသာရီရမ်(Ethereum) ပရိုဂရမ်းမင်းဘာသာစကားကတော့ ဒီလိုမျိုး စမတ်စာချုပ်(Smart Contract)များကိုဖန်တီးခြင်းနဲ့ ဖြန့်ဝေခြင်းအတွက် အထူးပြုလုပ်ထားတာ ဖြစ်ပါတယ်။

 

ဥပမာအားဖြင့်၊ အသုံးပြုသူ တစ်ယောက်က ပိုက်ဆံကို လာမယ့် အင်္ဂါနေ့မှာ သူငယ်ချင်းတစ်ယောက်ကို လွှဲပေးချင်ပေမဲ့ ‘ရာသီဥတု ဝက်ဆိုဒ်ဖြစ်တဲ့ weather.comမှာ အပူချိန် 90 ဒီဂရီဖာရင်ဟိုက်ထက် ပိုတက်ခဲ့မယ်ဆိုရင်’တဲ့ အချက်ကို ထည့်ချင်တာပါ။ အဲ့ဒီလိုမျိုး သတ်မှတ်ချက်များကို စမတ်စာချုပ်(Smart Contract)မှာ ထည့်ရေးနိုင်ပါတယ်။

 

စမတ်စာချုပ်(Smart Contract)ကို အဓိက ထားပြီး DeFi အပလီကေးရှင်း အများစုက အီသာရီရမ်(Ethereum)ပေါ်မှာ လုပ်ဆောင်နေပြီး အချို့ကို အောက်မှာ လေ့လာနိုင်ပါတယ်။ အီသာရီရမ်(Ethereum)ရဲ့ မူရင်းကွန်ရက်ကို အဆင့်မြှင့်လိုက်တဲ့ အီသာရီရမ်(Ethereum)2.0ကတော့ အီသာရီရမ်(Ethereum)ရဲ့ တိုးချဲ့နိုင်မှု အခက်အခဲကို ဖြေရှင်းပေးမှာ ဖြစ်ပြီး ဒီ အက်ပ်များကို ပိုမို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

လူကြိုက်များတဲ့ DeFi ဆောဖ်ဝဲ အမျိုးအစားများကတော့~

ဗဟိုချုပ်ကိုင်မှု မရှိသော အိတ်ချိန်းများ(DEXs)- အွန်လိုင်းအိတ်ချိန်းများက အသုံးပြုသူများကို ဘစ်ကွိုင်(Bitcoin)ဖြင့် အမေရိကန်ဒေါ်လာ၊ ဒိုင်(DAI)ဖြင့် အီသာရီရမ်(Ethereum) အစရှိတဲ့ ငွေကြေးတစ်ခုကနေ အခြား ငွေကြေးတစ်ခုကို လဲလှယ်ရာမှာ အကူအညီပေးပါတယ်။  ဗဟိုချုပ်ကိုင်မှု မရှိသော အိတ်ချိန်းများ(DEXs)ကတော့ ကြားခံ ဘဏ္ဍာရေးအဖွဲ့အစည်းများမှာ မိမိတို့ရဲ့ ပိုက်ဆံကို အပ်နှံခြင်း မရှိဘဲ အသုံးပြုသူများက ဒစ်ဂျဏ်တယ်ငွေကြေးကို တိုက်ရိုက် လဲလှယ်နိုင်တဲ့ လူကြိုက်များတဲ့ အိတ်ချိန်းတွေပဲ ဖြစ်ပါတယ်။

စတေဘယ်ကွိုင်(Stablecoins)- စျေးနှုန်း တည်ငြိမ်စေဖို့အတွက် ပြင်ပရှိ ပိုင်ဆိုင်မှု  (ဥပမာ ဒေါ်လာ သို့မဟုတ် ယူရို) တစ်ခုခုနဲ့ ချိတ်ဆက်ထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပါတယ်။

ချေးငွေပလက်ဖောင်းများ(Lending Platforms) - ဒီ ပလက်ဖောင်းများကတော့ စမတ်စာချုပ်(Smart Contract)ကို အသုံးပြုပြီးအလယ်မှာ ငွေချေးခြင်းကို စီမံခန့်ခွဲတဲ့ ဘဏ်လိုမျိုး ကြားခံဘဏ္ဍာရေး အဖွဲ့အစည်းများကို အစားထိုးဖို့ အသုံးပြုပါတယ်။

ထုတ်ပိုးထားတဲ့ ဘစ်ကွိုင်များ(WBTC)- ဘစ်ကွိုင်(Bitcoin)ကို အီသာရီရမ်(Ethereum)ရဲ့ DeFiစနစ်မှာ တိုက်ရိုက် အသုံးပြုနိုင်စေဖို့ ဘစ်ကွိုင်(Bitcoin)ကို အီသာရီရမ်(Ethereum)ကွန်ရက်သို့ ပေးပို့တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ထုတ်ပိုးထားတဲ့ ဘစ်ကွိုင်များ(WBTC)ကတော့ အသုံးပြုသူများကို အထက်မှာ ဖော်ပြထားတဲ့ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ချေးငွေ ပလက်ဖောင်းကနေ ၎င်းတို့ ထုတ်ချေးထားတဲ့ ဘစ်ကွိုင်(Bitcoin)များအပေါ် အတိုး ရရှိစေပါတယ်။

ဈေးကွက် ခန့်မှန်းခြင်း- ‘ရွေးကောက်ပွဲ’ကဲ့သို့သော အနာဂတ် ဖြစ်ရပ်များရဲ့ ဖြစ်နိုင်ခြေရလဒ်အပေါ် အလောင်းအစားပြုလုပ်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဈေးကွက် ခန့်မှန်းခြင်းအတွက် ဗားရှင်းကတော့ ကြားခံအဖွဲ့အစည်းများ မပါဝင်ဘဲ ‘ခန့်မှန်းခြင်း’ဆိုတဲ့ တူညီတဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးဆောင်ဖို့ ဖြစ်ပါတယ်။

 

ဒီ ဆောဖ်ဝဲများအပြင် DeFi အယူအဆအသစ်များ ဆက်တိုက် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

အကျိုးအမြတ် စိုက်ခင်း(Yield Farming)- ဆုံးရှုံးနိုင်ခြေကို လက်ခံနိုင်တဲ့ တတ်ကျွမ်းတဲ့ အရောင်းအဝယ် ပြုလုပ်သူတွေအတွက် ကြီးမားတဲ့ အကျိုးအမြတ်အတွက် DeFiတိုကင် အမျိုးမျိုးကို ရှာဖွေနိုင်တဲ့ ‘အကျိုးအမြတ် စိုက်ခင်း(Yield Farming)’ဆိုတာ ရှိပါတယ်။  

 

ပိုင်ဆိုင်မှု မိုင်းနင်း(Liquidity mining)- DeFi ဆောဖ်ဝဲများက အသုံးပြုသူများကို အခမဲ့ တိုကင်များ ပေးခြင်းဖြင့် ၎င်းတို့ရဲ့platformကို ဆွဲဆောင်တဲ့ အခါဖြစ်ပါတယ်။  ဒါကတော့ ‘အကျိုးအမြတ် စိုက်ခင်း(Yield Farming)’ရဲ့ အလုပ် အရှုပ်ဆုံး ပုံစံဖြစ်ပါတယ်။

 

ပေါင်းစပ်နိုင်မှု(Composability)- DeFi ဆောဖ်ဝဲများကတော့ ၎င်းတို့ နောက်ကွယ်ရှိ ကုဒ်များကို ဘယ်သူမဆို ကြည့်ရူနိုင်တဲ့ Open Source ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဆော့ဖ်ဝဲတွေကို ဘလော့တုံးတွေလိုမျိုး အခြား ဆောဖ်ဝဲအသစ်များနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

  

ငွေကြေး လဲဂိုးများ(Money legos)- ‘ပေါင်းစပ်နိုင်မှု’ဆိုတဲ့ အယူအဆကို နောက်တစ်မျိုး စဉ်းစားကြည့်မယ်ဆိုရင် DeFi ဆော့ဖ်ဝဲတွေကတော့ ကလေးငယ်တွေက အဆောက်အအုံများ၊ မော်တော်ယာဥ်များ ဆောက်လုပ်ဖို့ အသုံးပြုတဲ့ အရုပ်တုံးကလေးများဖြစ်တဲ့ လဲဂိုးများ(Legos)နဲ့ ဆင်တူပါတယ်။ DeFiဆောဖ်ဝဲများကတော့ ဘဏ္ဍာရေးဝန်ဆောင်မှု အသစ်များအတွက် ပေါင်းစပ်ဖွဲ့စည်းနိုင်တဲ့ ငွေကြေး လဲဂိုးများ(Money legos)များ ဖြစ်ပါတယ်။

 

ချေးငွေ ပလက်ဖောင်းများ(Lending Platforms)

ချေးငွေဈေးကွက်ကတော့ Defi ရဲ့ လူသိများတဲ့ ပုံစံတစ်ခု ဖြစ်ပြီး ငွေချေးယူကို  ဒစ်ဂျစ်တယ်ငွေကြေး ငွေချေးပေးသူများနဲ့ ချိတ်ဆက်ပေးပါတယ်။ နာမည်ကြီး ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ ‘ကွန်ပေါင်း(Compound)’မှာတော့ အသုံးပြုသူတွေက ကိုယ်တိုင် ဒစ်ဂျစ်တယ်ငွေကြေး ချေးယူခြင်းနဲ့ ချေးငွေထုတ်ပေးခြင်းကို လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုထားပါတယ်။ ကွန်ပေါင်း(Compound)ကတော့ အတိုးနှုန်းကို အယ်လဂိုရီသမ်နည်းဖြင့် သတ်မှတ်ပေးပါတယ်။ ဒါကတော့ ဈေးကွက်ထဲမှာ ဒစ်ဂျစ်တယ်ငွေကြေး ချေးယူတဲ့သူ များလာရင် အတိုးနှုန်းများ မြင့်မားလာမှာ ဖြစ်ပါတယ်။

 

DeFi ချေးငွေကတော့ အပေါင်ပစ္စည်းအခြေခံတဲ့ ချေးငွေဖြစ်ပြီး၊ အသုံးပြုသူကတော့ ချေးငွေ ရယူဖို့အတွက် အီသာရီရမ်(Ethererum) (သို့) အီသာရီရမ်(Ethererum)ကို အခြေခံတဲ့ တိုကင်ကို အပေါင်အဖြစ် ထားရှိရမှာ ဖြစ်ပါတယ်။ ဒါကတော့ သာမန်ချေးငွေ(သို့) Defi မဟုတ်တဲ့ ချေးငွေလိုမျိုး မိမိရဲ့ ချေးငွေ ပြန်ဆပ်နိုင်အား(သို့) မိမိရဲ့ IDကဒ်ကို ပြပေးစရာ မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

 

စတေဘယ်ကွိုင်(Stablecoins)

DeFiရဲ့ နောက်ထပ် ပုံစံတစ်မျိုးက စတေဘယ်ကွိုင်(Stablecoins)ပဲ ဖြစ်ပါတယ်။  ဒစ်ဂျစ်တယ်ငွေကြေးများကတော့ ဖီးယပ်(Fiat)ငွေကြေးထက် စျေးနှုန်းအတက်အကျ များပါတယ်။ ဒါကတော့ နောက်တစ်ပတ်မှာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက် ရှိသွားမလဲဆိုတာကို သိချင်မယ့် သူတွေအတွက်ကတော့ အဆင်မပြေပါဘူး။ စတေဘယ်ကွိုင်(Stablecoins)တွေကတော့ စျေးနှုန်းကို ထိန်းထားဖို့အတွက် အမေရိကန်ဒေါ်လာလိုမျိုး ဒစ်ဂျစ်တယ်ငွေကြေးမဟုတ်တဲ့ ငွေကြေးနဲ့ ချိတ်ဆက်ထားပါတယ်။ နာမည်အတိုင်းပဲ စတေဘယ်ကွိုင်(Stablecoins)ကတော့ ဈေးနှုန်းကို တည်ငြိမ်အောင် ထားရှိဖို့ ရည်ရွယ်ပါတယ်။

 

ဈေးကွက် ခန့်မှန်းခြင်း

အီသာရီရမ်(Ethereum)ပေါ်မှာ သက်တမ်း အကြာဆုံး ဖြစ်တဲ့ Defi ဆောဖ်ဝဲကတော့ အသုံးပြုသူတွေက အနာဂတ် ဖြစ်ရပ်များရဲ့ ဖြစ်နိုင်ခြေရလဒ်အပေါ် အလောင်းအစားပြုလုပ်တဲ့ ‘ဈေးကွက် ခန့်မှန်းခြင်း(Prediction Markets)’ပဲဖြစ်ပါတယ်။  "2020 သမ္မတရွေးကောက်ပွဲမှာ ဒေါနယ် ထရမ့်(Donald Trump) အနိုင်ရဦး မည်လား" ဆိုတာမျိုးပါ။

 

ပါဝင်သူများရဲ့ အဓိက ပန်းတိုင်က ငွေရှာဖို့အတွက်ဆိုတာ သိသာထင်ရှားပေမဲ့ တစ်ခါတရံမှာ ဈေးကွက် ခန့်မှန်းခြင်းက သမားရိုးကျနည်းလမ်းဖြစ်တဲ့ မဲပေးခြင်းထက် ရလဒ်များကို ပိုမို ကောင်းကောင်းမွန်မွန် ခန့်မှန်းပေးနိုင်ပါတယ်။  ဗဟိုချုပ်ကိုင်မှု ရှိတဲ့ ဈေးကွက် ခန့်မှန်းခြင်းမှာတော့ ကောင်းမွန်တဲ့ မှတ်တမ်းရှိတဲ့ အင်ထရိတ်(Intrade)နဲ့ ပရီဒစ်တစ်(PredictIt)ဆိုပြီး ရှိပါတယ်။ ပါဝင်သည်။ DeFiကတော့  အစဉ်အလာအားဖြင့် အစိုးရများက စောင့်ကြည့်နေပြီး၊ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ လုပ်ဆောင်လို့ တစ်ခါတစ်ရံမှာ ပိတ်ပင်ခြင်းကို ခံရတဲ့ ဈေးကွက် ခန့်မှန်းခြင်းအတွက် ပိုမို စိတ်ဝင်စားမှုကို ရနိုင်ဖို့ အလားအလာ ရှိပါတယ်။

 

သတင်းအရင်းအမြစ်: Coindesk



✌️✌️✌️✌️✌️

 


3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့်များ

* 이 버튼은 예시입니다. 실제로 동작하게 하려면 지난 뉴스레터의 공유용 URL을 링크로 삽입하세요.
(관련 도움말: 발송한 이메일을 SNS에 공유하고 싶어요)
Ma Thida Tun
010-5834-2025
수신거부 Unsubscribe